Dagon Seikkan News

Description
ဒဂုံဆိပ်ကမ်းသတင်းများ အဓိကတင်ပေးသည်။
(သတင်းပေးရန်-@Dagon_Seikkan_Scout)
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 5 months ago

1 year, 1 month ago

ရန်ကုန်အထွက် ဇီးရိုးမိုင်ဂိတ်တွင် ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူများကို စစ်ဆေး

... ရန်ကုန်ကနေ ပဲခူးကို ခရီးသွားခဲ့သူတယောက်က “မနေ့ကစပြီး စစ်တာ။ ဇရပ်ကွင်းအထိဆို မှတ်ပုံတင်မပေးရဘူး။ မစစ်ဘူး၊ ပဲခူးအထိဆို လူတွေ ကားပေါ်ကဆင်းပြီး စစ်ဆေးခံရတယ်။ မှတ်ပုံတင် ပြရတယ်။ ပဲခူးမှတ်ပုံတင်ဆို ပြဿနာမရှိဘူး။ ရခိုင်မှတ်ပုံတင်ဆို အတော်လေးစစ်တာ” လို့ ပြောပါတယ်။

ကားပေါ်မှာ ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူတွေ ပါလာပါက စစ်ကောင်စီတပ်က မှတ်ပုံတင်နဲ့ လူကို တိုက်ဆိုင်စစ်ဆေးတာ၊ ဖုန်းနဲ့ လွယ်အိတ်တွေကို စစ်ဆေးပြီး မထီမဲ့မြင် ပြောဆိုတာရှိတယ်လို့ လှည်းကူးမြို့ခံက ပြောပါတယ်။

“ကျနော်တို့ကားပေါ်က အဒေါ်ကြီးသားအမိကို ရစ်တာ မပြီးဘူး။ ရခိုင်မှတ်ပုံတင် ကိုင်ထားတော့ ကောင်လေးရဲ့ ဖုန်းတွေစစ်။ အဘွားကြီးမေး၊ ပဲခူးမှာရှိတဲ့ အမျိုးတွေဆီ သွားလည်မလို့ ပြောလည်း မရဘူး။ နာရီဝက်လောက်ကြာတယ်။ ပြီးမှပြန်လွှတ်တာ။” ... – DVB

24 Dec 2024
#RangoonScoutNetwork

1 year, 1 month ago

Part - 3 (Final)

VPN - US နဲ့ UK, အဆင်ပြေတာတစ်ခုခုထားပြီး ကလစ်လိုက်ပါ။ ဖြစ်နိုင်ရင် location ကို ခနခနမချိန်းပါနဲ့ခင်ဗျ။
ကြော်ငြာလင့်တစ်ခုကို တစ်ခုပဲကလစ်ပါဗျာ။

  1. https://eurotimes.club/index.php/give-a-chance-to-binary-options-trading-this-season-1/

  2. https://eurotimes.club/index.php/why-offline-digital-marketing-courses-are-in-huge-demand-nowadays-1/

  3. https://eurotimes.club/index.php/niche-business-marketing-how-to-do-it-1/

  4. https://eurotimes.club/index.php/which-method-is-more-effective-video-marketing-or-email-marketing-1/

  5. https://eurotimes.club/index.php/the-best-internet-marketing-training-program-online-1/

1 year, 1 month ago

‼️ဒဂုံဆိပ်ကမ်း

အရပ်ဝတ်များ ဘေးတွဲ ၆စီး
ဆိုင်ကယ်၁စီးဖြင့် ၈၈ရပ်ကွက်ဘက်မှ ၈၇ရပ်ကွက် အင်းဝလမ်းထဲသို့ ဝင်သွား။

10:20 PM

@Dagon_Seikkan_Scout
?သတင်းပေးရန်။

1 year, 1 month ago

‼️ဒဂုံဆိပ်ကမ်း

87 ရပ်ကွက်ရုံးမှ ဆိုင်ကယ် ၉ စီး
လူ အယောက် ၂၀ ကျော်ထွက်သွား။
87 ရပ်ကွက်ထဲ ဧည့်စစ်နိုင်ခြေရှိ။

9:30 PM

@Dagon_Seikkan_Scout
?သတင်းပေးရန်။

1 year, 1 month ago

♦️ဒဂုံဆိပ်ကမ်း

ဒုဌဝတီမှတ်တိုင်အကျော်က သံလမ်းကွေ့မှာ ကားဖမ်းနေ ဘဲဥ၁ကောင် ကင်းပုန်းရှိနိုင်

10:10 AM

@Dagon_Seikkan_Scout
?သတင်းပေးရန်။

1 year, 1 month ago

*⚫️ ဒဂုံဆိပ်ကမ်း ၆၀ ထဲ ဝင်စစ်ပြီး လူဖမ်းခေါ်*

ယခုရက်ပိုင်းထဲ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀ ရပ်ကွက်တွင် မကြာခဏ အစစ်အဆေးဝင်ခဲ့ပြီး လူဖမ်းဆီးမှုများ ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့ ည ၁၁ နာရီခန့်က ရပ်ကွက်ထဲ ဧည့်စစ်ဝင်သွားခဲ့ပြီး အမျိုးသား ၁ ဦးကို ဖမ်းခေါ်သွားကြောင်း သိရသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့ (ဒီဇင်ဘာ ၁၆ ရက်နေ့ည) သန်းခေါင်ယံ ၃ နာရီခန့်ကလည်း ၆၀ ရပ်ကွက်၊ ရွှေလီလမ်းထဲ အစစ်အဆေးဝင်သွားပြီး အမျိုးသား ၁ ဦးကို ဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။

17 Dec 2024
#RangoonScoutNetwork

1 year, 1 month ago

⬜️ သာကေတ

ဘဲဥ တစ်ဖွဲ့
ဧရာဝဏ်လမ်းမပေါ်၊ ကျောင်းကွေ့မီးပွိုင့်အကျော်တွင် ကားစစ်နေ။

3:22 PM
? @Inform_RSN

1 year, 1 month ago

ရန်ကုန်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်မှန်သမျှ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု သက်ဆိုင်ရာက ခေါ်ယူ အသိပေးလာ၊ မဲနှိုက်ခြင်း၊ ငွေကြေးပေး၍ လူစားထိုးခြင်းများ လုပ်ခွင့်မရှိတော့ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ရန်ကုန်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်မှန်သမျှ အလှည့်ကျလာလျှင် မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး ယခင်ကကဲ့သို့ အလှည့်ကျ မဲနှိုက်ခြင်း၊ ငွေကြေးပေး၍ လူစားထိုးခြင်းများ လုပ်ခွင့်မရှိတော့ဟု လူငယ်များနှင့်မိသားစုများကို ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများက ခေါ်ယူ ပြောဆိုလာကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ် အပါအဝင် မြို့နယ်များအားလုံးတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်များအားလုံး မဖြစ်မနေ မိမိအလှည့်ရောက်သည်နှင့် စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများက မဲနှိုက်၍ မဲဖောက်ခြင်း၊ လူစားထိုးပေးခြင်းများကို လုပ်ဆောင်တော့မည်မဟုတ်ကြောင်း၊ စစ်မှုထမ်းရန် အလှည့်ကျလာလျှင် စစ်မှုမထမ်းဘဲ ရှောင်ပြေးလျှင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှုဖွင့် အရေးယူ ထောင်ချတော့မည်ဖြစ်သည်ဟု ခြိမ်းခြောက် ပြောဆိုလာကြောင်း သိရှိရသည်။

"အရင်လို ငွေနဲ့ အစားထိုးလို့မရတော့ဘူး။ လူရှာရတာလည်း ခက်လာပြီ။ အဲဒါကြောင့် ကိုယ့်အလှည့်ရောက်ရင် မဖြစ်မနေ စစ်မှုထမ်းရမယ် လို့ ခေါ်ပြောတယ်" ဟု သာကေတမြို့နယ်မှ စစ်မှုထမ်းရန် အမည်စာရင်းအသွင်းခံထားရသူ လူငယ်တစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ဒိုင်စုရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းထွဋ္ဋ်ဝင်းက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွက် လူငယ်အမျိုးသား ရှိသော အိမ်ထောင်စုတိုင်း တစ်လလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းပေးရမည့်အပြင် စစ်မှုထမ်းရန်လည်း အလှည့်ကျပါက မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ခေါ်ယူပြောဆိုကြောင်း သိရှိရသည်။

" အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း ယောက်ျားသားရှိတဲ့အိမ်တိုင်း တစ်ယောက်ကို ငွေ ၂ သောင်းနှုန်း ပေးရမယ်။ တချို့အိမ်‌တွေဆိုရင် လူငယ် ၃ ဦးရှိတော့ ၆ သောင်းပေးရတယ်။ လက်လုပ်လက်စားဘဝနဲ့ အဆင်မ‌ပြေလို့ ပေးစရာမရှိတာ့ အတိုးနဲ့‌ချေး ပးနေကြရတယ်။ အတိုးပေါ်အတိုးဆင့်နဲ့ ဒုက္ခတွေ ရောက်နေကြတာပါ " ဟု ဒေသပြည်သူတစ်ဦးက​ ပြောဆိုသည်။

အလားအင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးကျော်နိုင်က ရပ်ကွက်အတွင်းမှ စစ်မှုထမ်းရန် အကျုံးဝင်သော လူငယ်တိုင်းကို စစ်တပ်ထံသို့ စာရင်းပေးပို့ထားပြီးဖြစ်၍ စစ်တပ်က ခေါ်လာသည်နှင့် သွားရောက် အမှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းမည့် မိသားစုနှင့် လူငယ်ကို ထောက်ပံ့ရန်ဟုဆိုကာ ရပ်ကွက်အတွင်းမှ အိမ်ထောင်စုတိုင်းကို ငွေကြေးကောက်ခံနေကြောင်း သိရှိရသည်။

ထို့ပြင် ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက်တွင်လည်း အုပ်ချုပ်ရေးမှူး ညီညီထွေးက စစ်မှုထမ်းဆင့်ခေါ်စာဖြင့် ရပ်ကွက်ရုံးသို့ လူငယ်များကို ဆင့်ခေါ်ပြီး အိမ်ပြန်မလွှတ်တော့ဘဲ စစ်တပ်ထဲသို့ တပ်သားသစ်များအဖြစ် ပို့ဆောင်နေကြောင်း ၊ နာမည်စာရင်း ပါနေသူများအနေဖြင့်လည်း အလှည့်ကျ၍ စစ်မှုမထမ်းပါက မိသားစုဝင်များကို ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

1 year, 1 month ago
1 year, 2 months ago
**DAILY HIGHLIGHTS (03 Dec 2024)**•••••••••••••••***®***•••••••••••••••*****⚠️***** **စစ်ရေးထူးခြားသတင်းများ**

DAILY HIGHLIGHTS (03 Dec 2024)•••••••••••••••®•••••••••••••••*⚠️ *စစ်ရေးထူးခြားသတင်းများ

#️⃣ ရခိုင်
အမ်းမြို့ပေါ်ကို AA ထိန်းချုပ်လိုက်ပြီး နပခကို ထိုးစစ်ဆင်နေ – RFA
•••
⚠️ မိတ်ဖက်ပြဿနာ

Federal Wings နှင့် NUG ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းမှု ရပ်ဆိုင်း – TI
•••
*? *နိုင်ငံရေးထူးခြားသတင်းများ

#️⃣ ကိုးကန့်
လားရှိုးနှင့် သက်ဆိုင်ရာကိစ္စများ စစ်ကောင်စီနှင့်ဆွေးနွေးရန် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ MNDAA စေလွှတ်မည် – MPA
MNDAA အနေဖြင့် စစ်တပ်ကို စတိုက်မည်မဟုတ်သလို စစ်တပ်ကလည်း ထိုးစစ်ရပ်ရန် ထုတ်ပြန် – DVB
•••
? နိုင်ငံခြားရေးထူးခြားသတင်းများ

#️⃣ ထိုင်း
ထိုင်းငါးဖမ်းစက်လှေသမားများအား အကြမ်းဖက်အဖွဲ့သံသယဖြင့် စစ်ဆေးနေဟု စစ်ကောင်စီပြော – TI
အကြမ်းဖက်စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသော ထိုင်းငါးဖမ်းသမား ၄ ဦး မကြာမီ ပြန်လည် လွတ်မြောက်လာမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော – KT
မဲဆောက်မှ မြဝတီသို့ တရားမဝင်သွယ်ထားသည့် အင်တာနက်ကေဘယ်ကြိုးများ ထိုင်းဖြတ်တောက် – TI
ထိုင်းနိုင်ငံအတွင်း အထောက်ထားမဲ့နေထိုင်သူများ နှစ်ကုန်အထိ လွတ်လပ်စွာနေထိုင်ခွင့်ရမည် – TI

#️⃣ ဆွစ်ဇာလန်
စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံက ကမ္ဘာ့ငွေကြေးခဝါချမှု အန္တရာယ်အများဆုံးသော နံပါတ် ၁ နိုင်ငံအဖြစ် အဆင့်သတ်မှတ်စာရင်းဝင် – KT
•••
? စီးပွားရေးထူးခြားသတင်းများ

ဗဟိုဘဏ်က တရက်တည်း ဒေါ်လာ ၃၈ သန်း၊ ယွမ် ၁ သန်းခွဲနှင့် ဘတ် ၁၀၇ သန်း ထုတ်ရောင်း – DVB

၂၀၂၄-၂၅ ဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့်ပမာဏ ၃ ဆနီးပါး ကျဆင်း – DVB
•••
? ကျားဖြန့်

တန့်ယန်း ကျားဖြန့်လုပ်ငန်းမှ တရုတ်နှင့် မြန်မာ ၄၅ ဦး ဖမ်းဆီးခံရ – DVB

#RangoonScoutNetwork

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 5 months ago