DOROR WADDY MEDIA

Description
ရခိုင်သတင်းနှင့် သတင်းဦး သတင်းထူးများ ဖတ်ရှုနိုင်ပါသည်
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 недели назад

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 месяца, 2 недели назад

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 месяца, 3 недели назад

1 month, 3 weeks ago
**AA ခဲဝါ ခွေးမြတ်နှိုက် နဲ့ ညိုထွန်းကြောင် တို့က …

AA ခဲဝါ ခွေးမြတ်နှိုက် နဲ့ ညိုထွန်းကြောင် တို့က ၂၀၁၅ တုန်းက Arakan Dream 2020 ဆိုပြီး ရခိုင်ပြည်ကို ၂၀၂၀ အပြီးသိမ်းပြမယ် လို့ လကြီးလကျယ် ပြောခဲ့တာ မအောင်မြင် တော့ ၂၀၂၅ မှာ ရအောင်သိမ်းပြမယ်လို့ ဂျင်းစကားတွေနဲ့ ရခိုင်ပြည်သူတွေကို ဂျင်း ထည့်ခဲ့ဖူးတယ်😂*😂*😂
အခု ULA/AA နိုင်ငံရေးမှူးဆိုတဲ့ ဖေသန်းက လည်း ၂၀၂၅ မှာ AA ခဲဝါတွေရဲ့ စစ်ရေးရည် မှန်းချက်ပြည့်သွားလိမ့်မယ်လို့ မူးမူးရူးရူးနဲ့ ရမ်းတုတ်မှန်းတုတ်နေပြန်ပြီ🤓🤓
ရခိုင်ပြည်နယ်ကို အလုံးစုံဘဲရမလား AA ခဲဝါမျိုးပြုတ်ပြီး ရခိုင်မှာ ဘ ကုန်းတွေပိုနေရာ ရသွားလို့ ရခိုင်ယောက်ကျားသားတွေ အစားနေရာပိုယူသွားမှ ဒုက္ခလှလှနဲ့တွေ့နေ ပါအုံးမယ် ဖေသန်းရယ်… ဟုတ်မှလည်း လုပ်ပါဟ😎😎**

1 month, 3 weeks ago
1 month, 3 weeks ago
DOROR WADDY MEDIA
4 months, 2 weeks ago

ရသေ့တောင်မြို့နယ် စာသင်ကျောင်းတွေမှာ AA ခဲဝါအဖွဲ့က လက်နက်ကြီးတွေ ထားလို့ ဒေသခံတွေထိတ်လန့်
=========================

AA ခဲဝါအဖွဲ့က ရခိုင်ပြည်နယ်တိုက်ပွဲတလျောက်မှာ သေဆုံးသူနဲ့ ဒဏ်ရာရသူများပြားကာ အင်အားလျော့နည်းလာတဲ့အတွက် တိုက်ပွဲချိန်ကြာမြင့်လာတာနဲ့ အမျှ ဘုန်းကြီးကျောင်းလို ဘာသာရေးအဆောက်အဦတွေ၊ စာသင်ကျောင်းတွေ၊ ဒေသခံ အများစုနေထိုင်တဲ့ ကျေးရွာတွေကို အကာအကွယ်ယူပြီး တိုက်ပွဲကို စတင်ဖန်တီးမှု ပိုမိုများလာပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာရှိတဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီး ကျောင်းတွေထဲ AA ခဲဝါ အဖွဲ့ကဝင်ရောက်နေထိုင်လက်နက်ကြီးတပ်ဆင် ထားတဲ့အတွက် ဒေသခံပြည်သူများမှာ ထိတ်လန့်ကြောက်ရွံလျက်ရှိတယ်လို့သိရပါတယ်။

AA အဖွဲ့က ကျွန်တော်တို့ရွာ စာသင်ကျောင်းမှာ လက်နက်ကြီးလာထားပြီး စာသင်ကျောင်းထဲနေလို့ ရွာလူကြီးတွေက စာသင်ကျောင်းထဲမှာ လက်နက် ကြီးမထားဖို့သွားပြောတော့ သူတို့စခန်းမှာဖမ်းထားလိုက်တယ်။ ရခိုင်မှာ တိုက်ပွဲတွေစကတည်းက ခလေးတော်တော်များများကျောင်းမတက်နိုင်တော့ဘူး။ အခုက စာသင်ကျောင်းမှာပါ တပ်စွဲထားတော့ တပ်ကသိလို့ ပစ်ရင်ရွာလဲဒုက္ခရောက်ဦးမယ် လို့ အမည်မဖေါ်လို့သူ ဒေသခံတစ်ဦးကပြောပါတယ်။

4 months, 2 weeks ago

AA ခဲဝါအဖွဲ့က ဘင်္ဂါလီလူမျိုးတွေကို ဖမ်းဆီးနှိပ်စက်ပြီး ကိုယ်ကျိုးသုံးဖို့ ဆေးဝါး တောင်းခံမှုတွေလုပ်ဆောင် =========================
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တိုက်ပွဲအတွင်း ဘင်္ဂါလီလူမျိုးတွေကို ၎င်းတို့ရဲ့ ထုတ်ပြန်ချက်မလိုက်နာဘူးလို့ အကြောင်းပြပြီး မြို့တွင်းဝင်ရောက်အဓမ္မဖမ်းဆီးတာ၊ တိုက်ပွဲရှောင်နေတဲ့ ဘင်္ဂါလီလူမျိုးတွေကို မြန်မာ-ဘင်္ဂါလားဒေ့ရှ်နယ်စပ်ရောက်မှ Drop Bomb ချအကြောင်းမဲ့သတ်ဖြတ်တာတွေလုပ်ဆောင်ပြီး လူမျိုးတုန်း သတ်ဖြတ်မှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

AA ခဲဝါအဖွဲ့က ဖမ်းဆီးရမိတဲ့ ဘင်္ဂါလီလူမျိုးတွေကို တပ်သတင်းပေးခေါင်းစဉ်နဲ့ညှင်းပန်းနှိပ်စက်ပြီး ဒဏ်ရာရရင် အဆိုပါ ဒဏ်ရာရ ဘင်္ဂါလီတွေကို ဗန်းပြပြီး ၎င်းတို့အဖွဲ့အတွက်ဆေးဝါးရရှိရေးကို လူသားမဆန်စွာ ပြုမူလုပ်ဆောင်လျက်ရှိပါတယ်။

ဆေးဝါးလှူဒါန်းတဲ့အလှူရှင်တွေပေးပို့တဲ့ ဆေးတွေကိုတော့ AA ခဲဝါအဖွဲ့က သူတို့ရဲ့ မိသားစုဝင်တွေနဲ့ AA ခဲဝါအဖွဲ့ဝင် လူနာတွေကို ဆေးကုသပေးနေပြီး ဒေသခံပြည်သူတွေကိုတော့ ဆေးကုသစရိတ်ငွေကြေးကောက်ခံ ကိုယ်ကျိုးစီးပွားရှာနေတယ်လို့သိရပါတယ်။

5 months ago

ချင်းပြည်နယ်ပလက်ဝနဲ့ မတူပီသွားလမ်းကြောင်းမှာAA ခဲဝါအဖွဲ့ကဆက် ကြေး အဆမတန်ကောက်လို့ ဒေသခံများအခက်တွေ့

AA ခဲဝါထိန်းချုပ်တဲ့နယ်မြေဖြစ်တဲ့ပလက်ဝဒေသမှာ မိုးအဆက်မပြတ်ရွာသွန်း ပြီး လမ်းတွေပျက်လို့ သွားလာရန်ခက်ခဲနေတဲ့အပြင် AA ခဲဝါအဖွဲ့က ပလက်ဝက မတူပီသွားမဲ့ ဒေသခံချင်းတိုင်းရင်းသားတွေကို စာရင်ပေးခိုင်းပြီး ငွေကြေးကောက်ခံ၊ ခရီသည်တင်ပြီးပို့တဲ့ ကယ်ရီတွေကို ဆက်ကြေးကောက်တာတွေလုပ်ဆောင်နေတဲ့ အတွက် ကုန်ပစ္စည်းတွေ အဆမတန်ဈေးတက်နေပြီး ဒေသခံချင်းတိုင်းရင်းသားတွေ မှာ အကြပ်အတည်းများဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

AA ခဲဝါအဖွဲ့ဟာ ပလက်ဝဒေသအတွင်း တပ်နဲ့ တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံတိုင်းရင်းသားတွေအပေါ် အဓမ္မလူသစ်စုဆောင်းနေပြီး ဆက်ကြေးကို အကြောင်းအမျိုးမျိုးပြကောက်ခံကာ ဆက်ကြေးမပေးနိုင်သူတွေကို ဆန်နဲ့ရိက္ခာ အဓမ္မကောက်ခံတာကြောင့် ဒေသခံချင်းတိုင်းရင်းသားတွေမှာ အခြားမြို့များသို့ ပြောင်းရွေ့ထွက်ပြေးသူများနေပါတယ်။ ဒါကြောင့် AA ခဲဝါအဖွဲ့ဟာ ပလက်ဝ မြို့နယ်ထဲက ဒေသခံချင်းတိုင်းရင်းသားတွေကို ၎င်းတို့အတွက် အဓမ္မလူသစ်စုဆောင်း ခိုင်းစေမရတော့မှာ စိုးရိမ်တဲ့အတွက် အခြားမြို့/ရွာတွေကို သွားရောက်ပါက စာရင်း ပေးသွင်းခိုင်းပြီး မိသားစုနဲ့ ခြိမ်းခြောက်ကာ ပြန်လည်ခေါ်ယူတာတွေလုပ် ဆောင်လျက်ရှိပါတယ်။ AA ခဲဝါအဖွဲ့ ကဒေသခံ ကယ်ရီသမားတွေကို ခရီးစဉ်အလိုက် ဆက်ကြေးကောက် စာရင်းရယူကာ ပလက်ဝ-မတူပီသွားတဲ့ခရီးသည်တွေဆီက ပြန်လည်တောင်းခံခိုင်းတဲ့အတွက်ဒေသခံတွေမှာအခက်အခဲများစွာကြုံတွေ့နေရပါတယ်။

ပလက်ဝမြို့နယ်အတွင်းဒေသခံတွေအတွက် စားသောက်ကုန်နဲ့ လူသုံးကုန်သယ်ဆောင်တဲ့ လမ်းခရီးမှာခက်ခဲလျက်ပြီး AA ခဲဝါအဖွဲ့ရဲ့ လမ်းခရီးတလျောက် ဆက်ကြေးကောက်ခံခြင်း၊ မြို့ပေါ်မှာကုန်ပစ္စည်းရောင်းချတဲ့ဆိုင်တွေကို ဆက်ကြေးကောက်ခံခြင်း၊ ရိက္ခာ/ လူအဓမ္မကောက်ခံခြင်းတွေကြောင့် စားဝတ်နေရေးများစွာခက်ခဲလျက်ရှိပြီး ချင်းလူမျိုးတွေမှာAA ခဲဝါ အဖွဲ့ရဲ့ လက်နက်ပြခြိမ်းခြောက်ဖိနှိပ်အနိုင်ကျင့်မှုတွေကို ခံစားနေရကာ များစွာ ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။

7 months ago

လူမျိုးရေးအကြောင်းပြပြီး ကိုယ်ကျိုးရှာအကြမ်းဖက်လုပ်ငန်းလုပ်ကိုင်ကာ ရခိုင်ပြည်နယ်ဖျက်ဆီးရေးကို အစဉ်တစိုက်လုပ်ဆောင်လာသော ထွန်းမြတ်နိုင်ခေါင်းဆောင်သည့် AA ရခွီးအကြမ်းဖက်အဖွဲ့သည် အမ်း-ပဒါန်းကားလမ်းပေါ်ရှိ အပြစ်မဲ့ပြည်သူများအား ပစ်ခတ်တိုက်ခိုက်ရန် အစဉ်တစိုက်လုပ်ဆောင်လျက်ရှိရာ အမ်းမြို့မှ မကွေးသို့ ဆေးကုသမှုခံယူရန်သွားရောက်သည့် အပြစ်မဲ့ပြည်သူများအား ၂၀၂၄ ခုနှစ် ဇွန်လ(၈)ရက် နေ့လည် ၂ နာရီခန့်တွင် အမ်းမြို့နယ် ကြက်ရေစမ်းကျေးရွာအနီး၌ လက်နက်ငယ်များဖြင့် ရက်စက်စွာ ပစ်ခတ်ခဲ့သော်ကြောင့် ကျန်းမာရေးမကောင်းသည့် (၂)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် (၅)ဦး သေဆုံးခဲ့ပြီး ခရီးသည်အားလုံး ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါ သေဆုံးဒဏ်ရာရသူများသည် ရခိုင်ပြည်နယ်အတွင်းနေထိုင်သည့် ရခိုင်တိုင်းရင်းသား မိသားစုဝင်များပင်ဖြစ်ပါတယ်။ ထွန်းမြတ်နိုင်သည် ၎င်း၏ ဇနီးနှင့် သားသမီးများကို လုံခြုံစိတ်ချရသည့်နေရာတွင်ထား၍ အေးချမ်းစွာပညာသင်ကြားနိုင်စေရန်အတွက် စီစဉ်ထားရှိသော်လည်း ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် အပြစ်မဲ့ပြည်သူများ၊ မွတ်ဆလင်မိသားစုများကို နေ့စဉ်သတ်ဖြတ်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
ရခိုင်ပြည်သူလူထုအား လူမျိုးရေးအရ အစွန်းရောက်စိတ်နှင့် အကြမ်းဖက်စိတ်ကို ထွန်းမြတ်နိုင်နှင့် ပြည်ပရောက်အကြမ်းဖက်စိတ်ရှိသူ ရခိုင်လူမျိုးများက ဖော်ဆောင်လျက်ရှိရာပြည်တွင်းနေရခိုင်ပြည်သူများအနေဖြင့် အဖက်ဖက်မှ စိုးရိမ်လျက်ရှိရာ ဘေးလွတ်ရာသို့ နေ့စဉ် အသက်လု၍ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
A 2-year-old child who was unwell was brutally shot with small arms by the Tun Myat Naing terrorist group, which has been working on self-serving terrorism and destroying Rakhine state, on the An-Padan highway, on June 8, 2024, at around 2:00 p.m Five people, including one, were killed and all passengers were injured.
The dead and injured are family members of the Rakhine ethnic group living in Rakhine state. Although Tun Myat Naing has arranged for his wife and children to be kept in a safe place so that they can study in peace, the innocent people living in Rakhine state. It is a terrorist organization that is killing Muslim families every day.
Racial extremism and terrorism are instilled in the Arakan people by Tun Myat Naing and the Arakan people who have a violent mind abroad, and the people of Nehra Kaing are worried from all sides, so they have to flee for their lives every day.

7 months ago

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နယ်မြေဒေသအချို့ကို သိမ်းပိုက်ထားသည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိမြေပြင်အခြေအနေတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဒေသခံပြည်သူလူထုမှာ စစ်ဘေးရှောင်နှင့် AA အဖွဲ့ထံ ပြည်သူ့စစ်အမည်ခံဖြင့် ဝင်ရောက်နေရပြီး တိုက်ပွဲများတိုက်ခိုက်ရသောကြောင့် သေဆုံးမှုများ မြင့်တက်လျက်ရှိပါတယ်။
AA အနေဖြင့် Facebook စာမျက်နှာ၌ သတင်းလိမ်များကို နေ့စဉ်ဒေါ်လာ ၅၀၀ ခန့် အကုန်အကျခံ ဖြန့်ချိကာ သတင်းလိမ်များကို နည်းမျိုးစုံဖြင့် ထုတ်လွှင့်၍ ၎င်းတို့အပေါ် ရခိုင်ပြည်သူလူထု၏ ယုံကြည်မှုကျဆင်ခြင်းမရှိစေရန် ဝါဒဖြန့်ချိလျက်ရှိပါတယ်။
AA တွင် အင်အား (၄၀၀၀၀) ခန့်ရှိသည်ဟု Facebook စာမျက်နှာ၌ လိမ်လည် ပြောဆိုနေသော်လည်း စတင်ဖွဲ့စည်းချိန်မှ ယနေ့ချိန်ထိ AA တွင် သေဆုံးသူ (၂၅၀၀၀) ကျော်ရှိနေပြီ ဖြစ်ပြီး ဒဏ်ရာရသူများအပါအဝင် သေဆုံးသူများပါ ပေါင်းပါက (၃၀၀၀၀) ဝန်းကျင်ခန့် ဆုံးရှုံးနေပြီ ဖြစ်ပါတယ်။
ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများဖွင့်လှစ်ရန် လိုက်လံတားဆီးလျက်ရှိပြီး ကျောင်းတက်ရန်ရှိသည့် ကျောင်းနေအရွယ်ကလေးများကို စစ်ပွဲတွင်အသုံးချရန် စစ်သင်တန်းများကို မိသားစုအလိုက်တက်ရောက်ရန် အဓမ္မခြိမ်းခြောက် ခေါ်ယူသင်ကြားပေးလျက် ရှိပါတယ်။
လွန်ခဲ့သော တစ်ပတ်ခန့်က မြောက်ဦးမြို့နယ်အတွင်း မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ အသက် (၁၂)နှစ်အရွယ် လူငယ်များ တစ်အိမ်ထောင်လျှင် အမျိုသား(၁)ဦးစီကျ မဖြစ်မနေပါဝင်ရန် ခြိမ်းခြောက်အကြပ်ကိုင်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖော်ဆောင်ရန်အတွက် ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ ခေါ်ဆောင်သွားကြောင်း ဒေသခံမိဘပြည်သူများထံမှ သိရပါတယ်။
AA အကြမ်းဖက် ရခွီးအဖွဲ့သည် Facebook စာမျက်နှာ၌သာ ၎င်းတို့၏ အောင်မြင်မှုများကိုဖော်ပြနေသော်လည်း လက်ရှိမြေပြင်အခြေအနေတွင် စားနပ်ရိက္ခာခက်ခဲခြင်း၊ ဆေးဝါးခက်ခဲခြင်း၊ တိုက်ပွဲတွင် သေဆုံးသူနှင့် ဒဏ်ရာရသူများ မြင့်တက်နေခြင်းအား ဖုံးကွယ်ကာ ရခိုင်ပြည်သူလူထုကို အသုံးချ၍ ထွန်းမြတ်နိုင်နှင့် AA လက်နက်ကိုင်ထားသူတို့၏ အကျိုးစီးပွားအတွက် ရေရှည်ရပ်တည်နိုင်ရေး အသုံးချလုပ်ကိုင်နေကြောင်း ပြည်သူလူထု မှဝေဖန် လျက်ရှိပါတယ်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 недели назад

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 месяца, 2 недели назад

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 месяца, 3 недели назад