Bollywood ဇာတ်ကားများ 🇲🇲

Description
ကြေငြာထည့်လိုပါက @sora_entertainment_adminn သို့ ဆက်သွယ်နိုင်ပါသည်
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc👉 @khanthtookyaw2001

Last updated 3 Wochen, 6 Tage her

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 Monat, 1 Woche her

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006

Last updated 2 Monate her

1 month, 1 week ago
*****❗️**********❗️**********❗️**********❗️**********❗️*******Drishyam (2015)

*❗️*❗️*❗️*❗️*❗️*Drishyam (2015)

IMDB ( 8.2 )*📱* Channel အရင် Join ပါhttps://t.me/+fdoM7RwLwQM2YTY1📱 ဇာတ်ကား Linkhttps://t.me/c/2177896296/251 Review
------------

ဒီဇာတ်ကားကတော့ မိတ်ဆွေတို့ရဲ့ ခံယူချက်တွေအသိအမြင်တွေကို ဗြောင်းဆန်စေမယ့်ဇာတ်ကားပါ။ အသိဉာဏ်တွေကို ဇဝေဇဝါအဖြစ်စေဆုံးကတော့ အမှန်နှစ်ခု ထိပ်တိုက်တွေ့ဆုံလာတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး A Jay Drvgn က လေးတန်းပဲအောင်တဲ့မဟုတ်မခံ ရိုးသားကြိုးစား သူက အသိပညာကို သူ့အလုပ် Cable ရုပ်ရှင်လိုင်းက ရုပ်ရှင်ဇာတ်ကားတွေကြည့်ပြီး ရှာဖွေတတ်သူ။ တစ်နေ့မှာတော့ သူ့သမီးလေးရဲ့ မဖွယ်မရာ ဗွီဒီယိုကို လူတစ်ယောက်က ရိုက်ကူးပြီး သူ့သမီးနဲ့ သူ့မိန်းမကိုအကြပ်ကိုင်ပါတော့တယ်။ဒီမှာပဲ လူသတ်မှုတစ်ခု မရည်ရွယ်ဘဲ ဖြစ်ပေါ်လာပါတယ်။ ဒီလူသတ်မှုမှာ သူ့မိသားစုကို ကာကွယ်ဖို့ မင်းသားကြီး A Jay က သူသိထားတဲ့ အသိပညာကုန်ထုတ်ပြီး ကြိုးစားပါတော့တယ်။ ဒီအမှုမှာ သူရင်ဆိုင်ရမယ့် လူက ပေါ့သေးသေးပါပဲ။

ဘယ်သူလဲဆိုတော့ ထောက်လှမ်းရေးက ရဲချုပ်ပါ။ရဲချုပ်က ပါစင်နယ်အရရော တာဝန်အရရော ပင်ကိုသဘောအရရော ဒီအမှုကို ရေကုန်ရေခန်းလိုက်မှာပါ။ ရဲချုပ်အဖြစ် မင်းသမီး တဘူးက ခပ်ထည်ထည် သရုပ်ဆောင်ထားပြီး သူက ၄ တန်းအောင်လူနဲ့ ပြိုင်မှာပါ။ ၄ တန်းပဲအောင်ထားတဲ့ လူကလဲ ခပ်ပေါ့ပေါ့တော့ မဟုတ်ချေ။ သူက ရုပ်ရှင်ဇာတ်ကားတွေကို နေ့ညမပြတ်တောက်လျှောက်ကြည့်နေတဲ့ ရုပ်ရှင်တွေကနေ အသိပညာ အမြင်ဗဟုသုတတွေကို စဉ်ဆက်မပြတ်သောက်သုံးနေတဲ့လူ။ ဒီလိုလူနှစ်ယောက်ရဲ့ အမှန်နှစ်ခုက မိသားစုအရပါ ထိပ်တိုက်တွေ့လာတဲ့အခါ………။ အင်မတန့်ကို စိတ်ဝင်စားစရာဇာတ်ကားဖြစ်ပါတယ်။

ဇာတ်ကားအစကတည်းက ဇာတ်ရှိန်တက်လာတာ ဇာတ်လမ်းသာ ပြီးသွားတယ်။ ဇာတ်ရှိန်က မကျသေးဘဲရင်ဘတ်ထဲမှာ ခိုးလို့ခုလု တစ်လစ်ကြီး ကျန်နေခဲ့ပါတယ်။ ဒါရိုက်တာကလဲ ဇာတ်ရှိန်ကိုတောက်လျှောက်တင်ချင်လို့ ထင်ပါတယ်။ Bollywood ရဲ့ အကတွေတောင် မထည့်ထားပါဘူး။ ဒီနှစ်ထဲ ထွက်ရှိပြီးသမျှ Bollywood ဇာတ်ကားထဲမှာတော့ ကျွန်တော်အကြိုက်ဆုံးဇာတ်ကားပါပဲ။

Rating တွေအနေနဲ့လဲ IMDb (8.2/10) နဲ့ Rotten
Tomatoes (79%) ထိရရှိထားပါတယ်။ ဒီဇာတ်ကားကိုကြည့်ပြီး မေးခွန်းထုတ်စရာတွေ များပြားသွားပါတယ်။ ဘယ်သူ့ကိုမှ မေးခွန်းထုတ်ချင်တာမဟုတ်ပါဘူး..ကိုယ့်ဖာသာကိုယ် မေးခွန်းထုတ်ချင်တာပါ။ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားပါ။ လုံးဝလက်လွတ်မခံသင့်ပါဘူး။ ကျွန်တော်ဒီဇာတ်ကားကို မိတ်ဆွေတို့ကိုကြည့်စေချင်တဲ့အကြောင်းရင်းလဲ ရှိပါတယ်။ အဲ့ဒါကတော့ ထိုင်းနိုင်ငံလိပ်ကျွန်း လူသတ်မှုမှာ တရားရုံးက သက်သေမခိုင်လုံဘဲ သံသယတရားခံကို သေဒဏ်အထိပြစ်ဒဏ်ချထားတာကို ဘဝင်မကျနိုင်လို့ပါ။ ဒီဇာတ်ကားထဲက ထုတ်နုတ်မှုတစ်ခုကို တင်ပြရရင်….. "အပြစ်ရှိတဲ့လူလို့ သတ်မှတ်ရမယ့်သက်သေမရမချင်း ..အပြစ်ရှိရင်တောင် အပြစ်ပေးလို့မရဘူးလို့ ဥပဒေက အခိုင်အမာ အဓိပ္ပါယ်ဖွင့်ဆိုထားတာပါပဲ။**#uploadbykevinaris

1 month, 1 week ago
*****❗️**********❗️**********❗️**********❗️**********❗️*******Munna Bhai M.B.B.S. (2003)*******📱***** **8.1*******📱***** **Channel …

*❗️*❗️*❗️*❗️*❗️*Munna Bhai M.B.B.S. (2003)*📱 *8.1*📱 *Channel အရင် Join ပါhttps://t.me/+fdoM7RwLwQM2YTY1*📱 *ဇာတ်ကား Linkhttps://t.me/c/2177896296/252 **Review

ဒီကားကို 3 idiot ဒါရိုက်တာ Rajkuma Hirani ရိုက်ကူး ခဲ့ပြီး နာမည်ကြီးမင်းသား (Sanjay Dutt)::cap Gracy Singh $ 3
idiot ထဲက ဗိုင်းရပ်ကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ (Roman Irani)တို့ က အဓိကပါဝင်ခဲ့ ပါတယ်။

Sanjay ဟာ လူမိုက်ခေါင်းဆောင်တစ်ယောက်ပါ ပြန်ပေး ဆွဲတယ် လိုချင်တာကို မရ ရတဲ့နည်းနဲ့ယူတယ် တပည့်လူမိုက်တွေလည်း အများကြီး ….သို့ပေမဲ့ သူ့မိဘတွေသိထားတဲ့အဖြစ်က Sanjay ဟာသိပ်ကိုထူးချွန်တဲ့ဆရာဝန်တစ်ယောက် ဒီလိုဖြစ်အောင်လည်း Sanjay က လိမ်ထားနိုင်တယ် မိဘ တွေသူ့ဆီအလည်လာရင် သူတို့နေတဲ့ အဆောက်အဦးဟာ ဆေးရုံဖြစ်သွားပြီး တပည့်တွေက လူနာတွေဟန်ဆောင်ကြတယ် မိဘတွေက တစ်နေ့တော့ ဆရာဝန်မတစ်ယောက်နဲ့ စေ့စပ် ပေးကြတယ်...စေ့စပ်ပွဲမှာ သူဆရာဝန်အဖြစ် လိမ်ထားမှန်းအားလုံးက သိသွားကြတဲ့အပြင် တန်ဘိုးတစ် စက်မှမရှိတဲ့လူအဖြစ် ဆက်ဆံခံလိုက်ရတော့ Sanjay ဟာ မခံချင်စိတ်နဲ့ရည်မှန်းချက်ကြီးတစ်ခုထား လိုက်တယ်...အဲ့ဒါက သူတကယ့်ဆရာဝန်အစစ်အမှန် ဖြစ်ရမယ် သူတကယ်ကြိုးစားမယ်ဆိုတာပဲ....သူဘယ်လို တွေကြိုးစားလဲ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရလဲ ဆိုတာ ကိုတော့ ဒီကားက အတော်လေးရယ်ရတယ် ဟာသလေးတွေနှောပြီး message လေးတွေပေးသွားတယ် ဒီကားထဲက လူကြမ်းကြီးက ကျွန်တော်တို့လျစ်လျူရှုထားတဲ့ ဖေးမ သနားကြင်နာမှုတွေဘယ်လိုပေးရကြောင်း လူတွေကို ဘယ်လိုဆက်ဆံရကြောင်း ပြသွားတယ် လူတိုင်း အတွက် အသက်ရှင်ရပ်တည်တဲ့အချိန်မှာ ပျော်ရွှင်ဖို့ နှလုံးသားအဟာရ လေးတွေ ဘယ်လိုနေရာမှာ လိုအပ်လဲ ဘယ်လိုအချိန်မှပေးရလဲဆိုတာတွေကိုလည်း ပြ သွားတယ် ပြီးတော့ အိန္ဒယဆေးရုံတွေရဲ့ လွဲမှားနေတဲ့စည်းမျဉ်း စည်းကမ်းတွေ ဆရာဝန်အချို့ရဲ့ အယူအဆအလွဲတွေကိုမသိမသာထောက်ပြသွားတယ် ..သေချာတာတစ်ခုက ဒီကား ကြည့်ပြီးရင် ခင်ဗျားရဲ့ မာကျောလှပါတယ်ဆိုတဲ့နှလုံးသားဟာ နည်းနည်းတော့ ပြောင်းလဲသွားမယ်ဆိုတာပါပဲ ဘောလိဝုဒ်ပရိတ်သတ်တွေအတွက် ကားကောင်းလေးတစ် ကောင်းဖြစ်ကြောင်းညွှန်းပါရစေ....**#uploadbyshoonshoon

1 month, 1 week ago
1 month, 2 weeks ago
*****❗️**********❗️**********❗️**********❗️**********❗️*******The Darjeeling Limited (2007)*******📱***** **7.2*******📱***** **Channel …

*❗️*❗️*❗️*❗️*❗️*The Darjeeling Limited (2007)*📱 *7.2*📱 *Channel အရင် Join ပါhttps://t.me/+kCL2wmUR_sY4NjNl*📱 *ဇာတ်ကား Linkhttps://t.me/c/2274736087/1005 **Review

The Darjeeling Limited ဟာ နာမည်ကျော်အမေရိကန် သရုပ်ဆောင်တွေချည်းသုံးထားပေမဲ့ အိန္ဒိယမှာပဲ တစ်ကား လုံးနီးပါးပြီးသွားတဲ့ ရုပ်ရှင်ပါပဲ။ Wes Anderson ဟာ သူ့ ထုံးစံအတိုင်း ဒီကားမှာလည်း နာမည်ကြီးစတားတွေ မြိုင်မြိုင်ဆိုင်ဆိုင်သုံးပြီး အိန္ဒိယခရီးစဉ်တစ်ခုကို ရိုက်ပြ ထားခဲ့တယ်။ အန်ဒါဆန်စကားအရတော့ "အိန္ဒိယဟာ သူမတူ အောင် အရောင်အသွေးစုံလင်တဲ့ နိုင်ငံပေါ့။ အိန္ဒိယဟာ သိပ် မြူးကြွနေတဲ့ နိုင်ငံဆိုလည်း ဟုတ်တယ်။ အိန္ဒိယမှာ တစ်ယောက်တည်း အေးဆေးနေချင်လို့တောင် နေမရ ဘူး"တဲ့။ အိန္ဒိယဟာ ဒီဇာတ်ကားရဲ့ ဇာတ်အိမ်တည်ရာဖြစ်နေ ရုံတင်မဟုတ်ဘဲ အိန္ဒိယကိုယ်တိုင်ကိုက ဒီဇာတ်ရဲ့ အကြောင်းအရာဖြစ်နေတယ်လို့လည်း ဆိုတယ်။ အန်ဒါဆန် ဟာ The Darjeeling Limited ကို ရိုက်တဲ့နေရာမှာ အိန္ဒိယကို သူ့ပုံစံအတိုင်းပဲထားပြီး ရိုက်ကူးခဲ့တယ်။ သူတို့ ရိုက်ကွင်းမှာ ရှိနေတဲ့အရာတွေ ရောက်လာတဲ့အရာတွေကို ထိန်းချုပ်ဖို့ လုံးဝမကြိုးစားခဲ့ဘူး။ ရိုက်ပြီးလို့ ပြန်ကြည့်တဲ့ အခါ သူတို့ရုပ်ရှင်ထဲ ဘယ်သူတွေဖြတ်သွားလဲ ဘယ်သူတွေ ရှိနေလဲ ပြန်ကြည့်ပြီး သူတို့ကိုယ်တိုင်လည်း အံ့ဩခဲ့ရတယ်။ ဒီအရာတွေကို သူတို့က လုံးဝမထိန်းချုပ်ခဲ့ဘူး။ အိန္ဒိယကကို က ဒီဇာတ်ဖြစ်လာခဲ့တာပါပဲ။ ဒီဇာတ်လမ်းအတွက် ဇာတ်ညွှန်းရေးဖို့ အန်ဒါဆန်ရယ် ဒီရုပ်ရှင်ထဲက မင်းသား တစ်ဖြစ်လဲ Jason Schwartzman ရယ်၊ ဖရန်စစ်ဖို့ဒ် ကော်ပိုလာရဲ့သား ရိုမန်ကော်ပိုလာရယ်ဟာ အိန္ဒိယကိုခရီး ထွက်ခဲ့တယ်။ ခရီးမှာပဲ ရေးခဲ့တယ်။ ဒါကြောင့် ဒီဇာတ်မှာ အိန္ဒိယအငွေ့အသက်တွေ အိန္ဒိယဓလေ့တွေကို အိန္ဒိယကား စစ်စစ်တွေထက်တောင် ပိုတွေ့နိုင်တယ်။

ဒီအိန္ဒိယဆိုတဲ့ ဇာတ်လမ်းကျောရိုးကြီးကို ပရိသတ်ဆီရောက် အောင်စီးကူးပေးဖို့ သူ့ထည့်ထားတဲ့ ဒြပ်ကူပစ္စည်းက ညီအစ်ကိုသုံးယောက်။ မကြာသေးခင်ကမှ အဖေဆုံးထားပြီး အမေက သူတို့အနားမရှိနေသလို သူတို့ချင်းလည်း ပွင့် ပွင့်လင်းလင်းမရှိ ချစ်တော့ချစ်ကြပေမဲ့ တစ်ကောင်နဲ့တစ် ကောင် ချောက်ချမိနေတဲ့ ညီအစ်ကိုသုံးယောက်။ ဒီခရီးကို ထွက်မှာကလည်း သူတို့သုံးယောက်ပဲ။ ဘာလို့ ညီအစ်ကိုသုံး ယောက်သုံးထားသလဲဆို အန်ဒါဆန်ကိုယ်တိုင်လည်း ညီအစ်ကိုသုံးယောက်ထဲကတစ်ယောက်ဖြစ်ပြီး သူတို့နဲ့ အန် ဒါဆန်ဟာလည်း ဒီရုပ်ရှင်ထဲက ကောင်တွေလိုပဲ အမြဲရန်ဖြစ် နေကြတာပဲ။ ဒါပေမဲ့လည်း သူတို့ဟာ အန်ဒါဆန်ရဲ့ အရင်းနီး ဆုံးတွေလည်းဖြစ်နေတယ်။ အန်ဒါဆန်ကတော့ ဒီရုပ်ရှင်ထဲ က ညီအစ်ကိုသုံးယောက်လုံးက စိတ်ကူးယဉ်သက်သက်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ရုပ်ရှင်ထဲမှာလည်း အငယ်ဆုံးညီဖြစ် တဲ့ စာရေးဆရာဂျက်ဟာ သူတို့ညီအစ်ကိုတွေအကြောင်းကို မသိမသာဆိုသလို သူ့စာထဲထည့်ထည့်ရေးပေမဲ့ အမြဲ စိတ်ကူးယဉ်ဇာတ်ကောင်တွေလို့ပဲ ပြောတတ်တယ်။ ဘာပဲ ဖြစ်ဖြစ် သူ့စိတ်ကူးတွေဟာ သူ့အစ်ကိုတွေနဲ့မကင်းနိုင်ခဲ့ဘူး။ အန်ဒါဆန်အတွက်လည်း ဒီရုပ်ရှင်ဟာ ထိုနည်းလည်းကောင်း ဖြစ်လိမ့်မယ်။ အိန္ဒိယမှာ သူတို့ခရီးထွက်ဖို့ အဓိကသုံးရတဲ့ ယာဉ်က ရထားဖြစ်သလို ဇာတ်ညွှန်းရေးတဲ့လူတွေလည်း အိန္ဒိယက ရထားပေါ်ပဲ တက်ရေးခဲ့ကြတာပါပဲ။

ဒီခရီးမှာ အိန္ဒိယက ကျင့်စဉ်ဓလေ့ ပူဇော်ပသမှုတွေကို မနည်းမနောတွေ့ရတယ်။ မြွေတွေကနေ ယောဂအထိအကုန် ပါတယ်လို့လည်း အန်ဒါဆန်က ဆိုထားတယ်။ ဒီရုပ်ရှင်မှာ အိန္ဒိယက ကျင့်စဉ်ဓလေ့တွေအကုန် ထည့်သွင်းထားပေမဲ့ အကြီးဆုံးကျင့်စဉ်က ဒီရုပ်ရှင်ကိုယ်တိုင်ပဲလို့လည်း ဆိုထား တယ်။ ဒီဘက်ရာစုရဲ့အကောင်းဆုံး အိန္ဒိယသရုပ်ဆောင်လို့သတ်မှတ်ရမယ့် Irrfan Khan တောင်ပါတယ်။ သိပ်တော့မ ပါလိုက်ရပါဘူး။ ဒါပေမဲ့ သိပ်ပါတာမပါတာက အရေးတော့ မပါလှဘူး။ ဘာလို့ဆို ဒီရုပ်ရှင်မှာ Bill Murray လည်း သိပ်မပါဘူး။ ဒါပေမဲ့ အန်ဒါဆန်က သူ့ကို နားချတော့ သူ့ရုပ်ရှင်မှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့မဟုတ်ဘဲ Symbolismနိမိတ်ပုံတစ်ခုအနေနဲ့ ပါပေးနိုင်မလားမေးခဲ့တာ။ မာရေးကလည်း သဘောကျပြီး လက်ခံခဲ့တယ်။ ဒီရုပ်ရှင်မှာSymbolism နိမိတ်ပုံတွေ မနည်းဘူး။ညီအစ်ကိုသုံးယောက်ကိုယ်တိုင်ကိုကလည်း Symbolism နိမိတ်ပုံဖြစ်နေခဲ့တယ်။

နောက် ဒီရုပ်ရှင်မှာသုံးထားတဲ့ နောက်ခံတေးတွေကလည်း"အိန္ဒိယတွင်ပြုလုပ်သည်" တွေပဲ။ ဆတ္တရာဂျစ်ရေးရဲ့ ရုပ်ရှင်တွေကနေ ယူထားတယ်လို့ဆိုတယ်။ ရေးရဲ့ ရုပ်ရှင်တွေကြောင့်ပဲ အန်ဒါဆန်ဟာ အိန္ဒိယကို လာချင်ခဲ့တာပါတဲ့။ ရေးဟာ သူ့ကားတွေအတွက် နောက်ခံတေးကို သူကိုယ်တိုင်ပဲဖန်တီးခဲ့တယ်။ အန်ဒါဆန်ကိုယ်တိုင်လည်း ဆတ္တရာဂျစ်ရေးလွှမ်းမိုးမှုမကင်းတဲ့လူတစ်ယောက်ဆိုတော့ အိန္ဒိယကို သူချစ်ခဲ့၊ Homage ပေးချင်ခဲ့တာလည်း မဆန်းလောက်ဘူး။

ဂီတနဲ့ အကြောင်းအရာပိုင်းနဲ့ အပြင်အဆင်မှာတင်မဟုတ်ဘဲအရောင်အသွေးမှာလည်း The Darjeeling Limited ဟာအိန္ဒိယလို့ကျွန်တော်တို့ ယုံကြည်တဲ့ အရောင်အသွေးမျိုးရှိနေတယ်။ ဝေဖန်ရေးသမားတွေအတွက်တော့ အရမ်းကြီးအကြိုက်တွေ့စရာမဖြစ်ခဲ့ပေမဲ့ ဝက်စ်အန်ဒါဆန်ဟာ သူ့ရည်ရွယ်ချက်ကို သူပြည့်မြောက်အောင်လုပ်နိုင်ခဲ့တယ်။လွယ်လွယ်ပြောရရင် The Darjeeling Limited ဟာအိန္ဒိယရုပ်ရှင်မဟုတ်တဲ့ အိန္ဒိယအကြောင်းရုပ်ရှင်ပါပဲ။**#uploadbyshoonshoon

1 month, 2 weeks ago
*****❗️**********❗️**********❗️**********❗️**********❗️*******Gandhi (1982)

*❗️*❗️*❗️*❗️*❗️*Gandhi (1982)

IMDB (8.0)*📱* Channel အရင် Join ပါhttps://t.me/+kCL2wmUR_sY4NjNl📱 ဇာတ်ကား Linkhttps://t.me/c/2274736087/1004 Review

ခေတ်သစ် Civil Disobidence အယူအဆကိုဖန်တီးဖော်ထုတ်ခဲ့တာကတော့အိန္ဒိယလွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ လို့ဆိုပါတယ်။ Civil Disobedience Movementရဲ့ သက်ရောက်မှုကိုသိပ်အယုံအကြည်မရှိတဲ့လူတွေ ရှိကောင်းရှိပါလိမ့်မယ်။

ဂန္ဒီလုပ်ခဲ့တဲ့ CDMရဲ့ သက်ရောက်မှုဟာတစ်စတစ်စနဲ့ ဗြိတိသျှတို့ရဲ့ ကြီးမားလှတဲ့ အင်ပါယာကြီးကိုတောင် အတော်လေးအထိနာစေခဲ့ပါတယ်။ သူရဲ့ဝါဒကတော့ရှင်းပါတယ်။ အကြမ်းမဖက်ဘူး မပူးပေါင်း မနာခံဘူး။အကြမ်းမဖက်တာက အပြောတော့လွယ်ပါတယ်။တစ်ဖက်က အကြမ်းဖက်လို့ ကိုယ့်အသားနာလာရင် သွေးရူးသွေးတန်းနဲ့ပြန်အကြမ်းဖက်မိနိုင်ခြေသိပ်များပါတယ်။အထူးသဖြင့် အကြမ်းမဖက်လို့ ရနိုင်မယ့် အကျိုးကျေးဇူးကို မသိရင်ပေါ့။ပြောရရင်CDMရဲ့ နောက်ဆက်တွဲအကျိုးကျေးဇူးကိုမသိရင်ပေါ့။ ဂန္ဒီလက်ကိုင်ထားခဲ့တဲ့ဝါဒဟာ Civil Disobidenceใช้ CDMပက်သက်ပြီး ဒီရုပ်ရှင်မှာ ဖြစ်ရပ်မှန်သာဓကတွေအများကြီးပါပါတယ်။ CDMကို ဒီရုပ်ရှင်သာမကြည့်ခဲ့မိရင်ဒီလောက်အထိစွမ်းမယ်လို့လုံးဝဥဿုံ ထင်ချင်မှလည်းထင်မိမှာပါ။မိတ်ဆွေတို့ကိုတော့ မဆိုလိုဘူးပေါ့။ ဒါကျွန်တော့်ရဲ့တုံးအမှုပါပဲ။ဂန္ဒီပြောသလိုပါပဲ “သူတို့ ကျုပ်တို့ကိုကြိုက်တာလုပ်လို့ရပါတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ နာခံမှုကိုတော့ ကျုပ်မပေးမချင်းသူတို့မရနိုင်ပါဘူး”CDMဟာ အင်အားချင်းမတုံ့ ပြန်နိုင်တဲ့လူတွေအတွက်အကောင်းဆုံးလက်နက်ပါပဲ။မိတ်ဆွေဒီထက်နားလည်သွားမှာတွေအများကြီး ပိုပါပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် မပြောပြတတ်ပါဘူး။ မပြောချင်တာ မဟုတ်ပါဘူး။နိုင်ငံရေးနဲ့ပက်သက်ပြီး ကျွန်တော် ဘာမှနားလည်တဲ့လူတော့မဟုတ်ပါဘူး ဒါပေမဲ့ သေချာတာက ကောင်းကောင်းကြီးသိသွားမှာပါ။ ဒါပါပဲ။ CDMနဲ့တစ်နိုင်ငံလုံး ပက်သက်နေတဲ့အချိန်မှာ ဒီရုပ်ရှင်ကိုခင်ဗျား ဒီရုပ်ရှင်ကိုကြည့်ပြီး CDMအစစ်ရဲ့ သက်ရောက်မှုကိုကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။ ကြည့်ကြစေချင်ပါတယ်။ ဒါကျွန်တော့်ရဲ့ စိတ်စေတနာအမှန်ပါပဲ။တစ်ခါတလေကျ ဒီကမ္ဘာကြီးမှာကျွန်တော်တို့ ဘာမှမတတ်နိုင်ပါဘူးလို့ ထင်ကောင်းထင်ရတဲ့ နေ့တွေရှိမယ်။ကိုယ့်ဖြစ်တည်မှုရဲ့ သိမ်ဖျင်းသေးနုပ်မှုကို စိတ်ပျက်အားငယ်မိတဲ့နေ့တွေရှိမယ်။

တစ်ခါတလေ ဒီကမ္ဘာကြီးက အဓိပ္ပာယ်မရှိပါဘူးလို့တွေးမိတဲ့ အခါတွေများမှာအဓိပ္ပာယ်ရှိခဲ့တဲ့လူတစ်ယောက်ရဲ့ ဘဝအကြောင်းကို သိထားတာဟာကျွန်တော်တို့ ဘာမှမတတ်နိုင်ဘူးထင်ရတဲ ကမ္ဘာကြီးမှာ မျှော်လင့်စရာကလေးတွေ ကျန်သေးကြောင်း အသိပေးကောင်းပေး နိုင်ပါလိမ့်မယ်။တကယ်လို့များ မိတ်ဆွေစိတ်ပျက်အားငယ်မိရင် ဂန္ဒီပြောဖူးတဲ့စကားလေးတစ်ခုကိုသတိရလိုက်ပါ။ " ကျုပ်စိတ်ပျက်အားငယ်တဲ့အခါအမှန်တရားနဲ့ ချစ်ခြင်းမေတ္တာရဲ့လမ်းစဉ်က အမြဲအောင်နိုင်ခဲ့တယ်ဆိုတာကို သတိရမိတယ်။ ကမ္ဘာကြီးမှာ မင်းဆိုးမင်းညစ်အာဏာရှင်တွေ လူသတ်သမားတွေ ရှိခဲ့ကြပြီးပြီ အချိန်တစ်ခုထိတော့ သူတို့လိုလူတွေကမကျရှုံးနိုင်ဘူးထင်ရတယ်။ အဆုံးမှာတော့ သူတို့ အမြဲကျရှုံးရတာပါပဲ ဒါကိုအမြဲတွေးပါ"**#uploadbyhoshiko

1 month, 2 weeks ago
*****❗️**********❗️**********❗️**********❗️**********❗️*******The Kashmir Files (2022)

*❗️*❗️*❗️*❗️*❗️*The Kashmir Files (2022)

IMDB (8.6)*📱*Channel အရင် join ပါhttps://t.me/+kCL2wmUR_sY4NjNl😍*ဇာတ်ကား link*https://t.me/c/2274736087/990 Review
---------

ကတ်ရှ်မီးယားဒေသဟာ အိန္ဒိယအနောက်မြောက် ပိုင်းမှာရှိပြီး ဟိမဝန္တာတောင်တန်းတွေ ဝန်းရံထားပါတယ်။ အဲ့ဒီနယ်မြေဟာ ပါကစ္စတန်နဲ့ထိစပ်နေပြီး ကတ်ရှ်မီး ယားပန်ဒစ် လို့ခေါ်တဲ့ ဟိန္ဒူလူမျိုးတွေအခြေချနေထိုင်လာတယ်၊

ခေတ်မှီလာတာနဲ့အမျှ ကတ်ရှ်မီးယား ပန်ဒစ်တွေဟာ သူတို့ကို လစ်လျူရှုတဲ့ အိန္ဒိယကနေ လွတ်လပ်ဖို့ တောင်းဆိုလာသလို အိမ်နီးချင်း ပါကစ္စတန်ရဲ့ အစ္စလာမ်မစ်တွေကပါ ကျူးကျော်လာတဲ့အခါမှာတော့....

ဒီကားက မင်းသားမင်းသမီးထက်စာရင် ဇာတ်လမ်း ဇာတ်ကွက် နိုင်ငံရေး ဘာသာရေး စတဲ့ အကြောင်းတွေကို ပွင့်လင်းပြင်းထန်စွာ ရိုက်ပြထားတာမို့ သမိုင်းနောက်ခံနိုင်ငံရေး ကြိုက် သူတွေအတွက်ဖျော်ဖြေမှုရနိုင်မယ့် ရုပ်ရှင်တကားပဲ ဖြစ်ပါတယ်။**#uploadbyhoshiko

1 month, 3 weeks ago
**SORA Entertainment လုပ်ငန်းတွင် Social Media Admin …

SORA Entertainment လုပ်ငန်းတွင် Social Media Admin နှစ်ဦး အလိုရှိသည်

SORA Entertainment သည် ရုပ်ရှင်နှင့်ဆက်စပ်သော Entertainment များ လုပ်ဆောင်သော လုပ်ငန်းဖြစ်ပါသည်

လုပ်ငန်းအတွေ့အကြုံရှိသူများအပြင် လုပ်ငန်းအတွေ့အကြုံမရှိသူများလဲ လျှောက်ထားနိုင်ပါသည်

Requirement
- အသက် ၁၈ မှ ၂၅နှစ်အတွင်း
- Movie ကြည့်ခြင်းကို အထူးနှစ်သက်သူ
- Mobile App များ အထူးကျွမ်းကျင်ပြီး Computer Basic အနည်းငယ်အသုံးပြုတတ်ရမည်
- ကိုယ်ပိုင် Laptop ရှိရပါမည်

JD
- Trend ဖြစ်သော Movie များရှာဖွေရမည်
- Content Writing & Uploading လုပ်ငန်းစဉ်များပါဝင်မည်
- Movie Recommendation များ ပြုလုပ်ရမည်
- Original View များလာအောင် လုပ်ဆောင်ရမည်

Company မဟုတ်ပါ .... လုပ်ငန်းအသေးစားသာ ဖြစ်ပါသည် .... လုပ်ငန်းအစဖြစ်သည်နှင့်အမျှ Challenging များစွာရှိပါမည်

အစမ်းခန့်ကာလ - ၁လ

Working Time
8am to 4:30pm ( Break - 30min )

Off Day
Sat ( Half ) - Sunday & Public Holiday

Basic Salary
200k + Travel Allowance 1k/Daily
( တာဝန်ယူ လုပ်ဆောင်နိုင်သည့်ပေါ် မူတည်ပြီး လစာအပြောင်းအလဲရှိမည် )

Address
သင်္ဃန်းကျွန်းမြို့နယ် - ရန်ကုန်မြို့ - လေးထောင့်ကန်လမ်း - အသင်းတိုက်မှတ်တိုင်အနီးတွင် တည်ရှိသည်

အလုပ်လျှောက်ထားရန်
t.me/sorapostcreator

1 month, 3 weeks ago

SORA Entertainment တွင် ကြည့်ရှုနိုင်သော နောက်ဆုံးထွက် ဇာတ်ကားများ စုစည်းမှု
မြန်မာစာတမ်းထိုးဖြင့် ကြည့်ရှုနိုင်ပါသည်

အက်ရှင်ဇာတ်ကားများhttps://t.me/soramovie1 သရဲကားများhttps://t.me/soramovie2 အိန္ဒိယ ဇာတ်ကားများhttps://t.me/soramovie3 Drama ဇာတ်ကားများhttps://t.me/soramovie4 သမိုင်းဝင် ဇာတ်ကားများhttps://t.me/soramovie5 ကာတွန်းကားများhttps://t.me/soramovie6 မှုခင်းဇာတ်ကားများ**https://t.me/soramovie7

1 month, 3 weeks ago
***📌***ထိုင်းနဲ့မြန်မာ မှာရေပန်းစားနေတဲ့ ***🔠******🔠******🔠***ဂိမ်းဆိုဒ်မှာ ***👑***

📌ထိုင်းနဲ့မြန်မာ မှာရေပန်းစားနေတဲ့ 🔠🔠🔠ဂိမ်းဆိုဒ်မှာ 👑

📌မြန်မာနိုင်ငံဘဏ်ပေါင်းစုံနဲ့ငွေသွင်းဆော့လိုရတဲ့အပြင် ထိုင်းဘဏ်အစုံနဲ့လည်းငွေသွင်းလိုရနေပီနော်🎮

📌ကြားခံမလိုကိုယ်တိုင်ငွေသွင်းငွေထုတ်ကိုမှ 💲

📌အနည်းဆုံးငါးထောင်ကျပ်ရှိယုံနဲ့ငွေသွင်းဆော့ကစားလိုရပါပီရှင့် 💲💵

ဘောစိဖြစ်ဖို ငွေကျပ် ၅၀၀၀ ကျပ်နဲ့အရင်းပွားလိုက်ပါ...👍

ဂိမ်းအကောင့်ဖွင့်ရန်

🎉ပရိုမိုးရှင်းများအနေနဲ့ကတော့🎉

⭐️မန်ဘာအသစ်🔣1️⃣0️⃣0️⃣🔣

⭐️ပထမအကြိမ်ငွေသွင်း🔣1️⃣0️⃣🔣

⭐️နေ့စဥ်ငွေသွင်း🔣5️⃣0️⃣🔣

⭐️ငွေသွင်းတိုင်းရ🔣5️⃣🔣

💵💵1️⃣0️⃣0️⃣0️⃣0️⃣ သွင်း2️⃣0️⃣0️⃣0️⃣0️⃣ ရမှာဖြစ်ပြီး

💵💵2️⃣0️⃣0️⃣0️⃣0️⃣ သွင်း4️⃣0️⃣0️⃣0️⃣0️⃣ရမဲ့ အခွင့်အရေးများစွာ

ဂိမ်းပေါင်းများစွာကိုတနေရာတည်းမှာစုံလင်စွာကစားနိုင်ပါတယ်နော်

😊အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက😊

📱viber-09 446 711 177
📱Telegram- @MMM3694
📱LINE-mmmbt
📱Telegram Channel https://t.me/mmmbetmm

1 month, 3 weeks ago
***❗️******❗️******❗️******❗️******❗️*****Lucky Baskhar (2024)

❗️❗️❗️❗️❗️**Lucky Baskhar (2024)

IMDB (8.4/10)*📱*Channel အရင် join ပါ။https://t.me/+kCL2wmUR_sY4NjNl😍*ဇာတ်ကား Link*https://t.me/c/2274736087/901 Review
--------
အိန္ဒိယရုပ်ရှင်ချစ်သူတို့ စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းကောင်းဆိုတာမျိုးကို တင်ဆက်ပေးလိုက်ပါတယ်။တလေဂူးရုပ်ရှင်…။တောင်ပိုင်းမင်းသား ဒူလ်ကာဆာ လ်မန်ရဲ့ ၃၂ကားမြောက်ရုပ်ရှင်။ မင်းသမီးအနေနဲ့ကတော့ တောင်ပိုင်းမင်းသမီးချော မီနာ့ခ်ရှီချောင်ဒရီပါဝင်ထားပါတယ်။ ဘာစကာ…။မာဂါဒါဘဏ်ကငွေကိုင်တစ်ယောက်။

လက်ထောက်မန်နေဂျာရာထူးနေရာကို လျာထား ခြင်းခံရတဲ့သူ။ ရပ်ကွက်ထဲမှာ လက်ညှိုးထိုးမလွဲ အကြွေးရှင်တွေ ပေါများလှတဲ့သူ။ လူဆင်းရဲမျက်နှာမွဲမို့ လင်မယားနှစ်ယောက်လုံး ယောက္ခမဘက်က အနှိမ်ခံထားရတဲ့သူ။တစ်နေ့မှာတော့ စီဘီအိုင်ကနေ မေးမြန်းခြင်း ခံရပါတော့တယ်။ ခေါ်ယူစစ်ဆေး မွဲတေနေပြီး အတော်ဆုံးဝန်ထမ်းဆု သုံးကြိမ်တိုင်တိုင်ရထားတဲ့သူက ဘာလို့ စီဘီအိုင်အဖွဲ့ ကြီးရဲ့ ခေါ်ယူစစ်မေးခြင်းခံရ လဲဆိုတာတော့ ဆက်လက်ကြည့်ရှုကြပါဦး။**#uploadbyhsukaykhaing

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc👉 @khanthtookyaw2001

Last updated 3 Wochen, 6 Tage her

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 Monat, 1 Woche her

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006

Last updated 2 Monate her