Yarzarmin

Description
အမျိုး၊ဘာသာ၊သာသာသနာ နှင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု့ကို အလေးထား ဆောင်ရွက်သူတိုင်းကို
လေးစားတန်ဖိုးထားသူဖြစ်သည်။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 9 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 2 years ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 2 years, 1 month ago

2 years, 11 months ago
Yarzarmin
2 years, 11 months ago

တနင်္သာရီတိုင်းအတွင်းမှ PDF အဖွဲ့ဝင်အမျိုးသား၁ဦး လက်နက်ခဲယမ်းများနှင့်အတူဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်
...............................

နေပြည်တော်၊ အောက်တိုဘာ ၁၇

ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့တွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်ခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်း မရှိသော တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးသည် ၎င်းနှင့်အတူ ပါလာသည့် ကာဘိုင် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၈၀ တောင့်နှင့် စကားပြောစက် ၁ လုံးတို့ကို အပ်နှံရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ကာဘိုင် သေနတ် ၁ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၅၀ ၊ စကားပြောစက်တစ်လုံးအတွက် ၂ သိန်း စုစုပေါင်းငွေကျပ် ၅၂ သိန်းကို ပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသူက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ၎င်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူအား ဝန်ခံကတိလက်မှတ် ရေးထိုး စေကာ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း ပေးအပ်သည်။

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်းဝင်ရောက်လာ သူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လက်နက်/ ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေး ငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက် ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိ နေသေးကြောင်း သိရသည်။

#PeopleMedia

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 9 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 2 years ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 2 years, 1 month ago