ခန့်သူရ

Description
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

2 months ago
တကယ်တော့ လိုင်ဇာ၊ မိုင်ဂျာယန် ဘက်တွေမှာက တရုတ်ကိုအားကိုးနေရပေမယ့် တရုတ်က …

တကယ်တော့ လိုင်ဇာ၊ မိုင်ဂျာယန် ဘက်တွေမှာက တရုတ်ကိုအားကိုးနေရပေမယ့် တရုတ်က KIA ကိုအသုံးချပြီးတော့ ကျောက်စိမ်း၊ မြေရှား၊ ရွှေနဲ့ သစ် အတွက် တရုတ်အကျိုးအမြတ်ရနေတာကို KIA က သိနေတယ်။

အဲ့ဒါကိုသိတဲ့အတွက် KIA က နယ်စပ်ဂိတ်တွေကိုတန်ပြန်ပိတ်ပြီးတော့ တရုတ်ကိုပညာပေးနေတာ။ KIA ရဲ့နောက်ကွယ်မှာ CIA ရဲ့ကြိုးကိုင်မှုနဲ့ ထိုင်ဝမ်တရုတ်တွေရှိနေတယ်။

ဆိုတော့…. KIA က တရုတ်ကို Back up ကောင်းကောင်းနဲ့နှိပ်ကွပ်နေပြီဆိုတာ တရုတ်ထောက်လှမ်းရေးမညံ့လောက်ဘူးလို့တော့ထင်တယ်။

တစ်ဖက်မှာပြန်တွေးကြည့်ရင် ၂ နိုင်ငံသဘောတူညီချက်နဲ့ နယ်စပ်ဒေသသောင်းကျန်မှုနှိမ်နင်းရေးအတွက် လေကြောင်းစစ်ဆင်ရေးတစ်ရပ်ဖန်တီးနိုင်ရင်တော့ …..

ကပ္ပတိန်နှင်းမောင်

2 months ago

မူဆယ်မှာ စက်သုံးဆီဆိုင်တွေ ပိတ်ကုန်ပြီး လမ်းဘေးဆိုင်တွေမှာ တလီတာ တသောင်းကျော်ထိ ဈေးတက်

နိုဝင်ဘာ ၁၄၊ ၂၀၂၄

တရုတ် - မြန်မာ နယ်စပ် မူဆယ်မြို့မှာ အခုရက်ပိုင်းအတွင်း စက်သုံး ဆီ ပန့်ဆိုင်တွေပိတ်ကုန် ပြီး လမ်းဘေးဆိုင်တွေ တလီတာ ၉၅၀၀ ကနေ တသောင်း ကျော် ထိ ဈေး တက်နေကြာင်း ဒေသခံတွဆီက သိရပါတယ်။

"အခုက တရုတ် ဆီတွေ မဝင်တော့ လက်ကျန်တွေရောင်းနေရတာ။ ကျွန်တော့်ဆိုင်တော့ တလီတာ ၉၅၀၀ ပဲ။ တရုတ်ဆီက ရှားသွားပြီ။" လို့ လမ်းဘေး ပန့်ဆီဆိုင် အသေး နဲ့ ရောင်းနေသူက ပြောပါတယ်။

အရင်က အရောင်း သိပ်မသွက်တဲ့ ဆီဆိုင် နှစ်ဆိုင်လောက်သာ လက်ကျန်ဆီေတွ များများရှိ နေသေးပြီး တလီတာကို ၁၂၀၀၀ အထိရှိကာ ဒီဇယ်ေတာ့ ဝယ်ရ ပိုခက်ခဲ တဲ့ အခြေအနေ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

"တလီတာခွဲကို နှစ်သောင်းရာင်းတယ်။ အခုက ပန့်ဆီဆိုင်ကြီးတွေ ဆီ မရောင်းပေးဝောာ့ဘူး" လို့ လမ်းဘေး ဗူးေတွနဲ့ ရောင်း နေတဲ့ အမျိုးသမီး တယောက်က ပြောပါတယ်။

ပြည်တွင်းကဆီ ၁၉ လီတာ ပုံး တပုံး နှစ်သိန်းရှိပြီး တရုတ်ဆီ ၂၀ လီတာ ပုံး တပုံး နှစ်သိန်းေကျာ်တယ်လို့ ဆိုပါတယ်။

"ပရဟိတတွကလည်း အခက်အခဲ ကြုံနေရတယ်။ ဆီက မရဘူး ဖြစ်နေတယ်။ အကုန်လုံးကခက်နကြတယ်။ အခုဟာက ပန့်ဆိုင်ကြီးတွေမှာ ဆီမရပဲနဲ့ လမ်းဘေးဆိုင်ေတွမှာက ပုံးတွေနဲ့တာင် ရနေတယ်။ ဘာသဘောလည်း မသိဘူး။ လမ်းဘေးမှာ ကားေတွနဲ့ေရာင်းနတယ်။ ပုံးတွေနဲ့ ထိုင်ရာင်းတယ်။" လို့ ပရဟိတ အသင်းတသင်းရဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

တချို့ပန့်ဆိုင်ကြီးတွေ ဆီရ‌ေသးပမယ့် အချိန်နဲ့ အကန့်အသတ်နဲ့သာ ရောင်း ပေးတယ်လို့ ဆိုပါတယ်။

လမ်းဘေးတွေမှာ ပုံးနဲ့ ရောင်း နေတဲ့ တချို့ ဆီသည်ေတွက ရေနဲ့ ရောပြီး ရောင်းေပးတာကြာင့် ကားတွ ပျက်၊ ဒုက္ခရာက်ရတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

"လမ်းဘေးက ဆီဝယ်တာကို ပုံးအဝါနဲ့ ရေတဝက် ဆီ တဝက် ဖြစ်နေတာ။ ကားပါ ပျက်သွားတာ" လို့ သူက ပြောပါတယ်။

စက်သုံးဆီ ဝယ်ရ ခက်ခဲလာတာကြောင့် ဆိုင်ကယ်သုံးပြီး ဈေးသွားေဈးပြန် ဈေးရာင်းေနရသူတွေလည်း အခက်အခဲ တွေဖြစ်နကြတယ် လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစ တရုတ်ဘက်က မြန်မာ နိုင်ငံဘက် ကုန်စည် တင်သွင်းနေတဲ့ မူဆယ်မြို့ပေါ်က နယ်စပ်ဂိတ်တွကနေ ကုန်စည်တင်သွင်းမှု ကန့်သတ်လိုက်တာ ဖြစ်ပြီး စက်သုံးဆီအပါအဝင် မူဆယ် မြို့ပေါ်မှာ တချို့ကုန်စည်တွေ ပြတ်လပ်နေကြောင်း မူဆယ် ဒေသခံတွဆီက သိရပါတယ်။

Photo : Shy V

#Voiveofmyanmar #VOM #မူဆယ် #စက်သုံးဆီပန့်ဆိုင်ပိတ် #လမ်းဘေးဆိုင် #တလီတာတသောင်းကျော် #ဈေးတက်

2 months ago

သောင်းကျန်းသူအားပေး မီဒီယာများနဲ့ သူပုန်ထောက်ခံစစ်ပြေးများကို နှုတ်ပိတ်သွားစေတဲ့  AA ရဲ့ တိုက်ပွဲ (၁)နှစ်ပြည့်ထုတ်ပြန်ချက်

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ညနေပိုင်းက သောင်းကျန်းသူအားပေး မီဒီယာများနဲ့ သူပုန်ထောက်ခံစစ်ပြေးများက “အမ်းဒေသက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တပ်တွေကို AA သိမ်းပိုက်လိုက်ပြီ၊ အမ်းမှာ တပ်ရင်း (၁၀)ရင်းကို AA သိမ်းပိုက်လိုက်ပြီ စစ်သားတွေ မကွေးကိုဆုတ်ပြေးနေပြီ မယုံရင် AA ဒီညတင်လာမယ့်ထုတ်ပြန်ချက်ကိုကြည့်၊ နပခ တပ်တွေအကုန်ကျပြီ တိုင်းရုံးပဲကျန်တော့တယ် အားလုံးပိတ်မိသွားပြီ” ဆိုပြီး တိုက်ပွဲဝင်နေတဲ့ စစ်သည်တွေနဲ့ တပ်ထောက်ခံသူတွေ စိတ်ဓာတ်ကျဆင်းအောင်၊ တိုက်နေသူတွေ ထွက်ပြေးအောင် အင်တာနက် စာမျက်နှာများမှာ တင်ခဲ့ကြတာ အားလုံးပဲ သိကြမှာပါ။

ဒီမနက်အစောပိုင်း AA ဘက်ကထုတ်ပြန်လာတဲ့ တိုက်ပွဲ(၁)နှစ်ပြည့် ထုတ်ပြန်ချက်မှာတော့ အမ်းက တပ်ရင်း(၈)ရင်းကို သူတို့ရထားကြောင်း (အမ်းတွင်မရှိသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ကို ထည့်ပြထား) တင်လာတယ်၊ ဒီထုတ်ပြန်ချက်ထုတ်လာတဲ့ အချိန်မှာ AA ထုတ်ပြန်ချက် ထုတ်မလား ရက်ပေါင်း (၂၀)နီးပါး မျှော်စောင့်စားနေတဲ့ သောင်းကျန်းသူအားပေး မီဒီယာများနဲ့ သူပုန်ထောက်ခံစစ်ပြေးတွေက အဖေထက်သားတစ်လကြီးသလိုလိုနဲ့ ထုတ်ပြန်ချက်ထဲမှာ မပါတဲ့ တပ်တွေကိုပင် ကျသွားပြီဆိုပြီး အရှက်ပြေရေးနေတာတွေလည်းတွေ့ရတယ်။ ဘာလို့အရှက်ပြေရေးနေတာလည်း ဆိုတော့ သူတို့လျှောက်ရေးထားတာတွေဆိုတာကို စာဖတ်တဲ့သူတွေသိသွားမှာဆိုးလို့။
  AA ဘက်ကထုတ်ပြန်လာတဲ့ပုံတွေမှာ တပ်ဆေးရုံနဲ့ ၃၇၃ တပ် မှာသာ စနစ်တကျ ရိုက်ထားပြီး ကျန်တပ်တွေမှာ ဘာလို့စနစ်တကျမရိုက်ထားတာလဲ ဆိုတာကို မြင်ကြမှာပါ။ သူတို့ဘာလို့ရိုက်ပြေးအဆင့်လောက်ပဲ ရိုက်နိုင်တာလည်းဆိုတော့ လက်ရှိအချိန်မှာ တပ်က စစ်ကူရောက်နေတဲ့ စစ်ကြောင်းတွေက အဲ့ဒီတပ်တွေကို ပြန်လည်ထိုးစစ်ဆင်နေပြီး သူတို့ဘက်မှာ စစ်ရေးရှုံးနိမ့်မှုတွေ ပြန်ဖြစ်လာလို့။

မြို့တစ်မြို့ကို အလုံးစုံရမှ ပြည့်ပြည့်စုံစုံတင်တဲ့ AA ပြန်ကြားရေးအနေနဲ့ သူတို့ တိုက်ပွဲတစ်နှစ်ပြည့်မှာ ဘာလို့ အမ်းအကြောင်းထည့်တင်တာလည်းဆိုတော့ ဒုတိယအကြိမ်အပစ်ရပ်မှုအပြီးမှာ AA ခေါင်းဆောင်တွေက တိုက်ပွဲမလိုလားတော့လို့ တိုက်ပွဲမဖြစ်ခိုင်းတော့တဲ့ ရခိုင်ဒေသခံတွေကို ကတိပေးထားတာရှိတယ်။ ဘာလဲဆိုတော့ “သူတို့နောက်ဆုံးတိုက်မယ့် တိုက်ပွဲတစ်နှစ်တာအတွင်း အမ်းတိုင်းရုံးအပါအဝင် ကျန်တဲ့မြို့တွေအကုန်သိမ်းမယ်၊ မြေကျန်ရင်ရပြီ ကျန်တာအားလုံး ၂၀၂၅ မှာ သူတို့ပြန်လုပ်ပေးမယ်၊ ဒီတစ်ခါနောက်ဆုံးအဖြစ်နဲ့ ဒုက္ခခံပေးကြ၊ တစ်နှစ်ပဲဒုက္ခခံပေးကြ။ ၂၀၂၅ မှာ တစ်ပြည်ထောင်စနစ်နဲ့သွားပြီး ရခိုင်ပြည်နယ်ကို ပြန်လည် ထူထောင်ရေးလုပ်ပေးမယ်” ဆိုတဲ့အကြောင်းအရာ။

တစ်နှစ်တာကာလပြီးဆုံးတဲ့အချိန်မှာ သူတို့ပေးထားတဲ့ကတိ မတည်တော့လို့ သူတို့ထောက်ခံသူတွေ ထပ်မလျော့ကျသွားအောင် “အမ်းကိုတိုက်နေတယ်၊ မောင်တောကိုတိုက်နေတယ်၊ ရတော့မယ့်၊ ဆက်ပြီးတောင့်ခံထားဦး”ဆိုတဲ့ သဘောမျိုးဖြစ်အောင် ထုတ်ပြန်ချက်ထဲမှာ ထည့်ရေးသွားတာ။

လက်ရှိ AA အဖွဲ့ တတိယအကြိမ် တစ်နှစ်တာတိုက်ပွဲဖော်ဆောင်မှုကြောင့် စစ်ဘေးရှောင် ၉၈ ရာခိုင်နှုန်းရှိလာပြီ၊ လာမယ့်နှစ်မှာ ရခိုင်ဒေသခံ ၂ သန်းကျော်အငတ်ဘေးဆိုက်ဖို့ရှိနေတယ်၊ လက်ရှိမှာလည်း တော်တော်များများ ဆေးဝါးနဲ့ ရိက္ခာတွေပြတ်နေတယ်၊ ၎င်းတို့ ဖော်ဆောင်တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ ၁၆၀၀ ကျော် သေဆုံးခဲ့တယ်၊ ရခိုင်လူမျိုးတွေက စစ်ပွဲရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို သိသွားကြပြီမို့ ဒေသခံတွေ တိုက်ပွဲတွေကိုမလိုလားတော့ဘူး၊ AA ထောက်ခံမှုအားလည်း လျော့ကျသွားပြီ၊ လေလိုင်းပေါ်မှာထောက်ခံနေတဲ့သူအများစုက ပြည်ပရောက်ရခိုင်တွေ၊ ရခိုင်လူငယ်တွေလည်း ပြည်တွင်းနဲ့/ ပြည်ပကို တိမ်းရှောင်သွားကြပြီ။

စစ်အင်အား သောင်းကျော်ပြထားတဲ့ AA အနေနဲ့ ရှမ်းမြောက်၊ ကချင်၊ စစ်ကိုင်း၊ ချင်းနဲ့ရခိုင်တွေမှာ တိုက်ပွဲတွေဖော်ဆောင်ခဲ့သောကြောင့် တစ်နှစ်တာအတွင်း အင်အား ရာဂဏန်းတောင်မရှိတော့တဲ့အတွက် ရခိုင်လူငယ်တွေကို စုဆောင်းမရတဲ့အဆုံး ရခိုင်မြောက်ပိုင်းက မွတ်ဆလင်တွေကို ဖမ်းဆီးပြီး စစ်သင်တန်းပေးတာ ULA/AA အဖွဲ့တွေထဲမှာ ရာထူးကြီးကြီးပေးပြီး အုပ်ချုပ်ခိုင်းတာတွေကို လုပ်ဆောင်လာတယ်၊ ချင်း/ဗမာ PDF တွေကို မဟာမိတ်လုပ်ကာ အမ်း၊ တောင်ကုတ်၊ မောင်တောနဲ့ ဂွဘက်မှာ တိုက်ကူခိုင်းနေရတဲ့အထိပဲ။

AA အနေနဲ့ လူကုန်သလောက်ဖြစ်နေပြီး ထပ်စုစရာလူလည်းမရှိတော့ဘူး၊ တစ်ဖက်မှာလည်း ထောက်ပံ့မှုတွေရပ်ဆိုင်းခံရတာ၊ ရိက္ခာ/ဆေးဝါး ပြတ်လာတာတွေနဲ့ ထွက်ပြေးတာတွေများလာတာကြောင့် ၂၀၂၅ မှာသာ သူတို့ပြောတဲ့ အတိုင်းသာမဖြစ်လာခဲ့ရင် “ရက္ခိတတို့အိမ်မက် အမ်းမှာပျက်”ဆိုတဲ့ ရှေးရခိုင်တဘောင်အတိုင်း ဆက်လက်တည်ရှိသွားပါလိမ့်မယ်…….
MinChitOo

5 months ago

အကျိုးတရားနောက်ကွယ်မှာ

အကြောင်းတရားတို့ ရှိနေတယ်

ကျနော်တို့ ပြည်သူတွေ စိတ်ထဲ မတင်မကျ ဖြစ်နေရတဲ့ ကိစ္စတွေ များစွာ ရှိနေကြတာ သေချာပါတယ် ။ အချို့ ကိစ္စတွေကို ရှင်းပြလို့ ရနိုင်ပေမယ့် အချို့ကျတော့ ရှင်းလို့မရနိုင်ပါဘူး ။

အခု ပြည်သူတွေပြောနေကြတဲ့ ထိုးစစ် နဲ့ ခံစစ် ကိစ္စ အနည်းငယ် သုံးသပ်ကြည့်စေချင်ပါတယ် ။ လောက်ကိုင် ချင်းရွှေဟော် တို့ အပြီး ယခု လားရှိုး ၊ နောင်ချို ၊ မိုးကုတ် မှသည် တနေ့က တကောင်း ထိလည်းကောင်း ဖြစ်ခဲ့ကြပုံတွေကို အားလုံး အသိပဲ ဖြစ်ပါတယ် ။

တပ်မတော်အနေနဲ့ ချက်ခြင်းပဲ ထိုးစစ်ဆင်ပြီး ပြန်လည်တုန့်ပြန်ဖို့ ပြည်သူတွေ လိုလားကြပါတယ် ။ သို့သော် တပ်မတော်အနေနဲ့ အခြေအနေအားလုံးကို ဖြန့်ကျက်ခြုံငုံ သုံးသပ်နေရပါတယ် ။

တနိုင်ငံလုံး ကူးစက်နေတဲ့ စစ်မီးတောက်ကို တုန့်ပြန်ထိုးစစ်ဆင်ဖို့အတွက် လူအင်အား လက်နက်ခဲယမ်းအင်အား  ရိက္ခာ အခြေအနေ အဓိကကျတဲ့ ရန်သူတို့ရဲ့ ကျောထောက်နောက်ခံ အင်အားတို့ကို တွက်ချက်စဥ်းစားကြရပါတယ် ။

ရှမ်းမြောက်ကို ဖိတာနဲ့ ကရင် ကယား ရှမ်းတောင် တို့ဖက်က ထကြွလာနိုင်မယ့် အခြေအနေ ၊ ပြည်တွင်းက ခြံစည်းရိုးဖြဲပေးမယ့် PDF အနေအထား ၊ တပ်တွင်းက ဖရဲသီးပြဿနာ အစရှိတဲ့ ပြဿနာတွေ အပြင် ပြည်ပက အရှေ့ကော အနောက်ရော တပြိုင်နက်ထဲ ဖိအားပေးလာနိုင်ချေတွေပါ ထည့်တွက်ကြည့်လိုက်ရင် ရူးချင်စရာ အနေအထားကြီး ဖြစ်ပါတယ် ။

ပြည်သူတွေ နဲ့ အထူးသဖြင့် အမာခံ တပ်မတော်ထောက်ခံသူတွေကပါ အားမလို အားမရ ဆဲဆိုနေတာတွေကို သိကြပါတယ် ။ ဒါပေမယ့် စစ်ဆိုတာ တိုက်ရင် နိုင်မှ ကောင်းတယ် ဆိုတာ ကောင်းစွာသိနေကြလို့ စစ်နိုင်ရေးအတွက် အသေအချာ အချိန်ယူ ပြင်ဆင် ဖြည့်စွက်ခြင်း ၊ ဖယ်ထုတ်ရှင်းလင်းခြင်း ၊ အစားထိုးခြင်းတွေ ပြုလုပ်ရပါတယ် ။

အဓိကကျတဲ့ ပြည်ပစွပ်ဖက် မှု အတွက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြရပါတယ် ။ လက်နက်ခဲယမ်းအတွက် ပြည်တွင်းက ကုန်ကြမ်းတွေအပြင် ပြည်ပက ကုန်ကြမ်းအမျိုးအစား အနည်းငယ်လည်း မဖြစ်မနေ ဝယ်ရပါတယ် ။

နှစ်ချီကြာနိုင်မယ့် သူပုန်မျိုးဖြုတ်အဆင့် ထိုးစစ်အတွက်ဆိုရင် ဖြည့်တင်းထားရမယ့် ပြည်ပကုန်ကြမ်းအမျိုးအစားတွေကို အရင်ဆုံး ဖြည့်ကြရပါတယ် ။ ပိတ်ဆို့ထားတဲ့ ကြားထဲက ဖြည့်တင်းရတာမို့ အချိန်ကာလတခု ယူရပြန်ပါတယ် ။ အခုချိန်မှာတော့ လိုအပ်နေတဲ့ ခဲယမ်းများအတွက် ၅ နှစ်စာ ပမာဏအထိ စုဆောင်းမိပြီးပြီလို့ သတင်းကောင်းရထားပါတယ် ။

တပ်မတော်က အားလုံးပြင်ဆင်ပြီးပြီမို့ မကြာခင်ကာလမှာ ထိုးစစ်ဆင်ပါတော့မယ် ။ ဒီရက်ပိုင်းတွေမှာ ရန်သူတွေကို အခြေပြုတပ်စွဲနိုင်ခြင်း မရှိစေရန် လေကြောင်းထိုးစစ်တွေ အကြိမ်ကြိမ် တိုက်ခိုက်နေတာ တွေ့မြင်နေကြရပါတယ် ။

နိုင်ငံတော်အဆင့် ပြင်ဆင်နေတာ အားရဖွယ်ကောင်းပေမယ့် အားနည်းချက်တွေလည်း ဒေသ အသီးသီးမှာ တွေ့နေရဆဲပါပဲ ။ အဓိကျတဲ့ အားနည်းချက်ကတော့ ပြည်သူ့စစ်တွေကို လကိနက်ကောင်းကောင်း တပ်ဆင်မပေးသေးခြင်းပဲ ဖြစ်ပါတယ် ။

တကောင်းကိစ္စ ၊ မြိုင် ပသစ ကိစ္စ ၊ သပိတ်ကျင်း ကိစ္စတွေကြည့်ပါ ။ လက်နက်ကောင်းမရှိတဲ့ ဆိုးကြိုးကို ခံစားနေကြရတာပါပဲ ။ နိုင်ငံတကာ သူတောင်းစားတပ်ဖွဲ့ PDF က အစိုးရနောက်ခံ ပသစ ထက် လက်နက်ကောင်းနေတာ ရှက်တတ်မယ်ဆိုရင် နစကရော စစ်တိုင်းမှူးတွေပါ ရှက်သေသင့်နေပါပြီ ။

ဖဲကစားတဲ့အခါ ဟောလီဝု ( ဟောလီပုတ်) ကစားနည်းအရ ဂျိုကာကို ကြိုက်တဲ့ ဖဲချပ်နေရာ အစားထိုး ကစားခွင့်ရှိပါတယ် ။ အမြင့်ဆုံး ငါးလုံးစီးရီးက ၅၅ မှတ်ပါ ။ အနိမ့်ဆုံးက ၉ မှတ်ပဲ ရနိုင်ပါတယ် ။ ဂျိုကာကိုင်ထားသူဟာ မိမိဂျိုကာကို အမြင့်ဆုံး ရမှတ်ရဖို့ နဲ့ အခြားသူရဲ့ ဖဲကို သုံးစားမရအောင် အစားထိုးသုံးကြရပါတယ် ။

တပ်မတော်အနေနဲ့ ပသစ ဆိုတဲ့ ဂျိုကာတွေ ရထားတာကို အနိမ့်ဆုံး အမှတ် ၉ မှတ်တန်စီးရီးလောက် အစားထိုးမလား အမြင့်ဆုံးရမှတ် ၅၅ မှတ်ရအောင် အသုံးချမလားဆိုတာ မေးခွန်းထုတ်ရပါ့မယ် ။ အခုလုပ်နေပုံကတော့ ၉ မှတ်ရအောင်တောင် မနည်းဖြစ်ညစ်လုပ်ပြနေရတဲ့ အပေါစားဖဲသမား အဆင့်ပဲ တွေ့နေရပါကြောင်း ဝေဖန်ထောက်ပြလိုက်ရပါတယ် ။

လက်နက်ကောင်းရမယ်ဆိုရင် မြို့ရွာအတွင်း တုန်ပြန်ထိုးစစ်ကို တပ်မတော်ထက် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မယ့် ပသစ ဂျိုကာတွေကို အမြင့်ဆုံးရမှတ်နဲ့ အကျိုးရှိစွာ အသုံးချတတ်တဲ့ အပျံစားဖဲသမားအား မျှော်လင့်လျှက်ရှိပါတယ် ။

နိဂုံးချုပ်ရမယ်ဆိုရင် ကျနော်တို့ စိတ်ခံစားမှုနောက်လိုက်ပြီး မိမိတပ်မတော် နဲ့ အကြီးအကဲတွေအပေါ် စိတ်မရှည်စွာ ပြစ်တင်နေမှုတွေကို သူ့ဖက် ကိုယ့်ဖက် စာနာနားလည်စွာဖြင့် ချုပ်တည်း စည်းလုံးကြဖို့ လိုအပ်နေကြောင်း.....

တပ်မတော်အနေနဲ့လည်း ပသစ များအတွက် အရမ်းလိုအပ်နေတဲ့ အဆင့်မှီလက်နက်ခဲယမ်းများ ဖြည့်တင်းထောက်ပံ့ပြီး ဒေသစိုးမိုးရေးလုပ်ငန်းတာဝန်များအား ယုံကြည်စွာ ပေးအပ်ခြင်းဖြင့် မိမိပိုင် ဂျိုကာများကို တန်ဖိုးရှိစွာ အသုံးချစေလိုကြောင်း......

မေတ္တာများစွာဖြင့်

ကိုရွှေမျိုးဝင်း

5 months ago

“လစ်လျူရှုဖို့မသင့်တော့တဲ့ ရထားလမ်းပိုင်း မိုင်းထောင်ဖျက်ဆီးမှုပြဿနာ”

❖မနေ့က ညောင်ပင်သာနဲ့ ဖြူးကြားမှာ ထုံးစံအတိုင်း ရထားလမ်းမိုင်းပေါက်ကွဲတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ရင် ကံဆိုး၊ ကံကောင်းလို့ ဆိုလို့ရတယ်။ ကံကောင်းတယ် ဆိုတာကတော့ နယ်မြေဆိုးတဲ့ ဒီလိုဒေသတွေမှာ လူစီးတွဲပါတဲ့ ရထားတွေ မလာခင် မိုင်းရှင်းရထားတွေက တနာရီလောက်စောထွက်ပြီး ခုလိုပဲ လုံခြုံရေး ပတ်ကင်းလှည့်လေ့ ရှိတတ်ကြတယ်။ လူစီးရထားမလာခင် ဒီလိုဖြစ်စဉ်ဖြစ်တော့ ကံကောင်းတယ်လို့တော့ ဆိုလို့ရပေမယ့် ခုလို မိုင်းရှင်းရထားတွေကိုတော့ တပ်မတော်သားတွေက အများစုလိုက် ပါလေ့ရှိတာမို့ သူတို့အတွက်တော့ ကံမကောင်းဘူးပေါ့။ အခန့်မသင့်ရင် အသက်တွေပါ ပေးလိုက်ရမယ့် အန္တရာယ်ကြီးတဲ့ ဖြစ်စဉ်လည်း ဖြစ်တယ်။ 
----
❖တကယ်တော့ မိုင်းရှင်းသံလမ်းပြေးယာဉ်တွေက ဒီလိုကြိုရှင်းထားမှ လူစီးရထားတွဲလာရင် အန္တရာယ်ကင်းတာ။ ခုလို ကြိုထွက်ရတဲ့ ပတ်ကင်းရထားတွေ မလာခင်မှာလည်း အရင်ကတော့ ရထားလမ်းလုံခြုံရေးပေး ထားတဲ့ တပ်မတော်လုံခြုံရေးအဖွဲ့တွေရှိတယ်။ ခုတော့ ပေးနိုင်သလား မပေးနိုင်သလား မသိတော့ဘူး။ သူတို့ကတော့ ပေးထားတဲ့ လမ်းကင်းနယ်မြေအပိုင်းလိုက် အသွားအပြန် လမ်းလျှောက်ရင်းနဲ့ ရထားလမ်းပိုင်း လုံခြုံရေးကို  လုပ်ရလေ့ရှိတယ်။ ခင်ဗျားတို့စီးနေတဲ့ ရထားကြီးတစီးက ခရီးစဉ် အစအဆုံး ဖြောင့်ဖြောင့်သွားနိုင်ဖို့ တပ်မတော်သားတွေက နယ်မြေလုံခြုံရေးကို ခုလို နှစ်ဆင့်လောက် ယူပေးရတယ်ဆိုတာ သိစေချင်ရုံပါ။
----
❖ဓာတ်ပုံတွေကို မြင်ရသလောက်တော့ ဖြစ်တဲ့အချိန်ကလည်း မနက် ၁ နာရီ ၁၅ မိနစ်ရှိနေသလို သံလမ်းပြေးယာဉ်ကလည်း ပျက်စီးနေတာတွေ့မိတော့ အချိန်ကိုက် ဖောက်ခွဲခဲ့တာလား၊ မိုင်းဖောက်ခွဲပြီးမှ ပြေးလမ်းချော်ခဲ့တာလားဆိုတာကိုတော့ မြေပြင်က စစ်ဆေးတဲ့သူတွေ ပဲ တိတိကျကျသိနိုင်လိမ့်မယ်။  စိတ်ပျက်စရာကောင်း တာကတော့ အချက်အလက်တွေ အရဆိုရင်… ၂၀၂၁ ခုနှစ်ကနေ ခုချိန်ထိ ရထားတံတား နဲ့ သံလမ်းတွေကို မိုင်းခွဲဖျက်ဆီး တာက ၁၇၁ ကြိမ်ထိတောင် ရှိခဲ့တာ တွေ့ရတယ်။ အဖြစ်အများဆုံးကတော့ ခုလက်ရှိဖြစ်နေတဲ့ နယ်မြေတဝိုက်က အကြိမ်အရေအတွက် အများဆုံး ဖြစ်လိမ့်မယ်လို့ ထင်မိတယ်။ မနေ့က ထုတ်ပြန်ချက်ထဲမှာလည်း သမာရိုးကျ ဖြစ်စဉ်တစ်ခု အပေါ် ပုံမှန်သတင်းထုတ်ပြန်ရုံသပ်သပ်ပဲ တွေ့ရတယ်။  ဒီလိုဖြစ်စဉ်တွေ အပေါ် အားပါးတဲ့ သတိပေး ထုတ်ပြန်မှုမျိုး၊ တုန့်ပြန်မှုမျိုး မပါတာကတော့ သဘောမကျ မိဘူး။ တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အခြေခံကျတဲ့ ရုပ်ပိုင်းဆိုင်ရာ အဆောက်အဦတွေဟာ ဒီလိုအကြမ်းဖက်တွေလက်ချက်နဲ့ပဲ ဆုတ်ယုတ်နေရတာ ကတော့ နိုင်ငံတော်အတွက် အတော်လေး ဝမ်းနည်းစရာကိစ္စပါပဲ။

(နရီမိုး)

5 months ago

fb acc အသစ်ပါ...
add ပေးကြပါဗျ ???

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago