AA Info Desk

Description
https://www.arakanarmy.net
https://vk.com/arakanarmyinfodesk
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 5 months ago

1 year ago
AA Info Desk
1 year ago
AA Info Desk
1 year ago
AA Info Desk
1 year, 1 month ago

အာရက္ခဒေသ တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ (၅၆၂) နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်တွင် အဆိုပါ ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းစလုံးအား ရှေ့ဆင့် နောက်ဆင့် တစ်ရက်တည်း၌ သိမ်းပိုက်ရရှိခဲ့သည်။

သို့သော်လည်း မိမိတို့သည် ဂွအခြေစိုက်တပ်ရင်းများအပြင် ဂွမြို့သို့စစ်ကူလာသော-
(၁) တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၄) တပ်ရင်း

(၂) တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၂၁၄) တပ်ရင်း၊ ခမရ (၂၁၅) တပ်ရင်း နှင့် ခမရ (၂၁၇) တပ်ရင်း

(၃) အနောက်တောင်တိုင်းစစ်ဌာနချုပ်-နတခ လက်အောက်ခံ ခလရ (၃၆) တပ်ရင်း၊ ခလရ (၃၈) တပ်ရင်း၊ ခလရ (၉၃) တပ်ရင်း၊ ခလရ (၂၇၁) တပ်ရင်းနှင့် ခမရ (၃၀၈) တပ်ရင်းတို့ကို တစ်ခုပြီးတစ်ခု မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။

မိမိတို့ဖမ်းဆီးရမိသော စစ်သုံ့ပန်းများအား စစ်ဆေးချက်အရ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်ပြီး ဗျူဟာမှူး နှစ်ဦးဖြစ်သော ဗိုလ်မှူးကြီး မျိုးညွန့်ဦး နှင့် ဗိုလ်မှူးကြီး ကျော်ဇင်ထိုက် တို့ဖြင့် အာရက္ခတပ်တော်၏ ထိုးစစ်အား ပုံစံအမျိုးမျိုး၊ နည်လမ်းအသွယ်သွယ်၊ သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူတို့အပြင် သံချပ်ကာ (၁၀) စီး၊ စစ်ကူ အမြောက်အမြားတို့ဖြင့် အသည်းအသန် ခုခံကာကွယ်ခဲ့သော်လည်း နှစ်ပတ်ကြာ ထိုးစစ်အပြီးတွင် ဂွမြို့သည် အာရက္ခတပ်တော်၏ ၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံးသိမ်းပိုက်ရရှိခဲ့သော အာရက္ခဒေသ၏ တောင်ဖက်အကျဆုံး မြို့ဖြစ်လာခဲ့သည်။

ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် ဂွမြို့အား အင်အား (၁၂၀၀) ကျော်ဖြင့်ခုခံကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် အာရက္ခတပ်တော်၏ ထိုးစစ်အား မည်သို့မျှ ယှဉ်မရဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် တပ်ရင်းမှူးအချို့သေဆုံးခဲ့ပြီး အခြားအဆင့်အမြောက်အမြားသေဆုံးခဲ့သည်။ တိုက်ပွဲကြောင့်ပျက်စီးသွားသော သံချပ်ကာအချို့၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းများနှင့် ရန်သူသုံ့ပန်းအများအပြားကို ဖမ်းဆီးရမိခဲ့သည်။

ဂွမြို့ ထိုးစစ်အစမှ အဆုံးအထိ တိုက်ပွဲအတွင်း ခန့်မှန်း ရန်သူ (၇၀၀) ထက်မနည်း သေဆုံးနိုင်ကြောင်း မြေပြင်အလောင်းများ၊ ဖမ်းဆီးရမိသုံ့ပန်းများ၏ ထွက်ဆိုချက်၊ သိမ်းဆည်းရမိ စာရွက်စာတမ်းများအရ သိရှိရသည်။

ဂွမြို့သိမ်းတိုက်ပွဲအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြသော အာရက္ခစစ်သည်တော်များအား လေးနက်စွာမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

1 year, 1 month ago
AA Info Desk
1 year, 1 month ago
AA Info Desk
1 year, 3 months ago

ပင်လယ်ဓားပြအတိုက်ခံရပြီး ဘင်္ဂလားပင်လယ်အော်တစ်နေရာ၌ စွန့်ပစ်ထားခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၆) ဦးတို့အား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကမ်းခြေစောင့်တပ်မှ ကယ်တင်ပြီး သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခြင်းဆိုင်ရာ သတင်း ထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်

အထက်ပါ သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဖြစ်စဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘာဇာခရိုင်၊ ကော့ဘာဇာမြို့၊ ပါဟားတူလီအစ္စလာမ်ပူ (ခ) ရှားဟာ့နိုရိုနော်ဂေါ် ကျေးရွာမှ (၁၄) ဦး၊

၂။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘာဇာခရိုင်၊ တိုင်ကာနာမြို့၊ ဆားပြင်ပင်ဆိုးရီကျေးရွာမှ (၁) ဦး၊

၃။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘာဇာခရိုင်၊ ကော့ဘာဇာမြို့၊ ဖီးချားရီကကျေးရွာ မှ (၁) ဦး

စသည်ဖြင့် စုစုပေါင်းရေလုပ်သား (၁၆) ဦး ပါဝင်သော မော်တော်ဘုတ်တစ်စီးသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၉) နာရီခန့်အချိန်တွင် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ငါးရှာရန် ထွက်လာခဲ့ကြပါသည်။ နှစ်ပတ်ခန့်ကြာမြင့်မည့် ငါးဖမ်းလုပ်ငန်းကို “ဟာမာအူလာစ်” မှ ဦးဆောင်လာခဲ့ခြင်း ဖြစ်ပြီး တစ်ပတ်ခန့်အကြာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့၊ ညနေ (၆) နာရီခန့် အချိန်တွင် အမည်မသိလက်နက်ကိုင် ဘင်္ဂလီ (၆၀) ဦးခန့်ပါဝင်သော ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့၏ ဓားပြတိုက်ခြင်းကို ခံခဲ့ရသည့်အပြင် အဆိုပါ ၎င်းတို့၏ မော်တော်ဘုတ်ထက်၌ပင် ဖမ်းဆီးလှောင်ပိတ်ခြင်းကို ခံခဲ့ရသည်။ ပင်လယ်ဓားပြအဖွဲ့သည် မော်တော်ဘုတ် (၃) စီးဖြင့် ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမည်မသိလက်နက်ကိုင် ပင်လယ်ဓားပြအဖွဲ့သည် ဟာမာအူလာစ်တို့ ဘုတ်အား ၎င်းတို့၏ မော်တော်ဘုတ် (၃) စီးဖြင့် ဝိုင်းရံပြီး လက်နက်များဖြင့် ပစ်ခတ် သတ်ဖြတ်ရန် ခြိမ်းခြောက်ထားခဲ့သည်။ ထို့နောက် ဟာမာအူလာစ်တို့ ဘုတ်တွင်ပါရှိသော ရေလုပ်သားငါးဖမ်းသမားများအား သေနတ်ဒင်၊ ဒုတ်များဖြင့် ရိုက်နှက်ပြီး ဘုတ်တွင်ပါလာသမျှသော ပိုက်ဆံ၊ ဖုန်း၊ ရေနံဆီ၊ စားသောက်ကုန်၊ ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား၊ ပိုက်ကွန်များအားလုံး ကို ယူဆောင်သွားသည့်အပြင် ဟာမာအူလာစ်နှင့် ရေလုပ်သားငါးဖမ်းသမား များအားလုံးကို မော်တော်ဘုတ်၏ ဝမ်းဗိုက်အတွင်း မည်သည့်အစားအစာ၊ ရေမျှ မတိုက်ကျွေးဘဲ နှစ်ရက်ခန့် ပိတ်လှောင်ထားခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့၊ နံနက် (၄) နာရီခန့်အချိန်သို့ရောက်သောအခါ၌မူ ပင်လယ်ဓားပြ များမှ အာရက္ခဒေသ၊ မောင်တောမြို့၊ ကျောက်ပန္ဒူကမ်းခြေအနီး၌ ကမ်းတင်ရန်စီစဉ်ထားခဲ့စဉ် အာရက္ခ ကမ်းခြေစောင့်တပ်မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့၊ နံနက် (၆) နာရီခွဲခန့်အချိန်တွင်တွေ့ရှိ၍ အဆိုပါ ကမ်းတင်ဘုတ်တွင်ပါလာသော ဟာမာအူလာစ်နှင့် ရေလုပ်သားငါးဖမ်းသမား (၁၆) ယောက်စလုံးကို ကယ်တင်နိုင်ခဲ့ပါသည်။ မိမိတို့ ကယ်တင်ထားစဉ်တွင်လည်း ပင်လယ်ဓားပြများ၏ ရိုက်နှက်မှုများကြောင့် ဒဏ်ရာရလာသူများကို ဆေးကုသမှုပေးထားပြီး ကောင်းမွန်စွာ စောင့်ရှောက်ပေးထားခဲ့ပါသည်။

ထို့နောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်သွယ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်၊ ညနေ (၆) နာရီ (၁၅) မိနစ်အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Shaporir ဆိပ်ကမ်း၌ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များထံသို့ ကောင်းမွန်စွာပြန်လည်အပ်နှံပေးခဲ့ပြီးဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 5 months ago