Independent Students Organization (ISO)

Description
လွတ်လပ်သော ကျောင်းသားအစည်းအရုံး (လကရ) ၏တရားဝင်ချန်နယ်ဖြစ်သည်။
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 5 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 4 weeks ago

1 week, 3 days ago
လွတ်လပ်သောကျောင်းသားများအစည်းအရုံး (ISO) တွင် တာဝန်ထမ်းဆောင်ရန် online / …

လွတ်လပ်သောကျောင်းသားများအစည်းအရုံး (ISO) တွင် တာဝန်ထမ်းဆောင်ရန် online / မြေပြင် ရဲဘော်သစ်များခေါ်ယူခြင်း

လွတ်လပ်သောကျောင်းသားများအစည်းအရုံ (ISO) မှ 2025 ခုနှစ်အတွက် တော်လှန်ရေး လုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် ရဲဘော်သစ်များ ခေါ်ယူလျတ်ရှိပါသည်။ ယခုနှစ်မှစ၍ ONLINE ရဲဘော်သစ်များ သမက မြေပြင်လုပ်ငန်းများအတွက် ရဲဘော်သစ်များ စိစစ်ခေါ်ယူမည်ဖြစ်ပါသည်။

ONLINE ရဲဘော်သစ်လျှောက်ရန် သတ်မှတ်အရည်အချင်း

(၁) စစ်ကျွန်ပညာရေးအား သပိတ်မှောက်ထားသူဖြစ်ရမည်။
(၂) အာဏာရှင်စိတ်ဓာတ်ရှိသူမဖြစ်ရ။ အများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
(၃) အသက် ၁၃ နှစ်မှ ၂၆ နှစ်အတွင်းဖြစ်ရမည်။
(၄) လုံခြုံရေး စည်းကမ်းများအားလိုက်နာနိုင်ရမည်။
(၅) လွတ်လပ်သောကျောင်းသားအစည်းအရုံးသည် လွတ်လပ်သော အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် မည်သည့်ကျောင်းမှ ကျောင်းသား/ကျောင်းသူမဆို ပါဝင်နိုင်သည်။

ONLINE ရဲဘော်သစ်အဖြစ် လျှောက်လွှာတင်လိုသူများအနေဖြင့် အောက်ပါ GP အားဂျိုင်းထားပါရန်

https://t.me/+wNaXEV8KJl41Mjhl
ဂျိုင်းပြီး စိစစ်ရေးကာလအားဖြတ်ကျော်ရမည်ဖြစ်ပြီး အောင်မြင်ပါက တရားဝင်ရဲဘော်ကဒ်နှင့် ကိုယ်ပိုင်အမှတ်အားထုတ်ပေးပြီး စတင်တာဝန်ထမ်းဆောင်နိုင်ပြီဖြစ်သည်။

မြေပြင်ရဲဘော်သစ်လျှောက်ရန် သတ်မှတ်အရည်အချင်း

(၁) မြေပြင်ရဲဘော်ဖြစ်သဖြင့် လုံခြုံရေးစည်းကမ်းများအား အထူးလိုက်နာရမည်ဖြစ်သည်။
(၂) မန္တလေးမြို့ရှိမြို့နယ်များ၊ ပုသိမ်ကြီးမြို့နယ်၊ တံတားဦးမြို့နယ်၊ မိုးကုပ်မြို့နယ်၊ မြင်းခြံမြို့နယ်၊တောင်သာမြို့နယ် တို့တွင် နေထိုင်သောသူဖြစ်ရမည်။
(၃) အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းဖြစ်ရမည်။
(၄) အခြေခံကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(၅) အာဏာရှင်စိတ်ဓာတ်ရှိသူမဖြစ်ရ၊ ပေးအပ်သောတာဝန်အားကျေပွန်စွာထမ်းဆောင်နိုင်ရမည်။
(၆) စည်းရုံးလှုံဆော်ရေးကောင်းမွန်သူဖြစ်ရမည်။
(၇) စစ်ကျွန်ပညာရေးအားသပိတ် မှောက်ထားသူဖြစ်ရမည်။
(၈) ပေးအပ်သော online သင်တန်းများအားလဲ တက်ရောက်နိုင်ရမည်

အထက်ပါ အရည်အချင်းများနှင့် ပြည့်စုံသူများအနေဖြင့် အောက်ပါ GP အားဂျိုင်းထားပါရန်

https://t.me/+9TEcUxyQtTk0ZDA1
မြေပြင်ရဲဘော်သစ်များအား စနစ်တကျ စိစစ်မည်ဖြစ်ပါသည်။ ပေအပ်သောသင်တန်းများပြီးမှသာလျင် တရားဝင်ရဲဘော်ကဒ်ထုတ်ပေးကာ တာဝန်ထမ်းဆောင်စေမည်ဖြစ်ပါသည်။ပေးအပ်သောသင်တန်းများအား သေချာစွာတက်ရောက်နိုင်ရမည်ဖြစ်သည်။
(မြေပြင်ရဲဘော်သစ်များအနေဖြင့် မိမိသဘောဖြင့်လက်နက်ကိုင်လိုပါက လက်နက်ကိုင်ခွင့်ပေးမည်ဖြစ်ပြီး အဖွဲ့အစည်းနာမည်ဖြင့် လက်နက်ကိုင်တိုက်ခိုက်ခြင်းအား ခွင့်ပြုမည်မဟုတ်ပါ)

ONLINE ရဲဘော်သစ်များနှင့် မြေပြင်ရဲဘော်သစ်များအားလုံးသည် တရားဝင် ရဲဘော်ဖြစ်သောအခါတွင် တစ်နေကုန်နီးပါးတာဝန်ထမ်းဆောင်ရသော တာဝန်ကြီးများပေးမည်မဟုတ်ပဲ
အချိန်အနည်းငယ်ပေးရုံဖြင့် တာဝန်ကျေသော တာဝန်များကိုသာပေးမည်ဖြစ်ပါသည်။ လွတ်လပ်သောကျောင်းသားများအစည်းအရုံးအနေဖြင့်လဲ ရဲဘော်များအား လုံခြုံရေးစည်းကမ်းများမှလွဲ၍ မလိုအပ်သော စည်းကမ်းများဖြင့် တင်းကြပ်ထားခြင်းမပြုပဲ ညီအကိုမောင်နှမ များကဲ့သို့ စုပေါင်းလုပ်ဆောင်လုပ်ခြင်းဖြင့် အဖွဲ့အစည်းအား ရှေ့ဆက်မည်ဖြစ်ပါသည်။

စုံစမ်းမေးမြန်းလိုပါက - https://t.me/Smallcat84646

1 week, 3 days ago

Breaking News🚨🚨
မြစ်ငယ်မြို့သတင်း
January-1

မြစ်ငယ်မြို့ (12 ရပ်ကွက်)အုပ်ကြီး ယနေ့ညနေ (6:30PM)အချိန် က အရက်ဆင်းဝယ်ချိန် liquor ဆိုင်ရှေ့ အပစ်ခံရပြီး နှစ်ကူး မှာ ဘဝကူးသွားကြောင်း သတင်းရရှိပါသည်။

Source -MR Informer
#MDYRevo

1 week, 4 days ago

နေ့စွဲ - 1/1/2025 (မြန်မာသက္ကရာဇ် ၁၃၈၆၊ ပြာသိုလဆန်း ၃ ရက်)
စာအမှတ် - လကရ-၀၀၁/၂၅
အကြောင်းအရာ - ခရစ်နှစ် ၂၀၂၅ နှစ်သစ်ကူး ထုတ်ပြန်ချက်

ကျွန်ုပ်တို့ လွတ်လပ်သောကျောင်းသားများအစည်းအရုံးသည် ၉-၇-၂၀၂၄ တွင်စတင်ဖွဲ့စည်းခဲ့ရာ မကြာမီအချိန်တွင်
အချိန်ကာလအားဖြင့် ၆လ ပြည့်မြောက်တော့မည်ဖြစ်ပါသည်။ ၂၀၂၄ တစ်နှစ်တာလုံးတွင် ISO မဖွဲ့စည်းမီအချိန်ကပင် ISO
ရဲဘော်များသည် ပြည်သူလူထုအကျိုးပြုလုပ်ငန်းများ နှင့် ဘုံရန်သူစစ်ကောင်စီအား ချေမှုန်းရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်
ခဲ့ရာ ယနေ့ အချိန်အထိပင်ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တစ်နှစ်တာ ကာလအတွင်း လွတ်လပ်သောကျောင်းသားများအစည်းအရုံး
မှ အောက်ပါလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပါသည်။
(၁) စစ်ရေးဆိုင်ရာ လှုပ်ရှားများ
(၂) ထောက်ပို့ဆိုင်ရာ လှုပ်ရှားမှုများ
(၃) အသိပညာပေးဆိုင်ရာလှုပ်ရှားမှုများ
(၄) CDM ဝန်ထမ်းအကူအညီပေးရေးလုပ်ငန်းများ
(၅) ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် စည်းရုံး လှုံ့ဆော်ရေးလုပ်ငန်းများ
ကို လုပ်ဆောင်နိုင်ခဲ့ပါသည်။ လုပ်ဆောင်ချက်အများစုကို ပြန်ကြားရေးဌာနမှ ပြန်လည်ထုတ်ပြန်ခဲ့သော်လည်း တချို့သော
လှုပ်ရှားမှုများအား အခြေအနေအရ ထုတ်ပြန်ခဲ့ခြင်းမရှိပါ။ ယခုကဲ့သိုအခြေအနေအထိ လှုပ်ရှားမှုများ အားကောင်းလာစေရန်
ဝန်းရံပေးခဲ့ကြသော ပြည်သူများ၊ ကျောင်းသားအဖွဲ့အစည်းများ၊ နာမည်မဖော်လိုသော ပုဂ္ဂိုလ်များ နှင့် တခြားသော တော်လှန်
ရေးနယ်ပယ်အသီးသီးမှ ရဲဘော်များအားလုံးအား အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။ နှစ်သစ် ၂၀၂၅ တွင်လည်း ယခုထက်ပို
၍ ပိုမိုလှုပ်ရှားမှုများအားကောင် စေရန်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ထပ်လောင်းအသိပေးအပ်ပါသည်။ ၂၀၂၅ ခုနှစ်တွင်
လွတ်လပ်သောကျောင်းများအစည်းအရုံးမှ ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ်အား ချေမှုန်းရန် လက်နတ်ကိုင်ထားသည်ဖြစ်
စေ / လက်နတ်မကိုင်ထားသည်ဖြစ်စေ (မည်သည့် တော်လှန်ရေးအဖွဲ့အစည်း) နှင့်မဆို ဘုံရန်သူချေမှုန်းရေးလုပ်ငန်းများအား
ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တော်လှန်ပြည်သူလူထုမှလည်း ယခင်ကထက်ပို၍ ဝန်းရံပေးကြရန်နှင့် အာဏာရှင်
စနစ်ချေမှုန်ရေးအား ပိုမိုအာရုံစိုက်ပေးပါရန် တိုက်တွန်းလိုပါသည်။ ပြည်သူလူထု လက်ခံခြင်းမရှိသော ဘုံရန်သူ စစ်အုပ်စုသည်
မလွဲမသွေကျဆုံးရမည်ဖြစ်ပါသည်။
ဆက်လက်၍ ၂၀၂၅ နှစ်သစ်တွင် မြန်မာနိုင်ငံအတွင်းရှိပြည်သူများသာကမက တစ်ကမ္ဘာလုံးရှိ ပြည်သူပြည်သားအားလုံး
သည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံ၍ မြန်မာနိုင်အပါအဝင် အာဏာရှင်များ၏ ဖိနှိပ်မှုကို ခံနေရသော
နိုင်ငံများမှ ပြည်သူအားလုံး အာဏာရှင်လက်အောက်မှ လွတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပါရင်း နှစ်သစ်ကူး
ထုတ်ပြန်ချက်အား အဆုံးသတ်လိုက်ရပါသည်။

“ အရေးတော်ပုံ မုချ အောင်မြင်ရမည်”

လွတ်လပ်သောကျောင်းသားများအစည်းအရုံး
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ (ဗဟိုဌာချုပ်)
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ

2 months, 4 weeks ago
လွတ်လပ်သောကျောင်းသားများအစည်းအရုံး(ISO) မှ CDM ဝန်ထမ်းတစ်ဦးအား ငွေ၂၀၀၀၀ ကျပ် …

လွတ်လပ်သောကျောင်းသားများအစည်းအရုံး(ISO) မှ CDM ဝန်ထမ်းတစ်ဦးအား ငွေ၂၀၀၀၀ ကျပ် ထောက်ပံ့ကူညီ

လွတ်လပ်သောကျောင်းသားများအစည်းအရုံးသည် လစဉ် ခက်ခဲ CDM ဝန်ထမ်းနှစ်ဦးအား ကူညီပေးလျတ်ရှိသည်

2 months, 4 weeks ago

တော်လှန်သီတင်းကျွတ် လူထုလှုပ်ရှားမှု

မိဘပြည်သူများ ခင်ဗျာ..

သီတင်းကျွတ် ဆီမီးများနဲ့ စစ်ဘီလူးကို အာဏာဖီဆန်ကြဖို့ အချိန်အခါကို ရောက်ရှိလို့လာပါပြီ။

မြန်မာပြည်ကို ငရဲတခုသဖွယ် ဖန်တီးပြီး လူထုဘဝအထွေထွေကို ဖျက်စီးလို့ အာဏာတည်မြဲဖို့ ကြိုးစားနေတဲ့ "စစ်အာဏာရှင်တွေရဲ့ နိဂုံးကမ္မတ် အဆုံးသတ်ကို လက်နက်ကိုင် - စစ်ရေးနည်းချည်းသာမက လူထုအာဏာဖီဆန်ရေး နည်းအသွယ်သွယ်နဲ့ ပါ တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။"

လူထုရဲ့ တော်လှန်မီးတောက်တွေ အလျှံညီးညီး တောက်လောင်နေဆဲဖြစ်ပြီး အခါပေး အခွင့်သင့်ပြီဟေ့ဆိုတာနဲ့ စစ်အာဏာရှင်စနစ်ကို မီးမြိုက်နိုင်တဲ့ အုံကြွအာခံမှုတွေဟာ ကျိန်းသေမုချ ပေါ်ပေါက်လာမြဲဖြစ်ပါတယ်။

ဒီနှစ်ရဲ့ သီတင်းကျွတ် ကာလမှာ ကျပ်တည်းပင်ပန်းလွန်းလှတဲ့ ၊ မလုံခြုံဖိနှိပ်ခံနေရတဲ့ လူထုရဲ့ ဘဝအမောတွေကိုလည်း ရှေ့အစဥ်အလာ ရိုးရာ ယဥ်ကျေးမှုထုံးထမ်းတွေနဲ့ အညီ ဆင်နွှဲပါဝင်ရင်း ရှေ့ဆက် အနာဂတ်တွေအတွက် အားပေး ၊ အားယူ တောင်းဆုပြုကြရမှာဖြစ်သလို..

လူထုရဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတခု အနေနဲ့လည်း ပုံဖော်ကြရင်း တော်လှန် သီတင်းကျွတ် ကာလအဖြစ် ဖြတ်သန်းကြရမှာဖြစ်ပါတယ်။

အလေးအမြတ်ထားတဲ့ ရင်ပြင်၊နေရာတွေနဲ့ ကိုယ်အိမ်ခြံဝင်းရှေ့မှာ ထွန်းညှိမယ့် သီတင်းကျွတ် ဆီမီးတွေဟာ ဓမ္မတရားကို ပူဇော်ခြင်းဖြစ်သလို ဓမ္မဘက်တော်သား၊ ဓမ္မဝါဒီများကို ဂုဏ်ပြုတဲ့ ဆီမီးသပိတ်ကို ဆင်နွှဲ ကြရပါမယ်။

ဒီဆီမီးတွေဟာ အဓမ္မတရား နဲ့ အဓမ္မဝါဒီတွေကို လောင်ကျွမ်း ပူလောင်စေမယ့် လူထုအာဏာဖီဆန်ရေး သရုပ်ဖော်မှုလည်း ဖြစ်ရပါမယ်။

တနိုင်ငံလုံး ဗုံးကြဲ၊ မတရား လူဖမ်း စစ်သားစု စသဖြင့် ပြည်သူအပေါင်းရဲ့ ဘဝအထွေထွေကို ဒုက္ခအမျိုးမျိုး ကြုံစေတဲ့ လက်သည်တရားခံ မင်းအောင်လှိုင် စစ်အုပ်စုကို - မြန်မာပြည်က အိမ်တိုင်းမှာထိန်းညှိမယ့် ဆီမီး အလင်းရောင်တွေနဲ့ အာခံ ဖီဆန်ကြပါစို့..

လူထုထွန်းညှိတဲ့ တော်လှန်ဆီမီးတွေနဲ့ လူထုအပေါ် ဖိနှိပ်သူမှန်သမျှ ပူလောင်ကျရှုံးစေဖို့... ဆုတောင်းကြွေးကြော်သံတွေ အကျယ်လောင်ဆုံး ဟစ်ကြွေးကြပါစို့ခင်ဗျာ..။

" လွတ်လပ်သော ပြည်သူ့အနာဂတ်သစ်အတွက် တိုက်ပွဲဝင်ကြ"

" အရေးတော်ပုံ မုချအောင်ရမည်"

ပြည်သူနှင့်အတူ
ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့
#OwlCommunity
#LinnYaungNiYouthOrganization_LYNYO
#MayangoneDemocraticFront_MDF
#KyimyindaingNetworks_KMD18

#ဓမ္မကိုပူဇော်_အဓမ္မကိုလောင်ကျွမ်း
#လူထုအနာဂတ်ကို တော်လှန်ဆီမီးများနဲ့ ထွန်းညှိကြ
#တော်လှန်သီတင်းကျွတ်

2 months, 4 weeks ago
Independent Students Organization (ISO)
3 months ago
3 months ago

"ငုံ့မခံနဲ့ တုံ့ပြန်ကြ"

#မန္တလေး

ဒီဗီဒီယိုဖိုင်လေးထဲမှာ တွေ့ရတဲ့ “ညီတယ်ဟေ့၊ ညီတယ်ဟေ့” လို့ ကြွေးကြော်ပြီး ပြေးဝင်ပူးပေါင်းလာတဲ့ ဦးလေးကြီးရဲ့ ပုံရိပ်က မျက်ရည်စို့ရလောက်အောင် ဝမ်းသာ၊ ကြည်နူး၊ အားတက်ရတယ်ဗျာ။

ယခု မြင်ကွင်းကတော့ အာဏာသိမ်း ဖက်ဆစ်အုပ်စုကို အစွမ်းကုန် တုံ့ပြန်တိုက်ပွဲဝင်နေကြတဲ့ မန္တလေးပြည်သူများရဲ့ လူထုတိုက်ပွဲလှုပ်ရှားမှု ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေအပြင် စစ်ကောင်စီလက်ပါးစေ ပျူစောထီးအုပ်စုတွေ ပတ်ပတ်လည်ရှိနေတဲ့ မြို့လယ်ခေါင်က ဈေးတခုမှာ ပြည်သူ့ဆန္ဒကို ရဲဝင့်စွာ ပြသခဲ့ကြတာပါ။

စစ်ရေးတိုက်ပွဲနဲ့အတူ လူထုတိုက်ပွဲမျက်နှာစာကနေလည်း ဟန်ချက်ညီညီ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူများရဲ့ တော်လှန်သွေးဟာ လုံးဝ သွေးမအေးဘဲ၊ မခမ်းမခြောက်ဘဲ ရှိနေကြပါတယ်။

“လူထုအထွေထွေ အုံ့ကြွတော်လှန်မှု” ကြီးကို ဖော်ဆောင်ပြီး အဆုံးသတ်တိုက်ပွဲကို အတူဆက်လက် ချီတက်ကြမှာလည်းဖြစ်ပါတယ်။

---------

"ကျုပ်တို့ ဒူးထောက်နေလို့သာ ကြီးကျယ်သူတွေ ကြီးကျယ်နေကြတာပါ။ ကိုင်း၊ ကျုပ်တို့အားလုံး ရုန်းထွက်၊ နိုးထကြစို့။"

(ပီ-‌ဂျေ ပရိုဒွန်)

The great are only great because we are on our knees. Let us rise!

(Pierre-Joseph Proudhon)

#ဘူးသပိတ်ကိုင်ဆွဲဖက်ဆစ်ဖြိုလှဲ

#တက်စုံဖွင့်ရွက်ကုန်လွှင့်

#ငုံ့မခံနဲ့တုံ့ပြန်

#လူထုတိုက်ပွဲ

အရေးတော်ပုံ အောင်ရမည်။

3 months ago

(English below)

သတင်းထုတ်ပြန်ချက်

ရက်စွဲ ။ ။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်

၁။ ရန်ကုန်မြို့တွင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို လူထုသပိတ်အင်အားစုများမှ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာကြလျက်ရှိပြီး၊ စစ်အာဏာရှင်နှင့် ၎င်းနောက်လိုက်များသည် တန်ပြန် စစ်ဆေးဖမ်းဆီးမှုများကို ယခင်ထက် ပိုမိုကာ ပြုလုပ်ဆောင်ရွက်လာပါသည်။

၂။ ထိုသို့ စစ်ဆေးဖမ်းဆီးမှုများအတွင်း ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီ၏ ဧည့်စာရင်း အကြောင်းပြကာ ဝင်ရောက် ရှာဖွေ စစ်ဆေးမှုကြောင့် မိမိတို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY)၏ ဦးဆောင်သူတဦးဖြစ်သူ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ သည်လည်း မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။

၃။ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေသည် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများတွင် စဥ်ဆက်မပြတ် ဦးဆောင် ပါဝင်ခဲ့သူဖြစ်သောကြောင့် စစ်အာဏာရှင်လက်ပါးစေတို့မှ အသက်အန္တရာယ် ထိခိုက်စေသည်အထိ ညှင်းပန်းနှိပ်စက်မှုကို ခံရမည်ကို မိမိတို့ သပိတ်အင်အားစုများ မှ အလွန်အမင်းစိုးရိမ်မိပါသည်။

၄။ စစ်အာဏာရှင်နှင့် လက်ပါးစေတို့သည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် လူတစ်ဦး၏ အသက်ကို အလွယ်တကူပင် သတ်ဖြတ်ပစ်ရန်နှင့် အသက်သေဆုံးနိုင်သည်အထိ အပြင်းအထန် ညှင်းပန်းနှိပ်စက်ရန် ဝန်လေးသူများမဟုတ်ကြောင်း သက်သေ သာဓက များစွာလည်းရှိခဲ့ပြီး ဖြစ်ပါသည်။

၅။ ထို့ကြောင့် မတရားဖမ်းဆီးခံရသည့် ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ)ဖိုးသား၊ ကိုအောင်မင်းခိုင် (ခ)မဲကြီးနှင့် မမြမဉ္ဇူ တို့အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသား ရဲဘော်များအတွက် နိုင်ငံတကာ အသိုက်အဝန်းအင်အားစုများနှင့် တော်လှန်ရေး အင်အားစုများ၊ သပိတ်အဖွဲ့များ အနေဖြင့်လည်း စစ်ကောင်စီမှ ရဲဘော်များ လူမဆန်စွာ နှိပ်စက်ညှဥ်းပန်း၍ အသက်အန္တရာယ်ကို အလွယ်တကူ ရယူသွားနိုင်ခြင်းမရှိစေရန် အတွက် ဝိုင်းဝန်း ပူးပေါင်းဖိအားပေးကြရန်လည်း တောင်းဆိုလိုပါသည်။

၆။ လွတ်လပ်ခြင်းနှင့် လူ့ဂုဏ်သိက္ခာအတွက် ပြောင်မြောက်ရဲဝံ့စွာ အံတုတိုက်ခိုက်ခဲ့သည် အရေးတော်ပုံတပ်သား ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ နှင့်အတူ ဖမ်းဆီးခံတော်လှန်ရေးရဲဘော်များအတွက် ထပ်လောင်းကြိုးပမ်းကာ မိမိတို့ လူထုသပိတ်အင်အားစုများ အနေဖြင့် စစ်အာဏာရှင် စနစ် အလုံးစုံပျက်သုဥ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရက်တစ် လူ့ဘောင်ဖော်ဆောင်ရေးတို့ အတွက် ပိုမိုကာ မဆုတ်မနစ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်အပ်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု
Anti-Junta Alliance Yangon – AJAY

Statement Release

Date: October 10, 2024

The resistance against the military dictatorship in Yangon is intensifying, with Civil Resistance Movements growing stronger each day. In response, the military junta has escalated their investigations and arrests more aggressively than before.

On October 9, 2024, during one such crackdown, the SAC used a guest list as a pretext to raid a location. As a result, Paing Phyo Min (also known as De Yay), a prominent leader of the Anti-Junta Alliance Yangon (AJAY), was unjustly arrested. He has since lost contact with his family, raising serious concerns about his safety.

Paing Phyo Min (De Yay) has been a consuistent leader in the resistance against the military dictatorship. We are gravely concerned that he could be subjected to life-threatening torture by the military regime, given their notorious record of brutal treatment of detainees.

The military junta is known for employing extreme methods to maintain its grip on power, including the use of torture, extrajudicial killings, and other forms of violence. There is overwhelming evidence that such atrocities are not isolated incidents but part of their systematic strategy of repression.

We, therefore, urgently call upon the international community, revolutionary organizations, and all strike committes to unite in exerting maximum pressure on the military council to safeguard the lives of Paing Phyo Min (De Yay), Zaw Lin Htut (also known as Pho Thar), Aung Min Khine (also known as Mae Kyi), Mya Minzu, and all other political prisoners currently detained.

The Anti-Junta Alliance Yangon (AJAY) reaffirms its steadfast commitment to intensifying the struggle for the complete dismantling of military rule and the establishment of a federal democratic system. We will continue our unwavering fight for freedom and human dignity alongside Paing Phyo Min (De Yay) and all our revolutionary comrades who have been imprisoned by SAC.

3 months, 1 week ago
Independent Students Organization (ISO)
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 5 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 4 weeks ago