ပုလဲမြေ

Description
မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago

1 month, 2 weeks ago

တိုက်ပွဲသတင်းထုတ်ပြန်ချက်
မတ်လ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။
=======================

ကချင်ပြည်နယ်

ဆွမ်ပရာဘွမ်စခန်း၏ တောင်ဘက်သို့ နေရာ ၂ နေရာမှ KIA နှင့် အကြမ်းဖက် အင်အား ၆၀ ဦးခန့် လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ၁ ကြိမ်၊ ရန်သူအင်အား(စိစစ်ဆဲ) အဖွဲ့က Drop Bomb ဖြုတ်ချတိုက်ခိုက်ခြင်းများ ဆောင်ရွက်လာခဲ့သဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့။

ကယားပြည်နယ်

ဖားဆောင်းမြို့နယ် ထူးချောင်းစခန်း တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် KNPP/KNDF နှင့် PDF ပူးပေါင်းအင်အား ၁၅၀ ဦးခန့်က လက်နက်ကြီး/ငယ်များ၊ Drop Bomb ဖြုတ်ချတိုက်ခိုက်သဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့။

မိမိဘက်မှ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သောင်းကျန်းသူများ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့။ အတည်ပြုဆဲ သတင်းများအရ သေဆုံးဒဏ်ရာ ရသူများအား ထူးချောင်းအရှေ့ဘက် ကြိုးတံတား ဟောင်းဘက်သို့ ပြန်လည်သယ်ဆောင်သွားကြောင်း သိရှိရ။

ကရင်ပြည်နယ်

ဖာပွန်မြို့ နယ်မြေခံတပ်ရင်းသို့ နေရာ ၂ နေရာမှ KNLA တပ်မဟာ(၅) ၊ ရင်း(၁၀၂) နှင့် PDF ပူးပေါင်းအင်အား ၁၀၀ ဦးခန့်က ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့်ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

ကော့ကရိတ်မြို့၊ တောင်ပေါ်ကျောင်းသို့ KKO(ခွဲထွက်)နှင့် PDF ပူးပေါင်းအင်အား ၅၀ ဦး ခန့်က ၂ ကြိမ်၊ ချောင်းဦးစေတီသို့ အင်အား ၃၅ ဦးခန့်က ၁ ကြိမ်၊ မြို့မဘုရားသို့ အင်အား ၃၀ ဦးခန့်က ၁ ကြိမ် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။

သင်္ကန်းညီနောင် နယ်မြေခံတပ်ရင်းတစ်ဝိုက် နယ်မြေရှင်းလင်းစဉ် KNLA တပ်မဟာ ၆ ၊ ရင်း ၂၇ နှင့် အကြမ်းဖက်ပူးပေါင်း ၁၂၀ ဦးခန့်က စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ တပ်ရင်း ဌာနချုပ်ကို လာရောက်တိုက်ခိုက်ခဲ့သည့် KNLA အဖွဲ့များဆုတ်ခွာ ထွက်ပြေးသွား။

တနင်္သာရီတိုင်း

ဘုတ်ပြင်းမြို့နယ် ချောင်းသာစူးကျေးရွာတစ်ဝိုက် အကြမ်းဖက်များ ခိုအောင်းနေကြောင်း သတင်းအရ သွားရောက်ရှင်းလင်းစဉ် အကြမ်းဖက်အင်အား ၁၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့။

လက်လုပ်ရီမုမိုင်း ၁ လုံး၊ ရီမု ၁ ခု၊ ဆိုလာပြား ၁ ချပ်၊ ဓာတ်ခဲ ၆ လုံး၊ ဒီတိုနေတာ ၄၀ ခု၊ ဆိုင်ကယ်ဘက်ထရီ ၃ လုံး၊ လက်လုပ်ခြေနင်းခလုတ် ၆ ခု၊ ဝါယာကြိုး ၂ ခွေ၊ အိုင်ကွန်တိုင် ၃ ချောင်း သိမ်းဆည်းရမိ။

#တိုက်ပွဲသတင်းစုံ

https://t.me/kyawswar49111

1 month, 2 weeks ago
ပုလဲမြေ
1 month, 2 weeks ago
ပုလဲမြေ
1 month, 3 weeks ago
ကချင်ပြည်နယ် နမ္မတီးမြို့ လမ်းခွအသင်းတော်၏ ခရစ်ယာန်ဓမ္မဆရာဟောင်း ခွန်ဂျော်လီ (Sr. …

ကချင်ပြည်နယ် နမ္မတီးမြို့ လမ်းခွအသင်းတော်၏ ခရစ်ယာန်ဓမ္မဆရာဟောင်း ခွန်ဂျော်လီ (Sr. Nammye Hkun Jaw Li) အား မတ် ၁၁ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် နေအိမ်တွင်း၌ အမည်မသိလူသုံးဦးက ဆိုင်ကယ်ဖြင့် လာရောက်ပစ်သတ်ခဲ့ကြောင်း သိရသည်။

“၂ နာရီ မထိုးခင်လေးဖြစ်တာပေါ့။ မိတ္တူဆိုင်ဖွင့်ထားတာ။ ဆိုင်ကယ်တစ်စီးနဲ့ လူသုံးယောက် အိမ်ထဲမှာကို လာပစ်သွားတာ။ အခုလောလောဆယ်တော့ ဆရာ့ကိုရင်ခွဲရုံကနေ ဆေးစစ်ချက်ယူပြီး အိမ်ပို့ထားပြီ။ ဦးခေါင်းတစ်ချက်၊ ကိုယ်လေးချက် ထိထားတယ်။ ဘာကြောင့် ခုလိုလုပ်သွားမှန်းမသိဘူး။ လန့်နေကြတာ။ တခြားအဖွဲ့တွေကို ရိုးမယ်ဖွဲ့တာလည်း မကောင်းပါဘူး။ သူနဲ့ သူတို့မိသားစုက အသိဆုံးဖြစ်မှာ” ဟု ကူညီသူတစ်ဦးက ပြောကြားသည်။

ဆရာခွန်ဂျော်လီသည် သေဆုံးချိန်တွင် အသက် (၄၀ နှစ်) ရှိပြီဖြစ်ပြီး နမ္မတီးကချင်နှစ်ခြင်း ခရစ်ယန်အသင်းတော် (KBC) က အမှုတော်ဆောင်ဟောင်းတစ်ဦးဖြစ်ကာ လူထုအခြေပြုမူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ (Pat Jasan) နှင့် ရပ်ရွာအကျိုးလှုပ်ရှားရေး၌ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြောင်း ယင်းနှင့်နီးစပ်သူများက ဆိုသည်။

eleven media

https://t.me/kyawswar49111

1 month, 3 weeks ago
ပုလဲမြေ
1 month, 3 weeks ago
ပုလဲမြေ
2 months ago

ပအိုဝ်းနယ်မှာ စစ်မီးလာမွှေးတဲ့ KNDF တွေကို Drop Bomb ချ မောင်းထုတ်ပွဲ

ရှေးယခင်အဆက်ဆက် အေးချမ်းစွာနေထိုင်ခဲ့ကြတဲ့ ပအိုဝ်းနယ်ကို စစ်မီးလာမွှေးတဲ့ KNDF သူပုန်တွေတော့ Drop Bomb စာ တော်တော်မိပြီး ခွေးပြေးဝက်ပြေး ပြေးနေကြပြီ။
-
ဒီကောင်တွေနေတဲ့နေရာတွေကို ဒေသခံတွေက ကွက်တိကို သတင်းပေးတာ။ “အား” လို့တောင် အော်ချိန် မရကြဘူးလို့ ကြားတယ်။ Good

Ko Thet News

ပအိုဝ်းနယ်မှာ စစ်မီးလာမွှေးတဲ့ KNDF တွေကို Drop Bomb ချ မောင်းထုတ်ပွဲ

  ရှေးယခင်အဆက်ဆက် အေးချမ်းစွာနေထိုင်ခဲ့ကြတဲ့ ပအိုဝ်းနယ်ကို စစ်မီးလာမွှေးတဲ့ KNDF သူပုန်တွေတော့ Drop Bomb စာ တော်တော်မိပြီး ခွေးပြေးဝက်ပြေး ပ...

[ပအိုဝ်းနယ်မှာ စစ်မီးလာမွှေးတဲ့ KNDF တွေကို Drop Bomb ချ မောင်းထုတ်ပွဲ](http://www.kothet.com/2024/03/kndf-drop-bomb.html)
2 months ago

အကြမ်းဖက် KNU/PDF အဖွဲ့က ကော့ကရိတ်မြို့အား မီးထပ်ရှို့နေ

မတ်လ ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် အကြမ်းဖက် KNU/PDF အဖွဲ့က ကော့ကရိတ်မြို့ အမှတ် ၄ ရပ်ကွက် ရတနာလမ်း ဝါးလုံးချောင် ရှိနေအိမ်များကို မီးရှို့နေကြောင်း သိရသည်။
-
ယခုအပါဆိုလျှင် အကြမ်းဖက်မီးရှို့မှုပေါင်း ၁၈ ကြိမ်ခန့် ရှိပြီဖြစ်ပြီး အိမ်ပေါင်း ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်။
-
သင်္ဃန်းညီနောင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအပေါ် အာရုံလှည့်စားရန်အတွက် ပြုလုပ်ခြင်းဖြစ်သည်ဟု ယူဆရသော်လည်း အမှန်တကယ် နစ်နာသူမှာ ပြည်သူပင်ဖြစ်သည်။
-
၁၁ ရက်နေ့ကလည်း အကြမ်းဖက် KNU/PDF အဖွဲ့၏ Drop ဗုံးကျရောက်မှုကြောင့် ရပ်ကွက် ၆ ရှိ နေအိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့ရသည်။
-
NLD ထောက်ခံသူ အများစုနေထိုင်ရာ ကော့ကရိတ်မြို့ကိုမှ ဘာကြောင့်ဖျက်ဆီးနေရသလဲဆိုတာ နားမလည်နိုင်ပေ.. ဆုံးရှုံးရသည့် ပြည်သူများအတွက်ပဲ ဝမ်းနည်းမိပါသည်။
Saw Ba Maung

Ko Thet News

အကြမ်းဖက် KNU/PDF အဖွဲ့က ကော့ကရိတ်မြို့အား မီးထပ်ရှို့နေ

မတ်လ ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် အကြမ်းဖက် KNU/PDF အဖွဲ့က ကော့ကရိတ်မြို့ အမှတ် ၄ ရပ်ကွက် ရတနာလမ်း ဝါးလုံးချောင် ရှိနေအိမ်များကို မီးရှို့...

[**အကြမ်းဖက် KNU/PDF အဖွဲ့က ကော့ကရိတ်မြို့အား မီးထပ်ရှို့နေ**](http://www.kothet.com/2024/03/knupdf_12.html)
2 months ago
ပုလဲမြေ
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago