Dark Shadow (Ygn-UG)

Description
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 6 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 9 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 10 months, 2 weeks ago

2 Jahre, 1 Monat her
Dark Shadow (Ygn-UG)
2 Jahre, 1 Monat her

Mission သတင်းထုတ်ပြန်ချက်
-------------------
မေ ၅ ရက်၊ ၂၀၂၃

၂၀၂၃ မေလ (၅) ရက်နေ့၊  ညနေ (၆:၅၀) နာရီတွင် ဗဟန်းမြို့နယ်၊ ယုဇနတာဝါ ရှိ MyTel Showroom နှင့် ည (၇:၀၀) နာရီတွင် MyTel Showroom ဘေးကပ်ရပ်ရှိ EPC၊ စည်ပင်၊ ဆက်သွယ်ရေး၊ ရဲ၊ မော်တော်ပီကယ်(ခွေးမျိုးစုံ) စုစည်းရာ အရက်ဆိုင် ကို ကျွန်ုပ်တို့ Dark Shadow (YGN UG) အဖွဲ့ မှ ချိန်ကိုက်ဗုံး ဖြင့် တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်မှုတစ်စုံတစ်ရာ သိရှိရခြင်း မရှိသေးသော်လည်း အဖွဲ့ဝင်များအနေဖြင့် ထိခိုက်မှုမရှိ ဘေးကင်းလုံခြုံစွာဖြင့် ဆုတ်ခွာနိုင်ခဲ့ပါသည်။

ကျွန်ုပ်တို့ Dark Shadow (YGN UG) အဖွဲ့အနေဖြင့် MyTel Showroom ကို စစ်ကောင်စီ၏ စီးပွားရေးပစ်မှတ်အဖြစ် နှင့်  စစ်ကောင်စီ၏ အုပ်ချုပ်မှု ယန္တရားတွင် ပါဝင် ဆောင်ရွက်နေသော EPC၊ စည်ပင်၊ ဆက်သွယ်ရေး၊ ရဲ၊ မော်တော်ပီကယ်(ခွေးမျိုးစုံ) စုဝေးရာ MyTel Showroom ဘေးကပ်ရပ်ရှိ အရက်ဆိုင်ကို ပစ်မှတ်ထားကာ ဤ mission ကိုလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ အဖွဲ့အနေဖြင့် တော်လှန်ရေးပန်းတိုင် ဆုံးခန်းတိုင်သည်အထိ မြို့ပြပျောက်ကျား တော်လှန်ရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်။ မိဘပြည်သူများ အနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင်အဖွဲ့အစည်းများနှင့် အဆောက်အဦးများ အနီးသို့ ဖြတ်သန်းသွားလာခြင်း မပြုပဲ ဝေးဝေးမှ ဂရုစိုက် ရှောင်ရှားသွားလာကြရန် မေတ္တာရပ်ခံ အပ်ပါသည်။

"ထောက်တိုင်တွေခိုင်အောင်ထောက်ထား တစ်စစီ ချိုးပစ်မယ်"
"အရေးတော်ပုံ မုချအောင်ရမည်။"

တာဝန်ခံ - ရဲဘော်အရိပ်(ပန်ဒါ)
သတင်းပြန်ကြားရေး တာဝန်ခံ - စီဂျီ(CG)

#Ygn
#UG
#DarkShadow

2 Jahre, 2 Monate her
***?*** Dark Shadow (YGN UG) Page …

? Dark Shadow (YGN UG) Page အတုပေါ်ပေါက်လျက်ရှိပြီး ပြည်သူများ၊ NUG နှင့် ကျွန်ုပ်တို့ အဖွဲ့ ကြားတွင် အထင်လွဲမှားမှုများ ဖြစ်ပေါ်စေရန် လုပ်ဆောင်နေပါသည်။

? ထို Page အတုမှ တစ်ဆင့် ထုတ်ပြန်ချက် အတုများ ပြုလုပ်ပြီး သတင်းတု/ သတင်းမှားများ ဖြန့်ဝေနေပါသည်။

? Page အတုကို Report လုပ်ပေးကြပါ။ Page အတု၏ Link : https://www.facebook.com/profile.php?id=100083523752423&mibextid=ZbWKwL

ကျနော်တို့ရဲ Telegram Channel link
??

https://t.me/DarkShadowYgnUG

2 Jahre, 2 Monate her
***?*** ဒီထုတ်ပြန်ချက်ဟာအတုပါခင်ဗျာ ကျနော်တို့ NUG နဲ့ချိတ်ဆက်ထားခြင်းမရှိသလို ဘယ်အဖွဲ့အစည်းနဲ့မှလဲချိတ်ဆက်ထားခြင်းမရှိပါဘူးခင်ဗျာ …

? ဒီထုတ်ပြန်ချက်ဟာအတုပါခင်ဗျာ ကျနော်တို့ NUG နဲ့ချိတ်ဆက်ထားခြင်းမရှိသလို ဘယ်အဖွဲ့အစည်းနဲ့မှလဲချိတ်ဆက်ထားခြင်းမရှိပါဘူးခင်ဗျာ ?

2 Jahre, 2 Monate her
Dark Shadow (Ygn-UG)
2 Jahre, 2 Monate her
Dark Shadow (Ygn-UG)
2 Jahre, 2 Monate her

သတင်းထုတ်ပြန်ချက်
——————————————
ဧပြီလ (၈) ရက်၊ ၂၀၂၃

၂၀၂၃ ဧပြီ (၈) ရက်နေ့၊ ညနေ (၆:၅၀) နာရီတွင် Dark Shadow (YGN UG) အဖွဲ့ မှ စမ်းချောင်း ရဲစခန်းရှေ့ စမ်းချောင်းမြို့နယ်ရေကစားမဏ္ဍပ် နှင့် ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှေ့ ပြည်သူ့ရင်ပြင်အတွင်းရှိ ဗဟိုမဏ္ဍပ် ကို အဝေးထိန်းဗုံး ဖြင့် တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်မှုတစ်စုံတစ်ရာ သိရှိရခြင်း မရှိသေးသော်လည်း အဖွဲ့ဝင်များအနေဖြင့် ထိခိုက်မှုမရှိ ဘေးကင်းလုံခြုံစွာဖြင့် ဆုတ်ခွာနိုင်ခဲ့ပါသည်။

ကျွန်ုပ်တို့ Dark Shadow (YGN UG) အဖွဲ့အနေဖြင့် စစ်ကောင်စီမှ ကျင်းပသော သင်္ကြန်ပွဲကို လက်မခံကြောင်း နှင့် စစ်ကောင်စီ ကိုအားပေးထောက်ခံပြီး စစ်ကောင်စီအလိုကျ သင်္ကြန်ပွဲဖြစ်မြောက်စေရန် ပူးပေါင်းပါဝင်နေသူများကို ပြင်းထန်စွာ သတိပေးကြောင်းပြသသည့်အနေဖြင့် ဤ mission ကိုလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မကြာမှီ ကျရောက်မည့် သင်္ကြန်ပွဲကာလ အတွင်းတွင်လည်း စစ်ကောင်စီကို အခွန်ပေးဆောင် ပြုလုပ်နေသည့် သင်္ကြန်ပါတီ ပျော်ပွဲ၊ ရွှင်ပွဲများ နှင့် စစ်ကောင်စီ ကိုယ်စားပြု မြို့နယ်ရေကစားမဏ္ဍပ် များကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်သည်။ မိဘပြည်သူများ တော်လှန်သင်္ကြန်တွင် ပူးပေါင်းပါဝင်ပေးကြပါ။ စစ်ကောင်စီ ကျင်းပမည့် သင်္ကြန်ပွဲကို မပါဝင်ကြပါနဲ့။ ဆန့်ကျင်ပါရန် ကျွန်ုပ်တို့ Dark Shadow (YGN UG) မှ မေတ္တာရပ်ခံအပ်ပါသည်။

တာဝန်ခံ - ရဲဘော်အရိပ်(ပန်ဒါ)
သတင်းပြန်ကြားရေး တာဝန်ခံ - ရဲဘော်စီဂျီ(CG)

#Ygn
#UG
#DarkShadow

2 Jahre, 3 Monate her

Dark Shadow (YGN UG) မှ ပြည်သူများသို့ ပန်ကြားချက် __ _ _ _ _ _မတ် ၁၅ ရက်၊ ၂၀၂၃

စစ်ကောင်စီမှ ပြည်သူ့အာဏာကို မတရားသိမ်းယူ ထားခဲ့သည်မှာ (၂) နှစ်ကျော်လာခဲ့ပြီ ဖြစ်သည်။ ကျွန်ုပ်တို့ အနေဖြင့် အကြမ်းမဖက် ငြိမ်းချမ်းစွာ ဖြင့် ပြည်သူ့တစ်ရပ်လုံး တခဲနက်ပါဝင် ဆန္ဒပြခဲ့သည့် အချိန်များမှ စတင်ပြီး ယနေ့ထိတိုင် တော်လှန်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ပြင်းပြင်း ဆက်လက်လုပ်ဆောင်နေသည့် အချိန်ကာလဖြစ်သည်။ တစ်ဖက် စစ်ကောင်စီ ဘက်မှလည်း ပြည်သူများ တော်လှန်ရေး ဆက်လက်မပြုလုပ်နိုင်အောင်၊ အာရုံပြောင်းကာ ပျော်ပွဲ ရွှင်ပွဲများဖန်တီးခြင်း အားပေးခြင်းများ ပြုလုပ်နေကြသည်။

မကြာခင် ကျရောက်မည့် သင်္ကြန်ကာလတွင် လည်း Rangoon Water Festival, Myanmar Thingyan Music Festival နှင့် Thingyan Vina Festival -TVF ပွဲ များ ကို ပြုလုပ်ခွင့်ပေးကာ တော်လှန်ရေးကာလကို မေ့မေ့ပျောက်ပျောက်ဖြစ်အောင် ဖန်တီးလုပ်ဆောင်နေသည်ကိုလည်း သတိပြုဖို့လိုသည်။ Rangoon Water Festival တွင် Internatiol Headliners များအပြင် Local Headliners များလည်း ပါဝင် နေကြောင်း ကျွန်ုပ်တို့ Dark Shadow (YGN UG) အဖွဲ့က ကြားသိရသည်။ International Headliners များကို သပိတ်ကော်မတီ တော်လှန်ရေးအင်အားစုများမှ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသောအခြေအနေများနှင့် လူအခွင့်အရေးချိုးဖောက်ခံရမှုများကို အကြောင်းကြားကာ Rangoon Water Festival တွင် ပါဝင်ပတ်သတ်ခြင်း မပြုရန် တောင်းဆိုနေကြသည်။ ထို့ကြောင့် Rangoon Water Festival တွင် ပါဝင်မည်ဟု ကြေငြာထားသည့် Local Headliners များဖြစ်သော (EDGE • E11ven11 • Dj Rush • S Logic • Glan • Mike Haider • Tempo • Zam) စသည့် local Dj များ နှင့် အခြားပွဲများတွင် ပါဝင်မည့် Local Headliners များ ကို ကျွန်ုပ်တို့ Dark Shadow (YGN UG) မှ ဤ ပွဲတွင် ပါဝင် ဖျော်ဖြေခြင်း မပြုလုပ်ရန် အသိပေး တောင်းဆိုအပ်ပါသည်။ သတိပေးသည့်ကြားမှ ဆက်လက်လုပ်ဆောင်ပါက စစ်ကောင်စီ၏ ဘက်တော်သား အဖြစ်သတ်မှတ် အရေးယူသွားမည် ဖြစ်ကြောင်းနောက်ဆုံးအကြိမ်သတိပေးလိုက်ပါသည်။

တိုင်းပြည်တစ်ခုလုံး နာရေး ဖြစ်နေသည့် အချိန်တွင် သင်္ကြန်သည် မအေးချမ်းပါ။ စစ်ကောင်စီ၏ ယုတ်မာ ရက်စက်မှုကြောင့် ကျွန်ုပ်တို့ တစ်နိုင်ငံလုံးရှိပြည်သူများ အသက်အန္တရာယ်နှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို နေ့စဉ် ကြုံတွေ့နေရသည်ကို မမေ့မလျော့ ကြပါနဲ့။ ပြည်သူ့အာဏာသည် ပြည်သူ တစ်ဦးချင်းစီ၏ လက်ထဲတွင် ရှိသည့်အတွက် မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် ကျွန်ုပ်တို့ Dark Shadow (YGN UG) အဖွဲ့မှ ပန်ကြားလိုက်ပါသည်။

တာဝန်ခံ - ရဲဘော်အရိပ် (ပန်ဒါ)
သတင်းပြန်ကြားရေး တာဝန်ခံ - ရဲဘော်စီဂျီ(CG)

#Ygn
#UG
#DarkShadow

2 Jahre, 3 Monate her

**Mission သတင်းထုတ်ပြန်ချက်

၂၀၂၃၊ မတ် (၉) ရက်နေ့၊ (၁၉:၀၀) နာရီ တွင် Dark Shadow(UG) အဖွဲ့မှ ဗိုလ်တစ်ထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း ပေါ်ရှိ Customs House (အကောက်ခွန်သင်တန်းကျောင်း) ကို ဖောက်ခွဲမှု Mission ပြုလုပ်ရန် စီစဉ်ခဲ့ပါသည်။ သို့သော် Customs House (အကောက်ခွန်သင်တန်းကျောင်း) တွင်ရှိသော မသက်ဆိုင်သည့် ပြည်သူများ ထိခိုက်မှု မရှိစေရန်အတွက် ဖောက်ခွဲမှု မပြုလုပ်ပဲ  အဆောက်အဦးတွင် ဗုံးထောင်ခဲ့ပြီး အဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွါခဲ့သည်။ ဤဖောက်ခွဲမှုသည် Non-CDM ပြုလုပ်ပြီး စစ်ကောင်၏ ထောက်တိုင်အဖြစ်ရပ်တည်နေသော နောက်လိုက်ခွေးများကို နောက်ဆုံးအနေဖြင့် သတိပေးသည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကျွန်ုပ်တို့ အဖွဲ့အနေဖြင့် မြို့ပြပျောက်ကျားတော်လှန်ရေး လုပ်ငန်းစဉ်များကို ပိုမိုပြင်းထန်စွာ ဆက်လက်ဆောင်ရွက်သွားမည်။ စစ်ကောင်စီ၏ စစ်ရေးထောက်တိုင်များ၊ စီးပွားရေး လည်ပတ်မှုကို ထောက်ပံ့နေသူများ နှင့် ထောက်ပံ့ပေးရန် ခွေးတိုးပေါက်မှ ဝင်ရောက်နေသူများကို ဆက်လက်ပြီး အမြစ်ပြတ်သည်အထိ ရှင်းလင်းကာ အာဏာရှင် စနစ် ချုပ်ငြိမ်းသွားသည်အထိ တိုက်ပွဲဝင်သွားမည် ဖြစ်သည်။ မိဘပြည်သူများ အနေဖြင့်လည်း အကြမ်းဖက်ကောင်စီ၏ ဒေါက်တိုင်အဖွဲ့အစည်းများနှင့်  အဆောက်အဦးများ အနီးသို့ ဖြတ်သန်းသွားလာခြင်း မပြုပဲ ဝေးဝေးမှ ဂရုစိုက် ရှောင်ရှားသွားလာကြရန် မေတ္တာရပ်ခံအပ်ပါသည်။**

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 6 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 9 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 10 months, 2 weeks ago