Naung Taw Lay

Description
National Journalist
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 week, 5 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 3 weeks ago

1 month, 1 week ago
မြန်မာ - ထိုင်း နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး …

မြန်မာ - ထိုင်း နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒူးစစ် မေနဖန် အား ၂၇-၁၁-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၄ ၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
https://www.mmnationalpost.com/2024/11/blog-post_909.html

1 month, 1 week ago
ကာဇတ်စတန် သမ္မတ က ပူတင်၏ နိုင်ငံတော်ခရီးစဉ်ကို သမိုင်းဝင်ဖြစ်ရပ်အဖြစ် …

ကာဇတ်စတန် သမ္မတ က ပူတင်၏ နိုင်ငံတော်ခရီးစဉ်ကို သမိုင်းဝင်ဖြစ်ရပ်အဖြစ် ဖော်ပြ

ASTANA၊ နိုဝင်ဘာ ၂၈
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ကာဇက်စတန်နိုင်ငံခရီးစဉ်သည် သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ကာဇတ်သမ္မတ Kassym-Jomart Tokaev က ပြောကြားခဲ့သည်။
"ကာဇက်စတန်နိုင်ငံကို နိုင်ငံတော်အလည်အပတ်လာရောက်ဖို့ ဖိတ်ခေါ်ချက်ကို လက်ခံတဲ့အတွက် ရုရှားဖက်ဒရေးရှင်းသမ္မတ ကို ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ ခရီးစဉ်ဟာ ကာဇက်စတန်ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု၊ သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်လာပါတယ်။” ဟု Tokaev ကဆိုသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2024/11/blog-post_120.html

1 month, 1 week ago
1 month, 1 week ago
Naung Taw Lay
1 month, 1 week ago
Naung Taw Lay
1 month, 1 week ago
1 month, 2 weeks ago
**စလင်းမြို့နယ်တွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၁၀ ဦးဝန်းကျင် သေဆုံးခဲ့တယ်လို့ …

စလင်းမြို့နယ်တွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၁၀ ဦးဝန်းကျင် သေဆုံးခဲ့တယ်လို့ Khit Thit Media မှ လိမ်ညာရေးသား

နိုဝင်ဘာလ ၁၅ ရက်နေ့ စလင်းမြို့နယ်၊ ဆုပ်လေဦးလမ်းဆုံတွင် လုံခြုံရေးလုပ်နေတဲ့ စကစတပ်ဖွဲ့ဝင်များအား PDF အဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုတွင် စကစတပ်ဖွဲ့ဝင် ၁ ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း Khit Thit Media မှ စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၁၀ ဦး ဝန်းကျင် သေဆုံးခဲ့တယ်ဆိုပြီး ပုံကြီးချဲ့၍ အရှက်မဲ့စွာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

#Disinformationhttps://t.me/factcheckmm **🇲🇲**

1 month, 2 weeks ago
**စလင်းမြို့နယ်တွင် စကစတပ်ဖွဲ့ဝင်များက အမျိုးသမီး ၁ ဦးကို ဖမ်းဆီးသွားတယ်လို့ …

စလင်းမြို့နယ်တွင် စကစတပ်ဖွဲ့ဝင်များက အမျိုးသမီး ၁ ဦးကို ဖမ်းဆီးသွားတယ်လို့ မြေလတ်အသံ မှ အပုတ်ချရေးသား

နိုဝင်ဘာလ ၁၆ ရက်နေ့ စလင်းမြို့နယ်၊ မြောက်ရှားတောကျေးရွာတွင် စကစတပ်ဖွဲ့ဝင်များက အမျိုးသမီး ၁ ဦးအား ဖမ်းဆီးခဲ့ခြင်းမရှိသော်လည်း မြေလတ်အသံ မှ စကစတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်အမြင်လွဲမုန်းတီးစေရန် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးသွားတယ်ဆိုပြီး လုပ်ဇာတ်ဆင်၍ အောက်တန်းကျစွာ အပုတ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။

#FakeNewshttps://t.me/factcheckmm *🇲*🇲

1 month, 2 weeks ago
**မြင်းခြံမြို့နယ်တွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၇ ဦး သေဆုံးခဲ့တယ်လို့ …

မြင်းခြံမြို့နယ်တွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၇ ဦး သေဆုံးခဲ့တယ်လို့ Khit Thit Media မှ လိမ်ညာရေးသား

နိုဝင်ဘာလ ၁၅ ရက်နေ့ မြင်းခြံမြို့နယ်၊ သဲတောကျေးရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စကစတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း Khit Thit Media မှ စကစတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရ၍ ၇ ဦး သေဆုံးခဲ့တယ်ဆိုပြီး အရှက်မဲ့စွာ လိမ်ညာရေးသားနေကြခြင်းသာဖြစ်ပါတယ်။

#Disinformationhttps://t.me/factcheckmm **🇲🇲**

1 month, 3 weeks ago
ဖလမ်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် CDF အကြမ်းဖက်သမား ၁၁လောင်း ရရှိ

ဖလမ်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် CDF အကြမ်းဖက်သမား ၁၁လောင်း ရရှိ

ဖလမ်း၊ နိုဝင်ဘာ ၁၁
ချင်ပြည်နယ်၊ ဖလမ်းမြိုနယ်အတွင်း နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းအချိန်က နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းများနှင့် အကြမ်းဖက် CDF အင်အား ၆၀ ကျော်ခန့်တို ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF အကြမ်းဖက်သမား ၁၁လောင်း ရရှိခဲ့ကြောင်း သိရသည်။
ထိတွေ့မှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမား ၁၁လောင်း နှင့်အတူ
သေနတ်မျိုးစုံ ၁၃ လက် ( MA-1 ၆ လက်၊ MA-3 ၁ လက်၊ BA-63 ၂ လက်၊ MA-12 ၁ လက်၊ M-16 ၁ လက်၊ M-22 ၁ လက်၊ RPG(M-12) ၁ လက်)နှင့် ကျည်မျိုးစုံ ၁၀၅ တောင့်၊ ကျည်အိမ် ၅ ခု၊ RPG ဒုံးသီး ၆ လုံး၊ ပိုကျည် ၄ တောင့် တို့အား သိမ်းဆည်းရခဲ့သည်။
CDF အကြမ်းဖက်သမား အလောင်း ၈ လောင်းအား တိုက်ပွဲဖြစ်ပွားရာနေရာတွင် ရရှိခဲ့ခြင်းဖြစ်ပြီး နယ်မြေလိုက်ရှင်းစဉ် ချုံပုတ်အတွင်း ထိုးထည့်ဖွက်ထားသည့် ရန်သူ့အလောင်း ၃ လောင်း အား ထပ်မံရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Join - https://t.me/MyanmarNationalPost

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 week, 5 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 3 weeks ago