Onenews Myanmar

Description
Media
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

4 weeks, 1 day ago

လန်ဒန်မာရသွန်တွင် အိုလံပစ်သုံးမျိုးစပ် ချန်ပီယံဝင်ပြိုင်မည်
--------------------------
အိုလံပစ်နဲ့ ကမ္ဘာ့သုံးမျိုးစပ် ချန်ပီယံ ဗြိတိန်နိုင်ငံသား အဲလက်စ်ရီဟာ ၂၀၂၅ လန်ဒန်မာရသွန်ပြိုင်ပွဲမှာ ပါဝင် ယှဥ်ပြိုင်မှာ ဖြစ်တယ်လို့ ဒီဇင်ဘာ ၁၆ ရက်နေ့က အတည်ပြုလိုက်ပါတယ်။ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ တစ်ဦးချင်း ရွှေတံဆိပ် ဆုနဲ့ အသင်းလိုက် ကြေးတံဆိပ်ဆုအပါအဝင် ကစားသမားဘဝ အိုလံပစ်ဆုတံဆိပ် ၄ ခု ရရှိထားတဲ့ အသက် ၂၆ နှစ်အရွယ် အဲလက်စ်ရီဟာ မာရသွန်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ပြိုင်မှာလည်းဖြစ်ပါ တယ်။ လန်ဒန်မာရသွန် ပြိုင်ပွဲကိုတော့ လာမယ့် ၂၀၂၅ ဧပြီလ ၂၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
လန်ဒန်မာရသွန်ပြိုင်ပွဲက သူ့အတွက် အမှတ်ရစရာတွေ အများကြီးရှိနေမှာသေချာပါတယ်လို့ လန်ဒန် မီနီမာရသွန် ပြိုင်ပွဲကို ၅ ကြိမ်ဝင်ပြိုင်ခဲ့ဖူးတဲ့ အဲလက်စ်ရီက ကြေညာချက်မှာ ရေးသားထားပါတယ်။ လန်ဒန်မာရသွန်လို အပြည့်မာရသွန်ပြိုင်ပွဲကြီး အတွေ့အကြုံမရှိထားတဲ့ သူ့အတွက် လာမယ့်နှစ် လန်ဒန်မာရသွန်ပြိုင်ပွဲဟာ စိန်ခေါ်မှုတစ်ခုဖြစ်မှာ သေချာပါတယ်လို့ လည်း အဲလက်စ်ရီက ပြောပါတယ်။
အဲလက်စ်ရီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း သုံးမျိုးစပ်ပြိုင်ပွဲမှာ နယူးဇီလန်နိုင်ငံ သား ဝေလ်ဒီကို ကျော်ဖြတ်ပြီး ကစားသမားဘဝ ပထမဆုံး အိုလံပစ် ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

4 weeks, 1 day ago

နည်းပြလင်ဒါနှင့် ဆဲလ်ဘတ်အသင်းလမ်းခွဲ
----------------------
ဩစတြီးယားကလပ် ရက်ဘူးလ်ဆဲလ်ဘတ်အသင်းဟာ နည်းပြဖြစ်သူ လင်ဒါနဲ့ လမ်းခွဲတော့မှာဖြစ်တယ်လို့ ဒီဇင်ဘာ ၁၆ ရက်က အတည်ပြုလိုက်ပါတယ်။ နယ်သာလန်လူမျိုးဖြစ်သူ လင်ဒါဟာ ၂၀၂၃-၂၄ ဘောလုံးရာသီ အကုန်မှာ လီဗာပူးလက်ထောက်နည်းပြအဖြစ်ကနေ နုတ်ထွက်ခဲ့ပြီး ၂၀၂၄ မေလမှာ ဆဲလ်ဘတ်အသင်းနည်းပြ ဖြစ်လာခဲ့တာပါ။
ဒါပေမယ့် ဆဲလ်ဘတ်အသင်းမှာ ၇ လသာ ကြာမြင့်ခဲ့ပြီးနောက် ရလဒ်ဆိုးတွေကြောင့် အခုလို လမ်းခွဲဖို့ ဖြစ်လာခဲ့ ပါတယ်။ နည်းပြ လင်ဒါလက်ထက်မှာ ဆဲလ်ဘတ်အသင်းဟာ ဩစတြီးယားလိဂ်ပွဲစဉ် ၁၆ ပွဲ ကစားထားရာမှာ ၇ ပွဲသာအနိုင်ရခဲ့ပြီး အဆင့် ၅ နေရာကို ရောက်နေတာဖြစ်ပါတယ်။ အခုရာသီ ချန်ပီယံလိဂ်မှာလည်း ဆဲလ်ဘတ် အသင်းက အဆင့် ၃၂ မှာရပ်တည်နေပြီး ပြိုင်ပွဲကနေ ထွက်ခွာရဖို့ကို နီးစပ်နေပါတယ်။
အသင်းအခြေအနေကို သေချာလေ့လာသုံးသပ်ပြီးနောက်မှာ ရာသီကုန်ရည်မှန်းချက်တွေပြည့်ဖို့အတွက် အပြောင်း အလဲတွေလုပ်ဖို့ လိုအပ်နေပြီလို့ ဆုံးဖြတ်ခဲ့တဲ့အတွက် အခုလိုမျိုးနည်းပြနဲ့ လမ်းခွဲဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ ဆဲလ်ဘတ်အသင်းကြေညာချက်မှာ ရေးသားထားပါတယ်။ ဆဲလ်ဘတ်အသင်းဟာ နည်းပြ လင်ဒါနဲ့အတူ လက်ထောက်နည်းပြ ဗစ်တာမာတော့နဲ့လည်း လမ်းခွဲမှာဖြစ်တယ်လို့ သိရပါတယ်။

4 weeks, 1 day ago

အပြာမယ်အမှုတွင် ထရမ့် ကင်းလွတ်ခွင့် တရားရုံးမေးခွန်းထုတ်
--------------------------
နယူးယောက်မြို့မှာ စစ်ဆေးခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ အပြာမယ်ကို ငွေပေးနှုတ်ပိတ်တဲ့အမှုကို တရားရုံးချုပ်ရဲ့ သမ္မတကင်းလွတ်ခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်ကြောင့် မပယ်ဖျက်သင့်ဘူးလို့ တရားသူကြီး ယွန်မာချန်းက တနင်္လာနေ့က ဆုံးဖြတ်လိုက်ပါတယ်။
တရားသူကြီး မာချန်းရဲ့ ဆုံးဖြတ်ချက်က ပြီးခဲ့တဲ့ မေလတုန်းက စီးပွားရေးမှတ်တမ်းအမှား အပါအဝင် အမှုပေါင်း (၃၄)မှုနဲ့ ပတ်သက်ပြီး ထရမ့်အပေါ် ချမှတ်ခဲ့တဲ့ ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို ပယ်ဖျက်ဖို့ ထရမ့်ရှေ့နေအဖွဲ့ရဲ့ အားထုတ်မှုကို ပယ်ချလိုက်တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါ ထရမ့်ဟာ သမ္မတအဖြစ် ရွေးကောက်တင် မြှောက်ခံရပြီးဖြစ်တာကြောင့် အဲဒီအပြာမယ်ကို ငွေပေးနှုတ်ပိတ်မှုနဲ့ ပတ်သက်လို့ ပြစ်မှုထင်ရှား စီရင်ချက်ကို ပယ်ဖျက်ပေးရေး ထရမ့်ရှေ့နေအဖွဲ့ရဲ့ အဆိုပြုချက်ကိုတော့ တရားသူကြီး အဆုံးအဖြတ် မပေးသေးပါဘူး။
အဲဒီအစား တရားသူကြီး မာချန်းက စာမျက်နှာ (၄၁) မျက်နှာပါ ဆုံးဖြတ်ချက်မှာ သမ္မတကင်းလွတ်ခွင့်ကိစ္စရပ်ကို အသားပေး အဓိက မေးခွန်းထုတ် တင်ပြထားတာကိုတွေ့ရပါတယ်။ ထရမ့်ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့ ပြောခွင့် ရသူကတော့ တရားသူကြီး မာချန်းရဲ့ ဆုံးဖြတ်ချက်ဟာ တရားရုံးချုပ်ရဲ့ ကင်းလွတ်ခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ တခြားဥပဒေရေးရာ အယူအဆတွေကိုပါ တိုက်ရိုက်ချိုးဖောက်တာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

1 month ago

ဖိလစ်ပိုင်အသင်းကို အနိုင်ရရေး အကောင်းဆုံးကြိုးစားသွားမည်ဟု မြန်မာအသင်းနည်းပြချုပ်ပြော
----------------------------
အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2024 အုပ်စု(B)ပွဲစဉ်ရဲ့ ဒုတိယပွဲအဖြစ် ဒီဇင်ဘာ(၁၂) ရက် ကစားမယ့် ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်ကို အနိုင်ရအောင် အကောင်းဆုံးကြိုးစားသွားမယ်လို့ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းကပြောပါတယ်။
မြန်မာအသင်းအနေနဲ့ အင်ဒိုနီးရှာပွဲမှာ (၁)ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းမှာရှုံးနိမ်ထားခဲ့တာဖြစ်ပါတယ်။ “ပထမပွဲမှာ အမှတ်ဆုံးရှုံးခဲ့တဲ့အတွက် ဖိလစ်ပိုင်နဲ့ ကန်မယ့်ပွဲက အရေးကြီးတာဖြစ်ပါတယ်။ ဒီပွဲမှာ အနိုင်သုံးမှတ်ရယူနိုင် ဖို့အတွက် အကောင်းဆုံးကြိုးသားသွာမှာဖြစ်တယ်လို့” မြန်မာအသင်းနည်ပြချုပ် ဦးမျိုးလှိုင်ဝင်က ပြောပါတယ်။
မြန်မာအသင်အနေနဲ့ အဝေးကွင်းအဖြစ် ဖိလစ်ပိုင်နိုင်ငံ ၊ မနီလာမြို့ရှိ Rizal Memorial Stadium မှာ မြန်မာစံ တော်ချိန် ဒီဇင်ဘာ(၁၂)ရက် ညနေ(၅)နာရီအချိန် ယှဉ်ပြိုင်ကစားကြမှာပါ။ မြန်မာအသင် (ကွင်းလယ်ကစား သမား)လွင်မိုးအောင်ကလည်း “ ကျွန်တော်တို့ ရောက်နေတဲ့ အခြေနေကို ကျွန်တော်တို့သိပါတယ်။ အဲဒီအတွက် တစ်သင်းလုံးသေချာပြင်ဆင်ထားပြီး မနက်ဖြန်ပွဲစဉ်မှာ ခြေစွမ်းပိုင်းရော၊ ရလဒ်ပါ အကောင်းဆုံးဖြစ်ဖို့ ကြိုးစား သွားမှာပါလို့” ပြောပါတယ်။
မြန်မာအသင်နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း ကိုင်တွယ်နေတဲ့ မြန်မာအသင်းဟာ အုပ်စု(B)မှာ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအိုအသင်းတွေနဲ့အတူကျရောက်နေပြီး တစ်ပွဲကစားပြီးချိန်မှာ မြန်မာအသင်းဟာ အုပ်စု တတိယ နေရာမှာ ရပ်တည်နေပါတယ်။

1 month ago

ယဉ်ကျေးမှုအမွေအနှစ်သင်္ကြန်ကို ထိန်းသိမ်းရန် အားလုံးတာဝန်ရှိ
----------------------
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာ့သင်္ကြန်ပွဲတော်ကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဆက်လက် ထိန်း သိမ်းဖို့ အစိုးရရော ပြည်သူတစ်ရပ်လုံးမှာ တာဝန်ရှိတယ်လို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ပြောပါတယ်။
မြန်မာ့သင်္ကြန်ဟာ သမိုင်းအစဉ်အလာကြီးမှု၊ ခိုင်မာမှု၊ စစ်မှန်မှု၊ စုပေါင်းဆောင်ရွက်မှု၊ ချစ်ခင်ရင်းနှီးမှု၊ တန်ဖိုးထား မြတ်နိုးမှု၊ အရွယ်မရွေး ကျား/မ မရွေး တိုင်းရင်းသားပေါင်းစုံ ပါဝင်ဆင်နွှဲမှု၊ မေတ္တာစေတနာထားမှု၊ စတုဒိသာ အလှူ ကုသိုလ်ကောင်းမှု စတဲ့ ဝိသေသတွေနဲ့ ပြည့်စုံတဲ့ ပွဲတော်ဖြစ်တာကြောင့် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ် မှတ်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ့သင်္ကြန်ပွဲတော်ကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဆက်လက် ထိန်းသိမ်းဖို့ အစိုးရရော ပြည်သူတစ်ရပ်လုံးပါ ပူးပေါင်းပါဝင်ပြီး ရိုးရာမပျက် အစဉ်အလာအတိုင်း ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဒေါ်စန္ဒာခင်က ပြောပါတယ်။ မြန်မာ့သင်္ကြန်ပွဲတော်ဟာ ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ သတ်မှတ်ခံရတာဟာ တစ်နိုင်ငံ လုံးရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံအနေနဲ့ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် နှစ်ထောင့် နှစ်ရာကျော် စာရင်းပြုစုထားပြီး ကမ္ဘာ့ယဉ်ကျေးမှု စာရင်းတင်သွင်းနိုင်ဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ ဒေါ်စန္ဒာခင်က ပြောကြားခဲ့ပါတယ်။

1 month ago

လာမည့်ရက်များတွင် ရန်ကုန်၌ မြူထူမည်
------------------------------------------------------
လာမယ့်ရက်တွေမှာ ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ မြုထူတွေဆိုင်းနိုင်တယ်လို့ မိုးလေ ဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၇ ရက်ကနေ ၉ ရက်ခန့် မြူထူတွေဆိုင်းနိုင်တယ်လို့ ဆိုပါတယ်။
အလားတူ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင် ပြည်နယ်တို့မှာ ၃ ရက်ကနေ ၆ ရက်ခန့် မနက်ပိုင်းတွေမှာ မြုထူတွေဆိုင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ညအပူချိန်အနေနဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နဲ့ ကယားပြည်နယ်တွေမှာ ဒီဇင်ဘာလ ပျမ်းမျှအပူချိန်ရဲ့ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် နဲ့ အထက်ပိုနိုင်ပြီး စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နဲ့ (အရှေ့ ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တွေမှာ ဒီဇင်ဘာလ ပျမ်းမျှအပူချိန်သာရှိ တယ်လို့ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ဒုတိယ ၁၀ ရက်ပတ်အတွက် မိုးလေဝသ ခန့် မှန်းချက် ထုတ်ပြန်ထားပါတယ်။

1 month, 1 week ago

EPL တွင် စိုးမိုးနိုင်တော့မည်ဟု မာရက်စကာ ပြော
--------------------------
ချယ်လ်ဆီးနည်းပြမာရက်စကာက လက်ရှိအသင်းရဲ့လူစာရင်းနဲ့ အသက်အရွယ်ကြောင့် နောင်လာမယ့်နှစ်တွေမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကြီးစိုးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ချယ်လ်ဆီးဟာ အခုရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေရရှိနေသလို အသင်းရဲ့ကစားသမားတွေကလည်း ခြေစွမ်းပြကစားနေကြတာပါ။
အခုအချိန်မှာတော့ ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိဦးမှာမဟုတ်ပေမယ့် နောင်လာမယ့်(၁၀)နှစ်လောက်ဆိုရင် ပရီးမီးယားလိဂ်ကို ကြီးစိုးနိုင်လိမ့်မယ်လို့ နည်းပြမာရက်စကာက ပြောပါ တယ်။ ဒီစကားကို ချယ်လ်ဆီးစရောက်ခဲ့တဲ့အချိန်ကတည်းက အသင်းပိုင်ရှင်တွေနဲ့ ဆွေးနွေးခဲ့ရာမှာ ပြောခဲ့ဖူး တယ်လို့လည်း နည်းပြမာရက်စကာက ပြောကြားခဲ့ပါသေးတယ်။
ချယ်လ်ဆီးဟာ အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလေတို့လက်ထက်မှာ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၁)ဘီလီယံခွဲ ကျော် အသုံးပြုထားပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားပါတယ်။ အသင်းရဲ့ပျမ်းမျှအသက်က (၂၃)နှစ် ကျော်သာရှိသေးပေမယ့် ချယ်လ်ဆီးအသင်းဟာ အခုဘောလုံးရာသီ ပရီးမီးယားလိဂ်(၁၃)ပွဲ ကစားပြီးချိန်မှာ (၇)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၂)ပွဲရှုံး၊ ရမှတ်(၂၅)မှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၃)နေရာမှာ ရပ်တည်နေပါတယ်။

1 month, 1 week ago

တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းထုတ်ပြန်
-------------------------
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမယ့်၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်ကနေ ၂၂ ရက်အထိ ကျင်းပသွားမယ် လို့ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဒီဇင်ဘာ ၄ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ အဲဒီ ကြေညာချက်အရ မတ်လ ၁၇ ရက်မှာ မြန်မာစာ၊ ၁၈ ရက်မှာ အင်္ဂလိပ်စာ၊ ၁၉ ရက်မှာ သင်္ချာ၊ ၂၀ ရက်မှာ ဓာတု ဗေဒ/ပထဝီဝင်၊ ၂၁ ရက်မှာ ရူပဗေဒ/သမိုင်း၊ ၂၂ ရက်မှာ ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ်တွေ ဖြေဆိုရမှာ ဖြစ်ပါ တယ်။
စာမေးပွဲဖြေဆိုချိန်ကိုတော့ ဘာသာရပ်အားလုံးအတွက် မနက် ၉ နာရီ ကနေ ၁၂ နာရီအထိ သတ်မှတ်ထားပါ တယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေဆိုသူ တစ်သိန်း သုံးသောင်း နီးပါးရှိတဲ့အနက် ခုနစ်သောင်း လေးထောင်ကျော် အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေနဲ့ ၅၇ ရာခိုင်နှုန်းကျော်ရှိခဲ့ပါတယ်။

1 month, 1 week ago

တောင်ကိုရီးယားသမ္မတ မာရှယ်လောအမိန့်အား ပြန်လည်ရုပ်သိမ်း
-----------------------
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယောလ်က သူထုတ်ပြန်ခဲ့တဲ့ မာရှယ်လော စစ်အုပ်ချုပ်ရေးအမိန့်ကို ညတွက်းချင်း ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ နိုင်ငံရေးအသိုင်းအဝိုင်းက လွှတ်တော်အမတ်တွေဆီက ပြင်းထန်တဲ့ တုံပြန်မှုတွေပေါ်ပေါက်ခဲ့ပြီးနောက် အမတ် ၁၉၀ စုဝေးကာ သမ္မတအမိန့်ကို ပိတ်ဆိုတဲ့ ဆုံးဖြတ် ချက်တစ်ခု ချမှတ်ခဲ့တာဖြစ်ပါတယ်။
ယွန်းက အဓိက အတိုက်အခံပါတီဟာ မြောက်ကိုရီးယားကိုစာနာပြီး နိုင်ငံတော်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်တယ်လို စွပ်စွဲခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီက ထိပ်တန်း အစိုးရရှေ့နေတွေကို စွပ်စွဲပြစ်တင်ဖို လုပ်နေပြီး အစိုးရဘတ်ဂျက် အဆိုပြုချက်ကို ပယ်ချခဲ့တာနဲ့ပတ်သက်လို ယွန်းက အပြစ်တင်ခဲ့ပါတယ်။
ဒေသစံတော်ချိန် မနက် ၅ နာရီ မတိုင်ခင်မှာပဲ ယွန်းက လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်မှုကို ကိုးကားပြီး စစ်အုပ် ချုပ်ရေးအမိန့်ကို ရုတ်သိမ်းမယ်လို ကြေညာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အစိုးရအဖွဲက ဒီအမိန့်ကို ရုပ်သိမ်း လိုက်ပါတယ်။ အခုအခါမှာတော့ သမ္မတ ယွန်းဆော့ယောလ်အနေနဲ့ ရာထူးက ဆင်းမပေးရင် လွှတ်တော်မှာ စွပ်စွဲပြစ်တင်မှုလုပ်ငန်းစဥ် စတင်မယ်လို့ တောင်ကိုရီးယားအတိုက်အခံဒီမိုကရက်တစ်ပါတီက ပြောပါတယ်။

1 month, 2 weeks ago
Onenews Myanmar
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago