Unlock a World of Free Content: Books, Music, Videos & More Await!

မောင်ဆူးလှည်း

Description
MaungHsueHlae
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago

1 week, 2 days ago
မောင်ဆူးလှည်း
1 week, 2 days ago
***💙*** ၄ လ ဆက်တိုက်... ၁၅ ကြိမ်မြောက် …

💙 ၄ လ ဆက်တိုက်... ၁၅ ကြိမ်မြောက် ထီပေါက် 💙

😘😘😘😘😘😘

App က မပေါက် ဖုန်းက တနေကုန်မလာ...

Page က သတင်း တင်မရလို့ တိုင်ပတ်...

စိတ်မကြည် ရန်ဖြစ်ရင်း

ထီမပေါက်တော့ဘူး ထင်နေတာ....

ည ၁၁ နာရီ ၅၀ လောက် ဖုန်းဝင်လာ

"အကိုရေ အကို ၁၀၀၀၀ ဆုကို ဇ - ၈ နဲ့ ပေါက်တယ်နော်

ညီလေးဆိုင် ပေါက်တဲ့သူများနေလို့ ဒါပဲနော် ဂွပ်..."

"ထီမပေါက်တော့ဘူး ထင်နေသော မိမိ... မေ ၁ ရက် ကုန်လုနီးမှ ဖုန်းဆက်ခံရ .. ၁၀၀၀၀ ဆုမို့ နောက်ဆုံးသောညအချိန်မှ ဖုန်းဆက် အချေ ခံရ 😭"

သို့ပေမဲ့ မိမိ

ဥစ္စာကံပေးမရသေး နှောင့်နှေးဗျာပါ မရှိရာလို့ နှလုံးသွင်းမိပြီး ပျော်သွား....

ပိုပြီး ပျော်တာက ၂၀၂၃ မှာ ငါးလဆက်တိုက် အောင်ဘာလေအွန်လိုင်းထီ ၆ စောင်နဲ့ စင်ကာပူထီ ၂ စောင်ပေါက်တာကို ၂၀၂၄ မှာ လအစ ဇန်နဝါရီကနေ ဧပြီအထိ (၃ ကြိမ်က အွန်လိုင်း) ၄ လ ဆက်တိုက် ၄ စောင်ပေါက်တာကြောင့်

၂၀၂၃ နဲ့ ၂၀၂၄ ကုသိုလ်အားပြိုင်ပွဲ ပိုရင်ခုန်မိလာ 💙💙💙💙

စုစုပေါင်း ထီ ၁၅ ကြိမ် ပေါက်သော ဒီ သုံးနှစ်ကာလအတွင်း ထီစာရွက်က ၇ ကြိမ်မြောက် (စလုံးထီ ၂ ကြိမ်ပါ) ပြန်ပေါက်...

......

3 weeks, 1 day ago

စစ်ဘေးရှောင်တွေကို လူတွေက ဘာလို့မလှူလဲဆိုတော့

၁။ လက်နက်ကိုင်တွေက စစ်ဘေးရှောင်တွေကို ထိန်းချုပ်ထားလို့။

၂။ ထိန်းချုပ်ထားတဲ့ ဒီလူတွေကိုမှီပြီး လူသားဒိုင်းကာလုပ်၊ ပစ်လို့ထိရင် ကုလသမဂ္ဂတို့ အမေရိကန်တို့ကို ငိုပြပြီး ဇာတ်နာကုန်တာ သိလို့။

၃။ လှူတဲ့သူမရှိရင် ရထားတဲ့ရန်ပုံငွေက သုံးပြီးကျွေး၊ လှူတဲ့သူရှိရင်ကြတော့ အဲဒီရန်ပုံငွေတွေက စစ်တိုက်ဖို့ဖြစ်သွားပြီး နိုင်တာလည်းမဟုတ်(အမေရိကန်၊ တရုတ် အလုံးစုံထောက်ပံ့တဲ့ EAO တွေ မပါ 🙃) သွားတိုက်တော့ ပြည်သူပိုနာတယ်ဆိုတာ သိကုန်လို့။

၄။ ပိုဆိုးတာက မျောက်ပြဆန်တောင်း ချမ်းသာနေတဲ့ အလှူခံထောက်ပို့တွေ ရိုက်သတ်မကုန်ဖြစ်လာလို့။

၅။ လက်ထဲငွေယားလေးများလာရင် ပိုပွားလာအောင်စစ်တိုက်ပြလိုက် အလှူခံခွက်ခေါက်လိုက် ငွေမရှိရင် ငြိမ်သွားလိုက်ဆိုတော့ ဇာတ်မြောကြီး အီလေးဆွဲလာပြီး ဆယ်စုနှစ်ချီသွားတော့မယ်သိလို့။

၆။ Human Shield စစ်ဘေးရှောင်တွေ ငတ်နေလို့ စားဖို့သောက်ဖို့လှူတာက ပါဏာတိပါတာကံထဲမှာ ဝေစုပါပါသွားလို့။

အဲဒါကြောင့် မလှူကြတာများပြီး ကိုယ်လည်း အရင်က လှူပေမဲ့ နောက်ကြတော့ သူများအလှူက ပြန်လှူတာက ဒီလိုတွေ ဖြစ်နေရင် အဆင်မပြေဘူးတွေးမိပြီး မျက်မြင်ဒုက္ခသည်ပဲ Clear ဖြစ်မှ လှူတော့တယ်။

ဒုက္ခရောက်နေတာမှန်ပေမဲ့ ဒုက္ခတွေက မပြီးဘဲ မျောက်ပြဆန်တောင်းပြီး ကူညီတာချည်း ထိုင်တောင်းတနေရင်လည်း အဆင်မပြေဘဲကိုး....။

3 weeks, 2 days ago
မောင်ဆူးလှည်း
3 weeks, 2 days ago
မောင်ဆူးလှည်း
3 weeks, 2 days ago
မောင်ဆူးလှည်း
3 weeks, 5 days ago

လူဝဋ်နာတို့ Feel တက်ချိန်

ဖြိုးဝေ
၁၄. ၄. ၂၀၂၄

🖤🖤🖤🖤

လောကကြီးက ရှုပ်ထွေး နက်နဲတယ်လေ...။

ခံယူချက်မမှန် သာရာစီးလို့

သစ္စာရှိ ဖြောင့်မတ်သူတွေက ဘေးထွက်နေရပြီး

ဖားတတ် ခိုးတတ် စိတ်အလိုသိတတ်သူတွေပဲ

ဦးစားပေးတဲ့ ခေတ်မှာ....။

မှန်ရာ ထ ပြောရင် တိုက်ခိုက်ချေမှုန်းခံရမှုနဲ့

ကန်ထုတ်ခံရမှုပဲ အဖတ်တင်မှာကိုး...။

ဒါကို မြောင်းထဲက Boss နားလည်ချိန်လည်း

မဟာဒုက္ခ တွင်းဆုံးကျနေရင် ကယ်မရဘူးရယ်...။

သူ့ ဝဋ် သူ ဆပ်
လက်ကမ်းလည်း ရွှေပန်းကို ငရဲပန်းအမှတ်နဲ့

ခေါင်းထက်က မစင်ရဟတ်ဘဲ Feel တက်နေမှာ....။

4 weeks, 1 day ago

အမေရိကန်၊ တရုတ် စားခွက်လုမှုနဲ့ ဒစ်လယ်နေတဲ့ မြဝတီ

😕😕😕😕

မြဝတီ ဒစ်လည်နေတာက ဒီလို

ကျားဖြန့်တွေ တရုတ်ကစ်လိုက်တော့ ရှမ်းမြောက်ပြိုတယ်

ဒါပေမဲ့ ကျားဖြန့်တွေက မြဝတီရွှေ့ လည်ပတ်နေတယ်

မြဝတီ ကျားဖြန့်က KNU အပြင် တ​ခြား EAO တွေရော

ဒီမှာ တရုတ်က ထိုင်းကဝင်ဖို့လုပ်ချိန် အဆင်မသင့်တော့ လာအိုဘက်ရွေ့တယ်

အဲဒီမှာ တရုတ်ဝင်ရင် အမေရိကန်ထောက်ပံ့ထားတဲ့ EAO အကုန်ပြိုတော့မယ် PDF ပါ လွင့်မယ်

ဒီတော့ အမေရိကန်က ကုလကို မြန်မာပြည်မှာ ကျားဖြန့်က လူ ၁၂၀၀၀၀ ကျွန်ပြုထားတယ် အသံထုတ်ပြီး သူ့နိုင်ငံသားတွေဆီကလည်း ၂၀၂၃ တင် ဒေါ်လာ ၃ ဘီလျံနီးပါးအလိမ်ခံရတယ် အသံ ထုတ်တယ်

ပြီးတော့ ဘလင်ကန်က ဝမ်ယိတွေ့တယ်။ သာဗီဆင်ကို ဒုက္ခသည်စခန်းထောင်ပြီး လူတစ်သိန်း ကူညီခိုင်းတယ်။ ပြီးတော့ မြဝတီသိမ်းတယ်။

အဲဒီမှာ KNA ဖြစ်လာတဲ့အဖွဲ့ KNU PDF KTLA DKBA ကရင်လက်နက်ကိုင်တွေ အကုန် မြို့အသိမ်းမှာ ယတိပြတ် အဖြေမရတော့ ဒစ်လယ်နေတယ်

အဓိက က အမေရိကန်နဲ့ တရုတ်က ကျားဖြန့်နင်းပြီး မြဝတီက လက်နက်ကိုင် ဩဇာခံတွေကို အမိန့်ပေးတာ မပြတ်တာ အကျိုးစီးပွား ခွဲဝေမှူမပြီးတာက ပြဿနာ။

ဒါတွေ ကိုယ်ကြတော့ ဇာတ်ရှည်လှန်လို့မရလို့ လူပြိန်းနားလည်အောင် သုံးသပ်ချက် ချုံ့ရေးတယ်

အရှည် ရေးဖို့ကလည်း ဒီကာလမယ် မလွယ်ဘူးကိုး

#အတိုဖတ်ချင်ရင်

https://t.me/MT_News_Media/31469

သေချာတာကကွာ မြန်မာပြည်က တရုတ်နဲ့ ပြေလည်ရင် တပ်က အမေရိကန်မွေးထားတဲ့ NUG နဲ့ K3C နဲ့ တိုက်ရမှာ...

ဟော အမေရိကန်နဲ့ ပြေလည်ရင်ကြတော့ တရုတ်မွေးထားတဲ့ မျောက်သုံးလေးငါးကောင်နဲ့ တိုက်ရမှာ...

မြဝတီ ဒစ်လည်နေတာ အဲ့ဒါ တရုတ်နဲ့ အမေရိကန် ပေါင်းချတော့ စစ်ရေးအရ ဘယ်လိုခေါ်လဲ မသိပေမဲ့ ကိုယ့်အမြင်ကြတော့

ကျုးကျော်စစ်ဆင်နွှဲတဲ့ နိုင်ငံကြီးနှစ်ခုက ထိုင်းကို Proxy ခံပြီး ကြားထဲက သူတို့ မွေးထားတဲ့ EAO နဲ့ PDF ကြက်တွေ တပ်နဲ့ ခွပ်ခိုင်းတာ။

ယာလည်းညက် ကြက်လည်းပန်း ပြေလည်မှုလည်းရမှ မြဝတီကြီးက ပြေလည်မှာကွာ.... ညှိမရရင် ဒစ်လယ်နေဦးမှာ...

အဲဒီလို Proxy War တွေ ၊ အမေရိကန် တရုတ် စွက်ဖက်မှုတွေ ၊ သူတို့ငယ်ကျွန် EAO တွေကြားက မြန်မာ့မြေပုံပဲ့မထွက်ရေး တပ် အကျပ်အတည်းတွေက ကိုယ်လည်း သောက်တုံးများတဲ့ ဒီနိုင်ငံကြီးက အကြမ်းဖက်အားပေးပြည်သူတွေ နားလည်အောင် ရှင်းမပြတတ်ဘူး။

ဒီလောက်ရှင်းပြတာတောင် ကိုယ့်အဖို့ အမေရိကန်၊ တရုတ်၊ EAO၊ PDF ၊ ပြီးတော့ အဘတွေက သောက်မြင်ကက်လို့ ငါးဘက်စာ ငြိမှာကွာ...

စိတ်တွေလည်း မပျော်တော့ ငြိလည်း ငြိပေါ့ကွာ....ရေးချင်ရာ ရေးချလိုက်တယ်ကွာ....

Telegram

MT News _ Myanmar Transparency

ဘင်္ဂါလီတွေကို နိုင်ငံတော်အဆင့်တောင်းပန်မယ်ဆိုတဲ့ NUG နဲ့ NUCC အကွဲအပြဲ၊ နေပြည်တော်တိုက်ခိုက်ခံရမှုနဲ့ ထိုင်းနိုင်ငံက အဖြေ ၁၀. ၄. ၂၀၂၄ Written by Phyo Wei "NUCC မှာပါတဲ့ CRPH အဖွဲ့အတွင်းရေးမှူးဒေါ်ဖြူဖြူသင်းနဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ဟာ ပြည်သူ့ဂုဏ်ရည်အဖွဲ့က…

1 month ago

ဘယ်တော့မှ မစားနဲ့ Food Blogger

..........

ဟင်းလည်းချက်တတ် အရသာတွေလည်း ခွဲတတ် အနံ့နဲ့လည်း စားတတ် Food Blogger တွေ ငွေညှစ် ပိုက်ဆံတောင်းတာလည်း မကြိုက်တော့ ကိုယ်လည်း Anti Food Blogger လုပ်မလို့ လေ့ကျင့်နေပြီ

ကိုယ်ကတော့ ဆိုင်နဲ့ Food Blogger ပေါင်းပြီး ခွင်ရိုက်တာ ဖော်ထုတ်မဲ့ဘက်က

နောက်ကြရင် ဘယ်နား ဘယ်နေရာက ဘယ်ဆိုင် မကောင်းဘူးဆိုတာ အနီးစပ်ဆုံး သိဖို့နဲ့

Food Blogger နဲ့ ဆိုင်ပေါင်းပြီး လိမ်တာ ဖော်ထုတ်ဖို့

ပိုက်ဆံ မပေးလို့ Food Blogger ငွေညှစ်တာ ခံရတဲ့ ရိုးသားသူတွေ ကာကွယ်ပေးဖို့

အခမဲ့ Anti Food Blogger  လိုက်လုပ်ဦးမယ် 🤣🤣🤣🤣

1 month ago
MT News သတင်းဌာနရဲ့ ၁၄ ခုမြောက် Page …

MT News သတင်းဌာနရဲ့ ၁၄ ခုမြောက် Page ကို သုံးရက်မပြည့်ခင် Facebook က ဖျက်ချသွားတဲ့အတွက် ဒီ Page က MT News ရဲ့ ၁၅ ခု​မြောက် Page ပါ ခင်ဗျ။

https://www.facebook.com/profile.php?id=61557995285694&mibextid=ZbWKwL

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago