Htoo News

Description
သတင်းမှန်များ ပြန်လည်မျှဝေခြင်း
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

3 weeks, 1 day ago

လူမှန် -နေရာမှန်

ထန်တလန်-ဟားခါ ကြားရှိ စစ်သွေးကစခန်းကို တပ်မတော်စစ်ကြောင်းက သွားရှင်းတဲ့အခါ စစ်သွေးက အလောင်း ၁၈လောင်း၊ (ထပ်မံရှာဖွေဆဲ )လက်နက်များပါ ရရှိခဲ့ပါတယ်။

ပြည်နယ်စိုးရအဖွဲ့၊က-စ-ထ မှူး၊ တိုင်းမှူးတို့က ဂုဏ်ပြုငွေသိန်း ၁၀၀ ခန့် ချီးမြှင့်တယ်လို့ သိရတယ်။

ပြီးရင် မြေပြင် တပ်မတော်သားတွေကိုလည်း ရာထူး တစ်ဆင့် တင်ပေးမယ်လို့ ဆိုပါတယ်။

3 weeks, 1 day ago

ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ ကျော် ဆုံးရှုံးကြောင်း သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ
ရန်ကုန် ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာ ၅ ရွာအား လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက် မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းဖြစ်စဉ်မှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ပြီး ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ အဆိုပါ အကြမ်းဖက်သမားများ၏ လုပ်ရပ်များအား ဖုံးကွယ်ရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက ယခုကဲ့သို့ သတင်းအမှားများဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

3 weeks, 1 day ago

မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၂ ဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ကက်တမင်း၊ အက်တက်စီ နှင့် Happy Water များ ဖမ်းဆီးရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၂၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ၆၂ လမ်းပေါ်တွင် သိန်းဇော်ဦး မောင်းနှင်ပြီး ရန်နိုင်စိုး လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၄,၄၀၀ ပြား ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ အောင်အောင်နှင့် ဗဟိန်း တို့အား ပြည်ကြီးတံခွန်မြို့နယ်တွင်လည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မစန်းစန်းမြ အား အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာရှိနေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈၄,၀၀၀  ပြား နှင့်အတူလည်းကောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မျိုးထွန်းအောင်(ခ)စိုင်းဓနအောင် (ခ)ကျောင်းဆရာ အား ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်ရှိ ဟိုတယ်တွင် စိတ်ပြောင်း ဆေးဝါး Happy Water ၅ ဒသမ ၅ ကီလို၊ အက်တက်စီ ၈,၆၄၀ ပြား၊ အက်တက်စီအမှုန့် သုည ဒသမ ၂ ကီလိုနှင့် TOYOTA CROWN မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီးတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၌ ထိုက်စိုးကျော် အား စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁ ဒသမ ၉ ကီလို၊ အက်တက်စီ ၉,၆၀၀ ပြား၊ Happy 5 ဆေးပြား ၉,၀၀၀ ပြား၊ Happy Water ၁ ဒသမ ၂၁၅ ကီလို နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သဖြင့်  စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလီယံခန့်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖြစ်သည့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၁၈၄ သိန်း၊ ကက်တမင်း ၁ ဒသမ ၉ ကီလို၊ Happy Water ၆ ဒသမ ၇၁၅ ကီလို၊ အက်တက်စီ ၁၈,၂၄၀ ပြား၊ အက်တက်စီအမှုန့် သုည ဒသမ ၂ ကီလို၊ Happy-5 ဆေးပြား ၉,၀၀၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေ အရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်းနှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် အရှိန် အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

4 weeks ago

တပ်မတော်ဆေးတက္ကသိုလ်၏ (၂၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပသည်။
နေပြည်တော်၊ ဒီဇင်ဘာလ ၁၈ ရက်

4 weeks ago

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊   ၅၆   / ၂၀၂၄
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော်   ၃   ရက်
(၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ    ၁၈   ရက်)
စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်းခြင်း
၁။            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
               (က)    ဗိုလ်ချုပ်ကြီးညိုစော               ဥက္ကဋ္ဌ
                          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
               (ခ)     ဦးမင်းနောင်               ဒုတိယဥက္ကဋ္ဌ
                          ပြည်ထောင်စုဝန်ကြီး
                          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
               (ဂ)     ဒေါက်တာ ကံဇော်               အဖွဲ့ဝင်
                          ပြည်ထောင်စုဝန်ကြီး
                          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
               (ဃ)    ဦးလှမိုး               အဖွဲ့ဝင်
                          ပြည်ထောင်စုဝန်ကြီး
                          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
               (င)     ဦးခင်မောင်ရီ               အဖွဲ့ဝင်
                          ပြည်ထောင်စုဝန်ကြီး
                          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
               (စ)     ဒေါက်တာ ချာလီသန်း               အဖွဲ့ဝင်
                          ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန
               (ဆ)    ဦးထွန်းအုံ               အဖွဲ့ဝင်
                          ပြည်ထောင်စုဝန်ကြီး
                          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
               (ဇ)     ဗိုလ်ချုပ် တိုးရီ               အဖွဲ့ဝင်
                          ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန
               (ဈ)     ဦးမင်းထွဋ်               အဖွဲ့ဝင်
                          ဒုတိယဝန်ကြီး၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
               (ည)    ဦးအေးကျော်               အဖွဲ့ဝင်
                          ဒုတိယဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
               (ဋ)     ဦးသန့်စင်               အဖွဲ့ဝင်
                          ဒုတိယဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန
               (ဌ)     ဦးဝင်းဖေ               အဖွဲ့ဝင်
                          ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန
               (ဍ)     ဗိုလ်မှူးချုပ် တင်စိုး               အဖွဲ့ဝင်
                          ညွှန်ကြားရေးမှူး၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး
                          ကာကွယ်ရေးဝန်ကြီးဌာန
               (ဎ)     ဦးအေးဝင်း  အဖွဲ့ဝင်
                          ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
                              ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
               (ဏ)   ဒေါက်တာ အောင်ကြီး               အတွင်းရေးမှူး
                          ဒုတိယဝန်ကြီး
                          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

               (တ)   ဒေါက်တာ တင်ထွဋ်                                                 တွဲဖက်အတွင်းရေးမှူး
                          ဒုတိယဝန်ကြီး
                          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
၂။            စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သီးခြား ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
                                                                                      အမိန့်အရ
အောင်လင်းဒွေး
ဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

4 weeks ago

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊  ၅၅  / ၂၀၂၄
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော်   ၃   ရက်
(၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ   ၁၈   ရက်)
လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်းခြင်း
၁။            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
               (က)    ဗိုလ်ချုပ်ကြီး တင်အောင်စန်း               ဥက္ကဋ္ဌ            ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး           နိုင်ငံတော်ဝန်ကြီးချုပ်ရုံး
               (ခ)     ဦးဉာဏ်ထွန်း               ဒုတိယဥက္ကဋ္ဌ(၁)         ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
               (ဂ)     ဦးကိုကိုလွင်               ဒုတိယဥက္ကဋ္ဌ(၂)       ပြည်ထောင်စုဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန
               (ဃ)    ဒေါက်တာကံဇော်               အဖွဲ့ဝင်       ပြည်ထောင်စုဝန်ကြီး        ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
               (င)     ဦးမင်းနောင်               အဖွဲ့ဝင်         ပြည်ထောင်စုဝန်ကြီး         စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
               (စ)     ဦးလှမိုး               အဖွဲ့ဝင်           ပြည်ထောင်စုဝန်ကြီး       သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
               (ဆ)    ဦးခင်မောင်ရီ               အဖွဲ့ဝင်          ပြည်ထောင်စုဝန်ကြီး       သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
               (ဇ)     ဒေါက်တာ ချာလီသန်း               အဖွဲ့ဝင်         ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန
               (ဈ)     ဦးထွန်းအုံ               အဖွဲ့ဝင်         ပြည်ထောင်စုဝန်ကြီး         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
               (ည)    ဒေါက်တာ မျိုးသိန်းကျော်               အဖွဲ့ဝင်          ပြည်ထောင်စုဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
               (ဋ)     ဗိုလ်ချုပ် ကိုလေး               အဖွဲ့ဝင်          ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန
               (ဌ)     ဗိုလ်ချုပ် တိုးရီ               အဖွဲ့ဝင်            ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန
               (ဍ)     ဦးမင်းထွဋ်               အဖွဲ့ဝင်        ဒုတိယဝန်ကြီး၊ စီမံကိန်းနှင်ဘဏ္ဍာရေးဝန်ကြီးဌာန
               (ဎ)     ဗိုလ်ချုပ် ဇော်နိုင်ဦး               အဖွဲ့ဝင်        ညွှန်ကြားရေးမှူး၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး      ကာကွယ်ရေးဝန်ကြီးဌာန
               (ဏ)   ဦးလှဝင်းဌေး               အဖွဲ့ဝင်      အတွင်းရေးမှူး၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ
               (တ)   ဦးအေးကျော်               အတွင်းရေးမှူး      ဒုတိယဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
               (ထ)    ဦးသန့်စင်           တွဲဖက်အတွင်းရေးမှူး     ဒုတိယဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန
၂။            လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သီးခြားထုတ်ပြန် ပေးသွားမည် ဖြစ်သည်။

                                                                                      အမိန့်အရ
အောင်လင်းဒွေး
ဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

1 month ago
Htoo News
1 month ago
Htoo News
1 month ago
Htoo News
1 month, 1 week ago
NUG အကြမ်းဖက်အဖွဲ့ဆီက ငွေတိုက်စာချုပ်ဝယ်ထားတဲ့သူတွေက သတ်မှတ်ထားတဲ့နှစ်ပြည့်သွားပြီဖြစ်လို့ အမြတ်မပေးချင်နေပါ...အရင်းလေးတော့ ပြန်ပေးပါလို့ …

NUG အကြမ်းဖက်အဖွဲ့ဆီက ငွေတိုက်စာချုပ်ဝယ်ထားတဲ့သူတွေက သတ်မှတ်ထားတဲ့နှစ်ပြည့်သွားပြီဖြစ်လို့ အမြတ်မပေးချင်နေပါ...အရင်းလေးတော့ ပြန်ပေးပါလို့ တောင်းတာကို တပ်ဆီကို သတင်းပေးလိုက်ရမလားဆိုပြီး ခြိမ်းခြောက်ခံနေရတယ်ဆိုပဲ...သုံးလို့ဖြုန်းလို့ ကုန်သွားပြီဖြစ်လို့ ပြန်မပေးနိုင်တော့လို့ ဒီလိုမျိုး ခြိမ်းခြောက်နေတာဖြစ်ပါတယ်...ဒီပုံစံအတိုင်းဆိုရင် NUG ကို ငွေကြေးထောက်ပံ့နေတဲ့သူတွေလည်း သတိသာထားနေကြပေတော့...အ အတဲ့သူတေခံ...
M M N
https://t.me/thadinsonemyanmarpyi

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago