♫??????? ?? 『??????? ????✿』?

Description
မိတ်ဆွေအရင်းမှာ စာအုပ်၌ ရှိနေသည် ...

မင်းတို့ရဲ့တစ်နေ့တာဘ၀အမောတွေကို...ခံစားချက်တစ်ချို့နဲ့ဖြေဖျောက်ကြမလား။

မပိုင်ဆိုင်တော့တဲ့လူတစ်ယောက်ကို လွမ်းဆွတ်တမ်းတကြမလား။
ဒါမှမဟုတ် စီးကရက်တိုကိုဟန်ပါပါရှိုက်ရင်း သတိရစိတ်တွေကိုလျစ်လျူရှူကြမလား..
We recommend to visit

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2009_bot

Last updated 3 weeks, 5 days ago

Last updated 5 months, 2 weeks ago

မိတ်ဆွေအရင်းမှာ စာအုပ်၌ ရှိနေသည် ...

မင်းတို့ရဲ့တစ်နေ့တာဘ၀အမောတွေကို...ခံစားချက်တစ်ချို့နဲ့ဖြေဖျောက်ကြမလား။

မပိုင်ဆိုင်တော့တဲ့လူတစ်ယောက်ကို လွမ်းဆွတ်တမ်းတကြမလား။
ဒါမှမဟုတ် စီးကရက်တိုကိုဟန်ပါပါရှိုက်ရင်း သတိရစိတ်တွေကိုလျစ်လျူရှူကြမလား..

Last updated 3 months ago

3 months ago
ငါကျူးလွန်မိတဲ့ ကံတပါးက

ငါကျူးလွန်မိတဲ့ ကံတပါးက
မင်းကို ချစ်မိ၍
ငါရခဲ့တဲ့ ငရဲတပါးဟာ
ဒုက္ခကို ဆေးဆိုးပန်းရိုက်ထားခြင်းဖြစ်

#nayi
#channelbymissinglove

3 months ago
အရမ်းချစ်ပြမိတဲ့အခါ

အရမ်းချစ်ပြမိတဲ့အခါ
ဆုံးရှုံးရတဲ့သူက
ကိုယ်ပဲဖြစ်ခဲ့တယ်

#nayi
#channelbymissinglove

3 months, 1 week ago
ကဗျာကို ကဗျာလိုပဲ ခံစားပါလားကွယ်တဲ့...။

ကဗျာကို ကဗျာလိုပဲ ခံစားပါလားကွယ်တဲ့...။

မမမေမှ မသိတာ
အဲ့ဒီကဗျာတွေဆိုတာ
အသွေးအသားတွေဖြစ်တည်လာတဲ့
နှလုံးသားနဲ့ရင်းပြီး ပွင့်ထွက်လာခဲ့တဲ့ ကဗျာတွေ...။

မမမေကလေ ခံစားတတ်ပေမဲ့
မစာနာတတ်သူကြီးမို့ ၊
ရင်နာမိယုံမှတစ်ပါး မောင် မတတ်နိုင်ခဲ့။

ခက်တယ် မမမေ ၊ သိပ် ခက်တယ်။

ကျွန်တော်တို့နှစ်ယောက်က
တစ်လှေတည်းစီးချင်ကြပေမဲ့
ဦးတည်ရာကတော့
လုံးဝ လားရာမတူခဲ့ကြတဲ့အဖြစ်ပါ မမမေ။

#NayHninSet_/နေနှင်းစက်
#channelbymissinglove

7 months ago
♫??????? ?? 『??????? ????✿』?
7 months ago
♫??????? ?? 『??????? ????✿』?
7 months ago
♫??????? ?? 『??????? ????✿』?
8 months ago

တနင်္လါသားက တနင်္လါသမီးကို ချစ်တဲ့အခါ

အမြဲဘူနေတဲ့ ကျားအိုကြီးကို
အမြဲမြူးနေတဲ့ ကျားမလေးက
အရယ် အပြုံးတွေ သင်ပေးခဲ့တယ်

စိတ်အလိုမကျတဲ့ အခါ
ဘုနဲ့ဘောက်ပြောတာလေးက အစ
သိပ်ချစ်ဖို့ကောင်းတယ်...

ဘဒ္ဒကမ္ဘာကြီးမှာ ဘုရားအဆူဆူနဲ့
လွဲခဲ့ရတာမို့ ဒီဘဝမှာတော့
မင်းနဲ့မလွဲစေဖို့ မင်းလက်ကလေးကို မြဲမြဲတွဲမယ်

မင်းရဲ့ ပါးဖောင်းဖောင်းလေး
ထိုင်လို့ညစ်ခွင့်ရခြင်းဟာ ဘဝရဲ့နိဗ္ဗာန်လို့မှတ်ယူပြီး
သစ္စာလေးပါးဟာ မင်းနဲ့စကားပြောနေရခြင်းပါပဲကွယ်

မမြဲတဲ့ အနိစ္စတရားကို
ချစ်တယ်ဆိုတဲ့ စကားလေးနဲ့ ရင်ထဲတည်မြဲစေဖို့
နေကြာပန်းတွေစိုက်လို့ထားမယ်

ဒုက္ခဆင်းရဲခြင်းဟာ
မင်းလိုင်းမတက်တဲ့ အချိန်တွေဖြစ်ပြီး
မင်းငါ့ကို ပစ်ထားတက်တဲ့ ချိန်တွေပဲပါကွယ်

အနတ္တ အစိုးမရတဲ့ စိတ်ဟာ
တနင်္လါသမီးလေးကသာ စိတ်အဆင်ကို
စိုးမိုးစွဲလန်းစေတဲ့ ဝဋ်နာကံနာနဲ့
ငရဲကလူသားကြီးလေ

တနင်္လါသမီးလေးရေ
ကိုယ်မင်းကို ချစ်ခဲ့ပြီးတဲ့နောက်ပိုင်း
ကျစ်ဆံမြီးကျစ်နည်း သင်ထားရတယ်

မင်းဆံဖြားကနေ ခြေဖြားလေးထိ ချစ်တယ်
ကိုယ့်ရဲ့ စာအုပ်ကြားလေးထဲကို
ညှပ်ထည့်ထားတဲ့ သစ်ရွက်ကလေးဟာ မင်းဖြစ်ပြီး
မင်းက ကိုယ့်ရဲ့ ဒုတိယမြောက် အသက်သွေးကြောလေးလေ

နေ့တူ နံတူ အကြိုက်တူ
ရင်ခုန်သံခြင်းတူဖို့
လူချင်းမလွဲအောင် အလွမ်းခြင်းတူကြရအောင်ကွယ်

ကိုယ်က မင်းရဲ့
ဘယ်အချိန် ဘယ်လိုနိူက်နိူက်
မင်းအတွက် ကံကောင်းခြင်းလက်ဆောင် ပေါက်မဲလေး

မင်းက ကိုယ့်ရဲ့ ထီလက်မှတ်လေး
ကိုယ့်က မင်းရဲ့ အောင်လက်မှတ်လေး

တနင်္လါသားသမီးတွေက
စိတ်ဆက်တယ်၊ စိတ်ကောက်လွယ်တယ်
ချစ်စရာကောင်းသော နေ့နံဖြစ်တယ်

ကျန်းမာရေးအတွက်ဆို
ရေချိုးမှားတာ ဝမ်းဗိုက် နှင့် အာရုံကြောကို
အထူးဂရုပြုရတဲ့ နေ့နံလေးတွေမို့
မင်းကိုယ်မင်း ကျန်းမာရေးဂရုစိုက်ခြင်းဟာ
ကိုယ့်ကို ဂရုစိုက်ခြင်းပါပဲကွယ်

ယတြာ အရ
အညံတွေပျောက်အောင်
တနင်္လါသမီးက တနင်္လါသားကို ချစ်ပါတဲ့
ဒီလိုပြောတော့ မင်းက ရယ် တယ်...

တနင်္လါသမီးလေးရေ
ကိုယ်လေ မင်းကို
ယောကျ်ားတန်မဲ့ မျက်ရည်ဝဲလောက်အောင် ချစ်တယ်

ကြင်နာမှုအပေါင်း ရှစ်သောင်းလေးထောင်
မြတ်နိုးမှုအပေါင်း ရှစ်သောင်းလေးထောင် အပြည့်နဲ့
ကမ္ဘာကုန်ကျယ် သရွှေ့ မင်းကိုငါချစ်တယ်

တနင်္လါတွေက
မိသားစု သူငယ်ချင်း ချစ်သူ
လျစ်လျူရူ့ထားရင်တောင် ဝမ်းနည်းတက်တဲ့
နေ့နံလေးတွေမို့ ကိုယ်ကမင်းကို အချစ်ပိုရပါတယ်ကွယ်

အထိအခိုက်လွယ်တယ် စိတ်ကောက်လွယ်တယ်
ဂရုစိုက်တာခံရတာကြိုက်သလောက်
ဆရာကြီးလုပ်ရင် အရမ်းမုန်းကြတယ်

အရစ်သန်တဲ့နေ့နံလေးမို့
မင်းရဲ့ မမူးပဲရစ်တာလေးခံရဖို့အတွက်
အသင့်ရှိနေပါတယ်ကွယ်

တနင်္လါသားက
တနင်္လါသမီးလေးကို
ချစ်စကား ကြိုက်စကားတွေပြောရင်း
ရင်မှာ မမွှေးပဲ မွှေးခဲ့ရတဲ့
မေတ္တာပန်းတွေ အကြောင်း
ဒီတစ်ခါ တွေ့ခွင့်ရရင်
မင်းကို သေချာလေးရှင်းပြရဦးမယ်ကွယ်

ကိုယ်ရဲ့ ကြယ်မြို့သူလေးရေ
အသက်သွေးကြောလေးရေ
မျက်နာမြင်ချစ်ခင်ပါစေ ပါရမီပါသူလေးရေ

ချစ်လှစွာသော တနင်္လါသမီးလေးရေ
ထို့ကြောင့်
သံသရာအဆက်ဆက်
မင်းကိုငါ ချစ်နေရပါတယ်ကွာယ်...

#ခန့်ထည်
#တနင်္လါသားကတနင်္လါသမီးကိုချစ်တဲ့အခါ
#ဘဒ္ဒကမ္ဘာမှာမင်းကိုပဲချစ်တယ်

8 months, 2 weeks ago

ပျော်ရွှင်မှုဆိုတာ လူပေါ်မူတည်ပြီး
ပေးအပ်ကြတာမျိုးမို့
ကိုယ်ပိုင် ကမ္ဘာလေးထဲမှာဘဲ
တိတ်တဆိတ်နေထိုင်လာတက်တော့တယ်
တဖြေးဖြေးနဲ့ ငါဟာ
အားလုံးရဲ့ဘေးရောက်ရောက်သွားခဲ့တာပေါ့
ငါဆီကို ပျော်ရွှင်မှုတွေအလည်မလာတာ ကြာပေါ့

#ခန့်ထည်

9 months, 3 weeks ago

နာကျင်မှုဟာ မင်းနာမည်

ပျောက်ရှ လွင့်ပါး ကွယ်ပျောက်သွားခဲ့ရသော
နူးညံသော နှလုံးသားတစ်စုံ
ငါ့ကိုယ်ငါ ပြန်ရှာ၍မရတော့သည် အထိ
ငါဟာ မင်းအနားက လွင့်ဝေး ဝေးကွာခဲ့တာ

အရာရာကို နာကျင်မှုလို့ ဆင်ခြင်ပြီး
ထိထိခိုက်ခိုက် နာနာကျင်ကျင် ချစ်ခဲ့ရတယ်

လွမ်းတယ်လို့ အော်ပြောပြီး
နာမည်တပ်ခွင့် မရတော့
ကိုယ့်ရင်ကိုဓားနဲ့မွန်းထားသလို
နာကျင်နေတောင် မင်းနာမည်လေးရွတ်လိုက်တယ်

တခဏတော့ သက်သာသွားတယ်

အချိန်တွေကြာလာတာနဲ့အမျှ
ဒုထည်ကြီးမားလာတဲ့ အလွမ်းတွေဟာ
အရောင်မဲ့လာတယ်

မျက်စိစုံမှိတ်ပြီး တွေးတောကြည့်လိုက်တော့လည်း
မင်းအပြုံးတွေကို မြင်နေရတယ်
မှိုင်းပြာရီဝေစွာ တခုတ်တယ ချစ်မိတယ်

မင်းနာမည်လေး တစ်ခါရွတ်တိုင်း
နာကျင်မှုတွေ တဆစ်ဆစ်ကိုက်တယ်

ထိုအရာကိုပဲ
ပို၍ ပို၍
ချစ်နေရတယ်

#ခန့်ထည်
ဆူးချွန်လေးသို့ပေးစာ

We recommend to visit

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2009_bot

Last updated 3 weeks, 5 days ago

Last updated 5 months, 2 weeks ago

မိတ်ဆွေအရင်းမှာ စာအုပ်၌ ရှိနေသည် ...

မင်းတို့ရဲ့တစ်နေ့တာဘ၀အမောတွေကို...ခံစားချက်တစ်ချို့နဲ့ဖြေဖျောက်ကြမလား။

မပိုင်ဆိုင်တော့တဲ့လူတစ်ယောက်ကို လွမ်းဆွတ်တမ်းတကြမလား။
ဒါမှမဟုတ် စီးကရက်တိုကိုဟန်ပါပါရှိုက်ရင်း သတိရစိတ်တွေကိုလျစ်လျူရှူကြမလား..

Last updated 3 months ago