ခင် ညို ချော

Description
Freelance Journalist
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 4 months ago

1 year, 2 months ago
မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ

မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ
၂၀၂၄

1 year, 2 months ago
**မြန်မာပြည်တွင်းစစ် ချက်ချင်းရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးဆွေးနွေးကြဖို့ အာဆီယံအစည်းအဝေးက ကြေညာချက်ထုတ်**

မြန်မာပြည်တွင်းစစ် ချက်ချင်းရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးဆွေးနွေးကြဖို့ အာဆီယံအစည်းအဝေးက ကြေညာချက်ထုတ်

??????? (14~Oct)

လက်ရှိဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံအတွင်းက ပြည်တွင်းစစ်ကို ချက်ချင်းရပ်တန့်ကြဖို့နဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးဆွေးနွေးကြဖို့ အာဆီယံအစည်းအဝေးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနဲ့ တောင်ကိုရီးယားတို့က သံတမန်တွေ ပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အစည်းအဝေးကို လာအိုနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး အစည်းအဝေးပြီးဆုံးစဉ်မှာ အစည်းအဝေးရဲ့ သဘောထားကို အာဆီယံ ဥက္ကဋ္ဌက ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

မြန်မာပြည်တွင်းမှာ ဖြစ်ပွါးနေတဲ့ စစ်ပွဲတွေ အဆုံးသတ်ရေးအပါအဝင် တောင်တရုတ်ပင်လယ်အတွက် နိုင်ငံတကာဥပဒေအပေါ် အခြေခံတဲ့ ကျင့်ဝတ်ဆိုင်ရာ သဘောတူညီချက်ကို အမြန်လက်ခံဖို့ အာဆီယံခေါင်းဆောင်တွေက ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့က တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံကျော်ဖြစ်တဲ့ လူဦးရေ ၁၈ ဒသမ ၆ သန်းမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေသေးနေသေးတယ်လို့ အာဆီယံက...

Read More... https://telegra.ph/Myanmar-Hard-Talk-10-14-10

1 year, 2 months ago

Oct 14

Breaking News
ထားဝယ်ကမ်းနားစျေးမှာ ဗုံးပေါက်
=======================
အောက်တိုဘာလ ၁၄ ရက်

ထားဝယ်မြို့ပေါ်က ကမ်းနားစျေးမှာ ဒီနေ့မနက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

အခုမနက် ၁၁ နာရီ‌ကျော်လောက်မှာ ကမ်းနားစျေးရဲ့ အနောက်ဘက်ခြမ်းက ဆိုင်ကယ်နဲ့ကားတွေရပ်နားထားတဲ့ နေရာမှာ ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့တာပါ။

"ကျမကြားတာ အသံတစ်ချက်ပဲ။ တော်တော်ကိုကျယ်တယ်။ မီးခိုးတွေတောင်ထွက်လာတယ်" လို့ ကမ်းနားစျေးမှာ စျေးရောင်းနေတဲ့ စျေးသည်အမျိုးသမီးတစ်ဦးကပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ကနဦးသိရပါတယ်။

1 year, 3 months ago
အစ္စ​ရေးကဆီးရီးယားမြို့​တော်ကိုအပြင်းအထန်ဗုံးကြဲတိုက်ခိုက်

အစ္စ​ရေးကဆီးရီးယားမြို့​တော်ကိုအပြင်းအထန်ဗုံးကြဲတိုက်ခိုက်
NOM
အစ္စ​ရေးသည်ဆီးရီးယားနိုင်ငံဒမတ်စကတ်မြို့​တော်ရှိအထပ်မြင့်အ​ဆောက်အဦများကိုပစ်မှတ်ထားပြီး​အောက်တိုဘာလ၈ရက်ညတွင်အပြင်းအထန်ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

1 year, 3 months ago
နဂါးရွှံ့မီးတောင် ပေါက်ကွဲမှုဖြစ်

နဂါးရွှံ့မီးတောင် ပေါက်ကွဲမှုဖြစ်

1 year, 3 months ago
နစကအစိုးရ အမြတ်ထွက်တဲ့ တရုတ်အစိုးရရဲ့ ရာဇသံ

နစကအစိုးရ အမြတ်ထွက်တဲ့ တရုတ်အစိုးရရဲ့ ရာဇသံ
=============================================အပိုင်း(၂)

တတိယအချက်ကတော့ တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ ရာဇသံကြောင့် MNDAA အဖွဲ့ရဲ့ မြို့၊ ရွာသိမ်း ထိုးစစ်တွေ လားရှိုးမှာရပ်တန့်သွားခဲ့လို့ နစကအနေနဲ့ တပ်တွေ ပြန်လည်စုဖွဲ့ချိန်ရခဲ့ပြီး အသိမ်းခံထားတဲ့ မြို့တွေ ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်နိုင်ခဲ့ပါတယ်။

စစ်ကိုင်း၊ ရခိုင်၊ ကချင်မှာ တိုက်ပွဲတွေ ရှိနေဆဲဖြစ်ပေမဲ့လည်း တရုတ်ရဲ့ ရာဇသံထဲမှာ UWSA ထုတ်လက်နက်ခဲယမ်းတွေ အခြားလက်နက်ကိုင်တွေထံ မရောက်ရှိစေဖို့ တားမြစ်ထားတာကြောင့် UWSA နဲ့ KIA ထုတ် လက်နက်ခဲယမ်းကို အားကိုးနေရတဲ့ PDF တွေ အခက်တွေ့ပြီး တိုက်ပွဲတွေ လျော့ကျလာနိုင်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အမေရိကန်ယိမ်းမဲ့ အစိုးရမရှိလာစေရေး NUG ကို လုံးဝပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ UWSA ကို တားမြစ်ထားပါတယ်။

အထူးသဖြင့်တော့ UWSA ၊ MNDAA နဲ့ KIA အဖွဲ့တွေကို CIA အေးဂျင့်များနဲ့ ထိုင်ဝမ်တရုတ်တွေ စိမ့်ဝင်စည်းရုံးမှုတွေကြောင့် ဖက်ဒရယ်ခေါင်းစဉ်နဲ့ အမေရိကန်လက်ပါးစေ NUG အဖွဲ့က MNDAA ၊ KIA တို့နဲ့ စစ်ရေးပူးပေါင်းမှုများဟာ မြန်မာနိုင်ငံတွင်းက တရုတ်အကျိုးစီးပွားတွေ သိသိသာသာခြိမ်းခြောက်လာနေပြီဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ တရုတ်အစိုးရဟာ နစကအစိုးရကို နိုင်ငံတကာမျက်နှာစာမှာ ခိုင်ခိုင်မာမာထောက်ခံ နေတယ်ဆိုတာပေါ်လွင်လှပါတယ်။ နစကအစိုးရတက်လာစမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအေးစက်ခဲ့ပေမဲ့ ကမ္ဘာ့အရေးအရာ တွေမှာ တရုတ်ကို ဝိုင်းပတ်ထိန်းချုပ်နေတဲ့ အမေရိကန်ကြောင့် QUAD အဖွဲ့ဝင် အိန္ဒိယ (တရုတ်ပြိုင်ဘက်)ရဲ့ အိမ်နီးချင်း ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာတို့မှာ တရုတ်ယိမ်းတဲ့ အစိုးရတွေ ဖြုတ်ချခံရပြီးနောက်မှာ တရုတ်ကြီးက အိန္ဒိယနဲ့ အိမ်နီးချင်း၊ အမေရိကန် အာရုံရနေတဲ့ မြန်မာဘက်ကို ပြန်လည့်လာတဲ့သဘောဖြစ်ပါတယ်။

တရုတ်က မြန်မာနိုင်ငံဘက် လှည့်ကြည့်ချိန်မှာ သူတပည့်တွေက CIA နဲ့ ချိတ်ဆက်မှုတွေရှိလာပြီး အမေရိကန်လက်ပါးစေ NUG နဲ့ စစ်ရေးပူးပေါင်းမှုတွေရှိလာလို့ ယခုလို ရာဇသံတွေ ထုတ်လာရခြင်းဖြစ်ပါတယ်။

တရုတ်ကြီးကို မလွန်ဆန်နိုင်တဲ့ တရုတ်-မြန်မာနယ်စပ်က လက်နက်ကိုင်သူပုန်တွေဟာ တရုတ်ရဲ့ ရာဇသံကို ဘယ်လောက်လိုက်နာမလဲဆိုတာ စိတ်ဝင်စားစရာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ များများလိုက်နာလေ နစကအတွက် အမြတ်ပို ထွက်လေဖြစ်ပြီး တိုက်ပွဲတွေ လျော့ကျ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးကို ပိုမိုရရှိမှာဖြစ်လို့ မြန်မာပြည်သူတွေ တရုတ်ကြီးကို ကျေးဇူးတင်နေမှာ အမှန်ဖြစ်ပါတယ်။

ခင်ညိုချော

1 year, 3 months ago
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး …

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး မစ္စတာအီစ်ကန်ဒဲအာဇီဇော့ဖ်ကို လက်ခံတွေ့ဆုံ

အောက်တိုဘာ၃ ရက်

နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်ခိုင်မာစေရေး
ကုန်သွယ်ရေး၊ ပညာရေး၊ ခရီးသွားလာရေး ကဏ္ဍအပါအဝင်
နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး
ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များအား ဆွေးနွေးခဲ့

ခင်ညိုချော

1 year, 3 months ago
ပြည်ထောင်စုဝန်ကြီးများနှင့် UNHCR ၏ အာရှနှင့်ပစိဖိတ်ဆိုင်ရာရုံး ညွှန်ကြားရေးမှူးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီးများနှင့် UNHCR ၏ အာရှနှင့်ပစိဖိတ်ဆိုင်ရာရုံး ညွှန်ကြားရေးမှူးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

1 year, 3 months ago
အေးလေ...ဟုတ်တာပဲ***?***

အေးလေ...ဟုတ်တာပဲ?

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 4 months ago