The Voice Of Spring | နွေဦးအသံ |

Description
Investigative, Innovative, Independent Digital Media
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 7 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 8 months, 2 weeks ago

4 months ago

◼️‌‌‌ရှမ်းမန်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တွေကို ရွှေဘိုသပိတ်အင်အားစုက ခရစ္စမတ်လက်ဆောင်ပေး

၂၅ ဒီဇင်ဘာ ||| နွေဦးအသံ |||

ရှမ်းမန်းစစ်ဆင်ရေးမှာ ပါဝင်အောင်ပွဲဆင်နိုင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို ခရစ္စမတ်လက်ဆောင်အဖြစ် အနွေးအင်္ကျီနဲ့ ဦးထုပ်တွေ လှူဒါန်းခဲ့တယ်လို့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုက ဒီဇင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

4 months ago
The Voice Of Spring | နွေဦးအသံ …
4 months ago

◼️‌‌‌ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သား တဦး မိသားစုနဲ့အတူ လက်နက်ခဲယမ်းတွေ ယူဆောင်အလင်းဝင်၊ သိန်း ၅၀ ကျပ်ချီးမြှင့်

၂၅ ဒီဇင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ထီးလင်းမြို့၊ အကြမ်းဖက်စစ်ကောင်စီရဲ့ မြို့မရဲစခန်းမှ ရဲတပ်သား တဦးက မိသားစုနဲ့အတူ ယောဗျူဟာနဲ့ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် တပ်ရင်း ၂၊ ၄၊ ၁၀ ထံသို့ ဒီဇင်ဘာ ၂၂ ရက်မှာ လက်နက်ခဲယမ်းတွေ ယူဆောင်အလင်းဝင်လာတာကြောင့် သိန်း ၅၀ ကျပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သား ထန်းဖေ ဟာ မိသားစုနဲ့အတူ G3 တလက်၊ ကျည်ဘောက် ၂ ခု၊ ၇.၆၂ ကျည် ၁၉၄ တောင့်တို့ကို ယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့တာကြောင့် ဂုဏ်ပြုဆုငွေ သိန်း ၅၀ ကျပ်ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက CDM ပြုလုပ်မယ်ဆိုပါက ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်ခြင်းခံရမည်ဟု အယုံသွင်းခံထားရ‌‌ပြီး မှိုင်းမိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အချိန်မှီ အမြန်ဆုံးပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်ပါက ကြိုဆိုသွားမှာဖြစ်ကြောင်း ထပ်ဆင့်အသိပေးအပ်တယ်လို့ ဗျူဟာအမှတ် - ၈၁ ယောဗျူဟာက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

4 months, 1 week ago

◼️‌‌ညောင်လေးပင်မြို့နယ်မှာ စကစတွေကို တိုက်ခိုက်မှု စကစ ၉ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦးအပါ ၂ ဦးအရှင်မိ

၁၉ ဒီဇင်ဘာ ||| နွေဦးအသံ |||

ပဲခူး‌ဒေသ၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်း၊ ကင်းစခန်းနဲ့ ကင်းပုန်းတွေကို Fire Dragon PDF နဲ့ KNLA တပ်ရင်း ၉ တို့က ပူပေါင်းတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး ဗိုလ်ကြီး တဦးအပါအဝင် ၂ ဦးအရှင်ဖမ်းမိတဲ့အပြင် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ ဗိုလ်ကြီး တဦးနဲ့ စကစ လက်ပါးစေ တဦးကို ဒီဇင်ဘာ ၉ ရက်မှာ အရှင်ဖမ်းဆီးခဲ့ပြီး ညောင်လေးပင်မြို့အနီး စကစကင်းစခန်းကို ဒီဇင်ဘာ ၁၃ ရက်မှာ ဝင်ရောက်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ၂ ဦး‌‌သေဆုံးပြီး သေနတ် တလက်ရရှိခဲ့ကြောင်းနဲ့ ရွှေကျင်-ညောင်လေးပင်လမ်းပေါ်ရှိ ဂိတ်စခန်းတခုကို ဒီဇင်ဘာ ၁၅ ရက်မှာ ထပ်မံစီးနင်းတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မီးနဂါး ရဲဘော်တွေနဲ့ KNLA တပ်ရင်း ၉ တို့ ပူပေါင်းပြီး ပုဇွန်မြောင်းရွာ စျေးအနောက်ဘက် ညောင်ပင်ကုန်းမှ စကစတပ်ဖွဲ့ဝင် တဦးကို ဒီဇင်ဘာ ၁၈ ရက်မှာ ရှင်းလင်းခဲ့သလို ရေဖြူကန်ရွာ အရှေ့ဘက်ကွင်းသို့ ကင်းပုန်းလာဝပ်တဲ့ စကစတပ်ဖွဲ့ဝင် တဦးကိုလည်း ဒီဇင်ဘာ ၁၉ ရက်၊ မနက် ၉ နာရီခန့်မှာ ရှင်းလင်းနိုင်ခဲ့တယ်လို့ ‌ဖော်ပြထားပါတယ်။

မီးနဂါးအဖွဲ့ဟာ တော်လှန်ရေးစတင်ခဲ့ရာမှစပြီး တော်လှန်ရေးအလုပ်တွေကို လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ရာကနေ လက်ရှိမှာ ၃၇၀၃ တပ်ရင်း အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းပြီး တော်လှန်တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲလျက်ရှိကြောင်းနဲ့ တော်လှန်ရေးပြီးဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

4 months, 1 week ago

◼️‌‌ကန့်ဘလူမြို့နယ်မှာ စကစ စစ်ကြောင်းကို တိုက်ခိုက်ရာ စကစ ၁၁ ဦးသေဆုံးပြီး သေနတ် ၉ လက်သိမ်းဆည်းရရှိ

၁၉ ဒီဇင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်‌ကောင်စီ စစ်ကြောင်းကို ကန့်ဘလူခရိုင် တော်လှန်ရေးအင်အားစုတွေက ဒီဇင်ဘာ ၁၆ ရက်၊ မနက် ၆ နာရီခန့်မှာ တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး လက်နက် ၉ လက်နဲ့ ခဲယမ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ကျွန်းလှမြို့နယ်၊ ကုက္ကိုကျွန်းရွာ အထိုင်စခန်းမှ ထွက်လာတဲ့ စကစနဲ့ ပျူ စစ်ကြောင်းကို ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာ အနီးမှာ တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင်နဲ့ ပျူ ၁၁ ဦးသေဆုံးပြီး သေနတ် ၉ လက်နဲ့ ခဲယမ်းမီးကျောက်အချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိခိုက်ဒဏ်ရာသူတွေကို ကား ၃ စီးနဲ့ ကန့်ဘလူ ကုတင် ၁၀၀ ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိသလို သေဆုံးတဲ့ စကစနဲ့ ပျူတွေကို ကန့်ဘလူ သုဿာန်မှာ မီးသင်္ဂြိုဟ်ခဲ့ကြကြောင်း၊ တိုက်ပွဲအတွင်း စကစဘက်မှ လေကြောင်းပစ်ကူ ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်းနဲ့ တော်လှန်ရေးရဲဘော် ၄ ဦးမစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

4 months, 1 week ago

◼️‌‌စစ်တပ်မီးရှို့ဖျက်ဆီးခဲ့တဲ့ကျေးရွာမှ ပြည်သူတွေကို သရက်ခရိုင်တပ်ရင်း ၄ က သိန်း ၁၂၀ ကျပ်ထောက်ပံ့

၁၉ ဒီဇင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ မင်းတုန်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာကြောင့် စစ်ဘေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေကို သရက်ခရိုင် တပ်ရင်း ၄ က စားနပ်ရိက္ခာနဲ့ လိုအပ်ချက်တွေအတွက် သိန်း ၁၂၀ ကျပ် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူကိုပစ်မှတ်ထားပြီး ဒီဇင်ဘာ ၆ ရက်မှာ အိုးအိမ်တွေမီးရှို့ဖျက်ဆီးခံရတဲ့အတွက် စစ်ဘေးတိမ်းရှောင်နေတဲ့ ရွာသစ်ကျေးရွာမှ ဒေသခံပြည်သူတွေကို လတ်တလော လိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ လိုအပ်တာတွေအတွက် ပြည်သူတွေရဲ့ ထောက်ပံ့ငွေထဲမှ သိန်း ၁၂၀ ကျပ် ကို ထောက်ပံ့‌ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကျန်ရှိနေသေးတဲ့ နေရပ်စွန့်ခွာစစ်ဘေးရှောင် ပြည်သူလူထုတွေအတွက် လိုအပ်နေတဲ့ အကူအညီတွေ ဆက်လက်ပံ့ပိုးပေးနိုင်ရေး ပူးပေါင်းပါဝင်ကူညီပေးကြဖို့ ဖိတ်ခေါ်ကြောင်း သရက်ခရိုင် တပ်ရင်း ၄ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

7 months ago

◼️ငါန်းဇွန်မြို့နယ် မြို့သာရဲစခန်းမှ ထွက်လာတဲ့ ယာဉ်ကို ပစ်ခတ်ခဲ့ရာ စကစ စစ်ကြောရေးမှူး အပါ ရဲ ၂ ဦးသေဆုံး

၂၃ စက်တင်ဘာ | နွေဦးအသံ |

မန္တလေးဒေသ၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ အကြမ်းဖက်စစ်ကောင်စီ ရဲစခန်းမှ ထွက်လာတဲ့ မော်တော်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၂၀ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်မှာ စောင့်ကြိုပစ်ခတ်ခဲ့ရာ စကစရဲ့ စစ်ကြောရေးမှူး အပါအဝင် ရဲ ၂ ဦးသေဆုံးပြီး တဦး အပြင်းအထန်ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

မြို့သာ ရဲစခန်းမှ ထွက်လာတဲ့ မော်တော်ယာဉ်ကို မင်းနေကုန်း ရဲစခန်းအနီးမှာ စောင့်ကြိုပစ်ခတ်ခဲ့ရာ စကစ စစ်ကြောရေးမှူး အပါအဝင် ရဲ ၂ ဦး သေဆုံးခဲ့ပြီး G 3 ကျည် ၃၇၄ တောင့်၊ G3 ကျည်ဘောက် ၂ ခုနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်းနဲ့ ရဲ ၁ ဦး အပြင်းအထန်ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို HERO DEFENCE FORCE (မြင်းခြံ) နဲ့ MGN (TIGER) ညီနောင် မဟာမိတ် ၂ ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

7 months ago

◼️မုံရွာမြို့နယ် စကစ သင်တန်းဆင်း သတင်းပေး၊ မုဒိမ်းမှု၊ ခိုးမှုတွေကျူးလွန်ထားသူကို မြို့နယ် ပလဖ က အရှင်ဖမ်းဆီး

၂၃ စက်တင်ဘာ | နွေဦးအသံ |

စစ်ကိုင်းဒေသ၊ မုံရွာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်သင်တန်းဆင်း သတင်းပေး၊ အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့အပြင် ခိုးမှု၊ ရာဇဝတ်မှုတွေကျူးလွန်သူ အေးကျော်(ခ)ဝူခုန်း အသက် ၃၀ နှစ်ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံ‌ရေးအဖွဲ့ ပလဖ က အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးမေးမြန်းချက်တွေအရ ဖမ်းဆီးရမိသူ အေးကျော်ဟာ ဘိုဘုလုံး(ခ)လက်တို၊ ကျော်ခိုင်နဲ့ကဒေါင်တို့နဲ့အတူ အသက် ၁၈ နှစ် အရွယ် သမီးရည်းစားစုံတွဲကို ရိုက်နှက် ဖုန်းလုယူပြီး အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့ကြောင်း၊ စစ်ကောင်စီက ၁ လကို တပ်သားသစ် ၁၀ ဦး စုဆောင်းပြီး နမခ သို့ ပို့ဆောင်ပေးဖို့နဲ့ မုံရွာမြို့နယ်အတွင်း PDF သတင်းတွေကို စုံစမ်းသတင်းပေးပို့ဖို့ စေလွှတ်ထားသူဖြစ်ကြောင်းနဲ့ မုံရွာမြို့နေ ချစ်ကောင်းဆိုသူနဲ့ ဆိုင်ကယ်တွေ လိုက်လံခိုးယူရောင်းစားခဲ့ရာ ဆိုင်ကယ် ၉ စီးရှိပြီဖြစ်ကြောင်း ဆိုပါတယ်။

မုဒိမ်းမှုကျူးလွန်တဲ့သူတွေကို မုံရွာမြို့နယ် ပလဖ က စုံစမ်းထောက်လှမ်းခဲ့ရာ ကျော်ခိုင်နဲ့ ကဒေါင်တို့ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး ဘိုဘုလုံး (ခ) လက်တိုမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိနေတဲ့ သတင်းအရ သွားရောက်ဖမ်းဆီးစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းမိသူ အေးကျော်(ခ) ဝူခုန်းကို တရားဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနဲ့ လွတ်မြောက်နေတဲ့ မုဒိမ်းမှုကျူးလွန်သူ ဘိုဘုလုံး(ခ)လက်တို ဟာ အသားညို၊ ဂင်တို၊ ဘယ်ဘက်လက်တံတောင်ဆစ်နားမှပြတ် ကိုတွေ့ရှိပါက မုံရွာမြို့နယ် ပကဖ၊ ပလဖ၊ ပအဖ တွေထံသို့ ဆက်သွယ် သတင်းပေးပို့ကြဖို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

7 months, 1 week ago

◼️ပြည်သူတွေကို ပေါ်တာဆွဲဖို့လာတဲ့ စခန်းမှူးနဲ့ အဖွဲ့ကို စောင့်ကြိုပစ်ခတ်ရာ စခန်းမှူးအပါ ၂ ဦးသေဆုံး

၁၇ စက်တင်ဘာ ||| နွေဦးအသံ |||

ပဲခူးဒေသ၊ အုတ်ဖိုမြို့နယ်၊ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးဖို့လာတဲ့ အေးမြသာယာ အကြမ်းဖက်စစ်ကောင်စီရဲစခန်းမှ အင်အား ၅ ဦးပါ အဖွဲ့ကို မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ ရဲဘော်တွေက စက်တင်ဘာ ၁၆ ရက်၊ နေ့လယ် ၃ နာရီခွဲခန့်မှာ စောင့်ကြိုပစ်ခတ်ခဲ့ရာ စခန်းမှူး အပါအဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အရပ်ဝတ်နဲ့ ခြေလျင်လာတဲ့ အင်အား ၅ ဦးပါ အဖွဲ့ကို သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ က ရဲဘော်တွေက အထက်တန်းကျောင်းရှေ့အရောက် ပစ်ခတ်ခဲ့ရာ စခန်းမှူး ရဲအုပ် ဇော်ဝင်းနဲ့ ရဲသတင်းပေး ကိုသက်တို့ နေရာတင်သေဆုံးပြီး လက်ပစ်ဗုံး တလုံး၊ ဝီစီ တခု၊ ငွေ ၁၈၀၅၀၀ ကျပ်၊ မှတ်ပုံတင် တခု၊ ယာဉ်မောင်းလိုင်စင် တခု၊ ရဲဝန်ထမ်းအရာရှိကဒ် တခု၊ လဝကသက်သေခံကဒ် တခု၊ ပေါ်တာဆွဲဖို့ အမည်စာရင်းစာရွက်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်ရှင်းလင်းပြီး ပြန်လည်ဆုတ်ခွာလာစဉ် အေးမြသာယာမြို့ပြင်မှာ စကစတပ်ဖွဲ့ဝင်တွေနဲ့ ည ၁၀ နာရီခန့်မှာ ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားပြီး စကစဘက်မှ အထိနာသွားတာကြောင့် ပြည်သူတွေရဲ့ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေကြတဲ့ စကစနဲ့ အပေါင်းအပါတွေကို ပြင်းထန်စွာ ဆက်လက်အရေးယူသွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စကစနဲ့ အပေါင်းအပါတွေအနီး သွားလာနေထိုင်ခြင်းမပြုကြဖို့ အသိပေးထားကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 7 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 8 months, 2 weeks ago