Myanmar Environmental Education Team

Description
Love Nature, Love Our World !
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 days, 23 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 months, 1 week ago

2 months ago

🇲ဇွန် (၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day 2024) ကိုဂုဏ်ပြုသောအားဖြင့် EHS Myanmar မှ "Sustainability 101" Virtual Bootcamp ကိုပြုလုပ်သွားမှာဖြစ်ပါတယ်။

♻ဇွန်လ (၆) ရက်နေ့မှ (၉) ရက်နေ့အထိဖြစ်ပြီး Group Project Presentation ကို ဇွန်လ (၁၄) ရက်နေ့ ဖြစ်ပြီး အချိန်ကတော့ ညနေ ၆း၃၀ မှ ၈း၀၀ အထိဖြစ်ပါတယ်။

🌐ဒီ Bootcamp ရဲ့ Day 4 အဖြစ် ဇွန်လ (၆) ရက်နေ့မှာ သင်ကြားပေးမယ့် Trainer နဲ့မိတ်ဆက်ပေးချင်ပါတယ်။

🎓ဆရာမ ဒေါ်စုလှိုင်တင့် ဖြစ်ပါတယ်။

🎓ဆရာမက "ဆေးဘက်စွန့်ပစ်အန္တရာယ် ဇီဝရှုထောင့်မှတို့ကာကွယ်" ခေါင်းစဉ်ဖြင့်သင်ကြား ပြသသွားမှာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ရဲ့ Theme နှင့်အညီ Sustainable Waste Management အတွက်ဦးတည်သည့် Biomedical Waste များကိုစီမံခန့်ခွဲမှု နှင့် Bio Risk Management အခြေခံ များစသည်တို့ကိုသင်ကြားသွားမှာဖြစ်ပါတယ်။

✒ဆရာမရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ အနေဖြင့် -
- ရန်ကုန်နည်းပညာတက္ကသိုလ်မှ ၂၀၀၅ ခုနှစ်တွင် ဇီဝနည်းပညာဘာသာရပ်ဆိုင်ရာ သိပ္ပံဘွဲ့ကို ရရှိခဲ့ပြီး မန္တလေးနည်းပညာတက္ကသိုလ်မှ ၂၀၀၈ ခုနှစ်တွင် မော်လီကျူးဆိုင်ရာဇီဝနည်းပညာ (Molecular Biotechnology) အထူးပြုဘာသာရပ်ဖြင့် မဟာသိပ္ပံဘွဲ့ကို ရရှိခဲ့ပါသည်။
- ၂၀၀၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဂျာမနီနိုင်ငံရှိ သုတေသနဓာတ်ခွဲခန်းများ၌ Research assistant အဖြစ်လည်းကောင်း၊Technical assistant အဖြစ်လည်းကောင်း သုတေသနများ လုပ်ဆောင်ခဲ့ပါသည်။
ထို့နောက် ၂၀၁၅ ခုနှစ် မှ ၂၀၁၉ ခုနှစ်အထိ မြန်မာနိုင်ငံရှိ INGO အဖွဲ့အစည်းများ၌ Senior Laboratory Technical Officer နှင့် Country Project Manager အနေဖြင့် ဆောင်ရွက်ခဲ့ပါသည်။
- ၂၀၂၁ ခုနှစ်တွင် “ဓာတ်ခွဲခန်းများဆိုင်ရာ အရည်အသွေးစီမံခန့်ခွဲမှုစနစ်နှင့် ဓာတ်ခွဲခန်းဘေးကင်းလုံခြုံရေး” စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပြီး
- ၂၀၂၂ ခုနှစ်တွင် “ဇီဝအန္တရာယ်ကျရောက်နိုင်ခြေများအား စီမံခန့်ခွဲခြင်း” စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါသည်။
- ၂၀၂၂ ခုနှစ် မှ ယခုလက်ရှိအချိန်အထိ Future Lab Consultancy Service ၏ CEO & Founder အနေဖြင့် ကျန်းမာရေးဆိုင်ရာ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းများ၏ အရည်အသွေးစီမံခန့်ခွဲမှုစနစ်တည်ဆောက်ခြင်း လုပ်ငန်းစဉ်များအတွက် သင်တန်းများပို့ချပေးခြင်း၊ အကြံပေးခြင်းများ။
- ဇီဝအန္တရာယ်ကျရောက်နိုင်ခြေများအားစီမံခန့်ခွဲခြင်း စာအုပ်၊ ၂၀၂၂ ခုနှစ် အမျိုးသားစာပေဆုရှင် သုတပဒေသာ (အသုံးချသိပ္ပံ)

📣Bootcamp ကို ဘယ်သူတွေ လျှောက်ထားလို့ရသလဲ။
- အသက် (၁၆) နှစ် နဲ့ အသက် (၂၁)နှင့်အောက် ဖြစ်ရပါမယ်။
- အနည်းဆုံးအထက်တန်းပညာအဆင့်ရှိရပါမယ်။
- ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် မကွေးတိုင်းမှ ဒေသခံလူငယ်တွေ ကိုဉီးစားပေးလက်ခံသွားပါမယ်။
- Bootcamp ပြီးသွားလျှင် ကိုယ့်ဒေသအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာတက်စွမ်းသမျှ ပါဝင်ပါမယ်လို့ ကတိပြုနိုင်သူဖြစ်ရပါမယ်။

ဒီလေးချက်နဲ့ကိုက်ညီရင်တော့ အခုပဲ လျှောက်ထားလို့ရပါပြီ။

♦Bootcamp ကို ဘယ်လို register လုပ်ရမလဲ။
ဒီ Google Form မှာ သေချာဖြည့်ရပါမယ် - https://docs.google.com/forms/d/e/1FAIpQLScSGpDPoeHyJUifpeCFpNZiH-GrfkBHT8fdJ5S6hadu-KZ_6A/viewform?usp=sf_link

‼လူအရေအတွက်ကန့်သတ်ထားတဲ့အတွက် ဇွန်လ (၃) ရက်နေ့အမှီ စာရင်းသွင်းဖို့မမေ့ပါနဲ့နော်။

♦Bootcamp အသေးစိတ်ကိုဒီမှာဖတ်ရှုပါ။ https://www.facebook.com/ehsmyanmar/posts/858750329628114
-------------------------------------------------------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar

#EHSMyanmar #worldenvironmentday #sustainability101 #bootcamp #myanmar #GenerationRestoration

https://www.facebook.com/share/VHsYA4zzfPsgruWM/?mibextid=oFDknk

Google Docs

Bootcamp Registration

The very first, EHS Myanmar's 'Sustainability 101' virtual bootcamp, registered with UNEP for World Environment Day 2024, aims for youths age between 16 and 21. Time: 18:30 - 20:00 Date: June 6 - 9 and 14, 2024 Venue: ZOOM Web Conferencing Seats are limited…

🇲ဇွန် (၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day 2024) ကိုဂုဏ်ပြုသောအားဖြင့် EHS Myanmar မှ "Sustainability 101" Virtual Bootcamp ကိုပြုလုပ်သွားမှာဖြစ်ပါတယ်။
2 months ago
Myanmar Environmental Education Team
2 months ago
Myanmar Environmental Education Team
2 months, 1 week ago

ကမ္ဘာကြီးအေးမြ

.
.

သစ်ပင်စိုက်စို့ ညီထွေးရယ်
အရိပ်ရပါတယ်၊
အသီးစားမယ်ဆိုပါတော့
ချို ချဉ်စုံလှပေါ့။

တောင်ကုန်းမော့မော့ မြေပြောင်ပြောင်
မိုးမရွာဘဲခေါင်၊
မိုးခေါင်တဲ့အခါ နေရှိန်ပြင်း
သောက်ရေသုံးရေကင်း။

လယ်ယာမြေခင်းခြောက်ကာလေ
ပတ်ကြားအက်လို့နေ၊
တောကောင်လေးတွေသေကြေကြ
အိုးအိမ်မဲ့နေရ။

စိုက်ကြပျိုးကြသစ်ပင်တွေ
နေရာအနှံ့လေ၊
မြေဆီလွှာကို ထိန်းသိမ်းမှ
ကမ္ဘာကြီးက အေးလို့ မြ။ ။
.
.

မောင်ငြိမ်းအေး

2 months, 1 week ago

ပင်များသည် အခြား သက်ရှိများကဲ့သို့ အသက်
ရှူရှိုက်ခြင်း ပြုကြသည်။ အပင်များ အသက်ရှူရှိုက်
သည့်အခါ အရွက်များသည် ညအချိန်အခါ၌
အောက်စီဂျင်ကိုရှူသွင်း၍၊ကာဗွန်ဒိုင်အောက်ဆိုက်
ကိုရှူထုတ်သည်။ ထိုဓါတ်များ ရှူသွင်းရှူထုတ်ခြင်းကို အရွက်များ အောက်ဘက်ရှိ သေးငယ်သောအပေါက် ကလေးများဖြင့် ပြုလုပ်ကြသည်။ အရွက်များ တစ်ခါတစ်ရံ ဆောင်ရွက်သည့် လုပ်ငန်းတစ်ခုမှာ အစာကို သိုလှောင်ထားခြင်းပင် ဖြစ်သည်။

အရွက်များသည် နေရောင်ခြည်ကိုလည်း ကာ
ကွယ်ပေးကြ၍ လေထဲရှိ ရေခိုးရေငွေ့များ ထုတ်
လွှတ်ခြင်းဖြင့် အပူရှိန်ကို လျှော့စေသည်။

အမြစ်များမှ တင်ပို့သော ရေကို ရိက္ခာ လုပ်ငန်းအတွက် လိုအပ်သမျှယူ၍ ပိုလျှံသမျှကို ရေငွေ့အဖြစ် ထုတ်လွှတ်သည်။ ထို့အပြင် နေ့အချိန် သစ်ရွက်များ အစာချက်သည့်အခါ လေထဲမှ ကာဗွန်ဒိုင်ဓါတ်ငွေ့ကိုယူ၍ အောက်စီဂျင်ဓါတ်ကို ပြန်ထုတ်သဖြင့် လေကိုလည်း သန့်ရှင်းသွားစေသည်။

ထို့ကြောင့် နေပူသော နေ့တစ်နေ့တွင် အရိပ်ကောင်းသော သစ်ပင်ကြီးအောက်သို့ ရောက်မိလျှင် အေးမြသော အရိပ်အာဝါသကို ခိုလှုံကြရ၍ သန့်ရှင်း လတ်ဆတ်သည့် လေကို ရှူရှိုက်ကြရလေသည်။ ယင်းသို့ဖြင့် နေအိမ်အနီးအနား၌ သစ်ပင်ကြီးများရှိလျှင်လေကောင်းလေသန့်ကို ရရှိနိုင်လေသည်။ ကမ္ဘာပေါ်ရှိ မည်သည့်စက်ရုံကြီးမျှ ညိမ်သက်စွာ အစာချက်လုပ်နေသော သစ်ရွက်စက်ရုံနှင့် နှိုင်းယှဥ်ခြင်းငှာ မစွမ်းသာချေ။

သစ်ပင်၏ သစ်မြစ်များသည် မိုး ၊ ရေ ၊ လေ ၊ရေ စီးကြောင်းတို့ကြောင့် မြေလွှာများကိုတိုက်စားခြင်း မှ ကာကွယ်ထိန်းသိမ်းပေးသည်။ သစ်ရွက်ဆွေးများသည် မြေသြဇာဖြစ်လာသည်၊

မြေပေါ် ၌ ထူထပ်စွာ ကြွေကျနေသော အရွက်များ၊ အမြစ်များသည် မိုးရေကို မြစ်ချောင်းများအတွင်း လျှင်မြန်စွာ လျှောကျ စီးဆင်းသွားခြင်း မပြုနိုင်လေအောင် စုပ်ယူထိန်းသိမ်းထားသည်။ သစ်ပင်များရှိနေသဖြင့် မြစ်ချောင်းများတွင် ရေစီးရေလာမှန်သည်။

ထို့အပြင် သစ်ပင်များသည် လေကိုကာကွယ်ပေးသည့်အပြင် ယုတ်စွအဆုံး လမ်းဘေး၌ သစ်ပင်များရှိနေလျှင် နေအိမ်များကို ဖုန်တက် သက်သာလေသည်။

သစ်ပင်များသည် အေးမြသော အရိပ် အာဝါသ
ကိုပေးသည်။ ယင်းတို့ရှိသော် အနီးအနား ပတ်ဝန်း
ကျင် စိမ်းလန်းစိုပြည်၍ သာယာအေးချမ်းကာ အပူရှိန်လည်း သက်သာသည်။ လေလည်းသန့်ရှင်းသည်။ ပတ်ဝန်းကျင်ကိုသာယာ ချမ်းမြေ့မှုပေးနိုင်သော သစ်ပင်သည် လူတို့၏စိတ်သဘာဝကိုလည်း ပြုပြင်ပေးနိုင်သည်။ ထို့ကြောင့်ကမ္ဘာ့ နိုင်ငံကြီးများတွင် သစ်ပင်စိုက် အသင်းများကို တည်ထောင် ထားကြလေသည်။

လူ့လောကအား သစ်ပင်တို့က ကျေးဇူးပြုမှုများ
မှာ ဤမျှမဟုတ်သေးချေ။ လူတို့၏အစားအစာ၊ အဝတ်အစား၊ နေအိမ်အဆောက်အအုံ ၊ အသုံးအဆောင် ပစ္စည်းများနှင့် ထင်းမီးသွေးစသော လူနေမှုအတွက် လိုအပ်သည့် ပစ္စည်းများစွာတို့ကို သစ်ပင်များမှ ထုတ်လုပ်ရရှိသည်။

နေ့စဥ်နေ့တိုင်း လူတို့စားသောက် သုံးဆောင်နေသော အရာဝတ္ထု ပစ္စည်းများစွာတို့သည် သစ်ပင်နှင့် မကင်းကြပေ။ စားသောက် သုံးဆောင်ရန်
အတွက်လည်းကောင်း ဘယဆေးဝါး ပစ္စည်းအဖြစ် လည်းကောင်း သစ်ပင်အမျိုးပေါင်းများစွာတို့၏ အဖူး ၊ အပွင့်၊ အသီး၊ အရွက်တို့ကိုသာမက ရန်ဖန်ရန်ခါ အခေါက်အမြစ်များကိုပင် အသုံးချရသည်။

သစ်ခေါက်သည် ဆိုးဆေးများအတွက် အရေးပါ အသုံးဝင်သည်။ သစ်စေးသစ်ဆီများကိုလည်း လူ့အသုံးအဆောင်ပစ္စည်းများလုပ်ကိုင်ရာ၌ အသုံးပြုကြသည်။

သစ်ပင်မှ ထုတ်လုပ်ရရှိသည့် ပစ္စည်းများအနက် စက္ကူသည် အရေးပါသော လူ့သုံး ပစ္စည်းတစ်ရပ်ဖြစ်သည်။ စက္ကူကို မှော်ပင် ကောက်ရိုးစသည်တို့ဖြစ် ပြုလုပ်နိုင်သော်လည်း စက္ကူအကောင်းစာကို သစ်သားပျော့ဖတ်များဖြင့်သာလုပ်ကိုင် ရရှိနိုင်လေသည်။

ထို့ပြင်ဓါတ်ပစ္စည်းများဖြင့်ရောနှောကာ ပစ္စည်း
အသုံးအဆောင်များစွာကို ပြုလုပ် နိုင်သေးသည် ။
သစ်သားတွင် ပါဝင်သော သကြားဓါတ်ကို ထုတ်၍
အယ်လ်ကိုဟော အရက်ပျံပြုလုပ်ကြသည်။ သစ်
သားမှထုတ်ယူရရှိသော ဆဲလျူလို့သည် ပလပ်စ
တစ်လုပ်ငန်းတွင် အရေးပါသော ဝတ္ထုပစ္စည်း တစ်
ရပ်ဖြစ်လေသည်။

သစ်ပင်တစ်ပင်သည် နှစ်ကာလ အတန်ကြာမြင့်မှ
သာလျှင် အပင်ကြီးအဖြစ်သို့ ရောက်ရှိနိုင်သည်။ သို့သော် သစ်ပင်များကို တိုတောင်းလှသော အချိန်အတွင်း တမဟုတ်ခြင်း ပျက်စီးအောင် ပြုလုပ်နိုင် သူတို့သည် လူသားများဖြစ်သည်။

လူတို့သည် သစ်ပင်များ၏ အကြီးဆုံး ရန်သူများဖြစ်ကြသည်။ တောမီးရှို့ခြင်း၊ သစ်ပင်များကို အရမ်းမဲ့ ခုတ်လှဲခြင်းတို့ကြောင့် အချို့သစ်ပင်များ မျိုးပြုန်းခဲ့ရသည်။

အချို့သစ်ပင်ကြီများပင် ဤနည်းဖြင့် ပြုန်းတီးခဲ့ရ
သည်။ သစ်ပင်များ သေကြေပျက်စီးသော အခြား
ရန်သူများမှာ သစ်ဖောက်ပိုးများ၊ မှိုများနှင့်အပင်
ရောဂါများ ဖြစ်ကြလေသည်။

2 months, 1 week ago

ထို့ကြောင့် အပင်သက် မည်မျှရှိကြောင်းကို ထိုအရစ်များကို ရေတွက်ကြည့်ခြင်းဖြင့် သိနိုင်သည်။ မိုးကောင်းသည့် နှစ်များတွင် အသက်ရစ်သည်
ထူထဲ၍ ရာသီဥတု ဖောက်ပြန်သည့် နှစ်များ
တွင် အသက်ရစ်သည် သေးသိမ်တတ်လေ
သည်။

Cambium တိုးပါးလွှာ၏ အရေးပါသော အခြား လုပ်ငန်းတစ်ရပ်မှာ အရွက်များက အစာချက်လုပ်သော ရိက္ခာတို့ကို သစ်ပင်၏အစိတ်ပိုင်း အရပ်ရပ်သို့ ပို့ဆောင်ပေးခြင်း ဖြစ်လေသည်။

သစ်သားဟုခေါ်သော ပင်စည်အတွင်းသားကို အကာသားနှင့် အနှစ်သားဟူ၍ နှစ်မျိုး ပိုင်းခြားနိုင်သည်။ အကာသားဟုခေါ်သော အပြင်ပိုင်းသည် အရောင်ဖျော့၍ အသားပွသည်။ အနှစ်သားဟု ခေါ်သော အတွင်းပိုင်းသည် အရောင်ရင့်၍ အသား မာကျောသည်။ အနှစ်သားသည် အကာသားထက် အဖိုးတန်သော သစ်သားဖြစ်လေသည်။ အနှစ်သားသည်ကား တစ်ချိန်က သစ်ပျော့
အကာသားပင်ဖြစ်ခဲ့သည်။

သစ်သားသည် ကျစ်လစ်သိပ်သည်း၍ ကျစ်
နေသည်ဟု ထင်ရသော်လည်း သစ်သားတွင် အလွန်သေးငယ်သော သာမန်မျက်စိဖြင့် မြင်နိုင်ရန် ခဲယဥ်းသော ပြွန်ချောင်းကလေးများသည် အသက်ရှင်လျှက်ရှိပြီး ယင်းတို့အားဖြင့် အမြစ်မှရေသည် ပင်မနှင့်အကိုင်းအခက်များသို့ ရောက်ရှိသည်။ ရေနှင့်ချက်လုပ်ပြီး အစာ ရိက္ခာအချို့ကို သိုလှောင်ထားသော အပိုင်းကို ရေကြောဟုခေါ်၍ အစာရိက္ခာ သယ်ယူပေးသော အပိုင်းကို အစာကြောဟု
ခေါ်သည်။ အကာသားသည် နှစ်ကာလကြာ
မြင့်လာသည့်အခါ အရွက်များနှင့် အဆက်
အသွယ် မရှိတော့ဘဲ မာကျောလာ၍ တဖြည်း
ဖြည်း အနှစ်သားဖြစ်လာသည်။

ပင်စည်သည် နှစ်ဖက်သွားလမ်းရှိသော လမ်း
မကြီးနှင့် ဆင်ဆင်တူသည်။ အမြစ်မှအရည်များ
သစ်သား ပြွန်ချောင်းများအားဖြင့် အထက်သို့
တက်၍ အရွက်မှအစာရိိက္ခာသည် တိုးပွားလွှာ
အားဖြင့် အကာသားနှင့် အခေါက်ကြားမှ အောက်
ပိုင်းသို့ ပြန့်နှံ့သည်။ ထို့ကြောင့် အခေါက်မှနေ၍
အနှစ်သားထိအောင် ပင်စည်ကို တစ်ပတ်ပြည့်
အောင် ရစ်ပတ်ပြီး ခုတ်ထွင်ထားလျှင် သစ်ပင်
သည် ရိက္ခာပြတ်၍ သေတတ်သည်။ မြန်မာနိုင်ငံ
တွင် ခုတ်လှဲရမည့် ကျွန်းပင်များကို သင်းသတ်
သည့်အခါ ထိုနည်းကို အသုံးပြုလေသည်။

အနှစ်သားသည် ပင်ထောင်ရပ်တည်ရန်နှင့်
လေပြင်းမုန်တိုင်းဒဏ်ကို ကြံ့ကြံခံနိုင်ရန် အင်အား
ပေးစွမ်းပေသည်။ ၁၉၀၆ ခုနှစ်တွင် ကလီဖိုးနီယား
ပြည်နယ် စန်အင်ဒရီးယား အရပ်၌ မြေငလျှင်လှုပ်
ရာ သံမဏိနှင့်အုတ်များဖြင့် ဆောက်လုပ်ထားသော အဆောက်အဦး အပေါ်ထပ်များ လမ်းမပေါ်သို့ ပြိုကျ ပြန့်ကြဲသွားသည်။ ခိုင်ခန့်သော နံရံနှင့်အမိုးများ ပြိုကျ ပျက်စီးကုန်သည်။

အချို့သော သစ်ပင်များသည် အမြစ်မှ ပြုတ်ထွက် လဲပြိုကုန်သော်လည်း သန်မာထွားကြိုင်းသည့် သစ်ပင်ကြီးများမှာ တစ်ပင်မျှ ခါးလယ်မှကျိုးပြတ်လဲပြိုခြင်းကိုမူ မတွေ့ရပေ။ အကြောင်းအရာမှာ သစ်ပင်များတွင် ခိုင်မာသန်စွမ်းသော အတွင်းသားသာ ရှိသည်မဟုတ် အံ့သြဖွယ်ရာ ပျော့ပျောင်းညွတ်နိုင်သည့် သတ္တိထူးလည်း ရှိသောကြောင့်ဖြစ်သည်။

အရွက်များသည်လည်း ပုံစံအမျိုးမျိုးဖြင့် အ
ရွယ် အစားစားရှိသည်။ ယင်းတို့သည် သစ်ပင်တစ်
ရှူးများ၊ အသားများဖြစ်ပေါ်၍ အပင်ရှင်သန် ကြီး
ထွားစေရန် ရိက္ခာပြုလုပ်ပေးရသည်။

တနည်းအားဖြင့်ဆိုသော် အရွက်များသည် သစ်ပင်များ၏ရိက္ခာ စက်ရုံ ၊ အလုပ်ရုံဖြစ်ပါသည်။ လူနှင့် တိရစ္ဆာန်နည်းတူ သစ်ပင်များသည် ကာဗိုဟိုင်ဒြိတ် ၊ ပရိုတင်း ၊အဆီအပြားနှင့် ဆီများပါဝင်သော အစာကိုလိုသည်။

ကာဗိုဟိုင်ဒြိတ်သည် ကာဗွန် ၊ ဟိုင်ဒရိုဂျင်နှင့် အောက်စီဂျင်ပါသော ဓါတ်ပေါင်းဖြစ်သည်။ ပရိုတင်းနှင့် နိုက်ထရိုဂျင်ပါသော ဓါတ်ပေါင်းဖြစ်သည်။ အပင်များအတွက် ယင်းတို့လိုအပ်သော အာဟာရ ဓါတ်ပစ္စည်းများကို အစာအဖြစ်သို့ရောက်အောင် အရွက်​များက ချက်လုပ်ပေးကြ ရလေသည်။

အရွက်များသည် ယင်းတို့တွင်ရှိသော ကရိုဖီးခေါ်
အစိမ်းရောင်ဒြပ် ၊ နေရောင်ခြည် ၊ ကာဗွန်ဒီုင်အောက်ဆိုဒ်နှင့် ရေတို့ဖြစ် အစာချက်လုပ်သည်။ သစ်ပင်များတွင် သစ်ရွက်စိမ်းများသည်နေရောင်ခြည် ရရှိနိုင်စေရန် ဘေးသို့ဖြန့်၍ တစ်ရွက်နှင့်တစ်ရွက် ထပ်မနေအောင် အကိုင်းအခက်များမှ အစီအစဥ်နှင့် ထွက်ကြသည်။

ကာဗွန်ဒီုင်အောက်ဆိုက်ဓါတ်ကို သစ်ပင်သည်
လေထဲမှ ရရှိ၍ ရေကို မြေတီလွှာမှ ရရှိလေသည်။ နေရောင်ခြည်ကို အကြောင်းပြုပြီး သစ်ရွက်စိမ်းများတွင် ချက်လုပ်သော အစာသည် သကြားဖြစ်၍ ယင်းသည် ပျော်ဝင်နိုင်သော ကာဗိုဟိုက်ဒြိတ်ဖြစ်သည်။

ချက်လုပ်ပြီးသောသကြားအချို့ကိုအပင်များသည် အသက်ရှူရာ၌ အသုံးပြု၍ အချို့သည် အပင်များ၏ ဆဲလျူလို့အဖြစ် ပြောင်းသွားသည်။ အချို့ကို အပင်အစာဖြစ်သော ကစီအဖြစ် သိုလှောင်ထား၍ အချို့သည် ဆီနှင့် အဆီအဖြစ် ပြောင်းသွားသည်။ အချို့သည် မြေဆီလွှာရှိ ပျော်ဝင်နေသော ဓါတ်ဆားများမှ ရရှိ့သည့် နိုက်ထရိုဂျင် ၊ ဆာလဖာ ၊ ဖော့စပရပ်တို့နှင့်ပေါင်းစပ်ကာ ပရိုတင်းများ ဖြစ်သွားကြသည်။ ယင်းကား အရွက်​များ၏ အစာချက်ပုံ လုပ်ငန်းဖြစ်သည်။

အရွက်များ၏ အခြားလုပ်ငန်း တစ်ခုမှာ လေ
စက်သဖွယ် ဆောင်ရွက်ရခြင်း ဖြစ်သည်။ သစ်

4 months, 1 week ago

(၁၅) Thulium (Tm)။🚧 တောက်ပတဲ့ငွေရောင်သတ္ထုတစ်မျိုးဖြစ်ပြီး လက်ကိုင် X-Ray စက်များ၊ ခွဲစိတ်မှုသုံး Solid State လေဆာများနဲ့ ကြွေထည် ဖန်ထည်ပစ္စည်းအချို့မှာ သုံးပါတယ်။

(၁၆) Ytterbium (Yb)။ 🚧ပျော့ပြောင်းတဲ့ငွေရောင်သတ္ထုတစ်မျိုးဖြစ်ပြီး စက်ရုံသုံးလေဆာများ၊ ကင်ဆာကုထုံးအဏုမြူဆေးများ နဲ့ အချို့ ဖန်ထည်နဲ့ ပုံဆောင်ခဲတွေမှာ သုံးပါတယ်။

(၁၇) Lutetium (Lu)။ 🚧ငွေဖြူရောင်သတ္ထုတစ်မျိုးဖြစ်ပါတယ်။ ကင်ဆာကုထုံးအချို့မှာသုံးသလို ဆေးဘက်ဆိုင်ရာမှာသုံးတဲ့ PET Scanning မှာလည်း သုံးတယ်။ အမျိုးမျိုးသော ဓာတုဓာတ်ပြုမှုတွေအတွက် ဓာတ်ကူပစ္စည်းအဖြစ်လည်း သုံးပါတယ်။

အချုပ်အားဖြင့်ပြောရရင်တော့ ပေါပေမဲ့ ထုတ်လုပ်ဖို့မလွယ်တာ၊ကုန်ကျစရိတ်များလွန်းတာကြောင့် မြေရှားသတ္ထုလို့ ခေါ်တာဖြစ်ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာအနေနဲ့လည်း ဒါတွေကို သန့်စင်ထုတ်လုပ်ဖို့က အဆိပ်အတောက်ရှိတဲ့ဓာတုပစ္စည်းတွေကို သုံးရတာရယ် ရေဒီယိုသတ္တိကြွပစ္စည်းတွေကို သုံးရတာရယ်ကြောင့် ကန့်ကွက်မှုတွေရှိနေပါတယ်။ တရုတ်နိုင်ငံက မြေရှားသတ္ထုထုတ်လုပ်မှုမှာ ထိပ်တန်းက ဦးဆောင်နေပြီး ပထဝီအနေအထားအရ တင်းမာမှုတွေဖြစ်လာနိုင်တဲ့အခြေအနေတွေရှိနေပါတယ်။

သိပ္ပံပညာ၊ အာကာသဆိုင်ရာ ဗဟုသုတတွေကို ဝါသနာပါသူတွေနဲ့ ဆရာဆရာမများအနေနဲ့ ကလေးတွေကို သင်ပြရာမှာ အထောက်အကူပြုစေဖို့ရည်ရွယ်ပြီး ရေးသား တင်ဆက်လိုက်ပါတယ်။

သိပ္ပံနဲ့နည်းပညာဆိုင်ရာဗဟုသုတများကို ဆက်လက် မျှဝေပေးသွားဦးမှာမို့ Page လေးကို Like and Share လုပ်ပေးကြဖို့ မမေ့နဲ့နော်။ ဝါသနာတူသူငယ်ချင်းတွေကိုလည်း Invite လုပ်ပေးကြပါဦး။

ကျန်းမာရွှင်လန်းကြပါစေ။

လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။ ကော်ပီကူးချင်ရင်လည်း ဘာမှ မပြုမပြင်ဘဲ ကော်ပီကူးယူခွင့်ပြုပါတယ်။

Category : #geology #chemistry

#မောင်သိပ္ပံ
https://www.facebook.com/share/p/sUtEinPP9SqHSb8P/?mibextid=oFDknk

Facebook

Log in or sign up to view

See posts, photos and more on Facebook.

4 months, 1 week ago

မြေရှားသတ္ထုများအကြောင်း သိကောင်းစရာ
🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏
​မောင်သိပ္ပံ

မြေရှားသတ္ထုဆိုတာ စကင်ဒီယမ်၊အိုင်ထရီယမ်နှင့် လန်သနိုက် ၁၅ မျိုးပါတဲ့ ကမ္ဘာ့အပေါ်ယံမြေလွှာမှာ တွေ့ရှိရတဲ့ ဒြပ်စင် ၁၇ မျိုးအုပ်စုကို ခေါ်တာဖြစ်ပါတယ်။ ဒီသတ္ထုတွေကို ကမ္ဘာ့အပေါ်ယံမြေလွှာမှာလည်း‌ တွေ့ရှိရတယ်၊ ပေါပေါ်များများလည်း ရှိပါတယ်။ ဒါပေမဲ့ သူ့ကို ဘာလို့ မြေရှားသတ္ထုလို့ ခေါ်တာလဲ❓

သူတို့ကို အစုလိုက်အပြုံလိုက်တွေ့ရှိရလေ့မရှိဘဲ တစ်နေရာမှာ နည်းနည်းစီပဲ တွေ့ရပြီး တစ်နေရာစီပြန့်ကျဲနေတာမို့ ထုတ်လုပ်ဖို့ခက်ခဲတာနဲ့ ထုတ်လုပ်စရိတ်ကြီးမားလှပါတယ်။ ဘူမိဗေဒပညာရပ်ပိုင်းဆိုင်ရာလည်း ရှုပ်ထွေးတယ်။ ပြီးတော့ သူတို့ရဲ့ ဓာတုလက္ခဏာတွေက ဆင်တူနေတာကြောင့် သီးခြားစီခွဲထုတ်ဖို့ ရှုပ်ထွေးတဲ့ ဓာတုဗေဒလုပ်ငန်းတွေကို သုံးရပါတယ်။ ဒါ့ကြောင့် မြေရှားသတ္ထုလို့ခေါ်တာပါ။✅

မြေရှားသတ္ထုတွေက ဘာတွေလဲ..ဘယ်လိုအသုံးဝင်တာလဲ❓

အောက်ပါအတိုင်းဖြစ်ပါတယ်-

(၁) Scandium (Sc)။ 🚧လေထုနဲ့ဓာတ်မပြုနိုင်ပေမဲ့ ရေ၊ အက်ဆစ်တွေနဲ့ ဓာတ်ပြုနိုင်တဲ့ ပျော့ပြောင်းတဲ့ ငွေဖြူရောင် သတ္ထုတစ်မျိုးဖြစ်ပါတယ်။ အာကာသယာဉ်အစိတ်အပိုင်းတွေမှာသုံးတယ်။ Sport Type စက်ဘီးတွေ မှာ ကိုယ်ထည်အဖြစ် သုံးတယ်။ အပူချိန်မြင့်မားတဲ့ဟေလိုဂျင်မီးချောင်းခေါ် Halide Lamp တွေမှာ အသုံးပြုပါတယ်။

(၂) Yttrium (Y)။ 🚧ငွေရောင်သတ္ထုတစ်မျိုးဖြစ်ပြီး ကာလာတီဗီတွေမှာ ရောင်ပြောင်းတောက်ပစ္စည်းအဖြစ်အသုံးပြုကြပါတယ်။ စွမ်းအင်ချွေတာမီးလုံးတွေ၊ ဓာတ်ကူးနှုန်းမြင့်ပစ္စည်းတွေ၊ ဆေးဘက်ဆိုင်ရာအသုံးအဆောင်တွေမှာ အသုံးပြုပါတယ်။

(၃) Lanthanum (La)။ 🚧လေထဲမှာလျင်မြန်စွာဓာတ်ပြုနိုင်တဲ့ ပျော့ပြောင်းတဲ့ငွေရောင်သတ္ထုတစ်မျိုးဖြစ်ပါတယ်။ အားပြန်သွင်းလို့ရတဲ့ဘက်ထရီတွေမှာသုံးတယ်။ ရေနံသန့်စင်ရာမှာ ဓာတ်ကူပစ္စည်းအဖြစ်သုံးတယ်။ မှန်ပြောင်းတွေ၊ ကင်မရာတွေမှာ အလင်းပြန်ပစ္စည်းအဖြစ်သုံးပါတယ်။

(၄)Cerium (Ce)။ 🚧ပျော့ပြောင်း၊ ငွေရောင်ရှိပြီး လေထဲမှာ ဓာတ်တိုးနိုင်တဲ့သတ္ထုတစ်မျိုးဖြစ်ပါတယ်။ မော်တော်ကားတွေရဲ့အိတ်ဇောပိုက်ကျောက်အိုးထဲမှာသုံးတယ်၊ မျက်မှန်တွေ၊ မှန်ဘီလူးတွေအရောင်တင်ရာမှာသုံးတယ်။ Self Cleaning Oven တွေမှာလည်း သုံးတယ်။

(၅) Prseodymium (Pr)။ 🚧သူသည်လည်းပဲ လေထဲမှာ ဓာတ်တိုးနိုင်တဲ့ ငွေရောင်သတ္ထုပါ။ လေအားလျှပ်စစ်တာဘိုင်တွေ၊ လျှပ်စစ်ကားတွေမှာပါတဲ့သံလိုက်တွေမှာသုံးတယ်။ လေယာဉ်အင်ဂျင်တွေမှာလည်း သုံးတယ်။ မီးခြစ်ကျောက်မှာလည်း ပါတယ်။ မီးခြစ်ကျောက်တွေကို အထင်မသေးနဲ့နော် .. မီးခြစ်ကျောက်ထဲမှာ cerium က ၅၀ %၊ Lanthanum က ၂၅% သံက ၂၀% ပါတယ်။ ကျန်တဲ့ ၅ % ကလည်း မဂ္ဂနီစီယမ်၊ neodymium နဲ့ praseodymium တွေ။ မြေရှားသတ္ထုက ခပ်များများရယ်။

(၆) Neodymium (Nd)။ 🚧သူကတော့ လေထဲမှာအရောင်မှိန်လွယ်တယ်။ အဓိကက သံလိုက်အဖြစ်သုံးတာပဲ။ ကွန်ပျူတာ Hard Disk တွေမှာ၊ နားကြပ်တွေမှာ၊ လျှပ်စစ်မော်တာတွေမှာ သုံးတာ။ အခြားစွမ်းအင်မြင့်သံလိုက်တွေမှာလည်း သုံးသေးတယ်။

(၇) Promethium (Pm)။ 🚧ဒီကောင်ကတော့ သဘာဝမှာအတော်လေးရှားပြီး ရေဒီယိုသတ္တိကြွဒြပ်စင်တစ်မျိုးဖြစ်ပါတယ်။ အရောင်ပြောင်းတောက်ဆေးရည်တွေနဲ့ နျူကလီးယားဘက်ထရီအသေးစားတွေမှာ ပါဝါအရင်းအမြစ်အဖြစ် သုံးတယ်။

(၈) Samarium(Sm)။ 🚧အတန်အသင့်မာကျောတဲ့ ငွေရောင်သတ္ထုဖြစ်ပြီး လေထဲမှာ ဖြည်းငြင်းစွာ ဓာတ်တိုးနိုင်တယ်။ နားကြပ်တွေနဲ့ မော်တာသေးသေးလေးတွေမှာ သံလိုက်အဖြစ်သုံးတယ်။ နျူကလီးယားဓာတ်ပေါင်းဖိုတွေနဲ့ အချို့ဖန်အမျိုးအစားတွေမှာလည်း သုံးတယ်။

(၉) Europium (Eu)။ 🚧ဓာတ်ပြုမှုအလယ်အလတ်ရှိတဲ့ ငွေဖြူရောင်သတ္ထုဖြစ်ပါတယ်။ ယခင် ဖန်ပြွန်တီဗီတွေရဲ့ အလင်းထုတ်အလွှာမှာ အနီရောင်ဖော့စဖာအဖြစ်သုံးတယ်။ မီးချောင်းတွေမှာ သုံးတယ်။ လေဆာနဲ့ LED မီးလုံးတွေမှာ ပလတ်စတစ်အဖြစ်သုံးတယ်။

(၁၀) Gadolinium (Gd)။🚧 ငွေဖြူရောင်၊ ပျော့ပြောင်းတဲ့ သတ္ထုဖြစ်ပါတယ်။ MRI Scan စက်တွေ၊ နျူထရွန်ဓာတ်မှန်ရိုက်စက်တွေနဲ့ စီဒီချပ်တွေမှာလည်းသုံးပါတယ်။

(၁၁) Terbium (Tb)။ 🚧ငွေဖြူရောင် သတ္ထုဖြစ်ပြီး ဖန်ပြွန်တီဗီတွေရဲ့ အလင်းထုတ်အလွှာမှာ အစိမ်းရောင်ဖော့စဖာအဖြစ်သုံးတယ်။ မီးချောင်းတွေနဲ့ အချို့သောလေဆာတွေ၊ လောင်စာဆဲလ်တွေမှာ သုံးတယ်။

(၁၂) Dysprosium (Dy)။🚧 ပျော့ပြောင်းတဲ့ ငွေရောင်သတ္ထုတစ်မျိုးပါ။ လေထဲမှာတော့ အလွယ်တကူအရောင်မှိန်သွားနိုင်တယ်။ လေရဟတ်တာဘိုင်တွေ၊ လျှပ်စစ်ကားတွေမှာသုံးတယ်။ နျူကလီးယားဓာတ်ပေါင်းဖို ထိန်းချုပ်ပစ္စည်းတွေမှာလည်း သုံးတယ်။

(၁၃) Holmium (Ho)။ 🚧ပျော့ပြောင်းပြီး ငွေဖြူရောင်ရှိတဲ့ သတ္ထုပါ။ နျူကလီးယားထိန်းချုပ်ချောင်းတွေ၊ လေဆာရောင်ခြည်တွေနဲ့ အချို့မြေရှားသတ္ထုသံလိုက်တွေမှာသုံးတယ်။

(၁၄) Erbium (Er)။ 🚧ငွေဖြူရောင်သတ္ထုတစ်မျိုးဖြစ်ပြီး ဖိုင်ဘာကေဘယ်ကြိုးတွေအတွက် အလင်းအားမြှင့်ကိရိယာတွေမှာသုံးပါတယ်။ ဆေးဘက်ဆိုင်ရာနဲ့ သွားဘက်ဆိုင်ရာလေဆာတွေ၊ အနီအောက်ရောင်ခြည်လေဆာတွေမှာလည်း သုံးပါတယ်။

Facebook

Log in or sign up to view

See posts, photos and more on Facebook.

4 months, 1 week ago

ဦးဟုတ်လင်း၊သစ်​တောညွှန်ကြား​ရေးမှူး(အငြိမ်းစား)​ရေး​သော ပိုစ့်ဖြစ်ပါသည်။

4 months, 2 weeks ago

အခုလာမယ့် မတ်လ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာ နိုင်ငံအနှံ့ မိုးရွာသွန်းနိုင်လေပြင်းတိုက်နိုင်ကြောင်း post တွေတော့ တင်ပေးထားပြီးပါပြီ။
အခုလိုပူပြင်းခြောက်သွေ့ချိန်မှာ ဖြစ်တတ်တဲ့သဘာဝအန္တရာယ်တခုကတော့ Downburst လို့ခေါ်တဲ့ စိုက်ဆင်းလေပြင်းပါဘဲ။ စိုက်ဆင်းလေပြင်း(Downburst)ဆိုတာကို သိထားကြဖို့လိုအပ်တာကြောင့် အခု post မှာ ရှင်းပြထားပါတယ်။

Credit : Win Naing
https://www.facebook.com/share/p/Q8Z9T7o7qCPCvGwe/?mibextid=oFDknk

https://www.mmweather.org/downburst

Facebook

Log in or sign up to view

See posts, photos and more on Facebook.

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 days, 23 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 months, 1 week ago