Ministry of Hotels and Tourism

Description
ဝန်ဆောင်မှုအဓိက
ခရီးသွားများ၊ ခရီးသွားလုပ်ငန်းများမှသည် ပြည်သူ့ဆီသို့
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 9 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 2 years ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 2 years, 1 month ago

1 year, 7 months ago

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုး အနည်းငယ် ရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

1 year, 7 months ago
Ministry of Hotels and Tourism
1 year, 7 months ago
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် …

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်

1 year, 10 months ago

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)တွင် ကျင်းပသည့် (၉/၂၀၂၄)ကြိမ်မြောက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးသို့ တက်ရောက်

1 year, 10 months ago

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တန်ဆောင်တိုင်ပိတ်ရက်ကာလ၌ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်ခဲ့

1 year, 10 months ago

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားကစားပြိုင်ပွဲများ

2 years, 1 month ago

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် အာဆီယံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအကြား ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်မှု အပြန်အလှန်မျှဝေ ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် ဒြပ်ရှိ ဒြပ်မဲ့ယဉ်ကျေးမှုဆိုင်ရာအရင်းအမြစ်များနှင့် သဘာဝအရင်းအမြစ်များဖြစ်သည့် တောတောင်၊ ရေမြေနှင့်ကမ်းခြေများကို အခြေခံပေါင်းစပ်၍ ခရီးသွားလုပ်ငန်းဖော်ဆောင်ခြင်းဖြင့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကို အပြန်အလှန်ဆက်သွယ်နိုင်မှုကို ခိုင်မာစေနိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မတူကွဲပြားသော ခရီးသွားလုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများဖြင့် ယဉ်ကျေးမှုနှင့် အမွေအနှစ်ဆိုင်ရာ ခရီးသွားလုပ်ငန်းများကို အဓိကထားဆောင်ရွက်နေပါကြောင်း၊ လူအချင်းချင်း ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်ခြင်းဖြင့် ချစ်ကြည်နားလည်မှုများ ပိုမိုတိုးတက်လာခြင်းနှင့်အတူ ထိတွေ့ ဆက်ဆံခဲ့သည့်နေရာဒေသ၏ စစ်မှန်သောယဉ်ကျေးမှု အခြေအနေမှန်များကို ပိုမိုပြသနိုင်မည် ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ခရီးစဉ်ဒေသ အခြေအနေမှန်များကို ပိုမိုသိရှိနိုင်စေရေး တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုခရီးစဉ်အား ၂၀၂၄ ခုနှစ်၊ မေလအတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပုဂံအပါအဝင် မြန်မာနိုင်ငံ၏ အဓိကခရီးစဉ် ဒေသများသို့ ပို့ဆောင်ပေးခဲ့ပါကြောင်း၊ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံမှ လူငယ်လူရွယ်များ အချင်းချင်းယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်ခြင်း အစီအစဉ်များ ထည့်သွင်းဆောင်ရွက်ခြင်းဖြင့် လူငယ်များအချင်းချင်း နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ၎င်းတို့၏ အနာဂတ်အခွင့်အလမ်းဖွံ့ဖြိုး တိုးတက်မှုများကို တိုးမြှင့်နိုင်မည်ဖြစ်ပါကြောင်း၊ ဒေသတွင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ် များ၏အခန်းကဏ္ဍများသည် များစွာအရေးပါပါကြောင်း၊ သို့ဖြစ်ပါ၍ အာဆီယံ-တရုတ်စင်တာနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ယခုကဲ့သို့အစီအစဉ်များကို ဆက်လက်ကျင်းပ ပြုလုပ်စေလိုပါကြောင်းနှင့် အာဆီယံနှင့်တရုတ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် လူငယ်ဖွံ့ဖြိုးတိုးတက် မှုများတွင် ခရီးသွားကဏ္ဍမှ ကြားခံအဖြစ် ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ဆွေးနွေးပြော ကြားခဲ့သည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံ၏ သံရုံးများမှ စီးပွားရေးဆိုင်ရာ အရာရှိများ၊ သံမှူးများမှ မိမိတို့၏နိုင်ငံများအလိုက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခြေ အနေများကို ပါဝင်ဆွေးနွေးခဲ့ရာတွင် မြန်မာသံရုံး၊ ပေကျင်းမြို့ရှိ စီးပွားရေးသံမှူး ဒေါ်သင်းသင်းအောင်မှ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့်ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများ၊ မြန်မာနိုင်ငံမှဖိတ်ခေါ် လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေ သည့်အခြေအနေများနှင့် မြန်မာနိုင်ငံမှ ထင်ရှားသည့်လည်ပတ်နိုင်သောနေရာများ၊ ခရီးသွား ဧည့်သည်များအတွက် ဗီဇာကင်းလွတ်ခွင့်ပြုမှုအခြေအနေများ၊ ခရီးသွားကဏ္ဍ၌ ပြည်ပရင်းနှီးမြှုပ်မှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရာ၌ ရရှိနိုင်မည့် ကင်းလွတ်ခွင့်၊ သက်သာခွင့်၊ မြေနှင့် အခြေခံအဆောက်အအုံဆိုင်ရာအကျိုးခံစားခွင့်များကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ မေးမြန်းမှုများကို ပြန်လည်ဆွေးနွေးခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသများအား တရုတ်ခရီးသွား ဧည့်သည်များ ပိုမိုသိရှိစေရေးနှင့် စျေးကွက်မြှင့်တင်ကြော်ငြာရေးကို အထောက်အကူပြုစေရေး အတွက် တရုတ်နိုင်ငံတွင် ဗွီဒီယိုများလွှင့်တင်ကြော်ငြာသော ဝက်(ဘ်)ဆိုဒ် မီဒီယာပလက်ဖောင်း တစ်ခုဖြစ်သည့် ဘီလီဘီလီ (bilibili) မှ ကိုယ်စားလှယ်နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးဗွီဒီယိုများကို ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်လိုသည်များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။
ဆက်လက်၍ ညပိုင်းတွင် အာဆီယံ-တရုတ်ရက်သတ္တပတ်အထိမ်းအမှတ်ဖြစ် တေးဂီတဖျော်ဖြေပွဲကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက် ရောက်အားပေးခဲ့သည်။
အာဆီယံ-တရုတ်ရက်သတ္တပတ်အစီအစဉ်နှင့် ပူးတွဲကျင်းပပြုလုပ်သည့် အာဆီယံ-တရုတ် ယဉ်ကျေး မှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာပြခန်းများတွင် မြန်မာနိုင်ငံမှ အထင်ကရခရီးစဉ်ဒေသများနှင့် ယဉ်ကျေးမှုအနုပညာများ၊ ယွန်းထည်ပစ္စည်းများနှင့် တရုတ်ဘာသာဖြင့် ရေးသားထားသော ခရီးသွား လုပ်ငန်းမြှင့်တင်ရေး လက်ကမ်းစာစောင်များကို ပါဝင်ပြသခဲ့ကြောင်း သိရှိရသည်။
#myanmar #myanmartravel #traveldaily #tourismdaily #MyanmarBeEnchanted #VisitMyanmar

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 9 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 2 years ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 2 years, 1 month ago