စာတို၊ကဗျာတို...🥀

Description
စာတိုပေစတွေနဲ့ မွေးဖွားခြင်းဖြင့်အချစ်ကိုရရှိနိုင်
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc👉 @khanthtookyaw2001

Last updated 3 Wochen, 6 Tage her

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 Monat, 1 Woche her

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006

Last updated 2 Monate her

1 month, 2 weeks ago

မျှော်တော်ယောင် ပျော်ပျော်ကြီး လုပ်ချင်စမ်းပါရဲ့အချစ်ရယ်။
မြင့်သထက်မြင့်ဖို့
မျှော်ရတာများ အဆန်းမှတ်လို့။
အလွမ်းနဲ့မျှော်မယ်
သတိရခြင်းနဲ့မျှော်မယ်
ပြီးတော့ ပီတိနဲ့မျှော်မယ်။
မြတ်နိုးသူ အမြင့်ရောက်လေဖို့
ခပ်ပြုံးပြုံးသာ မျှော်ရချည်သေးရဲ့ဗျာ။

# မိုးနှောင်း

1 month, 2 weeks ago

ချစ်သူရေ...
တစ်ဘဝစာအတွက် တစ်ခဏတော့ ဝေးရအုံးမယ်...
ဒီတစ်သက် နီးစပ်ခွင့်ရရင် နီးချင်ပါသေးရဲ့။......
စောင့်နေမယ်လို့တော့ မမျှော်လင့်ဘူးရယ်။...
ဖြစ်နိုင်ရင် စောင့်နေစေချင်တယ်။.....
အဝေးကချစ်ရသူ။

#.....

1 month, 2 weeks ago

ဟောင်းနွမ်းသွားတဲ့ အတိတ်ကဒဏ်ရာတွေက..
ဆောင်းည ရောက်လာပြီဆို ပြန်နာကျင်ရတယ်..
#Ba_nic

1 month, 3 weeks ago

ဆေးလိပ်တို့ ဘီယာတို့သောက်ရင်..
စောစောသေတာပေါ့နော်။
ဒါမဲ့ ကိုယ့်ကို မချစ်တဲ့ လူတယောက်ကို ချစ်မိရင်ကျ ဘာလို့ အကြိမ်"သေတာပါလိမ့်..
#Ba_nic

1 month, 3 weeks ago

Hello December

ပိုက်ဆံကလွဲပြီး ဘာမှဝင်မလာပါနဲ့ 🙏

1 month, 3 weeks ago

❝ အချစ်ဘွဲ့ ❞ - အောင်ချိမ့်

စိတ်မကောင်းပါဘူး
အဲသလို လွဲသွားခဲ့ရတာ။

“ဘောလုံးဟာ ဘယ်ကိုလိမ့်သွားသလဲ” တဲ့ ကဗျာတစ်စ
ငါ့မှာ ရွတ်သမိပါတယ်။

ဘယ်သိမှာလဲ
မဟုတ်ဘူးလား။

လူတွေ၊ ဇာတ်လမ်းတွေ၊ အကတွေ၊ အချစ်တွေ
ထိုင်ငေး
တစ်သက်လုံး အာသာငမ်းငမ်းဖြစ်
တစ်သက်လုံး ဘာမှမရ။

ငါ စာအုပ်ဖတ်မယ်
ငါ စဉ်းစားခန်းဝင်မယ်။

နောင်တစ်ကြိမ်တစ်ခါ
သို့မဟုတ် အကြိမ်ကြိမ်အခါခါ
ကျွန်တော့်ကို ငြင်းပယ်နိုင်ပါတယ်။

သို့သော်…
မင်းကို ငါချစ်တယ်။ ။

-အောင်ချိမ့်

1 month, 4 weeks ago

မေတ္တာတွေ / သစ္စာတွေနဲ့ ချည်မှမြဲမဲ့
"ချစ်ခြင်းမေတ္တာတွေ" ကြားမှာ
ကိုယ့်ကို မင်းရဲ့ဆံချည်မျှင်လေး..
၁ မျှင်နဲ့သာ ခပ်ဖွ"ချည်ပါ။
ကိုယ့်မှာ မရုန်းနိုင်ပါဘူး ချစ်ရယ်။
#Ba_nic

1 month, 4 weeks ago

အချစ်က လိုက်ခဲ့ဟုခေါ်တုန်းက
ခပ်သွက်သွက်လျှောက်ခဲ့တဲ့
ခြေထောက်တွေက နေခဲ့ဟု
ဆိုပြန်တော့ တုတ်တုတ်မျှပင်မလှုပ်ခဲ့။ နာခံတတ်သူပါ။
ရိုကျိုးခဲ့သူပါ။ပြီးတော့
နာကျင်ခဲ့ရသူပါ။

# မိုးနှောင်း

1 month, 4 weeks ago

ကျနော်မြန်မာနိုင်ငံသားပါ
-----------------------------------------

အစ္စရေး ပါလက်စတိုင်း စစ်ပွဲကို
စိတ်ပူတယ်

ကျနော်မြန်မာနိုင်ငံသားပါ
ရေ၊ မီး၊ မင်း၊ သူခိုး၊ မနှစ်သက်သူ
ရန်သူမျိုးငါးပါးနဲ့စစ်ပွဲ တစ်ပြိုင်တည်းခံစားရတဲ့
မြန်မာနိုင်ငံသားပါ ။

ရုရှား ယူကရိန်း စစ်ပွဲလည်း
စိတ်ပူတယ်

ကျနော်မြန်မာနိုင်ငံသားပါ
ကမ္ဘာမှာ ပြည်တွင်းစစ်အရှည်ကြာဆုံးနိုင်ငံက
လူဆင်းရဲကျောမွဲတစ်ယောက်ပါ ။

တောင်တရုတ်ပင်လယ်နဲ့
ထိုင်ဝမ်အရေးကိုလည်း စိတ်ပူတယ်

ကျနော်မြန်မာနိုင်ငံသားပါ
ရေကြီး၊ မီးလောင်၊ မူးယစ်ဆေးဝါး
လုယက်သတ်ဖြတ်၊ စစ်မက် မပြတ်တဲ့နိုင်ငံက
မခံချင်စိတ်ရှိသူ သာမန်လူတစ်ဦးပါ။

" အာဖရိကန် ကလေးတွေ
စားနပ်ရိက္ခာ ပြတ်တဲ့သတင်းဖတ်ပြီး
စိတ်မကောင်းဘူး တဲ့....
ပြောင်းဆန်နဲ့ပိန်းဥ တစ်လှည့်စီစားနေရတဲ့
စစ်ကိုင်းတိုင်းမှ ဦးလေးကြီးကပြောတယ်
ပြောရင်း မျက်မှန်ကိုပင့်ပြီး မျက်ရည်သုတ်ရှာတယ်
ဆုံးသွားတဲ့ သားတော်မောင်ကို လွမ်းလို့ထင်ပါရဲ့။

အစ္စရေးမှာ ဗုံးထိလို့
ကလေးသူငယ်တွေ သေတယ်ကြားတော့
ကိုယ်ချင်းစာပါတယ်...တဲ့
ကချင်ပြည်နယ်မှ အမေကြီးကပြောတယ်
ပြောရင်း ခခူးလုံချည်အနားစနဲ့ မျက်ရည်သုတ်ရှာတယ်
အမေကြီးခမျာ မြေးတစ်ဦးဦးကို ဆုံးရှုံးခဲ့ပြီထင်ပါရဲ့။

နာကျင်မှုဆိုတာ
နာကျင်ဖူးသူမှ ကိုယ်ချင်းစာတတ်မယ် မဟုတ်လား

ကျနော်မြန်မာနိုင်ငံသားပါ
ရေ၊ မီး၊ မင်း၊ သူခိုး၊ မနှစ်သက်သူ
ရန်သူမျိုးငါးပါးနဲ့စစ်ပွဲ တစ်ပြိုင်တည်းခံစားရတဲ့
လူဆင်းရဲကျောမွဲ မြန်မာနိုင်ငံသားပါ

အားလုံးကို ကိုယ်ချင်းစာခဲ့ပါတယ်။

-ဆန်းကျော်စွာဝင်း

2 months ago

ကျွန်တော့်ဘဝမှာ
စိတ်ကြီးဝင်စရာ ဘာမှမရှိပါဘူး
ဒါပေမဲ့
သူမရဲ့အသံလေးကို
နားနဲ့ဆက်ဆက်ကြားရတဲ့အချိန်မျိုးမှာတော့
ကျွန်တော်ဟာ ဘဝမေ့တတ်ပါတယ်။ 

- မောင်သိန်းဇော်

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc👉 @khanthtookyaw2001

Last updated 3 Wochen, 6 Tage her

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 Monat, 1 Woche her

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006

Last updated 2 Monate her