တောင်ပေါ်ပေသီး

Description
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

2 Monate, 2 Wochen her

သတင်းအတိုအထွာများ

ရှမ်းမြောက်

လားရှိုး သိန်းနီ သီပေါ နောင်ချို လောက်ကိုင် ချင်းရွှေဟော် ကွမ်းလုံ အစရှိသော မြို့များမှ စစ်ရေး ပစ်မှတ်များကို လေတပ်မှ ဆက်တိုက်ဗုံးကြဲနေ၍ ကိုးကန့်ဒေသမှ ပြည်သူများ ဝ နယ်ထဲ ဝင်ရောက်ခိုလှုံနေကြသည်၊ ကိုးကန့် နှင့် ပလောင်ဒေသ များမှာ ဗုံးဒဏ် အကြီးအကျယ်ခံနေရပြီး လက်အောက်ခံ သူပုန်တပ်များ မိသားစုများ ဒုက္ခရောက် စိတ်ဓာတ်ကျနေသောကြောင့် ၄င်းဒေသများကို တစ်ရက်မှ အနားမပေးပဲ ဗုံးဆက်တိုက်ကြဲနေလျှင် စစ်ပွဲ အခြေအနေ ပြောင်းနိုင်သည်ဟု ဒေသခံများ သုံးသပ်သည်

ရှမ်းမြောက်အခြေစိုက် BPLA နှင့် PLA ဗမာပဒက် သူပုန်တပ်များ ရှမ်းမြောက်တွင် စစ်ရေးဖိအား လျော့စေရန် အညာဒေသ ဆင်းတိုက်မည်ဟု ကြေငြာထားသည်၊ ၄င်းတို့၏ ပစ်မှတ်မှာ မကွေး စစ်ကိုင်း မန္တလေး တို့ ဖြစ်နိုင်သည်

ရှမ်းတောင်

ရှမ်းတောင် အင်တော ကျောက်ဂူ ဒေသကို ဓနုပဒက်တို့ ဆီမှ ရှမ်းအဖွဲ့ များ ပြန်လည် တိုက်ခိုက်ရရှိပြီ ဖြစ်၍ စစ်ကူများ တောင်ခမ်းသို့တင်မက နောင်ချိုထိ ဝင်ရောက် တိုက်ခိုက်နေကြပြီ ဖြစ်၍ နောင်ချို မကြာခင် ပြန်ရနိုင်သည်၊

ကယားနယ်စပ်

ကယားပဒက်များ ဗိုးဗြဲအင်း စကားအင်း ရေလမ်းသုံးနေသည်ကို ပေသီးတို့ တင်ပြခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း ရေလမ်း ရေဆိပ်များကို ခုမှ စတင်တိုက်ခိုက် ဗုံးကြဲမှု စတင်သည်၊ စစချင်း ကယားပဒက် DB ရာချီရရရှိ၍ တာထွက်ကောင်းသည် ဆိုရမည်

ဒရုန်းတပ်

နိုင်ငံတကာ အဆင့်မှီ စစ်အင်္ဂါအပြည့်စုံ ဖြင့် တပ်မတော် ဒရုန်းတပ်ကို ရုရှားထုတ် စစ်သုံး UAV များဖြင့် ဖွဲ့စည်း လေ့ကျင့်ပြီး ဖြစ်၍ အရှေ့တောင်အာရှတွင် အကြီးမားဆုံး ဒရုန်းတပ်ဖွဲ့ကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်သော မြန်မာ့တပ်မတော်၏ ဒရုန်းတပ်ဖွဲ့ စွမ်းရည်ကို မကြာခင် တွေ့ရတော့မည်

တောင်ပေါ်ပေသီး

2 Monate, 2 Wochen her

တရုတ် နဲ့ မျောက်သုံးကောင် + ဝ တို့ တွေ့ဆုံ ဆွေးနွေးအပြီးမှာ

ကိုးကန့် နဲ့ တအောင်း ၅၀၀ ခန့်ပါ စစ်ကြောင်းက နောင်ချို တောင်ခမ်းဖက်

ဝ အင်အား ၁၀၀၀ ခန့် က နန့်လန်ဖက်

ချီတက်လာသည်ဟု ကြားရသည်

တောင်ခမ်းမှာ အခြေမလှသော တအောင်းတို့ ဘာကြံနေသည် မသိရသော်လည်း

နန့်လမ် မှ နောင်ကျိုး ကျောက်ဂူဖက် သို့ တောလမ်းပေါက်သောကြောင့် ၄င်းလမ်း ကို သတိထားရန် လိုအပ်သည်၊ ၄င်းလမ်းဖက်မှ ဝတို့ တအောင်းဘက်ချိန်းဝင်လာလျှင် ကျောက်ဂူ လွိုင်လမ်း တောင်ခမ်း အပြင် အင်တော ဗထူး ရပ်စောက်ဖက်ပါ စစ်မျက်နှာ ဖွင့်လာနိုင်သည်

တောင်ပေါ်ပေသီး

2 Monate, 2 Wochen her

အရက်သမားပေသီး

ဆင်ဖြူရှင်မင်းတရားကြီး တပင်ရွှေပု ၏ မီယန်ကျင်းပြည် နှင့် စိနမျိုးကန်း ဖုတ်တောရှင်း တို့ ၏ မျိုးကန်းပြည်တို့ စစ်ဖြစ်ကြသည်

စစ်ပွဲကြာရှည်လာသည်နဲ့အမျှ နှစ်ဖက် စစ်သည်များ အသေအပျောက်များ ပြည်သူတို့ ပင်ပန်းဆင်းရဲကြ၍

ယာယီ အပစ်ရပ်ကာ နည်းလမ်းရှာကြသည်

မီယန်ကျင်းပြည်ကား အွန်လိုင်းပေါ်တွင် အာချောင် ပညာရှိကြသော အွန်ချောင်ပညာရှိ တို့ ပေါများလှသည်ဟု နာမည်ကြီး သောကြောင့်

မျိုးကန်းတို့ဖက်မှ စိမ်ခေါ်လာသည်

သေနတ်မဖောက်ပဲ ပညာရှိချင်း ပညာပြိုင်ကြမည်၊ နိုင်သူက တိုင်းပြည်ယူစတမ်း၊ ရှုံးသူက ကျွန်ဖြစ်မည်ဟူ၍

ထိုအခါ မင်းတရားကြီးတပင်ရွှေပုမှ တိုင်းပြည်အတွင်း မောင်းတီးကြေငြာ ပညာပြိုင်မည့် ပညာရှိရှာပုံတော် ဖွင့်လေ၏၊ ကြေငြာချက်မှာ ပြ်ုင်ပွဲတွင် နိုင်လျှင် အိမ်ရှေ့အရာ ပေးမည်၊ ရှုံးလျှင် ခေါင်းဖြတ်သတ်ခံရမည် ဟူ၏

သို့သော်ငြားလည်း ယခင်က ပညာရှိပါပေသည်ဟု စက္ကန့်မလပ် ကြွယ်နေ ကြွားနေကြသော အွန်ချောင်ပညာရှိအပေါင်းမှာ အိမ်ထဲပုန်းကာ ထွက်မလာကြတော့ပေ

ပညာရှိရှာအဖွဲ့လည်း လူသူလေးပါး ကင်းစင်သော နေပူတော် မြို့တော်ကြီး၏ ဆယ်လမ်းသွား လမ်းမကြီးများပေါ် ရှာဖွေနေရင်း ရက်ချိန်းပြည့်လေ၏ ပညာရှိကား ရှာမရပေ၊

ဖုတ်တောရှင်းတို့ မျိုးကန်းအဖွဲ့ကား မျိုးကန်း ပညာရှိကြီး ခေါ်လာကာ မဏ္ဍပ်ကြီးထိုး စောင့်နေလေ၏

ပညာရှိရှာအဖွဲ့မှာ ဖုတ်ပူမီးတိုက် ရှာဖွေရင်း တစ်နေရာအရောက် တစ်လမ်းလုံး အပြည့် သိုင်းကွက်နင်းလာသော အရက်သမားပေသီး နှင့် တွေ့လေ၏

ပညာရှိရှာ အဖွဲ့ခေါင်းဆောင်မှာလည်း လူရှာမရ၍ စိတ်ညစ်နေသောအခါနဲ့ ကြုံကာ

ပေသီးကိုသာ အရက်အဝတိုက်မည်ဟု လိမ်ကာ မဏ္ဍပ်ရှိရာခေါ်လာလေ၏

ပေသီးမှာ မဏ္ဍပ်ပေါ်တက်ထိုင်ကာ လူဝီ၁၃ အရက်ကို တစ်ကျိုက်ထဲ တစ်ပုလင်းကုန် နွားငတ်ရေကျ သောက်ကာ ကြက်ကြော်ကိုက် ဇိမ်ခံနေလေ၏

နှစ်ဖက် ပညာရှိ နှင့် မင်းပရိတ်သတ် စုံလင်ပြီ ဖြစ်၍

ပညာရှိ ပြိုင်ပွဲစတင်လေ၏

ပထမ မေးခွန်းအဖြစ် မျိုးကန်းပညာရှိကား ပေသီး အရှေ့လာပြီး တပင်ရွှေပုကို လက်ညှိုးထိုးကာ လက်ငါးချောင်းထောင်ပြလေ၏

ပေသီးမှ ဟစ်ကနဲရီကာ လက်ဆယ်ချောင်း ပြန်ထောင်ပြလေ၏

မျိုးကန်းပညာရှိကား လက်မထောင်ပြပြီး ဒုတိယ မေးခွန်းအဖြစ် ၄င်းရင်ဘတ်ကို ပွတ်ပြလေ၏

ပေသီးမှ အပြန်အလှန် အဖြစ် ရင်ရော ကျောပါ ပွတ်ပြလေ၏

ထိုအခါ နှစ်ဖက် မင်းပရိတ်သတ် ရှေ့မှောက်တွင် မျိုးကန်းပညာရှိမှ ပေသီးကို ထိုင်ကန်တော့ကာ အရှုံးပေးသွားလေ၏

မျိုးကန်းတို့မှာ ကိုယ့်စကားနဲ့ကိုယ် တိုင်းပြည်အပ် အရှုံးပေးလိုက်ရပါသည်

ထိုအခါ ဂျာနယ်လစ်များမှာ ပညာရှိများကို အလုအယက် အင်တာဗျုးကြလေသည်

ဆဲဗင်းနိုက်ဂျာနယ် - မျိုးကန်းပညာရှိကြီး ၊ ပထမမေးခွန်း ကဘာလဲ အဖြေက ဘာလဲ?

မျိုးကန်းပညာရှိ။ ကျုပ်က မေးတယ် မင်းတို့ ဘုရင် တပင်ရွှေပုက မင်းကျင့်တရား ငါးပါးနဲ့ ညီလားလို့၊ သူက ဖြေတယ် ဆယ်ပါးနဲ့တောင် ပြည့်စုံတယ်တဲ့၊

ဆဲဗင်းနိုက်။ ပညာရှိပါပေတယ်

တွမ်တီတူးဂျာနယ် ၊ မျိုးကန်းပညာရှိကြီး ၊ ဒုတိယမေးခွန်းက ဘာလဲ၊ အဖြေကဘာလဲ?

မျိုးကန်းပညာရှိ။ ကျုပ်ကထပ်မေးတယ်၊ မင်းတို့ဘုရင် တိုင်းသူပြည်သားတွေကို ရင်ဝယ်သားလို သနားညှာတာလားလို့၊ သူကဖြေတယ်၊ ကျောသား ရင်သား မခွဲခြားပါဘူးတဲ့၊

တွမ်တီတူး။ ပညာရှိပါပေတယ်။

ဆဲဗင်းနိုက် နှင့် တွမ်တီတူး တို့ကား အဖြေများကို ကျေနပ်၍ ဘရိတ်ကင်းနြူး သတင်းထူး ထုတ်ပြန်ကာ သူ့ထက်ငါ ဂျာနယ်ရောင်းကြလေ၏

ပေသီးဘက်မှာကား

မထင်မရှားဂျာနယ်။ ပေသီး၊ ခညားကို ဟိုက ပထမမေးခွန်း ဘာမေးလို့ ဘာဖြေလိုက်တာလဲ’

ပေသီး။ ထွီ၊ ဒီမျိုးကန်းကောင်က ရာရာစစ၊ ကျုပ်ကို ဘုရင်ရှေ့မှာ အရက် ၅ လုံး ပြိုင်သောက်မလားလို့ စိမ်ခေါ်တာလေ၊ ကျုပ်က ၁၀လုံး ပြိုင်သောက်မယ် လို့ ပြန်စိမ်ခေါ်လိုက်တာ။ ပေသီးကို ဒီလိုကျောလို့ ဘယ်ရမလဲ။ ညင်း ညင်း ညင်း

မထင်မရှား ။ ကိန်

အူကြောင်ကျား ဂျာနယ်။ ပေသီး၊ ဒုတိယမေးခွန်းကရော? ဘာမေးလို့ ဘာဖြေတာလဲ?

ပေသီး။ ဟာ.. ဒီအရူးက ဒီလောက်သောက်ရင် ရင်မပူဘူးလားတဲ့ မေးတယ်လေ၊ ဒီကောင် အရက်သမားမဟုတ်ဘူး၊ ကျုပ်ကဖြေလိုက်တယ်၊ ရင်ရော ကျောရော ပူတာပေါ့လို့၊ အဲ့မှာ ဒီကောင် ပြိုင်မသောက်ရဲပဲ အရှုံးပေးသွားတာလေ။ ညင်း ညင်း ညင်း၊

အူကြောင်ကြား။ ဂိန်

ထိုအချိန်တွင် အနားမှ အကဲခတ်နေသော ပညာရှိရှာ အဖွဲ့ ခေါင်းဆောင်မှ အခြေအနေကို ဝင်ထိန်းလေ၏

မထင်မရှား နှင့် အူကြောင်ကျားတို့မှာ အဖြစ်မှန်ကို သိသော်ငြား တိုင်းပြည်အကျိုး အလို့ဌာ တပင်ရွှေပုတို့ လာဘ်ထိုးသော ကွန်ဒိုတစ်ခန်း နှင့် အာရာဖတ် တစ်စီးစီ ယူကာ အိမ်ပြန်ကြလေ၏

အရက်သမားပေသီးကား အိမ်ရှေ့စံရာထူး ရရှိကာ နေ့ရော ညပါ လူဝီ၁၃ ဖက်သောက်ကာ ဇိမ်ကျနေလေ၏

ပျင်းလို့ လျှောက်ရေးတဲ့ ပုံပြင်လေးကတော့ ဒါပါပဲကွယ်

😂

2 Monate, 3 Wochen her

စစ်တိုက်စားနေသူများ

ကရင်ခွင်

ကရင်တစ်မတ် ဗမာတစ်ကျပ်တုံးက သူပုန်ထခဲ့တဲ့ ပကညောတို့ ကရင်တစ်ကျပ် ဗမာတစ်မတ် ဖြစ်လာချိန် မှာ စစ်တိုက်စား တတ်လာပါပြီ

ကရင်ခွင်မှာ လက်ရှိ အခြေအနေက ထောက်ပံ့ ရန်ပုံငွေ ပေးရင် စစ်တိုက်ပြပါမယ်

ဥပမာ။ ကရင်တပ်မဟာကြီး တစ်ခုကို ရန်ပုံငွေ ပေးလိုက်ပြီး မဲသဝေါခွင် တိုက်ပေး ဆိုလို့က

မဲသဝေါခွင်က ကရင့်ယောက်ဖ တပ်ပေါင်းစုံ BGF DKBA တွေ KNU ခွဲထွက်တွေ ဘာညာတွေကို ကြိုညှိမယ်၊ ဘယ်နေ့ ဘယ်နေရာ ဘယ်နှစ်ယောက်လာမယ်၊ ယောက်ဖ ဟ ပေးလိုက် ရော့ ရန်ပုံငွေ ခွဲတမ်း ပေးလိုက်လို့က

ပစ်မှတ်ကျတဲ့ စခန်းမှာ ငစနူ လေး ငါး ဆယ် လောက် ထားခဲ့ပြီး ဟပေး ကျပေး လိုက်တာပဲ

နောက်တစ်လနေ ပြန်ဆုတ်ပေးလိုက် ယောက်ဖက တပ်ပြန်ထိုင်လိုက်

တပ်မတော်ဖက်က တစ်ချို့ တပ်စခန်းတွေက ညှိလို့ရတယ်၊ တစ်ချို့က မရရင် ဆော်ကြတာပဲ

ကရင်တပ်မဟာမှုးတွေက War Lord စစ်ဘုရင်တွေ ဖြစ်နေပြီ၊ ဆက်ကြေးနဲ့ အကောက်ခွန် နဲ့ ကုန်သွယ်ရေး နဲ့ အိုကေ နေပြီ ဗမာတစ်မတ် ကရင်တစ်ကျပ် ရနေပြီ စစ်မတိုက်ချင်တော့ဘူး၊

လက်ရှိအခြေအနေမှာ ကရင်တပ်အားလုံး စုတိုက်ရင် ကရင်ပြည်နယ် တစ်လအတွင်း ကျတယ်၊ မလုပ်ကြဘူး၊ စစ်ဘုရင်တွေ ခွင်ပျက် စီးပွားပျက်မှာ ကြောက်လို့

ရှမ်းခွင်

ရှမ်းခွင် မှာ အဲ့လို လုပ်စားနေတာက SSA ရှမ်းစိမ်း နဲ့ ရှမ်းကျား နှစ်ဖွဲ့

ဘိန်းစိုက် ဘိန်းသယ်ပြီး ကြီးပွားနေတဲ့ ရှမ်းနှစ်ဖွဲ့က ဗမာတစ်မတ် ရှမ်းနှစ်ကျပ် ရနေတော့ သူတို့လဲ စစ်မတိုက်ချင်ကြဘူး

သူပုန်စစ်စစ်က

အစွန်းရောက် လူမျိုးရေး ဝါဒ အခြေခံတဲ့ ရခိုင် AA ကိုးကန့် MNDAA နဲ့ ပလောင် TNLA တို့ ကချင် KIA တို့ပဲ ကျန်တော့တယ်

NUG PDF ဆိုတာ နောက်က EAO တွေ မပါရင် ထည့်တွက်စရာကို မလိုတာ၊

တပ်မတော် အနေနဲ့ လူမျိုးရေး အစွန်းရောက် AA KIA TNLA MNDAA လေးဖွဲ့ကို စံပြ အမှုန့်ကြိတ်ပြလိုက်ရင်

စစ်တိုက်စားနေတဲ့ စစ်ဘုရင်တွေ စားပွဲဝိုင်း ပေါ် အလိုလို ရောက်လာမယ်

အဲ တပ်မတော်ကြီး ကိုယ်တိုင်ကကို ကရင်တွေလို အကြီးစား စစ်တိုက်စား နေရင်တော့ Another Story ပေါ့

စစ်ဘုရင်ပေသီး

2 Monate, 3 Wochen her

ထိုင်း မြန်မာ သဘောတူချက် တစ်ခု

ထိုင်းနိုင်ငံတွင် ခြေရှုပ် မြန်မာကို ဆန့်ကျင် အလှုခံကာ သူပုန်များကို ထောက်ပံ့နေသော

သူပုန်ထောက်ပို့များကို

ထိုင်းဖက်မှ ရှာဖွေ ဖမ်းဆီး ပြန်ပို့ပေးရန်

သဘောတူညီခဲ့ပါသည်

သူပုန်အားပေး ထောက်ပို့တို့ အတွက် မျက်ရည် ၂ စက်

အဟက်

တောင်ပေါ်ပေသီး

2 Monate, 3 Wochen her

ကိုးကန့်တွေ အထိနာ သွားတဲ့ လားရှိုး ဗုံးကြဲမှု

ပြီးခဲ့တဲ့ သုံးရက် အတွင်း လားရှိုး သီပေါ ကျောက်မဲ စသည့်မြို့များမှ

အမာခံသတင်းပေးများ ပေးပို့လာသည့် မပည များကို

တပ်မတော် လေ မှ ပေါင် ၅၀၀ ပေါင် ၁၀၀၀ များ ကြဲချပေးခဲ့ရာ

၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နောက်ပိုင်း ကိုးကန့် နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များ

အထိနာဆုံး အသေအပျောက်အများဆုံး ခံလိုက်ရသည်ဟု

တရုတ်ချန်နယ်များတွင် ရေးသားဖော်ပြ

သတင်းပေးဟု မသက်ာသူ ဗမာ ရှမ်း တို့ကို ဖမ်းဆီး သတ်ဖြတ်မည်ဟု ကိုးကန့်တို့ ကြိမ်းဝါးနေသောကြောင့်

ရှမ်းမြောက်နေ ဗမာ ရှမ်း တို့ သတိထားကြရန်

အင်ဖော်မာပေသီး

2 Monate, 4 Wochen her

ရှမ်းနေရာရှမ်း စီမံချက် တဲ့

ရှမ်းမြောက်တစ်ခွင် စစ်မီးဟုန်းဟုန်းတောက်ကာ

ရှမ်းမျိုးနွယ်စုတွေ စစ်ဘေးသင့်ကြ စစ်ဘေးရှောင်ကြ ဖြစ်ချင်တိုင်းဖြစ် နေကြတာကို

တုပ်တုပ်မလှုပ်ခဲ့တဲ့ အစဥ်အလာကြီးတဲ့ ရှမ်းအဖွဲ့ကြီးတွေ

ရှမ်းလူထု တောင်းဆိုမှုကြောင့် လှုပ်တော့မယ်လို့ သိရ

ကွဲနေသော ရှမ်းနှစ်ဖွဲ့ နှင့် ယခင် MTA အသွင်ပြောင်း ပြည်သူ့စစ်များ ယာယီ မဟာမိတ်ဖွဲ့ တပ်ပေါင်းစုနေကြပြီဟု ကြားရ

တန်ဆောင်တိုင်အကျော် ဘိန်းထွက်ရာသီတွင်

ရှမ်းနေရာရှမ်း စီမံချက် ရှိသည်ဟု ကြားရသည်

စီမံချက် အသေးစိတ် သိရရင် ထပ်တင်ပေးမည်

ပေသီးနေရာပေသီး

3 Monate her

တောင်ခမ်း ၏ နောက်ဆုံးနေ့များလား?

သီပေါ ကျပြီဖြစ်သောကြောင့် သီပေါဘက် မှ ပလောင် ကိုးကန့် အင်အား လေးထောင်ခန့် တောင်ခမ်းဖက် ဆင်းလာပြီ ဖြစ်၍

တပ်မတော် အင်အား တစ်ထောင့်ငါးရာ ဝန်းကျင်သာ ရှိသော တောင်ခမ်း လဲ သီအိုရီ အရ မကြာခင် ကျဖို့ များပါတယ်

အင်တော ကျောက်ဂူလမ်း ကို ဓနုပဒက် အင်အား တစ်ထောင်ခန့် ပိတ်ဆို့ထားပြီ ဖြစ်လို့ ရပခ မှ စစ်ကူ လိုက်မရတော့ပါ

နယ်မြေခံ ရှမ်းစိမ်းတွေလဲ စိတ်မချရပါ

ပြင်ဦးလွင်ဖက်မှ လပခ တပ်တွေ တောင်ခမ်းကို တက်လာရင် ဖြစ်နိုင်သော်လည်း လပခ ကာတပ်တွေကို ထုတ်သုံးမယ် မထင်ပါ

တောင်ခမ်းကျရင်

ကိုးကန့် စစ်မြှားဦးဟာ ရပ်စောက် ဟိုပုန်း တောင်ကြီး သို့

ပလောင် စစ်မြှားဦးဟာ ပြင်ဦးလွင် မန္တလေး သို့

စစ်ကြောင်း နှစ်ကြောင်းခွဲကာ တိုက်ပါတော့မယ်

တောင်ခမ်း ကျ/မကျ သည် တောင်ခမ်း အထိုင် တပ်တွေရဲ့ လူသူ ရဲစွမ်းသတ္တိ ရှိမှု၊ ဗျုဟာကောင်းမွန်မှု၊ လက်နက်ခဲယမ်း ရိက္ခာ ပြည့်စုံမှု များပေါ်တွင်သာ လုံးဝ မူတည်သွားပါပြီ

တောင်ခမ်းပေသီး

3 Monate her

တအောင်း ပလောင် ဘယ်လဲ ဘာလဲ ?

(၁၀၂၇) ဒုတိယပိုင်းတလျှောက်...
TNLA သိမ်းထားတဲ့...နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က..
.နောင်ချို ..ကျောက်မဲ နဲ့ သီပေါက..PSLF/TNLA အတွက်...
အမေပေးတဲ့...လယ်တကွက်လို....ငွေဝင်ရာလမ်းကြီးပဲ....

နောက်တခုက..မိုးကုတ် နဲ့ မိုးမိတ် ကျပ်ပြင်မှာရှိတဲ့...
ရွှေတောတွေက...ဒုတိယငွေဝင်ရာလမ်းဖြစ်ပြီးတော့...
အဲဒီဒေသကို...TNLA .ထိန်းချုပ်ထားပြီးဖြစ်တယ်...။

တာအိုက်​ပေါင်းတို့...
တာဘုန်းကျော်တို့ရဲ့.ပလောင်ပြည်နယ်ရည်မှန်းချက်က...
နစကလက်ထက်မှာ..ပြည့်ခါနီးနေပြီ...လို့....ဆိုရနိုင်တယ်....။

ဒီ့အတွက် ...စစ်မျက်နှာ (၂)ခုရှိတယ်...
တခုက...သီပေါ ခလရ (၂၃)....တခုက...တောင်ခမ်း...မစက.....
လခရ (၂၃)က...ကုန်သွယ်ရေးလမ်းကြောင်းပေါ်ကဖြစ်လို့...
မဖြစ်မနေ...ထိန်းချုပ်ဖို့လိုနေတယ်ဆိုတဲ့...ပေးထားချက်ရှိတယ်... ။

နောက်တချက်က....တောင်ခမ်းဒေသ...
မြေပြင်အနေအထားအရ...လပခ နဲ့ ရပခကြားမှာရှိတယ်...
ရှမ်းတောင် နဲ့... ရှမ်းမြောက်ရဲ့...ကုန်သွယ်ရေးလမ်းဖြစ်တယ်...။

လမ်းကြောင်းပေါ်မှာ...TNLA SSPP RCSS ရှိတယ်..
ဒီတော့...TNLA + SSPP က...RCSS နဲ့ထိပ်တိုက်တွေ့နိုင်သလား...ဆိုတာက...
တောင်ခမ်းဒေသအတွက်....အဖြေဖြစ်လိမ့်မယ်လို့...ယူဆရတယ်...။

သီပေါ..ခမရ (၅၀၃) (၅၀၄)ကို...သိမ်းပြီးတည်းက...
TNLA လှုပ်ရှားအင်အားတချို့ကို...တောင်ခမ်းမှာပြန်ဝင်လာတယ်ဆိုတဲ့...
မြေပြင်သတင်းတွေကိုလဲ...ရထားခဲ့ပြီးသားဖြစ်ပါတယ်...။

တဆက်တည်းဆိုသလို....ဒုဌဝတီတံတား (နောင်ချို)ကိုထိန်းချုပ်ပြီး...
Loc ဖြတ်တောက်လာနိုင်ချေရှိတယ်ဆိုတာကို....ပြီးခဲ့တဲ့တပတ်တည်းက...
ခန့်မှန်းပြီးတော့...ဖြစ်လာနိုင်ချေတွေကို...ရှာကြည့်မိတယ်...။

ဒီတော့....နစက_ဘာဖြစ်ချင်နေတာလဲဆိုတဲ့_အချက်က...
တောင်ခမ်း​ဒေသရဲ့...အနာဂတ်လို့ပဲပြောရမယ်ထင်ပါတယ်....
သီပေါကပြိုဆင်းလာမယ့်...TNLA + Pdf ရဲ့အင်အားက...ခန့်မှန်းချေ...
(၈၀၀)ဝန်းကျင်ရှိမယ်လို့...ပညာရှင်တွေကတွက်ဆထားတယ်...။

ဒါကြောင့်...နစက...ဘာဖြစ်ချင်နေတာလဲလို့...မေးရမလိုဖြစ်နေတာ...
တခုတည်းသော...ကျန်ရှိစစ်မျက်နှာက....တောင်ခမ်းစစ်မျက်နှာဖြစ်တယ်...
အဖြေကတခုတည်း....
တောင်ခမ်းကိုထိန်းချင်သေးရင်...စစ်ကူပို့...
အကယ်၍...ပေးချင်တယ်ဆိုရင်လဲ...အချိန်မီဆုတ်ခွင့်ပေးရလိမ့်မယ်...။

သီပေါက...ခံစစ်သေနဲ့...(၆၄)ရက်မြောက်နေ့မှာကျတယ်...
ဩဂုတ်လ (၃၁)ရက်နေ့ကနေ...စက်တင်ဘာ (၁၆)ရက်နေ့အထိ...
နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိဘူး...မြေပြင်ထိုးစစ်မရှိဘူး...ငြိမ်နေခဲ့တယ်...
ဒါပေမယ့်....နစက...ဆိုကရေးတီးအတွက်...အားစိုက်လုပ်နေခဲ့တယ်...။

ခလရ (၂၃)ရှိတဲ့...တုံစိန်က...မြေပြင်ကွက်လပ်ကြီး...
ပစ်ကွင်းတခုအောက်မှာရှိနေတဲ့...သတ်...ကွင်း..တခုဆိုရင်လဲ...ဟုတ်တယ်...
ခမရ (၅၀၃) (၅၀၄)လာပေါင်းတဲ့...ရက်နဲ့တွက်ရင်...(၁၆)ရက်တိတိ...
ခံစစ်သေနဲ့...ကစားတယ်...။

ပြီးခဲ့တဲ့....(၆၄)ရက်လုံးကိုလဲ...ခံစစ်သေနဲ့...ထား,ထားတယ်....
အဲတော့...သီပေါလဲ...တခြားမြို့တွေလို....ကျသွားတယ်...
ဆိုကရေးတီးရှိလို့...သီပေါခလရ (၂၃)ကို..ဆုတ်မိန့်ပေးသည်ဖြစ်စေ....
မပေးသည်ဖြစ်စေ.....ဆုတ်ရမယ့်...အနေအထားဖြစ်လာတယ်....။

ဒီတော့...တောင်ခမ်းအရေးကြိုမြင်တယ်ဆိုရင်...
လုပ်သင့်လုပ်ထိုက်တာကို....လုပ်ဖို့ပဲလိုတယ်ဆိုတာ...မြင်သာပါတယ်...
နိုင်ငံရေးမှာ...Soft Power နဲ့ Hard Power နေရာမှားနေတာက...
Institution တခုတည်းပျက်မှာမဟုတ်ဘူး...နိုင်ငံနဲ့ချီတယ်ဆိုတာပါပဲ...။

#HM
#တောင်ပေါ်ပေသီး

3 Monate her

(ခ) ရှမ်းပြည်နယ်

၁။ ပန်ဆိုင်း၊ ၂။မုန်းကိုး၊ ၃။ နမ့်ခမ်း၊ ၄။ ကွတ်ခိုင်၊ ၅။ တာမိုးညဲ၊ ၆။ သိန္နီ၊ ၇။ ကွမ်းလုံ၊ ၈။ ချင်းရွှေဟော်၊ ၉။ လောက်ကိုင်၊ ၁၀။ ကုန်းကြမ်း၊ ၁၁။ မော်ထိုက်၊ ၁၂။ ဟိုပန်၊ ၁၃။ ပန်လုံ၊ ၁၄။ နမ္မတူ၊ ၁၅။ မန်တုံ၊ ၁၆။ နမ့်ဆန်၊ ၁၇။ နောင်ချို၊ ၁၈။ ကျောက်မဲ၊ ၁၉။ မိုင်းငေါ့၊ ၂၀။ မိုင်းလုံ၊ ၂၁။ မဘိန်း၊ ၂၂။ မိုးမိတ်၊ ၂၃။ လားရှိုး

(ဂ) မန္တလေးတိုင်း

၁။ မိုးကုတ်၊ ၂။ စဉ့်ကူ၊ ၃။ သပိတ်ကျင်း၊ ၄။ တကောင်း

(ဃ) စစ်ကိုင်းတိုင်း

၁။ မော်လူး၊ ၂။ ရွှေပြည်အေး၊ ၃။ ခါမ်းပါတ်၊ ၄။ မြို့သစ်

(င) ချင်းပြည်နယ်

၁။ ကျီခါး၊ ၂။ တွန်းဇံ၊ ၃။ ရိဒ်ခေါဒါရ်၊ ၄။ ဝေဘူလ၊ ၅။ နှာရိန်း၊ ၆။ ဆူးရ်ခွါး၊ ၇။ လိုင်လင်းပီ၊ ၈။ ရေဇွာ၊ ၉။ မကွီအိမ်နူး၊ ၁၀။ ကျင်ဒွေး၊ ၁၁။ ပလက်ဝ၊ ၁၂။ ဆမီး၊ ၁၃။ မတူပီ

(စ) ရခိုင်ပြည်နယ်

၁။ တောင်ပြိုလက်ဝဲ၊ ၂။ ဘူးသီးတောင်၊ ၃။ ရသေ့တောင်၊ ၄။ ကျောက်တော်၊ ၅။ မြောက်ဦး၊ ၆။ ပေါက်တော၊ ၇။ မင်းပြား၊ ၈။ မြေပုံ၊ ၉။ ပုဏ္ဏားကျွန်း၊ ၁၀။ ကမ်းထောင့်ကြီး၊ ၁၁။ မအီ၊ ၁၂။ စနဲ၊ ၁၃။ ရမ်းဗြဲ၊ ၁၄။ သံတွဲ၊ ၁၅။ ကျိန္တလီ

(ဆ) ကရင်နီပြည်နယ်

၁။ မိုးဗြဲ၊ ၂။ နန့်မယ်ခုံ၊ ၃။ ဒီးမော့ဆို၊ ၄။ မော်ချီး၊ ၅။ ရှားတော၊ ၆။ မယ်စဲ့၊ ၇။ ရွာသစ်

(ဇ) ကရင်ပြည်နယ်

၁။ ဖာပွန်၊ ၂။ သင်္ဃန်းညီနောင်၊ ၃။ စုကလိ၊ ၄။ ကျိုက်ဒုံ

တိုင်းနှင့် ပြည်နယ် ၈ ခုရှိ မြို့နယ်အဆင့်မြို့နှင့် မြို့နယ်အတွင်း မြို့အဆင့် သတ်မှတ်ထားမြို့ပေါင်း ၇၉ မြို့ကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားသည်ကို တွေ့ရ၏။

ရှမ်းပြည်နယ်ရှိ UWSA ထိန်းချုပ်အောက်ရှိ မိုင်းမောမြို့၊ ပန်ဝိုင်မြို့၊ နမ့်တစ်မြို့၊ နားဖန်းမြို့၊ ပန်ဆန်း၊ ပန်ယန်းမြို့၊ ဝိန်းကောင်မြို့၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ထိန်းချုပ်မှုအောက်ရှိ မိုင်းလားမြို့ စသည့် မြို့ပေါင်း ၉ မြို့မှာလည်း စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် မရှိသည်မှာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်၏။

PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များသည် ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူး၊ မောင်တောမြို့၊ သီပေါမြို့များတွင် ဆက်လက် တိုက်ခိုက်နေသည့်အပြင် တောင်ကုတ်၊ ဂွ၊ မင်းတပ်ကဲ့သို့ ဆက်လက် တိုက်ခိုက်ရန် ရည်ရွယ်ထားသည့် မြို့များလည်း ရှိသည်။ သပိတ်ကျင်းမြို့နယ်အတွင်းတွင်မူ ဝိုင်းဝန်းပိတ်ဆို့ထားပြီး ဆက်လက် ရှင်းလင်းရန် လိုအပ်သည့် တပ်အချို့ ကျန်သေး၏။

အထက်ပါ အကြောင်းအချက်များသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ခုခံတော်လှန်စစ် စပြီဟု NUG မှ ကြေညာသည့် သုံးနှစ်ပြည့်တွင် တွေ့ရသည့် ပကတိ မြေပြင်အချက်အလက်များ ဖြစ်သည်။

မြန်မာပြည်၏နိုင်ငံရေး၊ စစ်ရေးအခြေအနေများကို လေ့လာသုံးသပ်ကြသူများသည် လက်ရှိ ပကတိမြေပြင် အချက်အလက်များကို ထည့်သွင်းသုံးသပ်ကြရန် လိုအပ်ပေမည်။

အထက်ပါ အချက်အလက်များ အပေါ် သုံးသပ်ရလျှင်

လက်ရှိ ခေါင်းဆောင်၊ လက်ရှိ ပုံစံ ဖြင့် ပျော့ညံ့စွာ ဆက်သွားနေလျှင်

သမိုင်းတွင် ဒုတိယမြောက် ရန်ကုန်အစိုးရ ဖြစ်ဖို့ နီးနေပါပြီ

#ACS
#တောင်ပေါ်ပေသီး

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago