Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

Thurain Min Khant

Description
သတင်းမှန်များတင်းပေးသွားမည်
အေးချမ်းပါစေ မြန်မာပြည်
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago

1 month ago
Thurain Min Khant
1 month ago
Thurain Min Khant
1 month ago

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်း မိုင်းခွဲခံရပြီး ယနေ့ ရထားခရီးစဉ်များ ယာယီရပ်နား
မော်လမြိုင်၊ ဧပြီ ၁၁
မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်း မိုင်းခွဲခံရမှုကြောင့် ဧပြီလ ၁၁ရက်နေ့ (ယနေ့)ခရီးစဉ်များကို ယာယီရပ်နားလိုက်ကြောင်း မော်လမြိုင်ဘူတာကြီးက အသိပေး ထုတ်ပြန်ထားသည်။
ဧပြီ (၁၀)ရက် နံနက်ပိုင်းက မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်အတွင်း၌ အမှတ်( ၆၈၆) အစုန် ကျောက်ရထားမှာ သိမ်ဆိပ်ဘူတာနှင့် ဒုံးဝန်းဘူတာကြား အရောက်တွင် မိုင်းပေါက်ကွဲမှုကြောင့် ရထားလမ်းနှင့်တွဲများ ပျက်ဆီးခဲ့ပြီး လမ်းပိုင်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။
ထို့ကြောင့် ယနေ့ မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ်(၈၂) အစုန် မော်လမြိုင်-ရန်ကုန်ရထား နှင့် သင်္ကြန်အစုန်အထူး မော်လမြိုင်-ရန်ကုန် ရထားခရီးစဥ်နှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် (၈၁)အဆန် ရန်ကုန်-မော်လမြိုင် ရထား နှင့်သင်္ကြန်အဆန်အထူး ရန်ကုန်-မော်လမြိုင်ရထား ခရီးစဥ်များ ရပ်နားထားခဲ့သည်။
ယနေ့အတွက် ရထားလက်မှတ် ဝယ်ယူထားသူများ အထက်တန်း/ရိုးရိုးတန်း လက်မှတ်ခငွေများကို မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံတွင် နံနက် (၆) နာရီမှ (၁၀) နာရီထိ ပြန်အမ်းပေးသွားမည်ဟု အသိပေးထားသည်။
ရာမညတိုမ်း(တိုမ်း)-သတင်းအေဂျင်စီ

1 month, 1 week ago

ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၂၆ က တနင်္သါရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံမြို့နယ်မှာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးစစ်ဆေးပြီး ဒလန်လို့ စွပ်စွဲချက်နဲ့ သီလရှင်ဆရာကြီး ဒေါ်နန္ဒစာရီ ၆၄ နှစ် ၊ ဒေသခံ ဦးလှရွှေ ၈၂ နှစ်၊ ဦးမောင်မိုး ၅၀ နှစ် ၊ အသက် ၄၀ အရွယ် မဝါဝါ ၊ ကိုသက်စိုးထိုက် ၊ အသက်နှစ်ဆယ်ကျော်အရွယ်တွေဖြစ်ကြတဲ့ ကိုနေရဲစိုးနဲ့ ကိုအောင်နိုင်ရှိန် အပါအဝင် လူခုနှစ်ယောက်ကို Tတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီ Tတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး NUG က သတ်ဖြတ်တဲ့သူတွေကို စစ်ဆေးဖော်ထုတ်ကာ အရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ဇန်နဝါရီ ၃၀ ရက်က မကွေးတိုင်း ၊ မြိုင်မြို့နယ်၊ ဝက်ကျုံးကျေးရွာမှာရှိတဲ့သာသနာ့ ဇောတိကာရုံကျောင်း တိုက် (မြောက်) ကျောင်းမှာ သီးတင်းသုံးနေတဲ့ သီလရှင်ဆရာကြီး ဒေါ်နန္ဒသီရိ(ခ)ဒေါ်ထွေးကြည် (၅၇)နှစ် ၁၅ ဝါ ဆိုသူကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက Tတ်ဖြတ်သွားတယ်လို့ နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၂၀၂၂ ဇန်နဝါရီ (၃၁)ရက် ညပိုင်းက ထုတ်ပြန်တာ တွေ့ရပါတယ်။
သတင်းမှတ်တမ်းတွေအရ ၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်တွေ ပေါ်ပေါက်ပြီးနောက်ပိုင်း သာသနာ့အနွယ်ဝင် ဘုန်းကြီး ၊ ကိုရင် ၊ သီလရှင် Tတ်ဖြတ်ခံရမှု ဖြစ်စဉ် အရေအတွက် တစ်ရာနီးပါးရှိတယ်လို့ သိရပါတယ် ။
အဲ့ဒီ ေTဆုံးမှု ဖြစ်စဉ် အရေအတွက်ထဲက ဘုန်းကြီး ငါးပါးနဲ့ သီလရှင်တပါး ၊ စုစုပေါင်း ခြောက်ပါးဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းထွက်ပေါ်လာပြီးနောက်ပိုင်း အသTတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
VOM မှ ကူးယူဖော်ပြပါသည်

1 month, 1 week ago

ဘုန်းကြီးနဲ့ သီလရှင် အTတ်ခံရမှု တစ်ရာဝန်းကျင်ရှိလာ
ဧၿပီ ၊ ၃ ၊ ၂၀၂၄
SP ( VOM)
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ မကွေးတိုင်း မြိုင်မြို့အပါအဝင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ဘက်တွေမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ ပစ်ခတ်မှုဖြစ်စဉ်တွေကြောင့် ေTဆုံးရသူ အရေအတွက်ထဲမှာ ဘုန်းကြီးနဲ့ သီလရှင်တွေပါဝင်နေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
"ပြီးခဲ့တဲ့ မတ် တစ်လထဲမှာ ဘုန်းကြီး ငါးပါးနဲ့ သီလရှင် တစ်ပါး ၊ စုစုပေါင်း ခြောက်ပါး အTတ်ခံရတယ် ၊ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေရဲ့ ဖမ်းဆီးခံရတာက ဘုန်းကြီး နှစ်ပါး ၊ ကိုရင် နှစ်ပါး ၊ ကပ္ပိယ သုံးယောက် နဲ့ သီလရှင် ကိုးပါး ဖြစ်တယ် ၊ အဲ့ဒီထဲက သီလရှင် ငါးပါးကတော့ သူ့တို့နေရပ်က အိမ်တွေမှာ ပြန်ရောက်နေတယ်လို့ ကြားရတယ် ၊ ကျန်တဲ့သူတွေကတော့ အခုထိ ဆက်သွယ်မရ ပျောက်ဆုံးနေဆဲ ဖြစ်တယ် " လို့ ပခုက္ကူမြို့မှာ သီတင်းသုံး နေထိုင်တဲ့ စာချဆရာတော် တပါးက မိန့်တော်မူပါတယ်။
ပြီးခဲ့တဲ့ မတ်လထဲက သာသနာ့နွယ်ဝင်တွေ အTတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး " မတ် ၁၃ ရက် မနက်ပိုင်းက မကွေးတိုင်း ၊ အောင်လံခရိုင် ၊ အောင်လံမြို့နယ် ၊ ဒါးစမ်းကျေးရွာမှာ ကျောင်းထိုင် ဘုန်းကြီးတပါး ကျောင်းထဲမှာ အTတ်ခံရတယ် ၊ အဲ့ဒီနောက် ၊ မတ် ၂၅ ရက် ၊ နေ့လယ်ပိုင်းက မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း-ကျိုက်ထိုသွားကားလမ်းဘေး၊ ကင်မွန်းချောင်းကျေးရွာက လက်ဖက်ရည်ဆိုင်မှာ ကင်မွန်းချောင်းရွာ ကျောက်ဖြူတောင် ဘောဂဝတီ ရွှေကျောင်းမှာ သီတင်းသုံးနေတဲ့ သက်တော် ၄၇ နှစ်၊ ဝါတော်(၁၈)ဝါရှိ ဘုန်းကြီး ဉူးစန္ဒိမာ ပစ်Tတ်ခံရတယ် ၊ မတ်လ ၂၈ ရက် နံနက် ၈ နာရီ ဝန်းကျင်မှာ စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ မြိုက်ကျေးရွာမှာရှိတဲ့ ဒက္ခိဏရာမဘုန်းကြီးကျောင်းမှာ သီတင်းသုံး နေတဲ့ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ဥက္ကဌ သက်တော်(၄၇) နှစ်၊ ဝါတော်(၂၅)ဝါ ဆိုသူ၊ ကျောင်းထဲမှာ အTတ်ခံရတယ် ၊ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၂၉ ရက် ၊ နေ့လယ် ၂ နာရီဝန်းကျင်က မကွေးတိုင်း ၊ နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာအနားမှာရှိတဲ့ မှန်ခြေရင်းတောင်တောရကျောင်းမှာ သီးတင်းသုံးနေတဲ့ ဆရာတော် ဘဒ္ဒန္တ ပညာစာရ သက်တော်(၅၅)နှစ်၊ ဝါတော်(၁၀)ဝါ Tတ်ခံရတယ် ၊ အဲ့ဒီ ဆရာတော် ပညာစာရကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းခေါ်သွားပြီး မြင်းတဲကြီးကျေးရွာနားက လမ်းပေါ်မှာ တပ်မတော်ယူနီဖောင်းအင်္ကျီနဲ့ ရဲတပ်ဖွဲ့ယူနီဖောင်း ဘောင်းဘီတို့နဲ့ လူဝတ်လဲပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်Tတ်သွားတယ် ၊ ဒါ့အပြင် အဲ့ဒီ မတ် ၂၉ ရက် ၊ နေ့လယ်ပိုင်းမှာ မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို၊ ကိုးဆောင်းကျောင်းတိုက် ၊ ဓမ္မရိပ်သာဆောင်မှာ သီတင်းသုံးနေတဲ့ သီလရှင် ဆရာကြီး ဒေါ်စိတ္တ သက်တော် ၅၀ ၊ ဝါတော် ၃၀ (ငယ်ဖြူ) ပစ်Tတ်ခံရပြီး ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဘုန်းကြီး နှစ်ပါး ၊ ကိုရင် နှစ်ပါး ၊ ကပ္ပိယ သုံးယောက်နဲ့ သီလရှင် ဆရာလေး ကိုးပါး ၊ စုစုပေါင်း ၁၆ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ အဲ့ဒီ ဖမ်းခံရတဲ့အထဲက သီလရှင် ဆရာလေး ငါးပါး ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန် ၁၁ ယောက်ဟာ ဒီကနေ့အထိ ဆက်သွယ်မရ ပျောက်ဆုံးနေတယ်" လို့ ပခုက္ကူ စာချဆရာတော်က မိန့်တော်မူပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်တွေ ပေါ်ပေါက်လာပြီး နောက်ပိုင်း သာသနာ့အနွယ်ဝင် ရဟန်းသံဃာတချို့ဟာ ပြောင်းလဲဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်တွေမှာ ကိုယ့်ခံယူချက်နဲ့ကိုယ် တက်ကြွစွာပါဝင်လုပ်ဆောင်တယ်လို့ သိရပါတယ်။
" နိုင်ငံရေးဖြစ်စဉ်တွေမှာ တက်ကြွလှုပ်ရှားတဲ့ ဆရာတော်တွေရှိတယ် ၊ အဲ့ဒါက စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ သပြေအေးကျေးရွာက သပြေအေး ကျောင်းတိုက်ဆရာတော် ဥူးသောပါက ဆိုရင်လက်ရှိ ယင်းမာပင်ခရိုင် ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ကို ဗိုလ်သံမဏိ နာမည်နဲ့ ဦးဆောင်လှုပ်ရှားတယ် ၊ နောက်ပြီး ကန့်ဘလူမြို့နယ် ၊ မှော်တော်ကျေးရွာက ဆရာတော် ဥူးဝါသဝ ဆိုတဲ့ ကိုယ်တော်က ၅၅၀ ဆရာတော်ဆိုပြီး ပြည်သူ့စစ်အဖွဲ့ကို ဦးဆောင်တယ် "လို့ စစ်ကိုင်းတိုင်း နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်က ရွှေဘိုမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ မစိုးရိမ် ( အနောက်)ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ ဆရာတော် ဥူးဝိလာသ သက်တော် ၅၅ နှစ် ၊ ဝါတော် ၃၁ ဝါ ဆိုတဲ့ ဘုန်းကြီးတပါးဟာ ရွှေဘိုမှာပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေ ထောက်ခံကြိုဆိုပွဲမှာ ပါဝင်ဦးဆောင်ခဲ့တာကြောင့် အဲ့ဒီ ဘုန်းကြီးနဲ့ ဘုန်းကြီးရဲ့ မိဘနှစ်ယောက်ကို ဒေသတွင်း လက် နက်ကိုင် PDF အဖွဲ့တွေက တဂဏန်ရွာဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၊ အဲ့ဒီ တဂဏန်ရွာ အဝင်ရောက်မှာ ဘုန်းကြီး ဥူးဝိလာသကို လူဝတ်လဲပေးပြီး ထွက်ပြေးခိုင်းကာ နောက်ကနေ သေနတ်နဲ့ပစ်Tတ်လိုက်တယ်လို့ သိရပါတယ်။

1 month, 1 week ago

ရန်ကုန်
မောင်ကိန်းရွှေဆိုင်
နယူးတိုင်စင်ရွှေဆိုင်
ခရမ်းသုံးခွဖက်မှ ရွှေဆိုင်တစ်ဆိုင်
မန္တလေး
ရွှေစင်ဝင်း ရွှေသန့်စင်လုပ်ငန်း
ရွှေမင်းသား ရွှေလှော်ဖိုလုပ်ငန်း
မန်းစံပါယ် ရွှေရောင်းဝယ်ရေးလုပ်ငန်း
မြန်မာ့ရွှေ ရွှေဆိုင်လုပ်ငန်း
စသော ရွှေဆိုင် (၇)ဆိုင်မှ ရွှေများအား
ယနေ့ (၃)ရက်နေ့ကစပြီး ရွှေဝယ်ချင်းများမပြုလုပ်ရန် ထုတ်ပြန်။
လိုင်စင်ကိစ္စလိမ်လည်မှုများကြောင့် တရားဥပဒေအရ အရေးယူမှု ခံယူရပါမည်။
နောက်တိုးဆိုင်များ ရှိပါသေးသည်
နောက်နေ့မှာ သတင်းအဆက်ဖြစ် ဖော်ပြပေးပါမည်။
၃/၄/၂၀၂၄

3 months, 1 week ago
နံနံခြားမှာ ဇိမ်ခံနေတဲ့သူက အလှူရှင်တွေ စိတ်ကျေနပ်အောင် အော်ပြရတာပေါ့***😂******🤣******🤣***

နံနံခြားမှာ ဇိမ်ခံနေတဲ့သူက အလှူရှင်တွေ စိတ်ကျေနပ်အောင် အော်ပြရတာပေါ့😂🤣🤣
သနားစရာ ကြွက်သွား

3 months, 1 week ago
အသံတိတ်သပိတ်မှာ ပါဝင်လို့ မန္တလေးကျောက်ဝိုင်းက ဆိုင်ခန်းရှစ်ဆယ်ကျော် ပိတ်သိမ်း

အသံတိတ်သပိတ်မှာ ပါဝင်လို့ မန္တလေးကျောက်ဝိုင်းက ဆိုင်ခန်းရှစ်ဆယ်ကျော် ပိတ်သိမ်း
~~~

3 months, 1 week ago
Thurain Min Khant
5 months, 1 week ago
Thurain Min Khant
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago