Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

AA Info Desk

Description
https://www.arakanarmy.net
https://vk.com/arakanarmyinfodesk
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 4 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week ago

1 month ago

ရက္ခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၂) ရက်

ရက္ခိုင်ပြည်၊ မောင်တောမြို့ ၌ အကြမ်းဖက် စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ တစ်ခုဖြစ်သော မောင်တော၊ ကြိမ်ချောင်း ဗျူဟာစခန်းကြီးအား အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်)မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည်။

အာရက္ခတပ်တော်အနေဖြင့် ၎င်းစခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် အဆိုပါစခန်းအား လချီ၍ ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ( ၂၃) ရက်တွင်မှ ထိုးစစ်အား အရှိန်အဟုန်မြှင့်တင်လျက် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အာရက္ခစစ်သည်တော်များ၏ ပြောင်မြောက်သော စွမ်းဆောင်ရည်၊ တိုက်ရည်ခိုက်ရည်၊ သတ္တိ၊ အမိန့်နာခံမှု၊ အချိတ်အဆက်ကောင်းမှု၊ အမိန့်၊ တာဝန်တို့အား ဆင့်ကဲလိုက်နာနိုင်မှုတို့အပေါ် အာရက္ခတပ်တော်၊ စစ်ရုံးချုပ်အနေဖြင့် အလေးအနက်အသိအမှတ်ပြုအပ်ပါသည်။ ဤ စခန်းသိမ်းတိုက်ပွဲအတွင်း ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များကိုလည်း လေးနက်စွာဂါရဝပြုအပ်ပါသည်။

ဤကြိမ်ချောင်း ဗျူဟာကုန်းသည် နခခ (၇) ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ကျော်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၄၀၀) ခန့်နှင့်အတူ ၎င်းတို့၏ မိသားစုဝင်များ (၁၅၀) ခန့်ရှိသော စခန်းကြီးတစ်ခုဖြစ်သည်။ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး မင်းစိုး နှင့် ဒုဗိုလ်မှူးကြီး ရဲမှူးကြီး ဝင်းမြင့်အောင် တို့ ဦးဆောင်ပြီး မိမိတို့၏ ထိုးစစ်အား အသည်းအသန် ခုခံနေသောဗျူဟာစခန်းကြီးတစ်ခုဖြစ်သည်။

ကြိမ်ချောင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်းအမြောက်အမြား၊ သုံ့ပန်းတချို့ နှင့် ၎င်းတို့၏ မိသားစုဝင်တချို့ကို ဖမ်းဆီးရမိခဲ့သည်။ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ယခင်ရက်များ၌လည်း ရက္ခိုင်ဒေသအတွင်း၌ တိုက်ပွဲများရှိခဲ့ပြီး အမ်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များ၌ အဓိက ဖြစ်ပွားခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်၊ ညနေ (၃) နာရီ (၄၀) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် အကြမ်းဖက်စစ်ကောင်စီ၏ အင်အား (၅၀) ခန့်ပါစစ်ကြောင်း နှင့် အာရက္ခတပ်တော်တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည် မြေပြင်လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတို့ကို အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲသည်အချိန် တိုတောင်းသော်လည်း ပြင်းထန်ခဲ့သည်။

နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သည် အထိအခိုက် အကျအဆုံးများဖြင့် နပခဌာနချုပ်ရှိရာအမ်းသို့ ပြန်လည်တပ်ဆုတ်သွားခဲ့သည်။ တိုက်ပွဲအတွင်း မိမိတို့ဘက်မှလည်း ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၁) ရက် နံနက် (၁၁) နာရီ (၂၀) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ မင်းဘော်ရွာ၏ တောင်ဘက် မီတာ (၁၀၀၀) ခန့်အကွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ကြိုကြားကြိုကြားတိုက်ပွဲများနှင့်အတူ ညနေ (၄) နာရီအထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ မျက်မြင် (၅) ဦး သေဆုံးကာ (၁၀) ဦးခန့်ဒဏ်ရာရရှိခဲ့သည်။ မိမိတို့ဘက်မှလည်း အလတ်စားဒဏ်ရာရှိသူများရှိခဲ့သည်။

ထို့အတူ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်၊ ညနေ (၆) နာရီ (၁၅) မိနစ်အချိန်တွင် မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာ၏ အရှေ့ဘက် (၂.၅) ကီလိုမီတာခန့်အကွာ (ဘူးသီးတောင်-မောင်တောကျော်လမ်း) တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ (၁) နာရီနားပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ (၆) သေဆုံးပြီး (၈) ဦးခန့်ဒဏ်ရာရရှိခဲ့သည်။

မိမိတို့အနေဖြင့် ယခင်ထုတ်ပြန်ပြောထားပြီးဖြစ်သည့်အတိုင်း လက်နက်ချအညံ့မခံသေးသောအကြမ်းဖက် စစ်ကောင်စီ၏ စခန်းတိုင်းကို တစ်ခုပြီးတစ်ခု ယခုကဲ့သို့ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သည်။ တဆက်တည်းပြောလိုသည်မှာ ကြိမ်ချောင်းဗျူဟာကဲ့သို့ လက်နက်ချအညံ့မခံသော စခန်းများအနေဖြင့် အမြန်ဆုံးလက်နက်ချရန် ထပ်မံသတိပေးလိုက်သည်။

အာရက္ခတပ်တော်သည် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ် နှင့် တောင်ကုတ်၊ စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

1 month ago
AA Info Desk
1 month ago
**အာရက္ခမိဘပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားချက်**

အာရက္ခမိဘပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားချက်

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း (၃) ရက်
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၁) ရက်

1 month ago
**ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်**

ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း (၃) ရက်
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၁) ရက်

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၅) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ FPNCC အဖွဲ့ဝင်များဖြစ်ကြသော UWSP/UWSA ၊ PSLF/TNLA ၊ MNTJP/MNDAA တို့အပြင် အခြား တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းများအပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းတွင် မွေးဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းများမှ ပေးပို့လာကြသည့် သဝဏ်လွှာများကို ကောင်းမွန်စွာလက်ခံရရှိပါသည်။

သဝဏ်လွှာများပေးပို့လာကြသော အဖွဲ့အစည်းများအားလုံးကို မိမိတို့ ULA/AA မှ ရက္ခိုင်ပြည်သူများ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပြီး ပေးပို့လာကြသော အဖွဲ့အစည်းအသီးသီးတိုင်း၏ ရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်ပါစေကြောင်း ဆုမွန်တောင်းပေးလိုက်ပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်

1 month ago
AA Info Desk
1 month ago
AA Info Desk
1 month, 1 week ago

ရက္ခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဧပြီလ (၅) ရက်

ရက္ခိုင့်တပ်တော်သည် ၂၀၂၄ ဧပြီလအတွင်း သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်ပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် လက်နက်ချအညံ့မခံသေးသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်းများအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ရန်သူ့အတွက် အရေးပါသကဲ့သို့ မိမိတို့၏ ထိုးစစ်များကို နှောင့်ယှက်ထိခိုက်စေသော စခန်းတိုင်းကိုလည်း တစ်ခုမကျန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ၎င်းရန်သူ့စခန်းများထဲမှ ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၅) ရက်၊ နံနက် (၈) နာရီအချိန်တွင် တပ်ရင်းဌာနချုပ်တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

ဤစခန်းအား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ (၅) ရက်၊ နံနက် (၈) နာရီအချိန်တွင် တပ်ရင်းဌာနချုပ်တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ရန်သူ့အနေဖြင့် ၎င်းတို့၏ စစ်ရေးအရ အရေးပါသော ခမရ (၅၆၄) စခန်းအား ကြည်းတပ်၊ လေတပ်တို့ဖြင့် အသည်းအသန် ပူးပေါင်းခုခံကာကွယ်နေခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်အား မည်သို့မျှ ယှဉ်နိုင်ခြင်းမရှိဘဲ (၅) ရက်အကြာတွင် ရက္ခိုင့်တပ်တော်လက်အောက်သို့ ကျရောက်ခဲ့ရပြီးဖြစ်သည်။ နောက်ထပ်စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သည်။

ဤတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ အရေအတွက် (၈၀) ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး မိမိတို့ဖက်မှလည်း ထိုက်သင့်သော ပေးဆပ်မှု၊ ရင်းနှီးမှုများဖြင့် ရယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤ (၅) ရက်ကြာ ခမရ (၅၆၄) တပ်ရင်းဌာနချုပ် စခန်းသိမ်းတိုက်ပွဲအတွင်း ပေးဆပ်စွန့်လွှတ်ခဲ့သော အာရက္ခစစ်သည်တော်များအား ရက္ခိုင့်တပ်တော်၊ စစ်ရုံးချုပ်မှ လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

တိုက်ပွဲအတွင်း ရန်သူ့အလောင်းများစွာနှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်၊ မွန်းတည့် (၁၂) နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခမရ (၅၅၂) တပ်ရင်းအား ရန်သူ၏ ကြည်းတပ်၊ လေတပ်တို့ပေါင်းကာ အပြင်းအထန်ခုခံနေသည့်ကြားမှ ရက်ပေါင်း (၃၂) ရက်အကြာတွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ ထို့နောက် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင်ပင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းအား ထပ်မံသိမ်းပိုက်ရရှိခဲ့သည်။

မောင်တော၊ ကြိမ်ချောင်း စခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ရက္ခိုင်ဒေသ၌ အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီသည် ပြည်သူကိုပစ်မှတ်ထားလျက် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့ရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ (၄) ရက်၊ နေ့လယ် (၂) နာရီ (၄၇) မိနစ်အချိန်တွင် ကျောက်တော်မြို့အား အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၈) နှစ်အရွယ် အပြစ်မဲ့ပြည်သူ လူငယ်တစ်ဦးသေဆုံးခဲ့ပြီး (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၆) ဦး ဒဏ်ရာရရှိခဲ့သည်။

ထပ်မံရရှိသော တိုက်ပွဲနောက်ဆက်တွဲသတင်းများကို ဆက်လက်တင်ဆက်ပေးသွားပါမည်။

သတင်းနှင့် ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

1 month, 1 week ago
AA Info Desk
1 month, 1 week ago

ရက္ခိုင်ပြည်တိုက်ပွဲသတင်းများ
၂၀၂၄ ခုနှစ်၊ ဧပြီလ(၃) ရက်

ရက္ခိုင်ဒေသအတွင်း၌ အကြမ်းဖက်စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့၏ တိုက်ပွဲများသည် ယနေ့အထိ တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ နေ့တိုင်း ဖြစ်ပွားလျက်ရှိသည်။

ယခုရက်များအတွင်း၌ ရက္ခိုင့်တပ်တော်မှ အဓိက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီ ၏ စခန်းများမှာ  ဘူးသီတောင်၊ စကခ(၁၅) လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်၊ အမ်းမြို့နယ်အတွင်းရှိ စကခ(၅) လက်အောက်ခံ တောဟိန်းတောင် ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့နှင့် မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ဖြစ်ကြသည်။မိမိတို့သည် ဤစခန်းကြီးများကို အဓိကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ အခြားသော စခန်း ငယ်များကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ကြိုးပမ်းလျက်ရှိသည်။

ရက္ခိုင့်တပ်တော် သည် အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်၊ခမရ (၅၆၄) တပ်ရင်းဌာနချုပ်စခန်းအား ၂၀၂၄ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ထို့အတူ ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊စညှင်းကျေးရွာအရှေ့ဖက်မီတာ(၁၅၀၀)ခန့်အကွာရှိ စစ်ကောင်စီ၏ ပွိုင့်(၂၅၇)စခန်း အား၂၀၂၄ ခုနှစ်၊ ဧပြီလ(၂) ရက်၊ နံနက်(၆) နာရီ (၂၀)မိနစ် မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် ဒုတိယနေ့ထိုးစစ်အဖြစ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ဤစခန်းသည် ရန်သူ၏ ရှေ့တန်းအမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ အောက်တွင်ရှိသော နည်းဗျူဟာ အမှတ်(၃) စခန်းဖြစ်သည်။ ရန်သူသည် လေကြောင်းပစ်ကူများကို အသုံးပြုပြီးအသည်းအသန် ခုခံကာကွယ်နေသကဲ့သို့မိမိတို့ဖက်မှလည်း ထိုးစစ်အား တစ်ဆင့်ချင်း တစ်ဆင့်ချင်း အရှိန်မြှင့်လျက်ရှိသောကြောင့် တိုက်ပွဲများပြင်းထန်နေခဲ့သည်။

မောင်တော၊ ကြိမ်ချောင်း စခန်းကိုလည်း တစ်ရက်မျှရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်လျက်ရှိသော ကြောင့်နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

နောက်ဆက်တွဲတိုက်ပွဲများအဖြစ် မတ်လ(၃၁) ရက်နေ့၊ ညနေ(၃) နာရီ (၀၅) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ လုံးရွာအနောက်ဘက် (၁.၄) ကီလိုမီတာအကွာအဝေးရှိ တောင် ကြောတွင် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် ရက္ခိုင့်တပ်တော်တို့သည် တစ်နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီဖက်မှ မျက်မြင်(၄) ဦး သေဆုံးခဲ့သည်။

ရက္ခိုင်ဒေသ၌ အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီသည် ပြည်သူကိုပစ်မှတ်ထားလျက် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့ရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်ကျူးလွန်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့၊ ည (၈) နာရီအချိန်တွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ မူလတန်းလွန် စာသင်ကျောင်းအား ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မူလတန်းလွန်စာသင်ကျောင်း နှင့် လူနေအိမ် (၄) လုံး ပျက်စီးသွားခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့၊ ညနေ (၅)နာရီ (၁၆) မိနစ်နှင့် (၂၇)မိနစ်အတွင်း၌လည်း  မြေပုံမြို့နယ်၊ကမ်းထောင်းကြီးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူ (၃) ဦး သေဆုံးပြီး၊ ပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် နှစ်လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရသည်။

တိုက်ပွဲနောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

1 month, 2 weeks ago

ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက် မှ (၂၈) ရက်နေ့အထိ

၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့၊ နံနက် (၁၁) နာရီ (၃၆) မိနစ်အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ရွာ၏ တောင်ဘက် (၄) ကီလိုမီတာခန့်အကွာ ဘူးသီးတောင် မောင်တောကျော်လမ်း၌ အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာလက်အောက်ခံ၊ ခလရ (၂၃၄) တပ်ရင်းမှ အင်အား (၅၀) ခန့်ရှိ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ မျက်မြင် (၈) ဦး ကျဆုံးခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းအား သိမ်းပိုက်ရရှိခဲ့သည်။

ထို့အတူ ရက္ခိုင်ဒေသအတွင်း၌ လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း ယခုအချိန်အထိ လက်နက်ချအညံ့မခံသေးသော ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ ရက္ခိုင်ဒေသဌာနချုပ် (တနည်း) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယမန်နေ့ (မတ်လ ၂၆ ရက်နေ့) ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ (၃၄၆) နှင့် တခြားတပ်များမှ စုပေါင်းထားသောစစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော်တို့သည် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့၊ နံနက် (၁၀) နာရီ (၁၈) မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိနစ် (၃၀) ခန့်ကြာမြင့်ခဲ့သည်။

ရန်သူသည် ဒရုန်း၊ လေကြောင်းပစ်ကူ နှင့် မြေပြင်လက်နက်ကြီးပစ်ကူများပေး၍ တိုက်ခိုက်ခဲ့သော်လည်း နာရီဝက်ခန့်တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ (၁၅) ဦးခန့်ကျဆုံးကာ (၁၅) ဦးခန့်ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲအတွင်း ရန်သူ့လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ မိမိတို့ဘက်မှ တပ်ဖွဲ့ဝင် (၂) ဦး အသေးစားဒဏ်ရာရရှိခဲ့သည်။

ထို့အတူ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့၊ နံနက် (၁၀) နာရီ (၄၈) မိနစ်အချိန်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၁၅၀၀) ခန့်အကွာ၌လည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ အင်အား (၄၀) ခန့်ပါစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယခုတိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ မျက်မြင် (၄) ဦး ကျဆုံးခဲ့ပြီး (၈) ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့၊ နံနက် (၈) နာရီ (၅၈) မိနစ်အချိန်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ချောင်းဖျားရွာ၏ တောင်ဘက် မီတာ (၇၀၀) ခန့်အကွာတောင်ကြော၌ ရန်သူ အင်အား (၅၀) ဦးခန့်ပါ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက်မှ မျက်မြင် (၆) ဦး ကျဆုံးကာ ဒဏ်ရာရရှိသူ (၁၀) ဦးခန့်ရှိခဲ့သည်။ တိုက်ပွဲအတွင်း ရန်သူ့လက်နက်နှင့်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့၊ နံနက် (၈) နာရီ (၄၅) မိနစ်အချိန်တွင် မြေပုံမြို့နယ်၊ လီသွန်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၂၄၀၀) ခန့်အကွာ တောင်ကြော၌ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် (၃) နည်းဗျူဟာစစ်ဆင်ရီးကွပ်ကဲမှုလက်အောက်ခံ၊ ခမရ (၅၆၃) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရက္ခိုင်ပြည်၊ မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင် ရေးအတွက် ထိုးစစ်အရှိန်ကို တစ်ဆင့်ပြီးတစ်ဆင့်မြှင့်ကာ တိုက်ခိုက်လျက်ရှိသည်။ ရန်သူ့ဘက်မှလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူအများအပြားနှင့် မရပ်မနားအသည်းအသန် ခုခံလျက်ရှိသည်။

တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါက ဆက်လက် တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 4 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week ago