Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

Dr. Phio Thiha

Description
ကျွန်တော် ​ရေးသားထားတဲ့ ဆောင်းပါးတွေအပြင် အခြား တော်လှန်ရေးနဲ့ ပတ်သတ်လို့ အ​ရေးကြီးတဲ့ ပို့စ်​တွေကို မျှ​ဝေသွားမှာ ဖြစ်ပါတယ်။
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago

3 months ago
ကောလင်း၊ ကသာ၊ ကန့်ဘလူ - ဒီ က’သုံးလုံး …

ကောလင်း၊ ကသာ၊ ကန့်ဘလူ - ဒီ က’သုံးလုံး နယ်မြေတွေက လက်ရှိမှာ အကြိတ်အနယ်ကို ကြိုးစားနေကြတာ သိကြမှာပါ။ အဲ့ဒါကြောင့် အာရုံစိုက်ပြီး ကူကြဖို့ လိုအပ်နေပါတယ်။

ကန့်ဘလူအတွက် ကူချင်ရင်​တော့ ဒီလင့်ခ်ကတဆင့် ဆက်သွယ်လို့ ရပါတယ်။ ​ကျေးဇူးတင်ပါတယ်ခင်ဗျ။

https://www.facebook.com/share/p/PmSZLHgQT3kAbyx5/?mibextid=oFDknk

3 months, 1 week ago
မနက်ဖြန် Silent Strike ရှိပါမယ်​။ ဒီသတင်းကို ဒီ​နေ့ …

မနက်ဖြန် Silent Strike ရှိပါမယ်​။ ဒီသတင်းကို ဒီ​နေ့ အစွမ်းကုန် ဖြန့်​ပေးကြပါ။

ရက်အများကြီး ကြို​ကြေညာရင် ဟိုဘက်က အ​နှောင့်အယှက်​ပေးမှာစိုးလို့ ကပ်​ကြော်ငြာတာပါ။

အရင်က သင််ခန်းစာ​တွေလည်း ယူကြမယ်​နော်။ ဆိုင်ပိတ်တာ၊ ​ဈေးပိတ်တာ​တွေ မလုပ်နဲ့။ ​နေ့လယ် ၁၀ နာရီက​နေ ည​နေ ၄ နာရီထိပဲ မထွက်ဖို့လိုတာ။

ဆိုင်ကို အဖွင့်ပြထား။ ဘယ်သူမှ မလာရင် ပြီးတာပဲ​လေ။ အွန်လိုင်းမှာလည်း တက်မ​ရေးနဲ့။ ဈေးဆိုင်​တွေဆိုလည်း ပိတ်ထားရင် ​ခွေး​တွေက ဝင်ဖျက်ဆီးလိမ့်မယ်။ မနက်​​စော​စော ဖွင့်။ ဝယ်တဲ့သူက ဝယ်။ ​ဈေးသိမ်းမှ ပြန်ကြ။ ရုံးချိန်လည်း လွတ်တယ်။ အပြင်အလုပ်ရှိသူ​​တွေ၊ ရုံးကိစ္စနဲ့ အပြင်ထွက်ရမဲ့သူ​တွေ နက်ဖြန်တစ်​ရက်ကို​တော့ ​ရှောင်လိုက်။ ​အဲဒီလို ဘေးကင်းကင်းနဲ့ ပါဝင်ကြမယ်​နော်။

အပြင်မထွက်လို့ ဘယ်သူမှ လာဖမ်းလို့ မရပါဘူး။ ကိုယ့်နိုင်ငံ အ​မှောင်ကျခဲ့တာ ၃ နှစ်ပြည့်တဲ့ရက်မှာ ကိုယ့်ဆန္ဒကို ထုတ်​ဖော်တဲ့နည်းတစ်မျိုးပါပဲ။ ဒီ​လောက်​တော့ အနိမ့်ဆုံးအ​နေနဲ့ ပါဝင်ကြ​စေချင်ပါတယ်။

ဒီတစ်ခါကိုလည်း အရင်အကြိမ်​တွေလိုပဲ ​အောင်မြင်​အောင် လုပ်ကြရ​အောင်။ ဒီ​ကောင်​​တွေ တုန်လှုပ်ခြောက်ခြားသွား​အောင် ပြည်သူ​တွေရဲ့ အသံတိတ်မှုနဲ့ ဆန္ဒထုတ်​ဖော်ကြရ​အောင်ပါ။

3 months, 2 weeks ago
ဒီ ၃ နှစ်အတွင်း ကျ​နော် ပထမဆုံး ပြန်ဖွင့်တဲ့ …

ဒီ ၃ နှစ်အတွင်း ကျ​နော် ပထမဆုံး ပြန်ဖွင့်တဲ့ Private Class - "Mental Resilience" သင်တန်းကို သန်ဘက်ခါ ဇန်နဝါရီလ ၂၄ ရက်​နေ့ စ​တော့မှာ ဖြစ်ပါတယ်။ ဒါ​ကြောင့် သင်တန်းအပ်လိုတယ်ဆို ဒီလင့်ခ်က​နေ အပ်နိုင်ပါတယ်။

📌 http://m.me/61555309377597

သင်တန်းအ​ကြောင်း အ​သေးစိတ်ကို​တော့ ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

📌 https://m.facebook.com/story.php?story_fbid=pfbid02u6oEkGuG8qZQG8y2J29GPcr1aKzurYBd4BjNNbNtrLMUZiz7txPhrYmP3xB7VaCbl&id=100044368062010&mibextid=Nif5oz

5 months, 2 weeks ago
မြဲမြဲခိုင်တဲ့ ကျောက်ရုပ်တွေတောင် တွန်းတိုက်ပါများ နဲ့နဲ့လို့လာတယ် ဆိုတဲ့သီချင်းလို Willpower …

မြဲမြဲခိုင်တဲ့ ကျောက်ရုပ်တွေတောင် တွန်းတိုက်ပါများ နဲ့နဲ့လို့လာတယ် ဆိုတဲ့သီချင်းလို Willpower တွေ၊ သတိတွေ ဘယ်လောက်ပဲ ကောင်းနေဦးတော့၊ တပ်မက်စရာ၊ နှစ်သက်စရာတွေ ကိုယ့်ပတ်ချာလည်မှာ ရှိနေသရွေ့တော့ ဒါတွေနောက်ကို တစ်ချိန်မဟုတ်တစ်ချိန် လိုက်မိသွားနိုင်ပါတယ်။

ဒါကြောင့်ပဲ အပြုအမူ ပြောင်းလဲခြင်းမှာ ပတ်ဝန်းကျင်ဟာ သိပ်အရေးကြီးတာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန် -

https://m.facebook.com/story.php?story_fbid=pfbid02WD7B4WQamdUF1HciwjjxLS1eWLNSzRP9KR8bpmiM242DZrwCeVtrt2svYXuX4tN1l&id=100044368062010&mibextid=Nif5oz

5 months, 3 weeks ago
အခက်အခဲတွေကို ဖြတ်ကျော်နိုင်စွမ်းရှိတယ် ယုံကြည်ထားဖို့မှာ တစ်ယောက်ယောက်က You can …

အခက်အခဲတွေကို ဖြတ်ကျော်နိုင်စွမ်းရှိတယ် ယုံကြည်ထားဖို့မှာ တစ်ယောက်ယောက်က You can do it. မင်းလုပ်နိုင်ပါတယ် ဆိုပြီး အားပေးရုံနဲ့ အဲဒီယုံကြည်မှုက ရမလာဘူး။ ကိုယ်တိုင် ဖြတ်ကျော်ဖူးတော့မှသာ ယုံကြည်စိတ် ဖြစ်လာပြီး နောက်ထပ်အခက်အခဲတွေကို မကြောက်ရွံ့တော့တာ ဖြစ်ပါတယ်။

နစ်ရှေးပြောခဲ့တဲ့ “What doesn’t kill you makes you stronger” မင်းကို သေအောင် မသတ်နိုင်တဲ့ အရာတွေဟာ ပိုသန်မာလာစေလိမ့်မယ် ဆိုတာ အဲဒါပါပဲ။

အပြည့်အစုံ ဖတ်ရန်လင့်ခ် -

https://m.facebook.com/story.php?story_fbid=pfbid02mSPzsynTuSGCjrtRgzDyFifYkmDRAqhvFGrcCtpjLPsA5oQK69gr7VxZQ1BYRMgRl&id=100044368062010&mibextid=Nif5oz

5 months, 3 weeks ago
“လေးစားထိုက်သူ၊ လေးစားထိုက်သောအရာကို လေးစားခြင်း”

“လေးစားထိုက်သူ၊ လေးစားထိုက်သောအရာကို လေးစားခြင်း”

လူ့ဘဝဆိုတာ Dimension တွေ အများကြီးရှိပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသဖြင့်။ ကိုယ်က ပညာရေးမှာ ထူးချွန်နေပေမဲ့ ကျန်းမာရေးမှာတော့ လူနေမှုပုံစံက အဆင်ပြေချင်မှ ပြေနေလိမ့်မယ်။ ကျေးလက်က လူတစ်ယောက်ထက် ကိုယ်က အသိအမြင် များနေပေမဲ့ ဘဝအတွေ့အကြုံကျတော့ သူက ပိုစုံချင်စုံနေလိမ့်မယ်။ ကိုယ်က ပိုက်ဆံပိုချမ်းသာပေမဲ့ ဘဝကို ပျော်ရွှင်အောင် နေတတ်တဲ့ နေရာမှာတော့ ကိုယ့်ဝန်ထမ်းက ပိုသာရင် သာနေလိမ့်မယ်။

ဒီတော့ တခြားသူတွေဆီကနေ ဘာအတုယူစရာ ရှိသလဲ လိုက်ကြည့်တတ်မယ်၊ အလေ့အကျင့်ကောင်းတွေကို ကူးယူတတ်မယ်၊ စိတ်နေသဘောထားတွေကို စုပ်ယူတတ်မယ်ဆိုရင် ပိုပြီး ပြည့်စုံတဲ့ လူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

အ​သေးစိတ်ဖတ်ရန် လင့်ခ် -

https://m.facebook.com/story.php?story_fbid=pfbid034cPjBqgrxHRttHa4QYnvXGqt1rGoabnLPezkx3wNdGgvHsHCLWHPsqyY7qGYLJSVl&id=100044368062010&mibextid=Nif5oz

5 months, 3 weeks ago
“စံပြပုဂ္ဂိုလ်ရှိဖို့ သိပ်အရေးကြီးတယ်”

“စံပြပုဂ္ဂိုလ်ရှိဖို့ သိပ်အရေးကြီးတယ်”

လူ့အဖွဲ့အစည်းတစ်ခုမှာ အများက စံထားတဲ့အချက်တွေ လွဲမှားလာတဲ့အခါ အဲဒီလူ့အဖွဲ့အစည်းကလည်း နိမ့်ကျသထက် နိမ့်ကျလာတတ်ပါတယ်။ အများအတွက် အကျိုးပြုနေတဲ့သူထက် ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်နဲ့ ချမ်းသာလာတဲ့သူကို ပိုအားကျနေကြရင်၊ ကိုယ်ကျင့်သိက္ခာထက် ရာထူးအာဏာကို ပိုတန်ဖိုးထားနေကြရင်၊ သမ္မာအာဇီဝနဲ့ ရှာလို့ရတဲ့ငွေတွေထက် သွေးစွန်းငွေတွေကို ပိုမက်မောနေကြရင် အဲဒီအဖွဲ့အစည်း၊ အဲဒီအသိုင်းအဝိုင်းဟာ မြောင်းထဲ ရောက်သွားဖို့ပဲ ရှိပါတယ်။

ဒါကြောင့် တကယ်ကို စံထားသင့်၊ စံထားအပ်တဲ့ လူတွေ များများစားစား ရှိနေ​စေခြင်း၊ အဲဒီထဲမှာ ကိုယ်တစ်ယောက် အပါအဝင် ဖြစ်နေအောင် ကြိုးစားခြင်းဟာ လူမှုပတ်ဝန်းကျင်ကို အကောင်းဆုံး အကျိုးပြုရာလည်း ရောက်ပါတယ်။

ဆောင်းပါးအပြည့်အစုံ ဖတ်ရန်လင့်ခ် -

https://m.facebook.com/story.php?story_fbid=pfbid02tQFft2xRyfPxqD3N7zj5w3wE4J7EsZxnRJQe8NBZr3WH1QA1sUCiVTXMyQHQ4g7xl&id=100044368062010&mibextid=Nif5oz

6 months ago
***❤️*** အကောင်းမြင်စိတ်က မျှော်လင့်ချက်ကို ပိုအားကောင်းစေတယ်

❤️ အကောင်းမြင်စိတ်က မျှော်လင့်ချက်ကို ပိုအားကောင်းစေတယ်

ကိုယ့်ကိုယ်ကိုယ် သတ်သေသွားစေတဲ့ အချက်တွေထဲမှာ မျှော်လင့်ချက် ကင်းမဲ့ခြင်းက ထိပ်ဆုံးက ပါသလို၊ ခက်ခဲတဲ့အချိန်တွေ၊ အမှောင်မိုက်ဆုံး ကာလတွေကို ဖြတ်ကျော်စေနိုင်တာ၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး ထင်ရတဲ့ အရာတွေကို လုပ်နိုင်စေတာလည်း အဲဒီမျှော်လင့်ချက်ပဲ။

ဝတ္ထုထဲကလိုတော့ ကိုယ့်အတွက် ဘယ်ပန်းချီဆရာကမှ နံရံပေါ်တက် သစ်ရွက်ပုံ ဆွဲပေးမှာ မဟုတ်ဘူး။ ကိုယ့်ဘဝရဲ့ မျှော်လင့်ချက်ကို ကိုယ်ကိုယ်တိုင်ပဲ ရှာဖွေဖမ်းဆုပ်ရမှာ ဖြစ်ပါတယ်။

အပြည့်အစုံ ဖတ်ရန် လင့်ခ် -

https://m.facebook.com/story.php?story_fbid=pfbid0VVvu82pJT8VzmywbrXySKnRPcWWo41gK2o7aFDhAX2i9p3MVYV7nrfTKFjuW5Br5l&id=100044368062010&mibextid=Nif5oz

6 months ago
“မှတ်ဉာဏ်ဆိုတာ မရှိမကောင်း ရှိမကောင်း”

“မှတ်ဉာဏ်ဆိုတာ မရှိမကောင်း ရှိမကောင်း”

အမှတ်သညာ မရှိခြင်းက ကိုယ့်ကို အပေါစားလူတစ်ယောက် ဖြစ်စေနိုင်သလို၊ အမှတ်သညာ ကြီးလွန်းခြင်းကလည်း ကိုယ့်ကို ပူလောင်စေတယ်။

အတိတ်ကနေ သင်ခန်းစာ မယူနိုင်တာ၊ မေ့လွယ်ပျောက်လွယ်တာ မကောင်းသလို၊ အတိတ်မှာ ပိတ်မိနေခြင်းကလည်း ကိုယ့်ရဲ့ ပစ္စုပ္ပန်ပျော်ရွှင်မှုတွေကို လုယူနေပါလိမ့်မယ်။

ဒီအတွက် သတိတရားနဲ့ အလယ်အလတ်လမ်းစဉ်ကို လက်ကိုင်ထားပြီး နေထိုင်ခြင်းကသာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ မြင်ပါတယ်။

အ​သေးစိတ်ဖတ်ရန် လင့်ခ် -

https://www.facebook.com/photo.php?fbid=883748786447382&set=a.376660023822930&type=3&mibextid=Nif5oz

6 months ago
“ကိုယ်စထားတဲ့ ကိစ္စတစ်ခုကို ပြီးဆုံးအောင် လုပ်တတ်တဲ့အကျင့်”

“ကိုယ်စထားတဲ့ ကိစ္စတစ်ခုကို ပြီးဆုံးအောင် လုပ်တတ်တဲ့အကျင့်”

မဆုတ်မနစ် အလုပ်လုပ်တတ်သူ၊ ဇွဲကောင်းတဲ့သူ၊ ကောက်ရိုးမီး မဟုတ်တဲ့သူဖြစ်ကြောင်း တိုင်းတာတဲ့ ပေတံတွေထဲမှာ ဒီတစ်ချက်လည်း ပါတယ်။

Finish what you started.

ဒါသည် အပျော်တမ်းသမားနဲ့ ပရော်ဖက်ရှင်နယ်တွေကြားက ခြားနားချက်တစ်ခုလည်း ဖြစ်ပါတယ်။

ကောက်ရိုးမီးစိတ်ဓါတ်နဲ့တော့ ကိုယ့်အတွက်ရော အများအတွက်ပါ ကြီးကျယ်ခမ်းနားတဲ့ ဘယ်လိုအပြောင်းအလဲကိုမှ ယူဆောင်လာပေးနိုင်မှာ မဟုတ်ပါဘူး။

အ​သေးစိတ် ဖတ်ရန်လင့်ခ် -

https://m.facebook.com/story.php?story_fbid=pfbid02ahEgmKkdWx26Dho8Tf9897EX8V51tafUAcxMtp5gyEKfXsr5yKqaEJwr4jmhk2TMl&id=100044368062010&mibextid=Nif5oz

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago