တပ်ကြပ်ကြီးဖိုးကွန်း ✍✍✍

Description
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

4 weeks ago
စည်းစိမ်ဖွံ့ဖြိုး၊ ကျက်သရေတိုး၍၊ ကောင်းကျိုးဣစ္ဆာ၊ လိုရာဆန္ဒ၊ အစဉ်ပြည့်ဝ မင်္ဂလာရှိသော …

စည်းစိမ်ဖွံ့ဖြိုး၊ ကျက်သရေတိုး၍၊ ကောင်းကျိုးဣစ္ဆာ၊ လိုရာဆန္ဒ၊ အစဉ်ပြည့်ဝ မင်္ဂလာရှိသော နေ့သစ် ဖြစ်ကြပါစေခင်ဗျာ🙏🙏🙏---

4 weeks, 1 day ago

မမြင်သင့်သော အပြစ် နှင့်
မြင်သင့်သော အပြစ် တရားတော်

4 weeks, 1 day ago
မင်္ဂလာနေ့သစ် နံနက်ခင်းပါ အန္တရာယ်ရှင်း၊သောကကင်း

မင်္ဂလာနေ့သစ် နံနက်ခင်းပါ အန္တရာယ်ရှင်း၊သောကကင်း
၍အသက်ရှည် ကျန်းမာ အေးချမ်းပါစေ၊စီးပွားဥစ္စာများတိုးတက်ကြီးပွာချမ်းသာ
ပါစေ၊လိုရာဆန္ဒမှန်သမျှ
ပြည့်ဝကြပါစေခင်ဗျာ🙏🙏🙏

1 month ago

လောက်ကိုင်မကျခင် MNDAA က ဘယ်လို တိုက်လဲ ဆိုတော့ ဘေးပတ်ပတ်လည် အကုန်သိမ်းတယ်။ နောက်ဆုံး လားရှိုးအဝ နားထိ ထောက်ထားတယ်။ ဘေးက ကွတ်ခိုင်၊ သိန်းနီ အကုန် ပတ်ပတ်လည် သိမ်းပြီးမှ လောက်ကိုင်ကို စနိုက်ပါနဲ့ ပစ်လိုက်၊ လက်နက်ကြီးနဲ့ ပစ်လိုက်နဲ့ စစ်ကစားတယ်။ အထဲမှာ အရပ်ဖက် ဝန်ထမ်းတွေရှိတယ်။ တပ်မိသားစုတွေရှိတယ်။ စစ်ကူလည်း မလာနိုင်။ ထွက်ဖို့လည်း ခက်တဲ့အခြေအနေတစ်ခုမှာ လောက်ကိုင်ကျတာပဲ။

လားရှိုးလည်း ထိုနည်းတူစွာပဲ။ TNLA က အနောက်ဘက်က အီနိုင်း တံတားတွေ ချိုးထားတယ်။ (ခုကျ ပြင်လို့တောင်ပြီးသွားပြီ) အောက်ဘက်က နောင်ချို၊ ကျောက်မဲကို စစ်ကစားထားတယ်။ အပေါ်က သိန်းနီနဲ့ကွတ်ခိုင်က ရန်သူ့လက်အောက်ဆိုတော့ ရန်သူရဲ့ စစ်ကူက ဒ‌လဟောပဲ။ ကိုယ်တွေကသာ ပြင်ဦးလွင် ဝက်ဝံဂိတ်လောက်ကနေ ရှေ့မတတ်နိုင်တော့တာ။ လေဆိပ်လည်း ကျရော။ တိုင်းလည်း မခံနိုင်တော့ဘူး။

ခုလက်ရှိ အမ်းလည်း မြောက်ပိုင်းမှ တိုက်ပွဲ စဖြစ်ကတည်းက ဘာတွေ ပြင်ဆင်နေလည်းတော့မသိဘူး။ မကွေး-အမ်းလမ်း၊ တောင်ကုတ်လမ်းတွေ ထိန်းချုပ်ခံနေရမှတော့ အမ်းကို ဘယ်က စစ်ကူပို့တော့မလဲ။ ရန်သူက သံတွဲ လောက် ဧရာဝတီနဲ့ နီးနီးကပ်ကပ် စစ်ဖြစ်နေတာတောင် တဘို့တည်းကြည့်၊ လာဒ်စားပြီး ဆန်၊ ဆီ၊ ဆားတွေ လွှတ်ပေးနေတဲ့ ဖရဲသီးဌာနဆိုင်ရာတွေကလည်း အများကြီး။

ခုလည်း နခခ က မြောက်ပိုင်းရဲ့ တခုတည်းသော လက်ကျန် စစ်မျက်နှာ စခန်းတစ်ခုက မျက်မြင်ပဲ ကျပြီပေါ့။ မြင်ရသလောက် လက်နက်လည်း များနေသေးတယ်။ လူအင်အားလည်း ရှိနေသေးတယ်ဆိုပေမယ့် သူတို့ တိုက်နေတာလည်း လနဲ့ချီ ကြာခဲ့ပြီ။ ဘယ်သူ၊ ဘယ်သူ့ကို အပြစ်ပြောဖို့တောင် အတော်လေး ခက်တဲ့ အနေအထား။ နခခ ကို ရဖို့ ရန်သူက အမျိုးသမီးတွေပါ မချန် တက်လုံးတာ လို့လည်း ကြားနေရတယ်။ အစောကတည်းက ဒီစစ်ပွဲဟာ လူမျိုးရေးကို ဦးတည်တဲ့ စစ်ပွဲ။ ၂၁ ရာစုမှာ ရခိုင်လူမျိုး သီးသန့်နေချင်တဲ့ ပြည်နယ် လာထောင်လို့ကို မရဘူး။ ရခိုင်မှာ ရခိုင်လူမျိုး အပြင် ဗမာနဲ့ ချင်း အနည်းစုပဲ ရှိတယ်။ တခြားမျိုးနွယ်စုကလည်း လက်တဆုပ်စာပဲ။ ဗမာဆိုတာကလည်း ဝန်ကြီးဌာနတွေ ရှိလို့သာ ရှိနေကြတဲ့သဘော။ ပြည်နယ်တခုကို ကိုယ့်လူမျိုး အပိုင်ဆိုတဲ့ မြင်နေတဲ့ အမြင်ကို လက်စတုန်းပြစ်ဖို့ လိုလိမ့်မယ်။

ကိုယ်တွေကတော့ မြင်နေတဲ့အပေါ် သုံးသပ်ပြရုံလောက်ပါပဲ။ ရခိုင်မှာ စနိုက်ပါလိုတယ်။ ဒရုန်းလိုတာလည်း ရေးပြပြီးပြီ။ တကယ်လုပ်နေရတဲ့သူတွေကတော့ ပိုသိမှာပေါ့။ မီးချောင်းမင်း ရေခင်းတော့မပြချင်ပါဘူး။ ငြိမ်းချမ်းရေးအကြောင်းပြ ဆွေးနွေးရင်တောင် နယ်မြေ လက်လွှတ်ထားရပြီးမှ အောက်ကနေ ဆွေးနွေးရမယ့် အဖြစ်မျိုးတော့ အဖြစ်မခံစေချင်ပါဘူး။ စစ်ဖြစ်နေကြတာပဲ။ ရန်သူလည်း သူအားသာတဲ့ လက်နက်သုံးသလို၊ ကိုယ်လည်း ကိုယ်အားသာတဲ့ လက်နက်တွေသုံးပေါ့။

ရခိုင်ပြည်နယ်က အရေးကြီးတယ်။ လက်ရှိဖြစ်နေတဲ့ ဆီးရီးယားရဲ့ ဂိုလန်တောင်ကုန်းဆိုတာ ရခိုင်ပြည်နယ်နဲ့ နှိုင်းရင် ဘာမှ မဟုတ်လောက်ဘူး။ တူရကီကနေ ခွဲထွက်ချင်တဲ့ ကာဒ့်လူမျိုးတွေကလည်း ရတဲ့နယ်မြေ ကုပ်ကပ် ယူနေကြတာ။ ဆိုလိုတာက ....ရခိုင်ပြည်နယ်ကို အကြောင်းပြုပြီး ရှုပ်ရှုပ်ရှက်ရှက်တွေ နောင် ဖြစ်လာရင် အရမ်းရှင်းရခက်လာလိမ့်မယ်။

TNLA လည်း သူတို့ဌာနချုပ်၊ ဒါမှမဟုတ် နမ့်ဆန်လောက် ပြာချရင်ကို ရှေ့က တိုက်နေတဲ့သူတွေ စိတ်ဓာတ်ကျလာပါလိမ့်မယ်။ MNDAA လည်း အတူတူပါပဲ။ လားရှိုးပျက်ခြင်း မပျက်ခြင်းက သူတို့အတွက်အရေးမပါပါဘူး။ အချိန်တန်ရင် လောက်ကိုင်၊ ကုန်ကြမ်း အခြေပြန်ပြုရမှာ‌ပါ။ ခုဟာက လောက်ကိုင်လည်း သာသာယာယာပါပဲ။
ရခိုင်လည်း အတူတူပဲ။ အမ်းမတိုက်ခင်ကတည်းက သိမ်းထားပါတယ်ဆိုတဲ့ မြို့တွေ အကုန်သာဗုံးကြဲ။ ဘာကိုင်းဖျား ကိုင်းနား တွေ လုပ်မနေပါနဲ့တော့။ အထိနာရင် ငြိမ်းချမ်းရေးအကြောင်း ပြောလာပါလိမ့်မယ်။ ကိုယ်တွေကတော့ ဒီလိုပဲ မြင်ပါတယ်။ တာဝန်ရှိတဲ့သူတွေကတော့ ပိုသိကြမှာပါလေ။

(နရီမိုး)

1 month ago

သုခ ( ၄ ) မျိုး တရားတော်

1 month ago

မှတ်သားသင့်သော တရား ( ၁၀ ) မျိုး

1 month, 1 week ago

( ဓနဉ္စာနိ သုတ္တန် )
အတူတူစားသူများ

1 month, 1 week ago

သင်မှတတ်မည် ကျင့်မှ မြတ်မည်

1 month, 1 week ago

လောကလူအများစုဟာ အပြင်ပန်းသဏ္ဌာန်ကိုယ်ကာယကြီးကိုပဲ လှသထက်လှအောင်ပြင်ကြတယ်။

ပြင်ရင်း ပြင်ရင်းနဲ့ ပိုပြီးနုပျိုလာသလားဆိုတော့……

မဟုတ်ဘူး။

သူ့သဘာဝအတိုင်း အိုအိုလာတာပဲ။

တကယ်ပြုပြင်သင့်တဲ့အရာကတော့ “စိတ်ထား”

စိတ်ကိုပြင်လေ အထက်တန်းရောက်လေ...

စိတ်ကိုပြင်လေ အသိဉာဏ်တွေကြွယ်ဝလာလေ...

စိတ်ကိုပြင်လေ မိမိဘဝ တန်ဖိုးရှိလာလေ...

စိတ်ကိုပြင်လေ စိုးရိမ်မှုတွေနည်းလာလေ...

စိတ်ကိုပြင်လေ စဉ်းစားတတ်လေလေ...

ဆင်ခြင်တတ်လေလေ၊ သိမ်မွေ့လာလေလေ...

ဒီလိုဖြစ်လာတာ...

ဒါကြောင့်မို့ စိတ်ကိုလွှတ်မထားပဲ ကောင်းတဲ့အာရုံ ကုသိုလ်ဖြစ်စေမည့်အရာတွေနဲ့ ကိုယ့်သန္တာန်မှာနေနိုင်အောင် ပြုပြင်ကြဖို့ ပေါ့ နော်။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏🙏🙏

1 month, 2 weeks ago

၁။ NUG ရဲ့ ယာယီ သမ္မတကြီး ဆိုတဲ့သူလည်း ခုတော့…အဝေးရောက် အစိုးရ ဘဝရဲ့ ဖြစ်တည်မှုကို အတော်လေး သဘောပေါက်သွားပြီထင်တယ်။ ခက်တာက သူကိုယ်တိုင် တောင် KIA က ကျောထောက် နောက်ခံပေးနေလို့ မြန်မာပြည်မှာ နေလို့ အဆင်ပြေနေ သေးတာ။
---
၂။ တော်တော်များများကတော့ စဖြစ်ပြီ ဆိုကတည်းက တတိယနိုင်ငံတွေ ပြေးဖို့ တာစူပြီးသား။ ဒီ ၃ နှစ်အတွင်းမှာ ခိုးတဲ့သူက ခိုး၊ ကိုယ်ကျင့်သိက္ခာ မရှိတဲ့သူတွေကလည်း သူ့တို့ လိပ်ပြာလုံဖို့အတွက် ပြည်တွင်းပြန်လာဖို့ဆိုတာ အတော်လေး စဉ်းစားရတော့မယ်။ အထူးသဖြင့် ဇော်ဝေစိုး တို့လို့ လူသတ်ဖို့ အားပေးခဲ့တဲ့ ဆရာဝန်တွေလိုမျိူးကျတော့ ပြည်တော်ပြန်ဝင်ပြီး ဘယ်လို မျက်နှာ ပြဝံ့တော့မလဲ။
---
၃။ ဒီနိုင်ငံရေး ပဋိပက္ခ စဖြစ်ကတည်းက ပြောခဲ့ဖူးပါတယ်။ ရှေ့မှာ ပြည်ပြေးအစိုးရ ဦးနု ရှိတယ်။ စိန်ဝင်း ရှိဖူးတယ်။ ဘယ်သူမှ လောက်လောက်လားလား ဖြစ်မလာဘူး။ ဖြစ်မလာ ဘူးဆိုတာက… လက်နက်ကိုင်ပြီး တော်လှန်တာကို၊ လက်နက်ကိုင်ပြီး အကြမ်းဖက် လူသတ်၊ နိုင်ငံပိုင်အဆောက်အဦတွေ ဖျက်ဆီးမှုလုပ်တဲ့ အပေါ်မှာ ဘယ်နိုင်ငံ တကာကမှ ဒီမိုကရေစီအရေးဆိုပြီး ထောက်ခံပေးဖို့အဆင်မပြေဘူး။ လူသတ်တာက သတ်တာပဲ။ အကြမ်းဖက်လုပ်ငန်းတွေ လုပ်တာက လုပ်တာပဲ။
----
၄။ နောက်တစ်ခါ… သူတို့ အားယူနေတဲ့ EAO ဆိုတာကလည်း သူတို့အကျိုးစီးပွားက သာ အဓိက ။ ဆိုလိုတာက သူတို့လိုချင်တဲ့ အခွင့်အရေးတစ်ခု ရရင်…တက်လာတဲ့ ဘယ်အစိုးရနဲ့မဆို…အချိန်မရွေး အပစ်အခတ်ရပ်စဲမှုတွေ ချက်ချင်းဖြစ်လာနိုင်တဲ့ အနေ အထားမျိုး။ သတိပေးဖူးပါတယ်။ စစ်ပွဲဆိုတာ ဖြစ်ချင်တိုင်းဖြစ်လို့ မရဘူး။ နောက်ခံ ဓန အင်အားရှိမှ စစ်ဖြစ်လို့ရတာ။ အချိန်ပိုကြာလေလေ ပိုက်ဆံ များများ ကုန်လေလေပဲ။
---
၅။ လက်ရှိ မြောက် (၃)ကောင်ကို ဘယ်သူက အချိန်ကြာကြာထောက်ပံ့မလဲ။ အတိတ်မှာ ဗကပကို တရုတ်က (၂)နှစ်စာလောက်ထောက်ပံ့ထားလို့ ရေရှည်ရပ် တည်နိုင်ခဲ့တာ။ တရုတ်ဘက်က မူဝါဒလည်းပြောင်းရော..ဗကပလည်း ချက်ချင်းပြိုကွဲ ရတာပဲမဟုတ်လား။ အထူအပါးနားလည်ဖို့ လိုတယ်ဆိုတာ သတိပြုနိုင်ဖို့ပါ။

(နရီမိုး)

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago