Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

ခင် ညို ချော

Description
Freelance Journalist
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago

3 weeks, 2 days ago

အိမ်နီးချင်းကောင်းမပီသသူများကို တုန့်ပြန်သင့်သည့်နည်းလမ်း

မြန်မာနိုင်ငံရဲ့ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခမှာ
အိမ်နီးချင်းနိုင်ငံများရဲ့ သဘောထားဟာ
အလွန်အရေးကြီးပါတယ်။

နယ်စပ်ဒေသတစ်လျှောက်
အခိုင်အမာခြေကုတ်ယူထားတဲ့
တိုင်းရင်းသားလက်နက်ကိုင်များဟာ
သူတို့ရဲ့အသက်
ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက်
တစ်ဖက်နိုင်ငံကို လုံးဝမှီခိုအားထားနေတယ်ဆိုတာ
အားလုံးအသိပဲ ဖြစ်ပါတယ်။

အရှေ့နဲ့ အရှေ့တောင်ဘက်မှာ
KNPP၊ KNU တို့
အားကောင်းမောင်းသန် ဖြစ်နေချိန်
ထိုင်း-မြန်မာဆက်ဆံရေးမကောင်းသလို
မြောက်နဲ့ အရှေ့မြောက်ဘက်က KIA၊ UWSA၊ MNDAA၊ TNLA အဖွဲ့တွေကလည်း
တရုတ်ကြီးရဲ့ ထိန်းညှိမှုအရ
စစ်ရေးအရှိန် အလျော့အတင်းဖြစ်လေ့ရှိပါတယ်။

တရုတ်နယ်စပ်မှာ ကြီးထွားလာပြီး
အနောက်ဘက်မှာ ရှင်သန်နေတဲ့
AA အဖွဲ့ကတော့
သူ့ဆရာ KIA လို တရုတ်ကို မှီခိုပြီး
အမေရိကန်ဆီက ထောက်ပံ့ကြေးရဖို့
ကြိုးစားနေတဲ့
နှစ်ဘက်ခွစား အဖွဲ့ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း မြန်မာအစိုးရအဆက်ဆက်ဟာ
ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုလုပ်တိုင်း
အိမ်နီးချင်းနိုင်ငံများကို ပစ်ပယ်လို့မရခဲ့တဲ့
သမိုင်းမှတ်တမ်းများရှိခဲ့ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာလည်း
တရုတ်နဲ့ထိုင်းတို့ရဲ နောက်ကွယ်က
ခြေရှုပ်၊ ထိန်းညှိမှုများနဲ့ ရှုပ်ထွေးလျက်ရှိပါတယ်။

သာမန်အားဖြင့် ထိုင်းနိုင်ငံဟာ
အမေရိကန်ဩဇာခံဖြစ်သလို
ထိုင်းနယ်စပ်မှာရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေဟာ
ထိုင်းမှတစ်ဆင့် အမေရိကန်အကူအညီရယူကြသလိုပဲ
တရုတ်နယ်စပ်မှာရှိတဲ့ အဖွဲ့တွေက
အမေရိကန်ဘက်မယိမ်းပြပဲ
တရုတ်ရဲ့ ပံ့ပိုးမှုကို ရယူနေကြတာ မြင်တွေ့ရပါလိမ့်မယ်။

လတ်တလော ၁၀၂၇ ဖြစ်စဉ်တွေမှာ တရုတ်အနေဖြင့်
နစကအစိုးရကို ပေါ်ပေါ်တင်တင် ထောက်ခံအားပေးမှုမပြုပဲ
သူ့နယ်စပ်၊ သူ့အကျိုးစီးပွားအတွက်
သူ့နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့တွေကို
အသုံးချသွားခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း နစကအစိုးရအနေဖြင့်
တရုတ်ရဲ့ဖိအားနဲ့
တရုတ်ကြီးကို အာခံတုန့်ပြန်နိုင်ဖို့ ထွက်ပေါက်ရှာရမှာဖြစ်ပါတယ်။

အမေရိကန်ဖိအားကြောင့်
နဝတ၊ နယက အစိုးရတွေ
တရုတ်ဘက်ယိမ်းယိုင်ခဲ့သလို
တရုတ်ရဲ့ သဘောထားမမှန်မှုကြောင့်
ရုရှားဘက်ယိမ်းခဲ့တဲ့ နစကဟာ
တရုတ်နဲ့ အမေရိကန်ဖိအား ၂ ခုလုံးကို
ခံနေရတာ အလူးအလဲဖြစ်ပါတယ်။

တရုတ်ကို တန်ပြန်ဖို့ သံတမန်ရေးအရ
အာဆီယံ၊ ရုရှားနဲ့ အိမ်နီးချင်း
အိန္ဒိယနိုင်ငံတို့ရှိသလို
ဒီမိုကရေစီအကြောင်းပြပြီး အမေရိကန်နဲ့လည်း
Trust 2 လမ်းကြောင်းဖွင့်သင့်ပါတယ်။

Level အဆင့် အမျိုးမျိုးနဲ့
Trust 2 လမ်းကြောင်းကနေ
ဆွေးနွေးအဖြေရှာနိုင်ခဲ့ရင်
မြန်မာ-အမေရိကန် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာပြီး
တရုတ်-အမေရိကန်တို့ရဲ့ ဖိအားတွေ
အထိုက်အလျောက်လျော့နည်းသွားမယ်လို့ ယုံကြည်မိပါတယ်…..

3 weeks, 2 days ago
ခင် ညို ချော
3 weeks, 2 days ago
ခင် ညို ချော
2 months, 2 weeks ago

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးထွက်ပေါက်

အပိုင်း(၂)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၈(က) အရ လွှတ်တော်တက်ခွင့်ရှိတဲ့ စုစုပေါင်း ဦးရေရဲ့ ထက်ဝက်ကျော် တက်ရောက်နိုင်ရင် လွှတ်တော်အစည်းအဝေး ထမြောက်ပြီး အစိုးရအဖွဲ့ကို ဖွဲ့နိုင်မှာဖြစ်ပါတယ်။

ဒါ့ကြောင့် ရွေးကောက်ပွဲကို မြို့နယ် ၃၃၀ အားလုံးမှာ မလုပ်ဘဲ လုပ်နိုင်တဲ့ မြို့နယ် များမှာလုပ်ပြီး လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်နိုင်ရင် ဖြစ်နိုင်ချေရှိပါတယ်။

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၄၄၀ ဦးအနက် တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦးရှိလို့ အရပ်သားကိုယ်စားလှယ် ၁၁၁ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၂၄ ဦးအနက် တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦးရှိလို့ အရပ်သားကိုယ်စားလှယ် ၅၇ ဦးရွေးချယ် နိုင်ရင် လွှတ်တော်တက်ခွင့်ရှိသူ ထက်ဝက်ကျော်နဲ့ အစိုးရတစ်ရပ်ဖွဲ့မယ့် လွှတ်တော် အစည်းအဝေးကို ဖွဲ့စည်းပုံဥပဒေနဲ့အညီ လုပ်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်မို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁၁ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦးတို့ကို ရွေးချယ်နိုင်မယ့် မဲရုံတွေကိုသာ လုံခြုံအေးချမ်းစွာနဲ့ မဲထည့် နိုင်ဖို့လုပ်ပေးပြီး ကျန်တဲ့နေရာများအတွက်ကိုတော့ တည်ငြိမ်အေးချမ်းတဲ့အချိန်ကျမှ ကြားဖြတ်ရွေးကောက်ပွဲတွေပြုလုပ်ပေးရင် ဖြစ်နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိရပါတယ်။

#အပိုင်း(၃) ကို ဆက်လက်ဖော်ပြပေးပါမယ်။

#ခင် ညိုချော

2 months, 2 weeks ago

ဝါရှင်တန်၊ ဘာလင်နှင့် လန်ဒန်တို့ကို နျူကလီးယားဖြင့် တိုက်ခိုက်မယ်လို့ ရုရှားက ခြိမ်းခြောက်

ရုရှားသမ္မတဟောင်း မက်ဗီဒက်ဗ်က ရုရှားကို ယူကရိန်းကနေ ဆုတ်ခွာဖို့ ဖိအားပေးရင် အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်နဲ့ ယူကရိန်းတို့ကို နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ရုရှားလုံခြုံရေးကောင်စီ ဒုတိယအတွင်းရေးမှူးနဲ့ သမ္မတပူတင်ရဲ့ ရင်းနှီးတဲ့မိတ်ဆွေဖြစ်တဲ့ မက်ဗီဒက်ဗ်က

👉နိုင်ငံရဲ့ နယ်မြေပိုင်ဆိုင်မှု ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ဘော်လစ်စတစ်ဒုံးကျည်နဲ့ အထူးလက်နက်ထိပ်ဖူးတွေကို သယ်ဆောင်တဲ့ ခရုဇ်ဒုံးကျည်တွေကို အသုံးပြုမှာဖြစ်ကြောင်း၊ ရုရှားရဲ့ စစ်ရေးမူဝါဒတွင် ဒုံးကျည်အသုံးပြုမှု အခြေခံမူ ချမှတ်ထားတာ အားလုံးသိရှိပြီးဖြစ်ကြောင်း။

👉ယူကရိန်း၊ ဂျာမနီ၊ ဗြိတိန်နှင့် အမေရိကန်တို့ကို နျူကလီးယားလက်နက်နဲ့ အသုံးပြုတိုက်ခိုက်မှုနဲ့အတူ ကမ္ဘာလုံးဆိုင်ရာစစ်ပွဲတစ်ခုကိုသာ ဦးတည်စေလိမ့်မည်ဖြစ်ကြောင်း။

👉ရုရှားအနေဖြင့် လိုအပ်တဲ့အချိန်မှာ နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ်ရန် နှောင့်နှေးတုံ့ဆိုင်းနေမည် မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

သမ္မတပူတင်ကလည်း ရုရှားနယ်မြေကိုကာကွယ်ရန် နည်းလမ်းအားလုံးကို အသုံးပြုမယ်လို့ ကြုံးဝါးထားတဲ့အတွက် မက်ဗီဒက်ရဲ့ ပြောကြားချက်များဟာ နျူကလီးယားစစ်ပွဲဖြစ်လာဖို့ ပိုမိုနီးစပ်လာတာကြောင့် အနောက်အုပ်စုနိုင်ငံတွေမှာ စိုးရိမ်ပူပန်မှုတွေမြှင့်တက်လျက်ရှိပါတယ်......

Crd Iran Press TV, Feb 19

2 months, 2 weeks ago

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးထွက်ပေါက်

အပိုင်း(၁)

လတ်တလောနိုင်ငံရေးအခြေအနေတွေအရ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက် မှုများ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့်တိုက်ပွဲများ အရှိန်မြင့်တက်နေပြီး စီးပွားရေး ပိတ်ဆို့ခံရမှု၊ နိုင်ငံတကာ အသိအမှတ်ပြုမှု အပြည့်အဝမရရှိခြင်းတို့ကြောင့် နစကအစိုးရ အနေဖြင့် မတိုးသာမဆုတ်သာအခြေအနေမှာ ပိတ်မိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေ က ယူဆနေကြပါတယ်။

နစကအစိုးရကတော့ သူ့ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အတိုင်း နိုင်ငံရေးတည်ဆောက်ရေး (State Building)ကို အကောင်အထည်ဖော်လျက်ရှိသလို နိုင်ငံတစ်ဝန်းလုံးကို တည်ငြိမ် အောင်လုပ်ဆောင်ပြီး အရပ်သားအစိုးရကို အာဏာပြန်လွှဲမယ်လို့ မကြာခဏ ထုတ်ဖော် ပြောကြားလျက်ရှိပါတယ်။

မြန်မာ့တပ်မတော်အနေဖြင့်လည်း တိုင်းရင်းသားနယ်မြေတွေမှာ စစ်စခန်းတွေ၊ ဌာနချုပ် တွေ လက်လွှတ်ဆုံးရှုံးနေရပြီး ပြည်ပထောက်ပံ့မှုတွေရရှိနေတဲ့ EAOs တစ်ချို့နဲ့ PDF အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုကို ခုခံစစ် ဆင်နွှဲနေရတာကို မြင်တွေ့ရမှာဖြစ်ပါ တယ်။

တပ်မတော်အနေနဲ့ ဆုံးရှုံးခဲ့ရတဲ့ မြို့များကို ပြန်လည်ထိန်းချုပ်နိုင်ရန်နှင့် NUG၊ PDF အကြမ်းဖက်အဖွဲ့တွေ ပြိုကွဲသွားအောင် လုပ်ဆောင်လျက်ရှိပါတယ်။

ဒီလိုအခြေအနေတွေအရ နစကအစိုးရဟာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ဘက်ပေါင်းစုံ အခက်အခဲများနဲ့ ကြုံတွေ့နေရတာကြောင့် အစိုးရသက်တမ်းကာလကို ၆ လ တစ်ခါ အကြိမ်ကြိမ် သက်တမ်းတိုးမြှင့်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းလာရင် ရွေးကောက်ပွဲ လုပ်ကာ ရွေးကောက်ခံအရပ်သားအစိုးရကို အာဏာလွှဲပေးဖို့ ကြိုးစားလုပ်ဆောင်လျက် ရှိပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့အတိုက်အခံတွေကတော့ နစက လုပ်ပေးမဲ့ရွေးကောက်ပွဲကို အယုံ အကြည်မရှိဘဲ စစ်တပ်အနေနဲ့ နိုင်ငံရေးမှ ထွက်ခွာပေးဖို့ စစ်အာဏာရှင်ပြုတ်ကျရေး ကြွေးကြော်သံနဲ့ လက်နက်ကိုင်လမ်းစဉ်အရ မြို့ရွာတွေကို အကြမ်းဖက်တိုက်ခိုက်လျက် ရှိပါတယ်။

လက်ရှိပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများအရ နိုင်ငံတစ်ဝှမ်း မြို့နယ် ၃၃၀ လုံးမှာ ရွေးကောက်ပွဲလုပ်ရန် မဖြစ်နိုင်တဲ့အတွက် ရွေးကောက်ပွဲလုပ်ပြီး အာဏာလွှဲပေး မယ့် လုပ်ငန်းစဉ်ဟာ တုံ့ဆိုင်းလျက်ရှိပါတယ်။

ဒီလိုအခြေအနေကို ကျော်လွှားနိုင်ဖို့အတွက် ထွက်ပေါက်တစ်ခုတော့ရှိပါတယ်။

#အပိုင်း(၂) ကို ဆက်လက်ဖော်ပြပေးပါမယ်။

#ခင် ညိုချော

2 months, 3 weeks ago
အငြိမ်းစားပင်စင်စားများအတွက်ပါရှင်..

အငြိမ်းစားပင်စင်စားများအတွက်ပါရှင်..

အငြိမ်းစား ပင်စင်စားများအနေနဲ့
ဖော်ပြပါ ဘဏ်ခွဲ ၇၃ ခု အတွင်းက
ဘဏ်ခွဲတစ်ခုခုတွင် မိမိပင်စင်ထားရှိရင်

ကျန်သည့် ဘဏ်ခွဲ ၇၂ ခုက
မည်သည့် ဘဏ်ခွဲတွင်မဆို
ဘဏ်ပြောင်းရွှေ့စရာမလိုဘဲ ဝန်ဆောင်ခ
အခမဲ့ဖြင့် ပင်စင် ထုတ်ယူနိုင်။

မှတ်ပုံတင်၊ ပင်စင်ကဒ် / ပင်စင်စာအုပ်တော့
ယူဆောင်သွားဖို့ လိုအပ်ပါတယ်။

#ခင်ညိုချော

2 months, 3 weeks ago
ခင် ညို ချော
2 months, 3 weeks ago

ပြည်သူတွေ သတိပြုသင့်တဲ့ အကြမ်းဖက်အားပေးလုပ်ရပ်

တောင်ကြီးမြို့၊သစ်တောရပ်ကွက်အရှေ့မြို့ပတ်လမ်း ပန်းလှိုင်ဆေးရုံရှေ့ရှိရွှေညောင်ပင်ကွမ်းယာဆိုင်မှဆိုင်ရှင်
ဒေါ်နီလာဝင်း(ဂေါ်ရခါးလူမျိုး)သည်
အကြမ်းဖက်အားပေးနွေဦးတော်လှန်ရေး
စာတန်းပါ အင်္ကျီဝတ်ဆင်လျက်
ကွမ်းယာရောင်းချနေကြောင်း
တည်ငြိမ်အေးချမ်းရေးကို လိုလားသည့်
ပြည်သူများ၏သတင်းပေးချက်အရ
ဖေဖော်ဝါရီ ၁၄ ရက်နေ့ ၁၀ နာရီတွင်
တာဝန်ရှိသူများမှ သွားရောက်ဖမ်းဆီးခဲ့ပြီး
ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင်
အကြမ်းဖက်မှုတိုက်ဖျက်ရေး
ဉပဒေပုဒ်မ ၅၂ (က) ဖြင့်
တောင်ကြီးမြို့မရဲစခန်းမှ
အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

အလကားရလို့ပဲ ဝတ်ဝတ်၊
ရည်ရွယ်ချက်နဲ့ပဲ ဝတ်ဝတ်၊
လူအများကြားမှာ မထီမဲ့မြင်နဲ့
အခုလို ဝတ်ဆင်တာဟာ
အကြမ်းဖက်အားပေးလှုံ့ဆော်မှုဖြစ်တဲ့အတွက်
အကြမ်းဖက်အားပေး မလိုလားတဲ့ ပြည်သူတွေက
ရဲကိုလက်တို့လိုက်လို့ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

အခုလိုအဖမ်းခံလိုက်ရလို့
အနည်းဆုံးတော့ အမှုအခင်းဖြစ်ပြီး အလုပ်ပျက်၊
အကိုင်ပျက်နဲ့ အချုပ်ခံရ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။

ကံမကောင်းရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်၊
အများဆုံး ၇ နှစ်ထိ ကျခံရမှာဖြစ်လို့
နီနီစိမ်းစိမ်း ပြည်သူတွေ သတိပြုသင်ခန်းစာယူရမည်ဖြစ်ပါတယ်…

4 months, 4 weeks ago
ခင် ညို ချော
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago