BphoneMyat Thar🇲🇲

Description
ပြည့်အင်အားသည် ၊ပြည်တွင်းမှာသာရှိသည်✊🇲🇲
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 5 months ago

11 months ago
BphoneMyat Thar🇲🇲
11 months ago
BphoneMyat Thar🇲🇲
11 months ago
BphoneMyat Thar🇲🇲
1 year, 1 month ago

နခခ ၅

AA တွေ ဘန်ကာတွေထဲထိ ထိုးဖောက်ဝင်ရောက်ပါပြီ ။ ဘယ်ဘန်ကာ ဘယ်နားထိ ဆိုတာ မသိရပါဘူး ။ အဆက်အသွယ် ပျက်နေပါတယ် ။ အချိန်များစွာ ဥပေက္ခာပြုထားခြင်းခံရတဲ့ တိုင်းပြည်ရဲ့ သူရဲကောင်း စစ်သည်များဟာ စိုးရိမ်နေကြရပါပြီ ။

တာဝန်ရှိသူများ လိပ်ပြာသန့်နိုင်ကြပါစေ ။ နခခ ၅ သူရဲကောင်းများ ကံကောင်းကြပါစေလို့သာ ဆုတောင်းကြရပါတော့မယ် ။ လိုင်းပေါ်ကနေ လူသိအောင် တမျိုး ၊ တိတ်တဆိတ် သတင်းပေးပို့မှုများနဲ့ တသွယ် ကျနော်တို့ လုပ်နိုင်သမျှ ကူညီပေးခဲ့တာ အဟောသိကံ မဖြစ်ပါစေနဲ့လို့သာ....

ကိုရွှေမျိုးဝင်း

1 year, 1 month ago
BphoneMyat Thar🇲🇲
1 year, 1 month ago

တကယ်လုပ်ရင်

6 - 12 - 2024. နံနက် 5:30 သစ်ရုံကျေးရွာ အတွင်း အခြေပြုနေတဲ့ PDF ၇၀ ခန့်အား တပ်မတော် မှ ၁ + ၂၀ ၊ ဌာနေပြည်သူ့စစ် ၁ + ၇၀ က ရွာရဲ့ တောင်ဖက်ခြမ်းမှ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ် ။

PDF ၂ လောင်း ၂ လက် လက်ဝယ်ရရှိခဲ့ပါတယ် ။ ဆွဲထုတ်သွားသော အလောင်း ၈ လောင်း နဲ့ ဒဏ်ရာရ ၅ ဦးတို့ရှိကြောင်းလည်း ဒေသခံရွာသားများက ပြောကြားပါတယ် ။ မိမိဖက်မှ ထိခိုက်ဒဏ်ရာ မရှိပဲ အောင်မြင်တဲ့ စီးနင်းမှုလို့ သတင်းကောင်းကြားရပါတယ် ။

တကယ်တော့ မြင်းခြံ နွားထိုးကြီး တောင်သာ အစရှိတဲ့ PDF တွေဟာ အင်အား ၅၀၀ ဝန်းကျင်ပဲ ရှိကြတာပါ ။ လက်နက်ဆိုရင် ၂၅၀ မပြည့်ပါဘူး ။ လက်လုပ်သေနတ်တွေပဲ များတာပါ ။

ပြောချင်တာက မြင်းခြံ တောင်သာ နွားထိုးကြီး ၃ မြို့ကို လမ်းကြောင်းပိတ်ထားတာ PDF တော်လို့ မဟုတ်ဖူး ။ ဒေသခံ တပ်တွေက သိပ်ပြီး အလုပ် မလုပ်လို့ဆိုတာပါပဲ ။

ပြည်သူ့စစ်အင်အားတောင့်တင်းတဲ့ မြင်းခြံလိုမြို့တောင် မြို့နားကပ်နေတဲ့ ဖောင်းကားရွာ နတ်ထားရွာတွေထဲထိ လူသစ်စု ဆက်ကြေးကောက် လုပ်နေကြတာ နေ့စဥ်ပဲ ။ တောင်သာဆို ခဏခဏ အသတ်ခံနေရတာ ဘယ်ဆန်းမလဲ ။

ဒီ ၃ မြို့အတွက် စစ်သည် ၁၀၀ နဲ့ သံချပ်ကာ / တပ်ကား ၂ စီး သာ တာဝန်ပေးပါ ။ ဌာနေပြည်သူ့စစ်နဲ့ စစ်ကြောင်း ၃ ကြောင်း ခွဲပြီး ပိတ်ဆို့ရှင်းလင်းရင် အလွန်လွယ်ပါတယ် ။ တကယ်လုပ်ရင် အဲဒီဒေသက ပြည်သူတွေ အေးချမ်းစွာ နေထိုင်လို့ရပါပြီ ။ တကယ်လုပ်ဖို့ပဲ လိုနေတာပါ ။

ကိုရွှေမျိုးဝင်း

1 year, 1 month ago

နောက်ဆုံးမျှော်လင့်ခြင်း မီးတောက်

2002 မှာ ရောမစာချုပ် နဲ့ ပေါက်ဖွားလာတဲ့ ICC ဆိုတဲ့ ကုလရုံးခွဲတခု မွေးဖွားလာတယ် ။ ကုလအဖွဲ့ဝင်နိုင်ငံ ၆၀ ကျော်က ဆန္ဒရှိကြောင်း စုစည်းပြနိုင်ရင် ဖွဲ့နိုင်ဆိုလို့ ဆန္ဒမဲယူပြီး ဖွဲ့ခဲ့ကြတယ် ။ ကန့်ကွက်ထဲက ထင်ရှားတဲ့ တိုင်းပြည်အချို့ကတော့ အမေရိကန် ၊ တရုတ် ၊ အီရတ် ၊ လစ်ဗျား အစရှိတဲ့ နိုင်ငံတွေပါပဲ ။

လုပ်ငန်းစဥ် နဲ့ လုပ်ပိုင်ခွင့်တွေ လေ့လာကြည့်ရင်.....
- ပထမဆုံး တရားစွဲဖို့ လျှောက်ထားတဲ့ အဆင့် ( ယခု မြန်မာနဲ့ ပတ်သက်တဲ့ အဆင့်)

- ICC က လက်ခံရင် နို့တစ်ပို့ပြီး တရားရင်ဆိုင်ဖို့ ဆင့်ခေါ်တဲ့ အဆင့်
( ဒါကလည်း ရောမစာချုပ်ပါ ICC အဖွဲ့ဝင်ဖြစ်နေမှသာ ရမယ် ၊ မြန်မာက ICC အဖွဲ့ဝင် မဟုတ်ဖူး)

- နောက်အရေးကြီးတဲ့ အချက်က တရားခံက တရားရင်မဆိုင်ခဲ့ရင်လည်း သူ့ မျက်ကွယ်မှာ တရားစီရင်ခွင့် မရှိ တဲ့ ??

- အရေးကြီးတာက ICC ရဲ့ အမိန့်ကို မနာသူအား ဖမ်းဆီးရန် တပ်အင်အား မပြောနဲ့ ရဲ တောင်ထည့်မထားတဲ့ အချက်..

- နောက်တဆင့်ကြည့်အုံး လုံခြုံရေးကောင်စီမှာ ကြားနာရမယ် ။

- ကောင်စီဝင်တိုင်းပြည်များမှ အနည်းဆုံး ၁၅ နိုင်ငံက သဘောတူရမယ် ။

- ဗီတိုအာဏာ ရ ၅ မဲ ထဲက ၁ မဲ နဲ့ ကန့်ကွက်ရင် တရားစွဲတဲ့ အချက်တွေပါတဲ့ စက္ကူဟာ အီးကုံးစက္ကူ ဖြစ်သွားပြီ OK နော် ။

ကဲ တရားစွဲတဲ့လူကြည့်အုံး ။ 2021 မှာ ဗြိတိန်ကိုယ်စားပြုအဖြစ် စရောက်လာတဲ့ မူဆလင်ရှေ့နေ ။ သူရောက်လာပြီး
- အာဖဂန်မှာ အမေရိကန်တွေရဲ့ နှိပ်စက်မှုကျူးလွန်တာတွေကို ICC က စုံစမ်းနေတဲ့ အမှုတွေ ပိတ်ခဲ့တယ် ။

- CIA က တာလီဘန်တွေကို ညှင်းပန်းနှိပ်စက်နေတဲ့ အမှု ICC က စုံစမ်းနေတာလည်း အမှုပိတ်လိုက်တယ် ။

- သူမရောက်ခင်က အမှုပိတ်ထားပြီး ဖြစ်တဲ့ တာလီဘန်တို့ရဲ့ ရက်စက်မှုတွေကိုတော့ ပြန်လည်အမှုဖွင့်ခဲ့ပြန်တယ် ။

- ပူတင်ကို ဝရမ်းထုတ်ဖို့ လုပ်တာလည်း အဲဒီ ဗြိတိန်မူဆလင် ပဲ ။ ပူတင်ကတော့ ရှင်းတယ် အဲဒီ ဂြိုလ်ကောင်ကို ပြန်ပြီး ဝရမ်းထုတ်လိုက်တယ် ။

- နောက် နေတန်ရာဟုကို ဝရမ်းထပ်ထုတ်တယ် ။ အမေရိကန်က ဒီလုပ်ရပ်ဟာ ရာဇဝင်ရိုင်းတယ် ဒီတော့ အဲဒီဂြိုလ်ကောင်သာမက သူ့မိသားစုပါ ပြည်ဝင်ခွင့်မပေးပဲ အရေးယူဖို့ ဆုံးဖြတ်တယ် ။

သူကိုယ်တိုင်လည်း ICC အမျိုးသမီး ဝန်ထမ်းတဦးကို ဏှာထလို့ စစ်ဆေးခံရဖူးတယ် ။ အမျိုးသမီးက တရားမစွဲလို့ အခု တရားစွဲဖို့ အစ္စရေး နဲ့ အမေရိကန်က တိုက်တွန်းနေလေရဲ့ ။

အဲဒီ ဏှာဘူးက မျိုးရိုးနဲ့ ပါ ။ သူ့ညီကလည်း အင်္ဂလန်လွှတ်တော်ထဲက အမတ်ဖြစ်ခဲ့ဖူးတယ် ။ 2022 တုန်းက 15 နှစ်သမီးလေး မတော်မရော်လုပ်လို့ ထောင် ၁၈ လ ကျပြီး အမတ်ပြုတ်ဖြစ်သွားတာ မကြာသေးဘူး ။

ကဲဗျာ လေ့လာမိသလောက် ICC ရဲ့ သမိုင်းကြောင်း လုပ်ပိုင်ခွင့် နဲ့ တရားစွဲ ပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးအကျဥ်းပါပဲ ။ ၂၀၀၂ ကနေ ဒီကနေ့ထိ ပြဿနာပေါင်း သောင်းခြောက်ထောင် ရှာခဲ့တဲ့ ICC ပါ ။ ငါ့နိုင်ငံထဲလာရင် ပါးရိုက်လွှတ်မယ်လို့ ဒူတာတေး ပြောခဲ့ဖူးထင်ပါရဲ့ ။

ဒီနေ့ထိ ဘယ်ခေါင်းဆောင်မှ အဖမ်းမခံရသလို ဘဏ္ဍာဖြုံးသက်သက် ဖွဲ့ထားတဲ့ ဟန်ပြ အဖွဲ့တခုပါပဲ ။ ကုလ လုံခြုံရေးကောင်စီက တိုက်ရိုက်စွပ်စွဲပြီး ပြသ်ဒဏ်ပေးဖို့ ကြိုးစားတာတောင် မအောင်မြင်ပဲ သူ့ ရုံးခွဲလေးက ဘာတတ်နိုင်မှာလဲ ဗျ ။

သမ္မတ အမိန့်နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရထားသူကို ရပ်ကွက်ရုံး သွားတိုင်တဲ့ အဆင့်ကိုများ နီပိတ်လေးတွေ ပျော်နေလိုက်တာ မြင်မကောင်းဘူး ။

အေးလေ သူတို့ အတွက်တော့ ဘာပဲပြောပြော ဒီလို အသံလေးတွေ ကြားနေရတာကိုက မျှော်လင့်ခြင်းမီးတောက်လေး မငြိမ်းသေးတာလို့ ယူဆရမှာပေါ့လေ ။

ဒီစာ ခိုးဖတ်ပြီး မျှော်လင့်ခြင်းမီးတောက်လေးငြိမ်းပြီး သက်သေချင်စိတ်ပေါက်သွားလည်း ကောင်းတာပဲ ဆိုပြီး ဆရာသန်းလွင်ထွန်း အပါအဝင် အခြားဆရာတွေဆီက အချက်အလက်တွေ စုပေါင်းပြီး ခြုံငုံ၍ ပြန်လည် ရေးလိုက်တာပါဗျာ ။

ကိုရွှေမျိုးဝင်း

1 year, 1 month ago

ICC ရဲ့ဖမ်းဝရမ်းထုတ်အရေးယူမဲ့ ထုတ်ပြန်ချက်တွေကို
ထုတ်ပြန်ခံရတဲ့နိူင်ငံခေါင်းဆောင်တွေအကုန်လုံးက
?** ဒါပဲဆိုပြီး ပုဆိုးလှန်ပြကြတဲ့အခါ
ICC ရဲ့မရှိတဲ့သိက္ခာတွေသာ
မြောင်းပုပ်ထဲရောက်သွားတာ
သိမြင်လိုက်ရတယ်

ဒါကိူ.ICC ကိုတမ်းတ ဖင်ယက်ချင်နေကြတဲ့ ငနီတစ်သိုက်က
ပထွေးခေါ် အထင်ကြီး
ပြီးချီးတွင်းထဲကျတဲ့ လောက်တွေလို
အူမြူးပြနေကြတယ်....

BMT??**

1 year, 1 month ago

**ဗခမကမင်းအောင်လှိုင်ကို ဖမ်းဆီးအရေးယူနိုင်ဖို့ ICC မှာ လုပ်ပိုင်ခွင့်မရှိဘူးလို့ တရုတ်အစိုးရဘက်က ပြော

နိုဝင်ဘာ ၂၈ ၊ ၂၀၂၄

နစကခေါင်းဆောင်ကို နိုင်ငံတာရာဇဝတ်မှုခုံရုံး (ICC) က ဖမ်းဝရမ်းထုတ်နိုင်ဖို့ ကြိုးစားနေတာနဲ့ပတ်သက်ပြီး ICC မှာ တရားစီရင်ပိုင်ခွင့်မရှိဘူးလို့ တရုတ်နိုင်ငံခြားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ဒီနေ့ တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှာ ပြုလုပ်တဲ့  ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

“မြန်မာနိုင်ငံနဲ့  ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့  တရုတ်နိုင်ငံဟာ ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို နီးနီးကပ်ကပ်စောင့်ကြည့် လိုက်နာဆောင်ရွက်နေပါတယ်။ ဥပဒေအရဆိုရင် ICC တရားရုံးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ခွင့်ပြုချက်မရဘဲ နိုင်ငံတစ်နိုင်ကဖြစ်ဖြစ် အဲ့ဒီနိုင်ငံက အစိုးရခေါင်းဆောင်ကဖြစ်ဖြစ်  ကျူးလွန်တဲ့လုပ်ရပ်တွေကို တရားစီရင်ပိုင်ခွင့် မရှိပါဘူး“

ရခိုင်ပြည်နယ်အရေးဟာ ရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းတွေ၊ လူမျိုးရေးနဲ့ ဘာသာရေး နောက်ခံတွေရှိနေတဲ့အတွက် ဘက်ပေါင်းစုံက ချဉ်းကပ်ပြီး သတိရှိရှိ ဖြေရှင်းဖို့လိုတဲ့အကြောင်း  AFP သတင်းဌာနက မေးတာကို ပြန်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

Rome Statute စာချုပ်မှာ လက်မှတ်ထိုးမထားတဲ့နိုင်ငံတွေမှာ ICC ရဲ့ လုပ်ပိုင်ခွင့်မရှိတဲ့အချက်ကိုလည်း  သူက ထောက်ပြထားပါတယ်။ Rome Statute စာချူပ်မှာ လက်မှတ်မထိုးထားတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ ပါဝင်ပါတယ်။

ဗခမကမင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) မှာ ရုံးတင်စစ်ဆေးနိုင်ရေးအတွက် ဖမ်းဝရမ်းထုတ်ဖို့ အမှုလိုက်ရှေ့နေ Mr. Karim Khan က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့က ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရိုဟင်ဂျာ တစ်သန်းနီးပါးကို အကြမ်းဖက်သတ်ဖြတ်မှု၊ မုဒိမ်းမှုအပါအဝင် လူမျိုးသုန်းသတ်ဖြတ်မှုနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို အတင်း အဓမ္မ ထွက်ပြေးအောင် လုပ်ဆောင်ခဲ့မှုမှာ အဓိကတာဝန်ရှိခဲ့သူဖြစ်တယ်ဆိုတယ့် စွတ်စွဲချက်နဲ့ ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။**

1 year, 1 month ago
BphoneMyat Thar🇲🇲
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 5 months ago