Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

Uni Handbook FAQ Channel @ NUG-MoE

Description
"ကြားကာလတက္ကသိုလ်များ၏ဝင်ခွင့်လမ်းညွှန် (အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန) (အောက်တိုဘာလ ၂၀၂၃ ခုနှစ်)" အကြောင်း သိလိုရာများအား စုံစမ်းမေးမြန်းနိုင်ရန် ရည်ရွယ်ပါသည်။
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago

1 month, 1 week ago

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
https://nugmyanmar.org
“အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်ကြောင်း ကြေညာခြင်း”
၂၀၂၄ခုနှစ်၊ မတ်လ (၃၀)ရက်

အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှုလုပ်ရပ်ကြောင့် ထိခိုက်ခံစားကြရသော ပြည်သူလူထု၏ စိတ်သောကများအား သက်သာရာရစေရန် နှင့် လိုအပ်သော အကူအညီနှင့် အထောက်အပံ့များကို တတ်နိုင်သမျှ ချိတ်ဆက်ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှု တစ်ခုအဖြစ် Telegram Channel - https://t.me/nugpublicaffairsbot ကို ယနေ့ စတင်ဖွင့်လှစ်လိုက်သည်။

https://www.facebook.com/moeNUGMyanmar/posts/pfbid02S6LVQLmFWnAr9q2TRBpw5i8jP1DDfKo6czpMKNWcD4mvKrTTumdH6jskLBWw8Ddel

nugmyanmar.org

Home

Government

3 months, 2 weeks ago

ကွန်ပျူတာတက္ကသိုလ်များ ကျောင်းအပ်နှံခြင်းလမ်းညွှန်
(၂၀၂၃-၂၀၂၄ ပညာသင်နှစ်)

ကျောင်းအပ်နှံရမည့်လင့် - MES (https://mes.moeedu.org)

ကျောင်းအပ်စတင်လက်ခံသည့်ရက် - ၂၄-၁-၂၀၂၄ (ဗုဒ္ဓဟူးနေ့)

ကျောင်းအပ်ခွင့်နောက်ဆုံးရက် - ၁၅-၂-၂၀၂၄ (ကြာသပတေးနေ့)

သင်တန်းစတင်ဖွင့်လှစ်မည့်ရက် - ၁-၂-၂၀၂၄ (ကြာသပတေးနေ့)

Webpage
https://ucs-iboe.org

Telegram Channel
https://t.me/ucs_iboe

Telegram

UCS-iBoE

An official telegram channel of Universities of Computer Studies - Interim Board of Education

**ကွန်ပျူတာတက္ကသိုလ်များ ကျောင်းအပ်နှံခြင်းလမ်းညွှန်**
3 months, 3 weeks ago
**၂၀၂၃ -၂၀၂၄ ကြားကာလတက္ကသိုလ်များသို့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားပြီးသူများအတွက် “ကျောင်းသားကျောင်းသူမှ …

၂၀၂၃ -၂၀၂၄ ကြားကာလတက္ကသိုလ်များသို့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားပြီးသူများအတွက် “ကျောင်းသားကျောင်းသူမှ ပြန်လည်ရွေးချယ်ခြင်း” ဆိုင်ရာ အသိပေးနှိုးဆော်ချက်

ကြားကာလတက္ကသိုလ်/ဘာသာရပ်များဘက်မှ မိမိတို့ကို ရွေးချယ်လက်ခံထားသည့် ကျောင်းသားကျောင်းသူများသည် မိမိတို့ MES ရှိ “Selected” ပေါ်နေသော တက္ကသိုလ်/ဘာသာရပ်များအနက်မှ တစ်ခုကို ပြန်လည်ရွေးချယ်ပေးရမည့် ​နောက်ဆုံးသတ်မှတ်ရက်သည် (၁၅. ၁. ၂၀၂၄) ရက်​နေ့ ဖြစ်​ပါ​သည်။ သို့​ပါသော်လည်း မ​ရွေးချယ်လိုက်ရ​သော ​ကျောင်းသား​ကျောင်းသူများ၏ ​​တောင်းဆိုမှုများအရ ယ​နေ့ ၁၈. ၁. ၂၀၂၄ (ည​နေ ၆နာရီ) မှ စတင်ကာ ၃၁. ၁. ၂၀၂၄ (ည ၆နာရီ) အထိ တိုးချဲ့သတ်မှတ်ရက်အ​ဖြစ် ထပ်မံအခွင့်အ​ရေး​​ပေးလိုက်ပြီ ဖြစ်ပါ​ကြောင်း အသိပေး​ကြေညာလိုက်ပါသည်။ ​၄င်းရက်တိုးမြှင့် သတ်မှတ်ခြင်းသည် ​ပထမအကြိမ် တက္ကသိုလ်ဝင်ခွင့်တွင် တက်​ရောက်လို​သော ​ကျောင်းသား​ကျောင်းသူများအတွက် ​နောက်ဆုံးအခွင့်အ​ရေး​ပေးခြင်း ဖြစ်​ကြောင်းကိုလည်း တပါတည်း အသိ​ပေးအပ်ပါသည်။

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်​မြောက်​ရေးအဖွဲ့

3 months, 3 weeks ago
**၂၀၂၃ -၂၀၂၄ ကြားကာလတက္ကသိုလ်များသို့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားပြီးသူများအတွက် “ကျောင်းသားကျောင်းသူမှ …

၂၀၂၃ -၂၀၂၄ ကြားကာလတက္ကသိုလ်များသို့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားပြီးသူများအတွက် “ကျောင်းသားကျောင်းသူမှ ပြန်လည်ရွေးချယ်ခြင်း” ဆိုင်ရာ အသိပေးနှိုးဆော်ချက်

ကြားကာလတက္ကသိုလ်/ဘာသာရပ်များဘက်မှ မိမိတို့ကို ရွေးချယ်လက်ခံထားသည့် ကျောင်းသားကျောင်းသားများသည် မိမိတို့ MES ရှိ “Selected” ပေါ်နေသော တက္ကသိုလ်/ဘာသာရပ်များအနက်မှ တစ်ခုကို ပြန်လည်ရွေးချယ်ပေးရမည့် ​နောက်ဆုံးသတ်မှတ်ရက်သည် ယ​နေ့ (၁၅. ၁. ၂၀၂၄) ရက်​နေ့ ဖြစ်​ပါ​သည်။ သို့ဖြစ်ပါ၍ တက္ကသိုလ်များကို တက်​ရောက်နိုင်ကြပါရန် မရွေးချယ်ရသေး​သော ​ကျောင်းသား​ကျောင်းသူများသည် ယ​နေ့ည ၁၂ နာရီမတိုင်မီ ရွေးချယ်ပေးကြပါရန် သတိပေးနှိုး​ဆော်အပ်ပါသည်။

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်​မြောက်​ရေးအဖွဲ့

3 months, 3 weeks ago

🔔 🔔 🔔

4 months, 1 week ago

မြန်မာပညာရေးစနစ် (MES) မှတဆင့် တက္ကသိုလ်ဝင်ခွင့် စိစစ်လက်ခံခြင်း လမ်းညွှန် (Nov, 2023)

4 months, 1 week ago
Uni Handbook FAQ Channel @ NUG-MoE
4 months, 1 week ago
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ကို လက်ခံ တက်ရောက်ခွင့်ပြုထားသော …

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ကို လက်ခံ တက်ရောက်ခွင့်ပြုထားသော ဘာသာရပ်များအနက်မှ မိမိတို့ တက်ရောက်လိုသော ဘာသာရပ်တစ်ခုကို (၃.၁.၂၀၂၄) ရက်နေ့မှ စတင်၍ ရွေးချယ်ခွင့် ရရှိပြီ ဖြစ်ပါသည်။ ရွေးချယ်ရမည့် နောက်ဆုံးရက်မှာ (၁၅.၁.၂၀၂၄) ရက်နေ့ ဖြစ်ကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်။ ရွေးချယ်ပုံ အဆင့်ဆင့်ကို သေသေချာချာလေ့လာပြီး မမှားမယွင်းရအောင် ဂရုတစိုက် ပြုလုပ်ကြပါရန် အကြံပြုပါသည်။

၁။ မိမိတို့ရွေးချယ်မည့် ဘာသာရပ် အကွက်ရှိ Selected ဘေးမှ အဝိုင်းပုံ button လေးကို နှိပ်ပါ။
၂။ ဇယားအောက်ဘက်မှ "Submit" ကို နှိပ်ပါ။
၃။ Confirmation မှ သေချာပါသည် ကို နှိပ်ပါ။ (ပြန်ထွက်ပါကိုနှိပ်၍ ပြန်လည်ရွေးချယ်နိုင်သည်။)
၄။ Acceptance မှ "အိုကေ" ကိုနှိပ်ပါ။

အဆင့်များအားလုံးပြီးစီးလျင် မိမိရွေးချယ်လိုက်သော ဘာသာရပ်ဘေးတွင် Accepted ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့ ရွေးချယ်ပြီးသည့်နောက်တွင် အခြားမည်သည့် ပြောင်းလဲမှုမျိုးကိုမျှ ပြုလုပ်၍ ရမည်မဟုတ်တော့ပါ။

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်​မြောက်​ရေးအဖွဲ့

4 months, 1 week ago

၂၀၂၃-၂၀၂၄ ကြားကာလတက္ကသိုလ်များသို့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားပြီးသူများအတွက် “ကျောင်းသားကျောင်းသူမှ ပြန်လည်ရွေးချယ်ခြင်း” ဆိုင်ရာ အသိပေးနှိုးဆော်ချက်

ကျောင်းသားကျောင်းသားများသည် မိမိတို့လျှောက်ထားခဲ့ပါသော ကြားကာလတက္ကသိုလ်/ဘာသာရပ်များဘက်မှ မိမိတို့ကို ရွေးချယ်လက်ခံထားသည့် တက္ကသိုလ်များထဲမှ အမှန်တကယ် တက်ရောက်လိုသည့် တစ်ခုကို (၃. ၁. ၂၀၂၄) ရက်နေ့မှ စတင်ကာ ရွေးချယ်ပေးနိုင်မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ကျောင်းသားကျောင်းသားများသည် မိမိတို့ MES ရှိ “Selected” ပေါ်နေသော တက္ကသိုလ်/ဘာသာရပ်များအနက်မှ တစ်ခုကို သတ်မှတ်ရက်များ (၃. ၁. ၂၀၂၄ ရက်နေ့မှ ၁၅. ၁. ၂၀၂၄ ရက်နေ့) အတွင်း မဖြစ်မနေ ပြန်လည်ရွေးချယ်ပေးရမည် ဖြစ်သည်။ ကျောင်းသားကျောင်းသားများဘက်မှ ထိုသို့ရွေးချယ်ပေးမှသာလျှင် ရွေးချယ်လိုက်သော တက္ကသိုလ်/ဘာသာရပ်တစ်ခုအနေဖြင့် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ကာ ပညာသင်ကြားနိုင်ရန်အတွက် လုပ်ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။
[(MES) မှတဆင့် တက္ကသိုလ်ဝင်ခွင့် စိစစ်လက်ခံခြင်း လမ်းညွှန် (https://tinyurl.com/UniEnt-MES-process-moe2023nov) တွင် အသေးစိတ် ဖော်ပြထားပြီး ဖြစ်၏။]

မှတ်ချက်။ ။ Spring Normal University လျှောက်ထားပြီး ယင်းတက္ကသိုလ်မှ Selected List တွင် ပါဝင်ကြောင်း အကြောင်းပြန်ကြားသည့် Email ရရှိထားသူများသည် Spring Normal University ၌ တက်ရောက်ရန် ဆုံးဖြတ်ထားပါက MES ထဲရှိ မည်သည့် တက္ကသိုလ်/မေဂျာကိုမှ ပြန်လည် ရွေးချယ်ခြင်း မပြုလုပ်ပါရန် အထူးသတိပေးလိုပါသည်။ MES တွင် ရွေးချယ်မှုပြုလုပ်ပါက Spring Normal University ၏ Selected List မှ ပယ်ဖျက်ခြင်းခံရမည် ဖြစ်ပြီး MES တွင် ရွေးချယ်ထားသည့် တက္ကသိုလ်/မေဂျာကိုသာ တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်​မြောက်​ရေးအဖွဲ့

5 months, 1 week ago

Ministry of Education, National Unity Government of Myanmar is live now.

https://www.facebook.com/moeNUGMyanmar/videos/6742962885822199

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago