Yuri Korean Language School❣

Description
Let's study korean together!✨❤️

Since 31/8/2023????

Founder - Tr.Yuri?‍??‍?
We recommend to visit

Season 1
Season 2

Last updated hace 1 año, 8 meses

Шофиркон туманига оид энг сўнгги ишончли янгиликларни бизда кузатинг!

Реклама учун: @bukharalik

Last updated hace 12 meses

?️ ONLINE KIMYO MAKTABI ?️

??️01.03.2021

? : Zohid Komiljonov (@zkomiljonov98)

Adminlar?✍️
? Admin: @studentchem3
? Admin: @Xoliqulov_Ilhom1
? Admin: @Dr_Najmiddinovich
? Admin: @Umed_Rashidov

Last updated hace 1 año, 8 meses

hace 1 año, 9 meses
hace 1 año, 9 meses
hace 1 año, 9 meses

안녕? 여러분 မင်မင်ကတော့ admin အသစ်လေးပါနော်~~~
မင်မင်နာမည်ကတော့ Danyi လို့ခေါ်ပါတယ်ရှင့် မင်မင်ကအပတ်စ‌ဥ် Friday တိုင်းယောရောဘွန်းတို့နဲ့ဟန်းဂု grammar လေးတွေကိုတင်ပေးပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်ရှင့်~~

ဒီအပတ်မှာမင်မင်က grammar လေးတွေကိုမရှင်းပြခင်မှာ
မင်မင်ကဟန်ဂု grammar လေးတွေကိုမှတ်မိလွယ်မယ့်နည်းလမ်းလေးကို အရင်ဆုံး sharing လုပ်ပေးခြင်ပါတယ်ရှင့်

ယောရောဘွန်းတို့ဟန်ဂု grammar ကိုတစ်ခုသင်ပြီဆိုရင် ဒီတိုင်းဘဲပြန်ကြည့်တတ်ကြတာလား ဒီလိုဆိုရင်  ယောရောဘွန်းတို့မှားပါတယ်နော်

ယောရောဘွန်းတို့ သိထားတဲ့မီးနင်လေးတွေနဲ့ grammar လေးတွေကိုပေါင်းပြီး ဝါကျလေးတွေ တည်ဆောက်သင့်ပါတယ်နော် ဒီလိုဆိုရင်ယောရောဘွန်းတို့က မီးနင်းကော grammar တွေပါလွယ်လွယ်မမေ့ဘဲ မှတ်မိနေမှာပါရှင့်~~~
    ဒီအပတ်မှာမင်မင်ကဟန်ဂုကိုအခုမှလေ့လာမယ်ယောရောဘွန်းတို့ကော လေ့လာနေပြီမေ့မေ့လွယ်တဲ့ယောရောဘွန်းတို့အတွက် မှတ်မိလွယ်တဲ့နည်းလမ်းလေးနဲ့အရင်ဆုံး sharing လုပ်ပေးလိုက်ပါတယ်ရှင့်

နောက်အပတ် Friday ကြရင် မင်မင်ကယောရောဘွန်းတို့အတွက်လွယ်ကူတဲ့ grammar တွေနဲ့အတူဟန်ဂုကိုသင်ပြီးအားတတ်စေမယ့် moti grammer စာကြောင်းလေးတွေကိုအတူတူလေ့လာသွားကြပါမယ်ရှင့် 안녕~~~

#Danyi
#Grammar

hace 1 año, 11 meses
hace 1 año, 11 meses

Vocabulary pronunciation recording ❤️

hace 1 año, 11 meses

Attention please❗️ YKLS ကနေပြီးတော့ 100% free class တစ်ခုကို ယူဆောင်လာပါပြီ ? ဒီတစ်ခါမှာတော့ Korean Language Class မဟုတ်ပဲ English Language (speaking focus) Class ပဲဖြစ်ပါတယ်။ ဒီအတန်းကိုတော့ Yuri Language School က တီချယ်တစ်ယောက်ဖြစ်တဲ့ Tr.Zelda က သင်ကြာ…

hace 2 años, 1 mes

မင်္ဂလာပါဗျ၊ ကျနော်ကတော့ knowledge sharing လုပ်ပေးတဲ့ Admin Renပါဗျ။ ဒီအပတ်ပြောပြပေးမယ့်အကြောင်းကတော့Global Korea Scholarship အကြောင်းပဲဖြစ်ပါတယ်ဗျ။
-----------------------------------------------
ဒီနေ့တော့ မြန်မာကျောင်းသား အများစု စိတ်၀င်တစား မေးကြတဲ့ ကိုရီးယားအစိုးရပညာသင်ဆု အကြောင်းကို မျှ‌‌‌‌ဝေပေးသွားပါမယ်
တောင်ကိုရီးယား အစိုးရက နိုင်ငံတကာက ကျောင်းသားတွေအတွက် တစ်နှစ်ကို Undergraduate အတွက် တစ်ကြိမ်၊ Graduate အတွက် တစ်ကြိမ် ရာနှုန်းပြည့် ပညာသင်ဆု ပေးလေ့ရှိပါတယ်
တကယ်တော့ ဒီပညာသင်ဆုက မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာက ကျောင်းသားတွေကြားမှာ တော်တော်လေး ရေပန်းစားပါတယ်... နိုင်ငံတကာက ကျောင်းသားတွေ Information ဖလှယ်ဖို့အတွက် ဖွဲ့ထားတဲ့ facebook group တွေတောင် ရှိပါတယ် KGSP လို့ရိုက်ပြီးရှာရင် တွေ့နိုင်ပါတယ်

အပိုင်း (၁)မှာတော့ Graduate အတွက် ဦးတည်ပြီး ပြောပေးသွားမှာ ဖြစ်ပါတယ်... ???
Graduate အတွက်ကတော့ ၉လပိုင်းမှာ ဖွင့်မယ့် Fall semester မှာ တက်ရောက်ဖို့အတွက် ခေါ်ယူတာဖြစ်ပြီး ပုံမှန် ဖေဖော်ဝါရီလမှာ ကြေညာပါတယ်
အဲဒီအတွက် ၂လပိုင်းမှာ လျှောက်လွှာတင် Final result ကို ၆လပိုင်းလောက်မှာ သိရပြီး ၉လပိုင်းမှာ ကျောင်းသွားတက်ခွင့်ရမှာပါ... ???
တောင်ကိုရီးယားနိုင်ငံရဲ့ ပညာရေးစနစ်က ကမ္ဘာ့အကောင်းဆုံးထဲမှာ ပါတဲ့အပြင် အခုပေးတဲ့ ပညာသင်ဆုကတော့ တောင်ကိုရီးယားရဲ့ အကောင်းဆုံး ထိပ်တန်းကျောင်းတွေမှာပါ တက်ရောက်ဖို့ ထောက်ပံ့ပေးတဲ့အတွက် ကျောင်းသားတွေ အရမ်းစိတ်ဝင်စားသလို ပြိုင်ဆိုင်မှုလည်း ပြင်းထန်လို့ လွယ်လွယ်နဲ့ မရနိုင်ပါဘူး...
Graduate program အတွက် ပညာသင်ကာလ ၂ နှစ်ဖြစ်ပြီး ကိုရီးယားစကား မတတ်တဲ့ လူတွေအတွက်တော့ Language program ၁ နှစ်ကို အရင်ဆုံး တက်ရောက်ရမှာ ဖြစ်ပါတယ်
အဲဒီပညာသင်စရိတ် အားလုံးကို ထောက်ပံ့ပေးသွားမှာဖြစ်လို့ အကုန် Free တက်ရမှာပါ... ???
ဒါ့အပြင် တခြားခံစားခွင့်တွေလည်း ရှိပါတယ်
၁။ အသွားအပြန် လေယာဥ်လက်မှတ်ခ (ပထမဆုံး အသွားတစ်ခေါက်နဲ့ ဘွဲ့ရပြီးလို့ ကိုယ့်နိုင်ကိုယ် ပြန်တဲ့အခါ ပေးတာပါ)
၂။ ကိုရီးယားရောက်ရောက်ချင်း နေရာချဖို့အတွက် ပြင်ဆင်စရိတ် (ဝမ် ၂သိန်း) ရောက်ရောက်ချင်း တစ်ကြိမ်ပဲ ရမှာပါ
၃။ လစဥ်နေထိုင်စားသောက်စရိတ် (တစ်လ ၀မ် ၁၀သိန်း )
၄။ Research allowance (ဘာသာရပ်အပေါ် မူတည်ပြီး စာသင်နှစ်တစ်ခု (၄လ) အတွက် ဝမ် ၂သိန်းကျော် ပေးပါတယ်
၅။ ကျန်းမာရေးအာမခံအတွက် တစ်လ ဝမ် ၂သောင်း
၆။ ကိုရီးယားဘာသာစကား TOPIK Level 5 or 6 (Valid) ရှိတဲ့ ကျောင်းသားတွေကို တစ်လ ဝမ် ၁သိန်း ထပ်ပေးပါတယ်
၇။ ဒါတွေအပြင် စာတမ်းပြုစုတဲ့အခါ စာရွက်စာတမ်း Print ထုတ်တဲ့ ကုန်ကျစရိတ်ကိုလည်း ဘာသာရပ်အပေါ် မူတည်ပြီး အများဆုံး ဝမ် ၅သိန်းကနေ ၈သိန်းကြား ပေးပါတယ်
ကိုရီးယားမှာ ပိုက်ဆံအတွက် မပူပန်ရဘဲ ပညာကောင်းကောင်း သင်နိုင်မယ့် မဟာအခွင့်အရေးကြီး ဖြစ်နေလို့လည်း အခုလို လျှောက်တဲ့လူ များတာပါ
--------------------------------------------------

Part-2
---------------------------------------------------
Q: Graduate Program အတွက် ဘယ်သူတွေ လျှောက်လို့ရသလဲ...???
အဓိက လိုအပ်တာကတော့ -
လျှောက်ထားသူအပါအဝင် မိဘ ၂ပါးစလုံး မြန်မာနိုင်ငံသား (ကိုရီးယားနိုင်ငံသားကဒ် ကိုင်ဆောင်သူ မဟုတ်သော နိုင်ငံခြားသား) ဖြစ်ရပါမယ်
အသက် ၄၀အောက် ဖြစ်ရပါမယ်
(ဒါပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ (ODA list) က ကျောင်းဆရာ၊ဆရာမတွေကတော့ အသက်၄၅နှစ်ထိ လျှောက်ခွင့်ရှိပါတယ် မြန်မာနိုင်ငံ ပါပါတယ်)
Doctoral program လျှောက်မယ့်လူတွေက အနိမ့်ဆုံး Master's degree ရပြီးသားသူ ဖြစ်ရမယ် / Master's program လျှောက်မယ့်လူတွေက အနိမ့်ဆုံး Bachelor's degree ရထားပြီးသူ ဖြစ်ရပါမယ်
CGPA 80% အနည်းဆုံး ရထားသူ ဖြစ်ရပါမယ် တချို့ကျောင်းတွေက point နဲ့ပေးတာတွေ ရှိပါတယ် အဲဒါတွေအတွက်ကတော့ အနည်းဆုံး
2.64 on 4.0 Scale
2.80 on 4.3 Scale
2.91 on 4.5 Scale
3.23 on 5.0 Scale စသည်ဖြင့် ရှိရပါမယ် အောက်မှာ GPA Convert table ကို တွဲပေးထားလို့ လေ့လာနိုင်ပါတယ်
ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရပါမယ်?
အပေါ်က အချက်တွေကတော့ အဓိက မဖြစ်မနေ ကိုက်ညီရမယ့် အချက်တွေပါ ကျန်တာတွေကတော့ ပါရင် ပိုကောင်းတဲ့အရာတွေပေါ့ ... ဥပမာ IELTS, TOPIK, အလုပ်အတွေ့အကြုံ , မိမိလျှောက်မယ့် မေဂျာနဲ့ သက်ဆိုင်တဲ့ ဆုတံဆိပ်နဲ့ တခြား Certificate တွေ ရှိထားရင် ပိုကောင်းတာပေါ့..။
ဒီလောက်ဆို ကိုယ်က လျှောက်လို့ရတဲ့သူ ဟုတ် မဟုတ်ဆိုတာ သိလောက်ပါပြီဗျ နောက်အပတ်ကြရင် လျှောက်ဖို့ ဘယ်လိုပြင်ဆင်ရမလဲ တင်ပေးပါမယ်နော်။
#ren
#knowledge
#crd

hace 2 años, 1 mes
hace 2 años, 1 mes

ဒီ‌အပါတ်ရဲ့ သဒ္ဒါလေးက

Noun + 이/ 가 아니다.( Noun မဟုတ်ပါဘူး )

ဒီသဒ္ဒါ လေးကို Noun တွေရဲ့ အနောက်မှာ ကပ်လိုက်ပြီးတော့ ( Noun မဟုတ်ပါဘူး ) လို့ အဓိပ္ပာယ်ရပါတယ်။

ကိုယ်သုံးမယ့် Noun ဟာ အသတ်ပါနေရင် ~이 아니다 / အသတ်မပါရင် ~가 아니다 လေး သုံးပေးရပါမယ်။

ဒီမှာ တစ်ချက်သိထားရမှာက "아니다" ဆိုတဲ့ verb လေးဟာ 먹다 တို့ 자다 တို့ 쓰다 တို့ အစရှိတဲ့ verb တွေလိုပဲမို့ Hana တို့ သုံးတဲ့အခါမှာ "다"‌ လေးကို ဖြုတ်၊ "ㅂ니다/ 습니다" လေး ပေါင်းပေးရမှာ ဖြစ်ပါတယ်။ အဲ့လိုဆိုရင် "아니다" က အသတ်မပါတာ ဖြစ်တဲ့အတွက် သုံးတဲ့အခါ "아닙니다" ဆိုပြီး ဖြစ်သွားပါမယ်။

ဒါဆို ပိုရှင်း‌သွားအောင် 보기 လေးတွေနဲ့ လေ့လာကြည့်ရအောင်။

보기 :

  1. 의사가 아닙니다. - ( ဆရာဝန် မဟုတ်ပါဘူး။ )

~ ဒီမှာ "의사" ဆရာဝန် ဆိုတဲ့ နာမ်ဟာ အသတ်မပါတာဖြစ်လို့ "~가 아니다" သုံးပေးရပါတယ်။

  1. 선생님이 아닙니다. - ( ဆရာ/မ မဟုတ်ပါဘူး။ )

~ ဒီမှာ "선생님" ဆရာ/မဆိုတဲ့ နာမ်ဟာ အသတ်ပါတာဖြစ်လို့ "~이 아니다" သုံးပေးရပါတယ်။

  1. 제 친구는 한국 사람이 아닙니다.
    ( ကျွန်တော့် သူငယ်ချင်းကတော့ ကိုရီးယားလူမျိုး မဟုတ်ပါဘူး။ )

4.제임스 씨는 가수가 아닙니다.
(James က အဆိုတော် မဟုတ်ပါဘူး။ )

ဒါဆို ဒီ ( Noun + 이/가 아니다 ) Grammar လေးကို အချုပ်အားဖြင့် ပြန်ပြောပြရရင်

  • အဓိပ္ပာယ် > ( Noun မဟုတ်ပါဘူး )

  • Noun မှာ အသတ်ပါရင် ~이 아니다
    Noun မှာ အသတ်မပါရင် ~가 아니다

*Noun မဟုတ်ကြောင်း ငြင်းဆိုမယ့်အခါ ငြင်းဆိုမယ့် Noun ရဲ့ အနောက်မှာ 이/가 လေး ထည့်ဖို့ မမေ့ပါနဲ့နော် ယောရောဘွန်း။

// ဒါဆိုရင်တော့ ဒီ ( Noun + 이/가 아니다 ) သဒ္ဒါလေးကို ရကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။ အကယ်၍ မရှင်းတာ၊ နားမလည်တာမျိုးရှိရင် မေးမြန်းနိုင်ပါတယ်ရှင့်။

ဒီသဒ္ဒါလေးကို သုံးပြီး ကိုယ်ပိုင် ဝါကျလေးတွေလည်း တည်ဆောက်ကြည့်ကြပါ ယောရောဘွန်း။

နောက်အပါတ် သောကြာနေ့ကျမှ ပြန်‌ဆုံရအောင်။ 안녕 여러분 ? //

#Hana
#Korean_Grammar

hace 2 años, 1 mes

တီချယ် မပြောတော့ဘူး လုပ်ထားပေမယ့်လေ ထပ်ပြောရအုံးမယ်။ တီချယ် ပထမအကြိမ် warning ပေးထားပြီးပြီနော်။

အရင်ပထမအကောင့်နဲ့ ဝင် join တုန်းက တီချယ့်ဟာတွေ ကူးချတယ်ဆိုပြီး တီချယ် channel ကနေ ban လိုက်တယ်။ ‌မနေ့တုန်းကကြ နောက်ထပ်သူ့ရဲ့အကောင့်တစ်ခုနဲ့ တီချယ့်ချန်နယ်ကို ထပ်ဝင်လာတယ်။ တီချယ်ကတော့ သူမှန်းသိတာပေါ့။ အရင်ကိစ္စနဲ့ပတ်သက်ပြီးတော့ မှတ်လောက်ပြီ၊ ပြီးတော့ ကိုယ့်ရပ်ကွက်ထဲက ကလေးပဲမို့ ဒီတိုင်းထားလိုက်တယ်။ ဒါပေမယ့် ဒီနေ့မနက် တီချယ့်ချန်နယ်က Admin အကို Haruki က ကိုရီးယားနိုင်ငံရဲ့ တည်နေရာနဲ့ မြို့ကြီးတွေအကြောင်း တင်ပေးသွားတယ်။ အဲ့ဒါကို နောက်တစ်နာရီလောက်နေတော့ အဲ့ညီမက ဟိုဘက်မှာ ဂျပန်နိုင်ငံရဲ့ တည်နေရာနဲ့ မြို့ကြီးများအကြောင်းဆိုပြီး တင်တယ်။ ကွာတာက ဘာကွာလဲဆို ကိုရီးယားနဲ့ ဂျပန်ဆိုတဲ့ နေရာလေးပဲကွာတယ်။ ကျန်တဲ့ဟာ အကုန်တူနေတယ်။

တီချယ့်ချန်နယ်က တခြား ကလေးတွေစဉ်းစားကြည့်။ ဂျပန်စာ N5 level နဲ့ သူများတွေကို ဂျပန်စာပြန်သင်တာတဲ့။ တီချယ် ကိုရီးယားစာ ပြန်သင်ပေးတယ်ဆိုတာ Teaching experience about 1 year ရှိတယ်။ ကိုရီးယားစာ Yonsei level 3 ရှိတယ်နော်။ Yonsei ဆိုတာ ကိုရီးယားစာမှာ တကယ်ခက်တဲ့သင်ရိုးတစ်ခုနော်။ သူ့ရဲ့ ဂျပန်စာ N5 ဆိုတာ ချယ်တို့ကိုရီးယားနဲ့ ယှဉ်ကြည့်မယ်ဆို sejong level 1 လောက် အဆင့်ပဲရှိပါတယ်။

လုံးဝ ပုံသေကူးချမရတော့ ကိုးကားပြီး ကူးချနေတာ လုံးဝမကောင်းဘူးနော် ညီမလေးရေ။ တီချယ်ပြောမယ် ကိုယ်တကယ်မတတ်ရင် ကိုယ့်မှာ own idea ကောင်းကောင်းမရှိရင် channel မထောင်နဲ့။ Admin ဝင်မလုပ်နဲ့။ အရင်တစ်ခါ ပုံသေကူးချတယ်။ အခုတစ်ခါ ကိုးကားကူးချတယ်။ သူများဟာ ကူးချနေသ၍တော့ ဘဝမှာ ဘယ်တော့မှ အောင်မြင်လာမှာ မဟုတ်ပါဘူး။

ဒီလိုပြောတာ တီချယ် ပွဲရှာတာမဟုတ်ဖူးနော်။ ဒီထဲမှာ သူ့အသိတွေရှိရင်လည်း သူ့ကို သွားပြောပြလိုက်ကြပါအုံး။ တီချယ်က သူ့ကို ban ထားပြီးပြီ။ သူ့မိဘတွေကိုလည်း တကယ်အားနာပါတယ်။ အပြင်မှာတော့ တကယ် ရိုးရိုးအေးအေးလေးဖြစ်ပြီး လိုင်းပေါ်ကြမှ ဘာလို့ သူ ဒီလိုပုံစံဖြစ်နေလည်း စဉ်းလဲမစဉ်းစားတတ်တော့ပါဘူး။

ဒါ နောက်ဆုံးအကြိမ်ပဲ ဖြစ်ပါစေလို့ပြောချင်ပါတယ်။ ချယ်လည်း ချယ် အပင်ပန်းခံ ကြိုးစားတည်ဆောက်ထားရတဲ့ channel လေးတစ်ခုမလို့ပါ။ တခြားကလေးတွေလည်း နားလည်ပေးကြပါလို့ ပြောရင်း.......
Tr.Yuri

#유리
#Owner

We recommend to visit

Season 1
Season 2

Last updated hace 1 año, 8 meses

Шофиркон туманига оид энг сўнгги ишончли янгиликларни бизда кузатинг!

Реклама учун: @bukharalik

Last updated hace 12 meses

?️ ONLINE KIMYO MAKTABI ?️

??️01.03.2021

? : Zohid Komiljonov (@zkomiljonov98)

Adminlar?✍️
? Admin: @studentchem3
? Admin: @Xoliqulov_Ilhom1
? Admin: @Dr_Najmiddinovich
? Admin: @Umed_Rashidov

Last updated hace 1 año, 8 meses