??????? ?? ????

Description
"စာအုပ်တွေ ဖတ်ပါ
ကဗျာတွေ ဖတ်ပါ
အတုအယောင်တွေထက်စာရင်
စာအုပ်တွေနဲ့ကဗျာ‌တွေက အများကြီးအကျိုးရှိပါတယ်"

?WELCOME?
/:/11.8.2023/:/
Advertising
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 2 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006

Last updated 6 days, 4 hours ago

Onii-chan ရဲ့ Channel ခွဲလေးတွေလည်း Join ထားပေးကြပါအုန်းဗျ။

Link - @onichantranslations

Last updated 2 weeks, 2 days ago

5 months, 3 weeks ago

ကျွန်မဆိုင်ဖွင့်နေပါပြီ
ဘာဆိုင်လဲဆိုရင် ချစ်ခြင်းမေတ္တာဟာမင်းနဲ့မဆိုင်ပါ ဝန်ထမ်းလိုပါတယ်ဘာတတ်ရမလဲဆိုတော့ထားခဲ့‌ရင်နေတတ်ရပါမယ်အသားတွေထဲပါတော့ ဆုံးရှုံးပြီးသားတို့ဘာတို့ရပါတယ် ဟုတ်ကဲ့ လာအားပေးပါဦးနော်

#leonerjv
#crd

5 months, 3 weeks ago

ချစ်လဲချစ်နိုင်သလို ပစ်လဲပစ်နိုင်တဲ့ မိန်းမပါပဲ။
အဆုံးအစွန်ထိကောင်းပေးနိုင်သလို လေလိုတိမ်လိုလဲ ဥပက္ခာပြုနိုင်တယ်။ ခွင့်မလွတ်နိုင်ရင် လွှတ်ချရမှာပဲ။
ပြတ်သားနိုင်တဲ့စိတ်လဲရှိသလို ရပ်တန့်ဖို့သာ ဆန္ဒရှိရင်
ကိုယ်မင်းအပေါ် မမြင်ဖူးတဲ့လူတစ်ယောက်လိုလဲ
လွယ်လွယ်ကလေး စိတ်ကုန်သွားနိုင်ပါတယ်။

#crd
#PHOO

5 months, 3 weeks ago

ဒီမနက်တွေ့လိုက်ပါသေးတယ်
ဟိုမိန်းကလေးကသေချာမပျိုးပေးဘူးထင်တယ်
ညစ်ပတ်စုတ်ပျက်နေတာ‌လမ်းဘေးက‌သတောင်းစားကြီးကျလို့

#leonerjv
#crd

6 months ago

မူးရူးပြီး
အစ်ကို့လက်ကလေးဆွဲထားခဲ့မိတဲ့နေ့တွေကို
ပြန်သွားချင်တယ် ။

ဒီမိန်းမငယ်လေးကို
ကာကွယ်ပေးဖို့ တဖွဖွ ထပ်မှာချင်တယ် ။

ပြီးတော့

ဘယ်လောက် ချစ်ကြောင်းတွေကိုအစ်ကို့
ရင်ခွင်ထဲတိုးဝှေ့ပြီး
ထပ်ပြောပြချင်သေးတယ် ။

#crd
#PHOO

6 months ago

နှစ်တွေအများကြီးအတူရှိလာကြပြီးမှ
လမ်းခွဲသွားကြတဲ့သတင်းတွေကြားတိုင်း
မင်းလက်ကလေးပဲ
မလွှတ်တမ်းဆုပ်ကိုင်ထားချင်တော့တယ်

လွဲသွားကြတဲ့ချစ်ခြင်းမေတ္တာတွေမြင်တိုင်း
မင်းကိုဆုံးရှုံးရမှာပိုကြောက်လာတယ်။

#crd
#PHOO

6 months ago

ကောင်းကင်မှာ တိမ်တွေမရှိတဲ့အခါ
တကယ်ကို စိတ်ထဲအဆင်မပြေသလိုပဲ
တိမ်တွေလည်း သူပျောက်ကွယ်ရတဲ့
အကြောင်းတွေရှိလောက်မှာပါ
မိုးတွေရွာချလို့လား
လေတွေတအားတိုက်လို့များ
အဝေးတစ်နေရာရောက်သွားတာလားပေါ့
တစ်ခါတလေ သူကောင်းကင်ကြီးကို
စိတ်ပျက်တဲ့အချိန်ဆိုတာလည်း ရှိနိုင်တာပဲ
တိမ်တွေက သိပ်ကိုလှသလို တခါတလေကျ
နားလည်ရခက်တယ်
တိမ်တွေမြင်နေရရင် ပျော်သလို
မမြင်ရတော့တဲ့အခါကျရင်လည်း မျှော်နေရမှာပဲလေ
ဒါတိမ်တွေကိုချစ်မိတဲ့ စိတ်တွေကြောင့်ပဲမဟုတ်လား
ကျွန်တော်ပြောချင်တာ တိမ်တွေအကြောင်းမဟုတ်ပါဘူး ။

#crd
#PHOO

6 months, 1 week ago

အရှေ့လူက စိတ်ဒဏ်ရာပေးခဲ့တော့
နောက်လူ ပါ အဲ့လို ဖြစ်မှာကို
အလိုလိုကြောက်

ပြောရရင်
Trauma ရသွားတာပေါ့

#Brietta

6 months, 1 week ago

စိတ်ရှုပ်မခံနိုင်ဘူး ။
နားပူတာတွေ မခံနိုင်ဘူး ။
နည်းနည်းလောက် ဖြစ်ဖြစ်
စိတ်ကို ကျဥ်းကြပ်စေတာနဲ့
အကုန်လုံးကို စွန့်လွှတ်ဖို့
ဝန်မလေးတဲ့သူပါ ။

တစ်ဖက်လူကို
ပူလောင်မှုတွေ မပေးတတ်သလို
တစ်ဖက်က
ပူလောင်မှုတွေ ပေးရင်လည်း
တိတ်ဆိတ်မှုကိုပဲ ရွေးချယ်လိုက်တယ် ။

ငြင်းခုန်ရတာကို မုန်းတယ် ။
ပြိုင်လုရတာတွေကိုလည်း မုန်းတယ် ။
ကိုယ်နဲ့ ထိုက်တန်တဲ့ အရာတွေနဲ့ပဲ
အေးအေးချမ်းချမ်းလေး နေထိုင်ချင်တယ် ။

စကားတွေကို အများကြီး ပြောနေရတာထက်
အေးချမ်းသော နေရာတစ်ခုမှာ
စာအုပ်တစ်အုပ်နဲ့ အချိန်ကုန်ရတာ
ပိုပြီး သဘောကျတယ် ။

သွေးအေးတယ်လို့ ပြောချင် ပြောကြပါစေ ။
ငါက တိတ်ဆိတ်မှုကို သဘောကျတယ်လေ ။
ကိုယ့်ကမ္ဘာလေးနဲ့ ကိုယ်
သီးသန့်နေထိုင်ရတာ ကြိုက်တယ် ။

#crd
#PHOO

6 months, 1 week ago

ဖမ်းတော့ ဖမ်းကြတယ်
ရက်စက်တော့ ရက်စက်ကြတယ်
လူမျိုးအချင်းချင်းကို
လူအချင်းချင်းကိုမှ သတ်ဖြတ်ကြတယ်

ငရဲဆိုတာ မြေကြီးအောက်မှာပဲ ရှိတာမဟုတ်ဘူးဗျ

အခု မြန်မာနိုင်ငံကြီးက ငရဲအလား ဖြစ်နေပြီ

{https://t.me/khitthitnews/178840}

သွားကြည့်ကြည့်

#Brietta
#News

6 months, 2 weeks ago

ပုဂံမြို့ဟောင်း
---------------

ရူးလောက်အောင် လွမ်းရတဲ့မြို့
မျက်တောင်မခတ်ဘဲ ငေးမိအောင် လှတဲ့မြို့

တရေးနိုးမေး
တရေးနိုး ပြေးသွားချင်တဲ့ မြို့

နွေမှာ ရွက်ကြွေ
မိုးမှာ ပုရစ်ဖူး
ဆောင်းမှာ မြူ၊ မှုန်၊ ဖုန်၊ သဲ
သုံးပန်လှ သုံးလူလှ
သုံးရာသီအလှနဲ့ ပြည့်စုံတဲ့ မြို့

ငါတို့ဘုရား
ငါတို့အနုပညာ
ငါတို့အံဖွယ်ရာဆိုပြီး
ဘယ်တရားနဲ့ချွတ်ချွတ် ငါစွဲမကျွတ်ချင်တဲ့မြို့လေး ။

#crd
#PHOO

We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 2 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006

Last updated 6 days, 4 hours ago

Onii-chan ရဲ့ Channel ခွဲလေးတွေလည်း Join ထားပေးကြပါအုန်းဗျ။

Link - @onichantranslations

Last updated 2 weeks, 2 days ago