မောင်ဆူးလှည်း

Description
MaungHsueHlae
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

12 months ago
မောင်ဆူးလှည်း
12 months ago
ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရမှုမှာ ဘဏ်လုံခြုံရေးကို အိတ်တင်ပေးလို့ ဝိုင်းပြီး ခွီကြနောက်ကြ …

ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရမှုမှာ ဘဏ်လုံခြုံရေးကို အိတ်တင်ပေးလို့ ဝိုင်းပြီး ခွီကြနောက်ကြ Blame နေကြတာ မြင်ရတယ်။

အခုလောက်ဆို သူလည်း လူတွေ ခွီတာနဲ့တင် ပြုတ်လောက်ပါပြီ။

ဒါပေမဲ့ ဘယ်သူမှ မမှတ်မိတဲ့ဖြစ်စဥ် ပြောပြမယ်။ ဒီမှာ ဖတ်။

https://t.me/MT_News_Media/55396

အဲဒီ KBZ ဘဏ်ကိုပဲ ဇန်နဝါရီ ၁၁ ရက်က တစ်ယောက်တည်း ဓားပြဝင်တိုက်တယ်။ ဘဏ်မန်နေဂျာ၊ လုံခြုံရေးနဲ့ ပြည်သူ ဝိုင်းဖမ်းတော့ ဓားပြမိတယ်။ ဒါပေမဲ့ ဘဏ်မန်နေဂျာ ​ကျည်ထိတယ်။ တိုက်သူက အမရပူရပီဒီအက်ဖ်ဆိုပဲ။

အခု ထပ်ဖြစ်တယ်။ အရင်တစ်ခေါက်လိုပဲ တစ်ယောက်တည်းက တိုက်တာ။ ဒါပေမဲ့ ဘယ်သူမှ မဖမ်းတော့ဘူး။ ဘာဖြစ်လို့လဲ...

ဖြစ်နိုင်ခြေက

၁။ ပထမအကြိမ်မှာ ဖမ်းပေးရ၊ ကျည်ထိကြပြီး ထိုက်သင့်တဲ့ ချီးမြှင့်မှုမရှိတာ။

၂။ လက်ထဲကိုင်ထားတာ ကလေးကစားစရာမဟုတ်သလို တစ်ရုံးလုံးက အနိမ့်ဆုံးဝန်ထမ်းမှာ လက်နက်ကိုင်ထားသူကို တွန်းလှန်ရဲစရာမရှိ။

၃။ ရှေ့တစ်ခေါက်က ဝိုင်းဖမ်းသူတွေကို အမရပူရ ပီဒီအက်ဖ်က ဆိုးဆိုးရွားရွားကို တုံ့ပြန်ခံလိုက်ရတာမျိုး။ အခုထပ်လုပ်မယ်။ စွန့်စားရဲလား မေးခွန်းထုတ်တာမျိုး။

ဒီသုံးမျိုးကြားမှာ လုံခြုံရေးပဲ မဲမနေကြပါနဲ့ဦးလို့...

12 months ago

မနက်နိုးနိုးချင်း ပခုက္ကူက ညီဝမ်းကွဲဆုံးသွားတာ သိလိုက်ရတယ်။ မနက် အရုဏ်မတက်ခင် သွေးအန်ဆုံးတာပေါ့။ ညီတစ်ဝမ်းကွဲဆိုပေမဲ့ ကိုယ်နဲ့ တစ်နှစ်ပဲကွာပြီး အိမ်ချင်းကပ်လျက်ဆိုတော့ ညီအကိုအရင်းလိုဖြစ်နေတာ။

ကိုယ်တို့ငယ်ငယ် လူပျိုပေါက်စ ကိုယ်ကလည်း အရက်သောက်တတ်စ ဆယ်တန်းဖြေပြီးတော့ သူငယ်ချင်းတွေကလည်း နယ်တွေပြန်၊ ကိုယ့်မှာလည်း သောက်ဖော်သောက်ဖက်တွေပျောက်တော့ ဒီကောင်နဲ့ တွဲဘက်ဖြစ်လာရော။

ဒီကောင့်နာမည်က အောင်စိုးတဲ့။ ငယ်ငယ်က အရက်သောက်ဖို့ ပိုက်ဆံမရှိရင် ဧရာဝတီမြစ်ထဲ ဒီကောင်နဲ့ သွားပြီး ပုစွန်ငုပ်ကြတယ်။ ပုစွန်တုပ်နှစ်တုပ်လောက်ရရင် တစ်တုပ်ကို မီးဖုတ်တယ်။ တစ်တုပ်ကို ရောင်းရင် ဘီအီးဆို သုံးလေးလုံးလောက်ရတယ်။ စက်မှုတစ်ကထုတ်တဲ့ မြင်းဖြူရမ် တစ်လုံးကို ၂၅၀ ခေတ်မှာ မြစ်ပုစွန် တစ်တုပ်ရောင်းနိုင်တဲ့နေ့က နှစ်လုံးစာ။ လူမှန်းသူမှန်းမသိအောင် သောက်လို့ရတယ်။ တစ်ခါတလေ ငါးတွေဖမ်း။ ပုရစ်တွေဖမ်း၊ တောထဲသွား အသီးတွေ မီးဖုတ်၊ တီဗီကြည့်၊ ရန်ပွဲတွေနွှဲ၊ အဲဒီလိုနေလာခဲ့တာ။ တွဲဖော်တွဲဘက်ပဲ။

နောက်တော့ ကိုယ်က ဆယ်တန်းအောင်၊ ကွန်ပျူတာတက်၊ ကျောင်းပြီးတော့ ရန်ကုန်ရောက်လာတော့ ဒီကောင်က ငယ်ငယ်လေးကတည်းက ကျောင်းမနေတော့ ပခုက္ကူမှာပဲ သစ်ထမ်း၊ ကုန်ထမ်းလုပ်နေခဲ့တာ။ ဒီကောင့်အလုပ်က ပိုက်ဆံရပေမဲ့ ပင်ပန်းတယ်။ ပင်ပန်းတော့ ပိုသောက်တယ်။ နယ်ဆိုတော့ အရက်ကြမ်းပဲပေါ့။ အခုဆုံးတာကလည်း အရက်ဖြတ်ရင်း သွေးတိုး၊ ဆီးချိုနဲ့ အဖျားဝင်တာကို ဒီမနက် မနေနိုင်လို့ ပြန်သောက်ရင်း သွေးအန်တာကို သွေးခဲက အသက်ရှုလမ်းကြောင်း​ပိတ်ပြီး ဆုံးသွားတာ။

တကယ်လို့သာ ကိုယ်လည်း ဆယ်တန်းမအောင်ခဲ့၊ ဘွဲ့မရခဲ့ရင် ရန်ကုန်တက်လာဖြစ်မှာမဟုတ်သလို အခုလောက်ဆိုလည်း ကိုယ်ဆယ်တန်းတုန်းက သူငယ်ချင်းအကုန်လုံးလို ကိုယ်လည်း အရက်အပေါစားတွေသောက်ပြီး သေနေလောက်ပြီ။

ဘာပဲပြောပြော စိတ်မကောင်းဘူး 😞😞😞😞

1 year, 2 months ago
အကောင့်အသစ်လေးဖွင့်

အကောင့်အသစ်လေးဖွင့်

ချက်ချင်းလော့ခ်ကျ

ID တွေ တောင်း

နောက်ဆုံးတော့ တစ်ကောင့်တော့ရလာပြန်ပါပြီ

ဒီကာလထဲ Page ကလည်း ၂၇ ကြိမ်

အကောင့်တွေကလည်း ၁၅ ကောင့်လောက် အဖျက်ခံရ

ဖုန်းတွေလည်း ခဏခဏဝယ်ရ လဲရနဲ့ တော်တော့ကို ဒုက္ခပေးတဲ့ FB နီပေါ Team ပဲ

https://www.facebook.com/profile.php?id=61570670930547&mibextid=ZbWKwL

1 year, 2 months ago
၂၀၂၂ တုန်းက အကောင့်တစ်ခုက ကျွန်တော့် အကောင့်ပုံစံတုပပြီး ချန်နယ်တွေ …

၂၀၂၂ တုန်းက အကောင့်တစ်ခုက ကျွန်တော့် အကောင့်ပုံစံတုပပြီး ချန်နယ်တွေ လိုက်ဖွင့် ကျွန်တော့် Friend တွေကို လိုက်ဆဲပြီး နာမည်ဖျက်ခဲ့ဖူးတယ်။

ကျွန်တော့်မယ် တယ်လီဂရန် အဟက်ခံရတယ်ထင်ပြီး ဒုက္ခတွေရောက်။ အကောင့်တုကလည်း နာမည်ပြောင်းသမျှလိုက်ပြောင်း ကျွန်တော့်ပုံမှန်သမျှ ထပ်တူတင်ပြီး ကျွန်တော့်ဆီမန့်သမျှ လိုက်ဆဲတာကိုး။ အဲဒါကို အောက်ကလင့်ခ်မယ် ကြည့်လို့ရတယ်။

https://t.me/phyoeweiwin/1693

တစ်ချိန်တည်းမှာပဲ အကောင့်တုကို ကျွန်တော် ဝင်ကြည့်တယ်။ ပုံမှန်ဆို သိစရာမရှိပေမဲ့ အကောင့်တုက

"ချစ်သား ရာဟုလာ မုသားဆိုရင် ရယ်ဖွယ်အဖြစ်တောင် မပြောနဲ့၊ လိမ်ဝံ့တဲ့သူဟာ မလုပ်ရဲသော အကုသိုလ်ဟူ၍မရှိ၊" လို့ တင်ထားတယ်။

အဲဒီမှာ ကျွန်တော့်အကောင့်တု နာမည်ဖျက်သူက ဘယ်သူလဲ ဆိုတာ အနီးစပ်ဆုံးသိလိုက်တယ်။

ပိုဆိုးတာက အဲဒီကာလမှာ ကျွန်တော့်ကိုငွေကြေးနဲ့ပတ်သက်ပြီး ပုံစံမျိုးစုံနဲ့ နာမည်ဖျက် သိက္ခာချ တိုက်ခိုက်ခံနေရတဲ့ကာလ။ အဲဒါကြောင့်လည်း ကျွန်တော်က ရိုးသားသန့်စင်တဲ့အလှူပါ တိုက်ခိုက်ခံရတာတွေ ရပ်နိုင်ဖို့သစ္စာကမ်းလက် က အလှူခံတာရပ် ကျွန်တော့်ပရဟိတကို လှူလို့ရတဲ့ နံပါတ်တွေ အခုထိ မတင်ဘဲ ဘရိတ်လိုက်တာ။

အခုတော့ အကောင့်တုလုပ်သူလည်း ထောင်ထဲ ရောက်နေပါပြီ။ အမှုကလည်း ကြီးတော့ နောက် အနှစ် ၂၀ လောက်မှ ထွက်ရတော့မှာပါ။ ဒါပေမဲ့ သူ့ခိုင်းတဲ့ အကောင့်တုကတော့ လွတ်နေတုန်းပဲရယ်.... သူက ခေါင်းဆောင်ဖြစ်ပေမဲ့ ကျွန်တော့်အကောင့်တုလုပ်တဲ့သူကို ခိုင်းချိန်နဲ့  ဒီကာလမယ် အမှုတွဲ လွတ်သွားပုံပဲ....

ဘာရယ်မဟုတ်ပါဘူး ဖြိုးဝေ လို သူတော်ကောင်း ကို မတရားလုပ်တဲ့သူမှန်သမျှက ထောင်ကျ မြောင်းထဲက မတက်ရဘူးဆိုတာနဲ့ ခွေးဆက်ဖြစ်ရတယ်ဆိုတာ ပြန်လာပြတာ...  အားနေလို့

1 year, 2 months ago
မောင်ဆူးလှည်း
1 year, 2 months ago
မောင်ဆူးလှည်း
1 year, 2 months ago
ဘောလုံးကန်အပြီး စစ်တိုက်ရမည့် အားကစားနည်းအသစ်ကို AFC စတင် ဖန်တီး …

ဘောလုံးကန်အပြီး စစ်တိုက်ရမည့် အားကစားနည်းအသစ်ကို AFC စတင် ဖန်တီး ????

https://t.me/mtmyanmartransparencynews/97468?single

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago