ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
#သောင်းကျန်းသူအမြစ်ပြတ်ချေမှူန်းရေး
အခုရက်ပိုင် တရုတ်ဘက်က ဂိတ်တွေ
ပိတ်လိုက်လို့ သောင်းကျန်းသူတွေ ဒုက္ခ
ရောက်နေကြရတဲ့ သတင်းတွေကို မီဒီယာ
တွေ က ဆက်တိုက်တင်လာကြတာတွေ့
နေရတယ် ။သူတို့ အရေးအသားတွေထဲ
မှာ လည်း မကျေနပ်မှုတွေ ပါနေသလို
ငိုသံတွေနဲ့ လည်း ရေးနေ ပြောနေ
ကြတာလည်းတွေ့ရပြန်တယ် ။
ကျွန်တော် ကတော့ တရုတ်ဘက်က အခု
လို ပူးပေါင်းဆောင်ရွက်လာမှုအပေါ် တော်
တော်လည်း ကျေနပ်အားရ ဖြစ်မိတယ် ။
သုတေသန ပြုချက်တွေအရ ပြည်တွင်းမှာ
သောင်းကျန်းသူ တွေသက်စိုးရှည်နေရခြင်း
အကြောင်းအရင်း (၅) ချက်ရှိတယ်လို့ ဆို
ပါတယ်။ဒီ ( ၅ ) ချက်တွေကတော့
၁။ အိမ်နီးချင်းနိုင်ငံများရဲ့ အကူအညီရရှိနေခြင်း
၂။နယ်မြေခံလူထုကိုလွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း
၃။နယ်မြေခံလူထု၏ အတွေးအခေါ်ဗဟုသုတနည်းပါးခြင်း
၄။အနောက်အုပ်စုရဲ့ဝါဒမှိုင်းမိနေခြင်း
၅ ။လက်နက်ကိုင်ရတာကို အရသာတွေတွေ့နေခြင်း
တို့ပဲ ဖြစ်တယ် ။
ဒီအထဲမှာ အိမ်နီးချင်း နိုင်ငံများရဲ့ အကူအညီ
ရရှိနေခြင်း ဆိုတဲ့ အချက် က ဘယ်လောက်
အရေးကြီးသလဲ ဆိုတာကိုတွေ့ မြင်ရတဲ့ အတိုင်း
ပါပဲ ။ ထိပ်ဆုံးက ပါနေတာတွေ့ရတယ်။အခုလို
အိမ်နီးချင်း တရုတ် နိုင်ငံက ထဲထဲဝင်ဝင်
နက်နက်ရှိုင်းရှိုင်း ကူညီသွားမယ်ဆိုရင်
အနှေးနဲ့ အမြန်ဆိုသလို ပြည်တွင်းသောင်းကျန်း
မှုက ချုပ်ငြိမ်းသွားမယ့် သဘောတွေ့ရတယ် ။
ဒါပေမယ့် ဒီမူဝါဒ ဟာ တင်္ဒဂ မဖြစ်ဘဲ ရေရှည်
ဖြစ်ဖို့ လိုပါတယ် ။ တရုတ်က စီးပွားရေးအရ
ဒီလိုမျိုး ရေရှည် ပိတ်ဆို့ ထားအောင်လည်း
မြန်မာ ဘက်က တာဝန်ရှိသူတွေနဲ့ အစွမ်းကုန်
ကြိုးပမ်းနေတာတွေ့ရတယ် ။
အောင်မြင်မယ်လို့ လည်း ယုံကြည်မိတယ် ။
နောက်ထပ်စ ဥ်းစားရမယ့် အချက်တစ်ချက်
က တရုတ် ဘက်ကနေ သူ့နယ်စပ်ဖြစ်တဲ့
ကချင်နဲ့ ရှမ်းပြည်နယ်စပ်ကို ပိတ်ဆို့ထား
သလို မြန်မာပြည်ရဲ့ ဘယ်နေရာ ဘယ်ဒေသ
မှ လည်း အဲဒီဒေသထဲကို စားသောက်ကုန်
တွေ လူသုံးကုန်တွေ စလို့ စက်သုံးဆီ ဆေးဝါး
လက်နက်ခဲယမ်းပါမကျန် ရောက်မသွား
အောင်
ကိုယ့်ဘက်ကနေလည်း ပုံစံမျိုးစုံ
နဲ့ ပိတ်ဆို့ထားဖို့လိုတယ် ။ နှစ်ဖက်ညှပ်ပြီး
အခုလို ပိတ်ဆို့လိုက်မယ်ဆိုရင် အလွန်ဆုံး
ခံ ( ၄ ) လပေါ့ ။
နောက်ထပ် သတိရမိတာ က အမေရိကန်
ပြည်တွင်းစစ်မှာ အမေရိကန်အစိုးရတပ်က
ဗိုလ်ချုပ်ကြီးရှားမင်း ကျင့်သုံး
ခဲ့တဲ့ စစ်နည်းဗျူဟာ ကို ပါ ။သူက
ဂျော်ဂျီယာ ပြည်နယ်ကို
ဖြတ်ပြီး " ပင်လယ်ကမ်းခြေသို့ ချီတက်ပွဲ"
စစ်ဆင်ရေးမှာ ရန်သူ စိတ်ဓာတ်ကျဆင်း
စေရန် ရည်ရွယ်ပြီး လမ်းတစ်လျှောက်
တွေ့သမျှ အိမ်နဲ့ ကောက်ပဲသီးနှံတွေကို
အကုန် ဖျက်ဆီးပစ်ခဲ့ပါတယ် ။ ဒီစစ်နည်း
ဗျူဟာကြောင့် ခွဲထွက်ရေးဝါဒီ တောင်ပိုင်
သားတွေနောက်ဆို ခွဲထွက်မယ်ဆိုတဲ့
အသံတောင်မထွက်ရဲတော့တာ
အခုထိပါပဲ။(ဒီအကြောင်းတွေ
စစ်နှင့်စစ်မှုရေးရာ ၊ လေရူးသုန်သုန်
တို့မှာ ရှာဖတ်ရင် တွေ့နိုင်ပါတယ်)
ဒါကတော့ အဲဒီဒေသမှာ ရှိတဲ့ တောင်ယာ
စပါးခင်းတွေနဲ့ လယ်ကွက်တွေဟာလည်း
သောင်းကျန်းသူတွေကို ဆက်လက်ပြီး
အသက်ဆက်သလို ဖြစ်နေမှာစိုးလို့ အမေရိကန်
တွေ လုပ်ခဲ့တဲ့ ဗျူဟာကို ချပြတာပါ ။
လူ့အခွင့်အရေးနဲ့ ညီ မညီ ကို တော့
လူ့အခွင့်အရေးအကြောင်း ဒီမိုကရေစီ
အကြောင်း ကို အရမ်းပြောတတ်တဲ့
ယန်ကီးတွေကို သာ မေးကြည့်ပေတော့ ။
ကျွန်တော်တော့ ပြည်တွင်းသောင်းကျန်းမှု
အမြစ်ပြတ်ချေမှူန်းရေးနဲ့ ပတ်သက်လာရင်
ဖြစ်နိုင်သမျှ နည်းလမ်းမျိုးစုံကို သုံးပြီး
တိုက်သင့်ကြောင်း
စ ဥ်းစားကာ အကြံပြုရေးနေအုံးမှာပဲ
ဖြစ်တယ် ။
ဒါဟာ ကျွန်တော်တို့ နိုင်ငံ နဲ့ ကျွန်တော်
တို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို
ချစ်မြတ်နိုးလို့ပါပဲ ။
crd
အောင်နိုင်သူ
Aug 6
5 - 8 - 2024
လားရှိုးမြို့တွင်း တိုက်ပွဲများ ငြိမ်သက်သွားပါပြီ
မြို့ပြင်တပ်စခန်းနေရာအသီးသီးနဲ့ မြို့တွင်းအချို့နေ
ရာတွေမှာ တပ်မတော်ဖက်က ရှိနေဆဲပါ။
MNDAA က ဖမ်းဆီးထားတဲ့ တပ်မတော်သားတွေနဲ့
မိသားစုတွေကို အထက ၁ ကျောင်းတွင်ထား ရှိပြီး
စစ်ရှောင်တွေကတော့ မန်ဆူဘုရားပေါ်မှာ ရှိနေပါတယ်။
မနေ့က ရပ်ကွက် ၁၂ အထက ၃
ရှေ့မှာတော့ -
ရပ်ကွက်နေပြည်သူအချို့ တနိုင်တပိုင်သန့်ရှင်းရေး
ထွက်လုပ်ကြတာ မြင်ရတယ်။
အကောင်းဆုံးအကြံပေးချင်တာက စစ်ရှောင်တွေ
လားရှိုးကို ပြန်မဝင်သင့်သေးပါ။
တပ်မတော် က မိုင်းရယ်မှာ base ယူပြီး လားရှိုးကိုစစ်ကြောင်းထပ်ထိုးCookတယ်။
နမ့်လန်ဖက်ကနေ အင်အား ထောင်ကျော်နဲ့ စစ်ကြောင်း
၂ ကြောင်းထပ်ပြီးထိုးလာတာကိုတွေ့ရတယ်။
စကခ ၁ နဲ့ ခမရ ၅၀၂ / ၅၀၁
တပ်ရင်းတွေ ကို TNLA တွေ ဝိုင်းတိုက်နေတာ ဒီကနေ့ဆို ၃ ရက်မြောက်
ရှိပြီး တပ်မတော်ဖက်ကတော့
လေကြောင်းကနေပါ ပြင်းပြင်းထန်ထန်ပြန်တိုက်
နေတာတွေ့ရတယ်။
-
မြေပြင်တပ်ကူတွေ ထပ်ပြီးမရောက်လာသေးပါ။
ဒီကနေ့ လေယဥ်နဲ့ သီးခြားအတိုက်ခံလိုက်ရတာ
ကတော့ မောက်မယ်နယ်စပ်က
PNLO/ PNLA
ဌါနချုပ်နဲ့
ကွတ်ခိုင်က TNLA နေရာတွေ ပဲ ဖြစ်တယ်။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago