ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)တွင် ကျင်းပသည့် (၉/၂၀၂၄)ကြိမ်မြောက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးသို့ တက်ရောက်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တန်ဆောင်တိုင်ပိတ်ရက်ကာလ၌ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်ခဲ့
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားကစားပြိုင်ပွဲများ
နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် အာဆီယံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအကြား ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်မှု အပြန်အလှန်မျှဝေ ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် ဒြပ်ရှိ ဒြပ်မဲ့ယဉ်ကျေးမှုဆိုင်ရာအရင်းအမြစ်များနှင့် သဘာဝအရင်းအမြစ်များဖြစ်သည့် တောတောင်၊ ရေမြေနှင့်ကမ်းခြေများကို အခြေခံပေါင်းစပ်၍ ခရီးသွားလုပ်ငန်းဖော်ဆောင်ခြင်းဖြင့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကို အပြန်အလှန်ဆက်သွယ်နိုင်မှုကို ခိုင်မာစေနိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မတူကွဲပြားသော ခရီးသွားလုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများဖြင့် ယဉ်ကျေးမှုနှင့် အမွေအနှစ်ဆိုင်ရာ ခရီးသွားလုပ်ငန်းများကို အဓိကထားဆောင်ရွက်နေပါကြောင်း၊ လူအချင်းချင်း ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်ခြင်းဖြင့် ချစ်ကြည်နားလည်မှုများ ပိုမိုတိုးတက်လာခြင်းနှင့်အတူ ထိတွေ့ ဆက်ဆံခဲ့သည့်နေရာဒေသ၏ စစ်မှန်သောယဉ်ကျေးမှု အခြေအနေမှန်များကို ပိုမိုပြသနိုင်မည် ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ခရီးစဉ်ဒေသ အခြေအနေမှန်များကို ပိုမိုသိရှိနိုင်စေရေး တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုခရီးစဉ်အား ၂၀၂၄ ခုနှစ်၊ မေလအတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပုဂံအပါအဝင် မြန်မာနိုင်ငံ၏ အဓိကခရီးစဉ် ဒေသများသို့ ပို့ဆောင်ပေးခဲ့ပါကြောင်း၊ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံမှ လူငယ်လူရွယ်များ အချင်းချင်းယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်ခြင်း အစီအစဉ်များ ထည့်သွင်းဆောင်ရွက်ခြင်းဖြင့် လူငယ်များအချင်းချင်း နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ၎င်းတို့၏ အနာဂတ်အခွင့်အလမ်းဖွံ့ဖြိုး တိုးတက်မှုများကို တိုးမြှင့်နိုင်မည်ဖြစ်ပါကြောင်း၊ ဒေသတွင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ် များ၏အခန်းကဏ္ဍများသည် များစွာအရေးပါပါကြောင်း၊ သို့ဖြစ်ပါ၍ အာဆီယံ-တရုတ်စင်တာနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ယခုကဲ့သို့အစီအစဉ်များကို ဆက်လက်ကျင်းပ ပြုလုပ်စေလိုပါကြောင်းနှင့် အာဆီယံနှင့်တရုတ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် လူငယ်ဖွံ့ဖြိုးတိုးတက် မှုများတွင် ခရီးသွားကဏ္ဍမှ ကြားခံအဖြစ် ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ဆွေးနွေးပြော ကြားခဲ့သည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံ၏ သံရုံးများမှ စီးပွားရေးဆိုင်ရာ အရာရှိများ၊ သံမှူးများမှ မိမိတို့၏နိုင်ငံများအလိုက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခြေ အနေများကို ပါဝင်ဆွေးနွေးခဲ့ရာတွင် မြန်မာသံရုံး၊ ပေကျင်းမြို့ရှိ စီးပွားရေးသံမှူး ဒေါ်သင်းသင်းအောင်မှ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့်ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများ၊ မြန်မာနိုင်ငံမှဖိတ်ခေါ် လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေ သည့်အခြေအနေများနှင့် မြန်မာနိုင်ငံမှ ထင်ရှားသည့်လည်ပတ်နိုင်သောနေရာများ၊ ခရီးသွား ဧည့်သည်များအတွက် ဗီဇာကင်းလွတ်ခွင့်ပြုမှုအခြေအနေများ၊ ခရီးသွားကဏ္ဍ၌ ပြည်ပရင်းနှီးမြှုပ်မှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရာ၌ ရရှိနိုင်မည့် ကင်းလွတ်ခွင့်၊ သက်သာခွင့်၊ မြေနှင့် အခြေခံအဆောက်အအုံဆိုင်ရာအကျိုးခံစားခွင့်များကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ မေးမြန်းမှုများကို ပြန်လည်ဆွေးနွေးခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသများအား တရုတ်ခရီးသွား ဧည့်သည်များ ပိုမိုသိရှိစေရေးနှင့် စျေးကွက်မြှင့်တင်ကြော်ငြာရေးကို အထောက်အကူပြုစေရေး အတွက် တရုတ်နိုင်ငံတွင် ဗွီဒီယိုများလွှင့်တင်ကြော်ငြာသော ဝက်(ဘ်)ဆိုဒ် မီဒီယာပလက်ဖောင်း တစ်ခုဖြစ်သည့် ဘီလီဘီလီ (bilibili) မှ ကိုယ်စားလှယ်နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးဗွီဒီယိုများကို ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်လိုသည်များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။
ဆက်လက်၍ ညပိုင်းတွင် အာဆီယံ-တရုတ်ရက်သတ္တပတ်အထိမ်းအမှတ်ဖြစ် တေးဂီတဖျော်ဖြေပွဲကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက် ရောက်အားပေးခဲ့သည်။
အာဆီယံ-တရုတ်ရက်သတ္တပတ်အစီအစဉ်နှင့် ပူးတွဲကျင်းပပြုလုပ်သည့် အာဆီယံ-တရုတ် ယဉ်ကျေး မှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာပြခန်းများတွင် မြန်မာနိုင်ငံမှ အထင်ကရခရီးစဉ်ဒေသများနှင့် ယဉ်ကျေးမှုအနုပညာများ၊ ယွန်းထည်ပစ္စည်းများနှင့် တရုတ်ဘာသာဖြင့် ရေးသားထားသော ခရီးသွား လုပ်ငန်းမြှင့်တင်ရေး လက်ကမ်းစာစောင်များကို ပါဝင်ပြသခဲ့ကြောင်း သိရှိရသည်။
#myanmar #myanmartravel #traveldaily #tourismdaily #MyanmarBeEnchanted #VisitMyanmar
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ပါဝင်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ဒေသတွင်းကြွယ်ဝချမ်းသာမှုများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား တည်ဆောက်ထားခဲ့သည့် ပူးပေါင်း ဆောင်ရွက်မှုများနှင့် အနာဂတ်အလားအလားများ များစွာရှိပါကြောင်း၊ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုခိုင်မာစေခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှုများ အပြန်အလှန် ရရှိနိုင်ပါကြောင်း၊ အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ကိုဗစ်-၁၉ မတိုင်မီ ခရီးသွားလုပ်ငန်းမှ ဒေသတွင်းစီးပွားရေးနှင့် အလုပ်အကိုင်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်နစ်နာခဲ့ရမှုများနှင့် ကပ်ရောဂါမှ ပြန်လည်နိုးထရေးတွင် ကြုံတွေ့ရသည့်အခက်အခဲများအပါအဝင် ဒေသတွင်း ကြံ့ခိုင် သောစိတ်ဓာတ်များနှင့်အတူ တီထွင်ဆန်းသစ်မှုဆိုင်ရာပြုပြင်ပြောင်းလဲမှုများဖြင့် ရရှိနိုင်မည့် အခွင့်အလမ်းများ များစွာရှိပါကြောင်း၊ ထို့ကြောင့် တီထွင်ဆန်းသစ်မှုများသည် ရေရှည်ဖွံ့ဖြိုးတိုးတက် ရေး၏ အခြေခံအုပ်မြစ်များဖြစ်ပြီး ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝများ ပိုမိုတိုးတက်ကောင်းမွန်ရေး၊ ရာသီဥတုပြောင်းလဲမှုမှသည် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်း စဉ်များအထိ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများနှင့် ခရီး သွားလုပ်ငန်းများတွင် နည်းပညာတီထွင်ဖန်တီးမှုများ၊ အစိမ်းရောင်အလေ့အကျင့်ကောင်းများနှင့် စီးပွားရေးမဟာဗျူဟာသစ်များကို အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်မျှဝေခြင်းဖြင့် ဒေသတွင်း စုပေါင်းစွမ်းဆောင်နိုင်စွမ်းများကို တိုးမြှင့်စေနိုင်ပါကြောင်း၊ ထို့အပြင် အာဆီယံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအကြား ပြည်သူအချင်းချင်း ယဉ်ကျေးမှုများနှင့် ဆက်သွယ်သွားလာမှုများ အပြန်အလှန် တိုးမြှင့်ခြင်းဖြင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများအပြင် ပြည်သူများအချင်းချင်း ချစ်ကြည် ရင်းနှီးမှုများနှင့် အပြန်အလှန် နားလည်မှုများ ပိုမိုတိုးတက်လာနိုင်ပါကြောင်း၊ ထိုမှတစ်ဆင့် ဒေသတွင်းခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ပြန်လည်အကျိုးပြုနိုင်မည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံသို့ အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာခရီးသွား ဧည့်သည်ရောက်ရှိမှုအခြေအနေများနှင့် မြန်မာနိုင်ငံမှ တရုတ်သွားခရီးသွားဧည့်သည်များအား ဆိုက်ရောက်ဗီဇာ (၁) နှစ်ခွင့်ပြုထားမှုအခြေအနေများကို ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် အစီအစဉ်ဒုတိယပိုင်းအဖြစ် အာဆီယံ-တရုတ်နိုင်ငံအကြား အရည် အသွေးပြည့်ဝသောထုတ်လုပ်မှုများကို တွန်းအားပေးရေး၊ ဒေသတွင်းကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းပညာနှင့် တီထွင်ဖန်တီးမှုများ တိုးမြှင့်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးအတွက် “အာဆီယံ-တရုတ်သွင်းကုန်ထုတ်ကုန် ဝန်ဆောင်မှု ပလက်ဖောင်း” ဖွင့်လှစ် ခြင်း၊ ကုန်သွယ်မှုမြှင့်တင်ရေးဗွီဒီယိုပြသခြင်း၊ အာဆီယံ-တရုတ်စင်တာ၏ အမှတ်တံဆိပ် လာဘ် ကောင်ဖန်တီးမှုဆုများ ချီးမြှင့်ခြင်းနှင့် အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းအစီအစဉ်များသို့ ပါဝင်တက် ရောက်ခဲ့သည်။
ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်ကိုယ်စားလှယ်များမှ အာဆီယံနှင့် တရုတ် နိုင်ငံအကြား စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ နည်းပညာ၊ ဉာဏ်ရည်တု (Artificial Intelligence)၊ ဒီဂျစ်တယ်စီးပွားရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs)၊ စွမ်းအင်နှင့် ခရီးသွားလုပ်ငန်းများတွင် အရည်အသွေးပြည့်ဝသော ဖွံဖြိုးတိုးတက်မှုများအတွက် ပူးပေါင်းဆောင်ရွက်ရန်များ၊ ပြည်သူများအချင်းချင်း အပြန်အလှန်ဖလှယ်မှုရလဒ်များ မြှင့်တင်ခြင်း များ၊ အာဆီယံ-တရုတ်ဘက်စုံမဟာဗျူဟာကျသောပူးပေါင်းဆောင်ရွက်မှုများဖြင့် ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှု ခိုင်မာစေရေးကိစ္စရပ်များကို သတ်မှတ်ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့သည့်အပေါ် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနည်းတူ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်သီတာအေးမှ ပါဝင်ဆွေးနွေးခဲ့မှုများကို ပြည်ထောင်စုဝန်ကြီးမှ တက်ရောက်အားပေးခဲ့သည်။
အာဆီယံ-တရုတ်ရက်သတ္တပတ်-၂၀၂၄ (ASEAN China Week) ကို အာဆီယံ-တရုတ်ဘက်စုံ မဟာ ဗျူဟာကျသောပူးပေါင်းဆောင်ရွက်မှု-ဆန်းသစ်တီထွင်မှုများဖြင့် ကြွယ်ဝချမ်းသာခြင်းဆီသို့ (ASEAN-China Comprehensive Strategic Partnership: Achieving Prosperity through Innovation) ခေါင်းစဉ်ဖြင့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရှန်းရှီးပြည်နယ်၊ ချန်ကျိမြို့၊ ချန်ကျိဘင်ဟု ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းစင်တာ (Changzhi Binhu Cultural and Tourism Services Center) ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် အာဆီယံ-တရုတ်စင်တာမှ အတွင်းရေးမှူးချုပ် မစ္စတာရှီကျုံးကျွင့်နှင့်တွေ့ဆုံ၍ အာဆီယံ-တရုတ်စင်တာမှ မြန်မာနိုင်ငံ အပါ အဝင် အာဆီယံဒေသတွင်းခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံ-တရုတ်စင်တာမှ ကူညီဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင် ရေးနှင့် တရုတ်ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသအကြောင်းများ ပိုမိုသိရှိရေး အတွက် ခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်ရေးလုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီပေးစေလိုသည့်ကိစ္စ ရပ်များကို ဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရှန်ရှီးပြည်နယ်အစိုးရ ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးပွဲသို့ ဆက်လက်တက်ရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်များ၏ ခရီးသွားလုပ်ငန်းအပါအဝင် ဒေသတွင်းတည်ငြိမ် အေးချမ်းရေး၊ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြား ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ အာဆီယံ-တရုတ်ရက်သတ္တပတ်အစီအစဉ်နှင့် ပူးတွဲ ကျင်းပပြုလုပ်သည့် အာဆီယံ-တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာပြခန်းများ ခင်းကျင်း ပြသနေမှုများကို လိုက်လံကြည့်ရှု့ခဲ့ပြီး ညနေပိုင်းတွင် ရှန်းရှီးပြည်နယ်အစိုးရမှ တည်ခင်းကြိုဆို ဧည့်ခံသော ညစာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် အာဆီယံ-တရုတ်ရက်သတ္တပတ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ တရုတ်ပြည့်သူ့သမ္မတနိုင်ငံ၊ CPC ရှန်းရှီးပြည်နယ်ကော်မတီ ဒုတိယအတွင်း ရေးမှူးနှင့် ရှန်းရှီးပြည်နယ် မြို့တော်ဝန် မစ္စတာကျင်းရှန်းကျွင်း ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံ ဖြစ်သည့် လာအိုနိုင်ငံမှ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Mr. Khanbay Damlath၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးအဆင့်ကိုယ်စားလှယ်ခေါင်းဆောင်များ၊ အာဆီယံ-တရုတ်စင်တာမှ အတွင်းရေးမှူးချုပ် မစ္စတာရှီကျုံးကျွင့်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ အဆင်မြင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးသံမှူးများ၊ ကျောင်းသားလူငယ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သတင်းမီဒီယာများ၊ စုစုပေါင်း (၃၀၀) ဦးကျော် ပါဝင်တက်ရောက် ခဲ့ပါသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago