Fire Service Department.MOHAI-NUG

Description
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 7 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 10 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 12 months ago

10 months, 2 weeks ago
Fire Service Department.MOHAI-NUG
10 months, 2 weeks ago

စစ်ကောင်စီက ညအချိန် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ကြေညာပြီးနောက် နံနက်ပိုင်းအချိန် လားရှိုးမြို့ကို လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံးကာ မီးလောင်ကျွမ်းမှုများ ဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ လူနေရပ်ကွက်နှင့် မြို့မစျေးကြီးအပေါ်သို့ အကြမ်းဖက်စစ်ကောင်စီက ယနေ့ နံနက် အစောပိုင်း လေယာဉ်များဖြင့် ဗုံး ၃ ကြိမ်ကျဲချခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး မီးလောင်ကျွမ်းမှုတချို့ပါ ဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၃ နာရီ ၃၆ မိနစ်အချိန်၊ နံနက် ၃ နာရီ ၄၀ မိနစ် အချိန်၊ နံနက် ၃ နာရီ ၅၀ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့ ရပ်ကွက် ၁ ၊ ကျောက်တောင်၊ လားရှိုးမြို့မစျေးကြီးတို့ကို လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုသို့ ဗုံးကျဲမှုကြောင့် အမျိုးသား ၁ ဦး ၊ အမျိုး သမီး ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦးထက်မနည်း ဒဏ် ရာရရှိထားကြောင်း ၊ လားရှိုးမြို့မစျေးတွင်လည်း ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် စျေးရုံမီးလောင်ခဲ့ပြီး အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသပြည်သူများက ဆိုကြသည်။

"ရပ်ကွက် ၁ ၊ နယ်မြေ ၈ မှာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးပါတယ်။ ပွဲချင်းပြီး ၂ ဦး သေဆုံးပါတယ်။ ဒဏ်ရာရသူတွေမှာ စိုးရိမ်ရတာ ၁ ဦးဖြစ်ပါတယ်။ ဆေးရုံပို့ထားပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးလည်း ခြေ ထောက်မှာ ဗုံးထိထားလို့ ဆေးရုံပို့ထားရပါတယ်။ စျေးရုံမီးလောင်တာကတော့ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်" ဟု လားရှိုးမြို့မှ ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လားရှိုးမြို့ ပြန်လည်ထူထောင်ရေး၏ သတင်းစာမျက်နှာတွင်မူ ယနေ့ နံနက် ၃ နာရီ ၁၅ မိနစ် စစ်ကောင်စီက လေယာဉ်ဖြင့် လားရှိုးမြို့မစျေး၊ ချယ်ရီစျေးရုံထဲသို့ ဗုံးကျဲချခဲ့ကြောင်း၊ ထို့ပြင် ရပ်ကွက် ၁ နယ်မြေ ၈ ထဲတွင်လည်း ဗုံးကျရောက်ပေါက်ကွဲသဖြင့် ပြည်သူ အထိအခိုက် သေဆုံးမှုရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီအချိန် တိုင်း ရင်းသားလက်နက်ကိုင်များ၊ PDF များအနေ ဖြင့် လက်နက်စွန့်၍ ပါတီလမ်းကြောင်းဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်းဖြင့်လည်း ကောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် ဖိတ်ခေါ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် လားရှိုးမြို့ပေါ်သို့ လေယာဉ်ဖြင့် ဗုံးများ ဆက် တိုက်ကျဲချခဲ့ခြင်းလည်းဖြစ်သည်။

ဓာတ်ပုံ- နေဝေစိုး။
(ခေတ်သစ်သတင်းဌာနသည်မျက်မှောက်ခေတ်နှင့်မိတ်ဖက်ဖြစ်သည်)

10 months, 3 weeks ago

ဘုတလင်နယ် ကူတော်ရဲစခန်းအနီးက ကတိုး
ရွာကို စစ်တပ်က မီးရှို့ဖျက်စီး

မျက်မှောက်ခေတ်၊စက်တင်ဘာ(၂၃)

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကတိုးကျေး
ရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ(၂၂
)ရက် ညနေပိုင်းမှာ သေနတ်ပစ်ဖောက်၀င်ရော
က်ပြီး မီးရှို့ဖျက်စီးခဲ့ကြတယ်လို့ သိရပါတယ်

ဘုတလင်နယ် ကူတော်ကျေးရွာရဲစခန်း အခြေ
ချ စစ်ကောင်စီတပ်ဟာ ကတိုးကျေးရွာကို ၀င်
ရောက်စီးနင်းပြီး ပြည်သူတစ်ချို့ကို ဖမ်းဆီးခဲ့
လို ပြည်သူနေအိမ်တွေကိုလည်း မီးရှို့ဖျက်စီး
ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မီးလောင်တဲ့ အိမ်အရေအတွက်ကြတော့ မသိ
သေးဘူး။ညနေ၅ နာရီလောက် သေနတ်ပစ်သံ
တွေ ကြားရပြီး မီးခိုးတွေ တက်လာတာပဲ၊ရွာခံ
တွေလည်း ကုန်ပြေးရတော့ ဘယ်အိမ်တွေရှို့ခံ
ရတယ်ဆိုတာ မသိရဘူး"လို့ ဘုတလင်ဒေသခံ
သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာကူတော်ရွာရဲစခန်းတိုက်
ခိုက်ခံရပြီးနောက် ဒေသတွင်းကျေးရွာတွေကို
စီးနင်း၊မွှေနှောက်နေကြတယ်လို့ သိရပါတယ်။
ဘုတလင်နယ် ကတိုးကျေးရွာကို စစ်ကောင်စီ
တပ်က မီးရှို့ဖျက်စီးတာကြောင့် ဒေသခံပြည်
သူတွေရဲ့နေအိမ်ပျက်စီးဆုံးရှုံးမှုကိုတော့လတ်
တလော မသိရသေးပါဘူး။
"မီးလောင်တဲ့ အိမ် အရေအတွက်တော့ မသိရ
သေးဘူးလေ ၊ရွာပြန်မကပ်နိုင်ကြသေးဘူး"လို့
ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
စက်တင်ဘာလ(၂၀)ရက် ညပိုင်းကလည်း ဘု
တလင်နယ် ကျွဲသေချောင်းရွာကို စစ်ကောင်စီ
တပ်က ပစ်ခတ်၀င်ရောက်ခဲ့တာကြောင့်အပြစ်
မဲ့ ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး ဘုန်းတော်ကြီး
ကျောင်းက ဘုရားငွေကျပ်(၁၀)သိန်း၀န်းကျင်
အပါအ၀င် ရွာခံပြည်သူတွေရဲ့ ရိက္ခာ၊ငွေကြေး
နဲ့ အသုံးအဆောင်တွေ ခိုးယူခံခဲ့ရတယ်လို့ ဒေ
သခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဓာတ်ပုံ-မုံရွာနယ်က ကျေးရွာတစ်ရွာကို စစ်
ကောင်စီတပ်က မီးရှို့ဖျက်စီးနေစဉ်(ပုံဟော
င်း)

1 year, 1 month ago

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁ ဦး သေဆုံးကာ ဒဏ်ရာ ရရှိသူ များပြားကြောင်း မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ သတင်း တာဝန်ခံ ကိုစိုးလေး က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ဇွန်လ ၁၈ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် မတ္တရာမြို့ ရေနံ့သာ လမ်းခွဲဘက်မှ ကား ၆ စီး အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်း ၁ ကြောင်း ၊  အင်ကြင်းမြိုင်ဘက်မှ အင်အား ၅၀  ဝန်းကျင်ပါ စစ်ကြောင်း ၁ ကြောင်းက မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ၄၀ မမ LaLa ဗုံးပစ်လောင်ချာ ၊ RPG-7 ၊ 60-မမ စိန်ပြောင်း ၊ ၈၁ မမ-စိန်ပြောင်း ၊ငါးကြင်းမှီး စက်သေနတ်များဖြင့် ပစ်ခတ် ဝင်ရောက်လာသောကြောင့် ထိတွေ့တိုက်ပွဲသည်  နံနက် ၅ နာရီ မှ ၈ နာရီကျော်ထိ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိတွေ့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူ အင်အား ကား ၈ စီး ထပ်မံ ရောက်ရှိလာပြီး တော်လှန်ရေး ရဲဘော်များ လက်နက် ခဲယမ်းအားနည်းမှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် ဆက်တိုက် ထိုးစစ်ဆင် တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ရဲဘော်များက မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး ထိမှန်ခဲ့ပြီး ၁ ဦး သေဆုံးကာ ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဆင်ရွာသစ်အနီး မီတာ ၁၀၀ ဝန်းကျင်တွင် ထိတွေ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သာအေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွား ပြည်သူ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ကိုးပြွန်ရွာမှလည်း လက်နက်ကြီး ၁၅ ချက်ထက် မနည်း ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် ၃ ပကဖ တပ်ဖွဲ့သည် လက်နတ်ခဲယမ်းများ ပြန်လည် ဖြည့်တင်းရန်အတွက် လိုအပ်နေသောကြောင့် ပြည်သူများ အနေဖြင့် ပါဝင် လှူဒါန်းပေးကြရန် မေတ္တာရပ်ခံကြောင်း မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ သတင်း တာဝန်ခံ ကိုစိုးလေး က ဆက်လက် ပြောဆိုသည်။

သတင်း / ဓာတ်ပုံ . ခေတ်သစ်သတင်းမီဒီယာ

1 year, 5 months ago

?ဝက်လက်?

ဝက်လက်မြို့မှ စခများသည် အထိုင်များပြေင်းရွှေ့ထားပြီး မီးသတ်ရုံးထဲတွင်စခ(၁၂)ကောင်နှင့်ပျူများ၊ထွေအုပ်ရုံးထဲတွင် စခ(၁၄)ကောင်နှင့် လက်နက်တပ်ဆင်ထားသောဝန်ထမ်းများနှင့် အမှတ်(၂)စာသင်ကျောင်းထဲတွင် ‌စခသီးသန့်(၈)ကောင်ခန့်တို့ပြောင်းလဲနေထိုင်ထားကြောင်းသတင်းပေးပို့မှုရရှိထား။(ပျူထဲဝင်လျှင် စစ်မှုမထမ်းရဟုသိရ၍ မြို့ထဲမှအချို့သည် ပျူစာရင်းပေးထားပြီး မီးသတ်ရုံးထဲသင်တန်းပေးမည်ဖြစ်၍ ရှင်းလင်းနေကြကြောင်းသိရ) (သတင်းအားဆက်လက်စီစစ်မည်ဖြစ်သည်)

^ဖေဖော်ဝါရီဝမ်း^

#SSN
Feb.20,3:10PM

?သတင်းပို့ရန် @SagaingScoutNetworkBot

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 7 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 10 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 12 months ago