နေပြည်တော်ဘိုးဘိုးကြီး

Description
News&Media
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 6 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 7 months, 3 weeks ago

hace 2 meses, 1 semana

ဆေးရုံပေါ်က စေတနာအမှား

ဘိုးဘိုးကြီးတို့ လေးစားရသည့် စာရေးဆရာကြီး
တစ်ယောက် ပြီးခဲ့သည့် ရက်ပိုင်းက ချော်လဲပြီး ပေါင်ကျိုးသွားသဖြင့် ဆေးရုံတက်လိုက်ရသည်။
ဒီအကြောင်းကို သူက ဆိုရှယ်မီဒီယာမှာ ရေးပြီးတင်လိုက်သည်။
ပထမဆုံးရောက်သွားသည့် ဆေးရုံက ဆရာဝန်က သူ့ပေါင်ပေါ်ကို လက်နှင့်ဖိပြီးခုန်သည်ဟုဆိုသည်။
သူက ပေါင်ကျိုးသွားသဖြင့် မခုန်ဖို့ပြောရာ "ခင်ဗျား ခေါင်းသိပ်မမာနဲ့"ဟု အငေါက်ခံရသည်။အဲဒီ ဆရာဝန်က အရိုးအဆစ်လွဲတယ်ထင်ပြီး ဖိပေး ရိုက်ပေးရင် ပြန်ကောင်းမယ်ဟု ယဆပြီး စေတနာနဲ့ လုပ်ပေးတာဖြစ်နိုင်ကြောင်း မိတ်ဆွေဆရာဝန်တစ်ယောက်က သူ့ကို ရှင်းပြသည်ဟု ဆိုသည်။

အမှန်တော့ အဲဒီလိုစေတနာတွေဟာ အတော်ကြောက်စရာကောင်းကြောင်း ၊ဆရာ သော်တာဆွေရဲ့ ဝတ္ထုတစ်ပုဒ်ကို သတိရမိ
ကြောင်း သူက ရေးထားသည်။

တစ်ခါက မြို့သားတစ်ယောက်ဟာ တောသူတစ်ယောက်နဲ့ ရည်းစားဖြစ်တယ်။ ကျွန်တော်ထင်တော့ ဆရာသော်တာဆွေက တောင်ကြီးကိုအခြေတည်ကာဖွဲ့ ထားတဲ့ ဇာတ်လမ်းလားပဲ။
မြို့သားရဲ့ရည်းစားဟာ တောမှာနေလို့တောသူလို့ဆိုပေမဲ့ ဥစ္စာပေါ၊ ရုပ်ချော ပညာတတ်လေးပါပဲ။
သူ့ရည်းစားက သူ့ဆီကို မြို့ကနေ ဘီအက်စ်အေ ဆိုင်ကယ်ကြီးစီးကာ လာလေ့ရှိသတဲ့။
တောသဘာဝအလှတွေကို ခံစားတယ်။ တောက သဘာဝအတိုင်းရှိတဲ့ သီးနှံတွေကို ခူးစားတယ်။
သူတို့နှစ်ယောက်ဟာ တစ်နေကုန် အချိန်တွေကိုဖြုန်းကြပြီး ညနေဖက်မှာ မြို့သားက မြို့ကို ပြန်တယ်။
ဒီလိုနဲ့ တစ်နေ့ကျတော့ ရာသီဥတုက အေးလာတယ်။ ဆောင်းဝင်လာပြီပေါ့။
တောသူဟာ သူ့ရည်းစားကို စိတ်ပူတယ်။
ရှင် ဆိုင်ကယ်ကြီးစီးတော့ အအေးမိမယ်
ရပါတယ်။ ငါက အကျင့်ပါနေပြီပဲ
ဒါပေမဲ့ ရှင်ရယ်၊ ခုအခါ ရာသီဥတုကအေးလာပြီ။ လေအေးတွေ ရင်ဘတ်ကို တိုက်ရင် နျူမိုးနီးယားဖြစ်မယ်
ကောင်မလေးဟာ နျူမိုးနီးယားဖြစ်တာတွေဘာတွေ သိတဲ့သူဆိုတော့အတော်လေး ခေတ်မီတာပေါ့။
ဒီလိုလုပ်၊ ရှင်ပြန်တဲ့အခါ အင်္ကျီရင်ပတ် ဟပြဲနဲ့ဆိုရင် ပိုဆိုးမယ်။ ဒီကိုလာ.. ဆိုပြီး အင်္ကျီကိုချွတ်ကာ ပြောင်းပြန် ပြန်ဝတ်ပေးလိုက်တယ်။
ဘာလို့ဒီလို ဝတ်ပေးရတာလဲ
ရှင်ကလဲတော် အ, လိုက်တာ။ ဒီလိုဝတ်ထားရင် လေတိုးသက်သာမှာပေါ့။ အအေးမမိအောင် ဝတ်ပေးလိုက်တာ
မြို့သားဟာ ရှေ့နောက်ပြောင်းပြန်ဝတ်ထားတဲ့ အင်္ကျီကို သဘောကျပြီး ကဲ ကိုကို ပြန်တော့မယ် ဆိုကာ ဆိုင်ကယ်ပေါ်တက်ကာ ထွက်သွားလေတယ်။
တာ့တာ့
ဘိုင့်ဘိုင့်
ချယ်ရီယို စသဖြင့် နှုတ်ဆက်ကြတယ်။
ဖရိုင်းကစ်တွေဘာတွေတောင် ပေးလိုက်ကြသေး ဆိုပဲ။
မြို သားဟာ သူရဲ့ B.S.A.ဆိုင်ကယ်ကြီးကို မောင်းထွက်သွားတယ်။
အဲဒီခေတ်က လမ်းတွေကရှင်းပြီး သာယာလွန်းလို့ ဆိုင်ကယ်စီးသူတွေဟာ အင်မတန် သဘောကျကြတယ်။
သူ အမြန်မောင်းလာတယ်။ ဒါမှလည်း မြို့ကို နေမဝင်မီ ရောက်မှာပေါ့။
ဒါပေမဲ့ သူ့ရဲ့လမ်းမှာ နွားတစ်အုပ်နဲ့ တွေ့တယ်။
အရှိန်နဲ့ မောင်းလာတဲ့သူဟာ လမ်းကွေ့ကနေ ထွက်လာတဲ့ နွားအုပ်နဲ့ဆုံတော့ သူရဲ့ဆိုင်ကယ်ကို ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ မြောင်းထဲ ထိုးကျသွားတယ်။
တကယ်တော့ မြောင်းလေးက တိမ်တိမ်လေးပါ။
သို့သော် အမှတ်မဲ့ဖြစ်ပြီး အရှိန်က များတဲ့အတွက် သူ ဆိုင်ကယ်ပေါ်ကနေ လွင့်စင်ပြီး သတိလစ်သွားလေတော့တယ်။
အဲဒီအချိန်မှာ နွားအုပ်ပိုင်ရှင်တွေ၊ နွားကျောင်းတဲ့သူတွေက သူ့ကို တွေ့တော့တာပေါ့။
သူတို့ဟာ ဆိုင်ကယ်မောင်းလာသူ မြို့သားကို ဝိုင်းဝန်းပြုစုကြတယ်။
ကံအားလျော်စွာ အဲဒီအချိန်မှာပဲ မြို့သားကို သိတဲ့ ကားတစ်စီးအနားကဖြတ်မောင်းသွားရင်း ဆိုင်ကယ်မှောက်တာကိုတွေ့တော့ ကားရပ်ကာ ဆင်းကြည့်တယ်။

"ဘာဖြစ်တာလဲ"
သူမေးတော့ တစ်ယောက်က ဖြေတယ်။
"ဒီဆိုင်ကယ်ဟာ နွားတွေကို ရှောင်ရင်း မြောင်းထဲ ကျသွားတယ်"
"ဆိုးတာပဲ။
အတော်ဆိုးတာပါဗျာ။ ကျွန်တော်တို့တွေ့တော့ သူက ဇက်လိမ်နေတယ်။"
"ဟာဗျာ။"
"ဒါပေမဲ့ စိတ်မပူနဲ့ ကျွန်တော်တို့ အဆင်ပြေအောင်လုပ်ပေးလိုက်ပြီ"
"ဘယ်လို"
"သူက ဇက်ကြီး လိမ်နေတယ်လေ"
ဟာ၊ ခင်ဗျားတို့က ပြန်တည့်ပေးလိုက်တယ် "ဟုတ်လား"
"ဟုတ်တယ်။ စိတ်ပူစရာမလိုဘူး။ ကျွန်တော်တို့ နွားတွေ တင်ပဆုံရိုးပြုတ်သွားရင် ပြန်ထည့်ပေးနေကျပဲ။"
" သေပြီဆရာ"
မြို့သားနဲ့ ပညာရှိတောသူ ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ ဇာတ်လမ်းပါ။

hace 2 meses, 1 semana

မန်းဂျော်နီရဲ့ အရမ်းတော်ကီ

"အရမ်း"ဆိုသည်မှာ" မစဥ်းစား မဆင်ခြင်ဘဲ စည်းမဲ့ပြုလုပ်မှု၊လွန်ကဲစွာပိုလွန်စွာ ပြုမူမှု၊
'အရမ်းမဲ့' အဆင်အခြင်ကင်းမဲ့စွာ ပြုမူမှု"ဟု
မြန်မာအဘိဓာန် တွင်အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
ရာဇဝတ်မှု၊ ပြစ်မှုများတွင် "အရမ်း''ဟူသည်မှာ "မဆင်မခြင်၊ပရမ်းပတာ ၊စည်းကမ်းမဲ့စွာ ပြုလုပ်မှု ၊ဆင်ကန်းတောတိုး ဆိုးသွမ်းရမ်းကားမှုများ"ကို သတ်မှတ်ညွှန်းဆိုထားခြင်းဖြစ်သည်။
ဧရာဝတီတိုင်းမှာမွေးပြီး ဧရာဝတီတိုင်းကို ပျက်စီးစေချင်သူ မန်းဂျော်နီက PDF တွေအတွက် အလှူခံပေးနေသည်ကို ဘိုးဘိုးကြီး တွေ့လိုက်ရသည်။

"အိမ်ပြန်မယ့်လမ်း ဧရာတိုင်း"ဆိုတဲ့ ကမ်ပိန်းခေါင်းစဥ် နဲ့ သိန်းငါးထောင် အလှူခံပြီး
ငြိမ်သက်နေသည့် ဧရာဝတီ ကို စစ်မီးထဲ ဆွဲသွင်း
နေသည်။ ဧရာဝတီကို မငြိမ်းမချမ်းဖြစ်စေ
ချင်သူတွေကိုလည်း မန်းဂျော်နီ၏ အလှူခံဗီဒီယိုဖိုင်အောက်တွင် ဝမ်းနည်းဖွယ် တွေ့လိုက်ရသည်။
ရိုးသားကြိုးစား ဧရာဝတီသားတို့ အကြမ်းဖက် PDFများကို အမြစ်ဖျက်နိုင်ကြပါစေ။

# နေပြည်တော်ဘိုးဘိုးကြီး

hace 2 meses, 1 semana

အချိန်မီချုပ် အစုတ်သက်သာ

ပိုက်ဆံအိတ်ကြီးထဲကနေ တစ်သောင်းတန်တွေ၊ငါးထောင်တန်တွေ ထုတ်ပြပြီး PDFနှစ်ယောက် Tiktokဆော့ထားသည်ကို ဘိုးဘိုးကြီး ကြည့်လိုက်မိသည်။သူတို့၏ အဓိကစီးပွားရေးမှာ ဝါးတားဂိတ်လုပ်ပြီး ပိုက်ဆံကောက်ခြင်းဖြစ်သည်။
PDFနှင့်ဆက်စပ်၍ TNLA တွေနှင့် PDF တွေ
ရန်ဖြစ်ကြသည့် ရုပ်သံဖိုင်တစ်ခုတွင် TNLAတစ်ယောက်က PDFတစ်ယောက်ကို မေးသံကြားလိုက်မိသည်။ "မင်းရည်ရွယ်ချက်ကဘာလဲ"တဲ့။
PDF လေးမှာ ဘာမှမပြောနိုင်ရှာပဲ တွေဝေသွားသည်ကို တွေ့လိုက်ရသည်။ မကျိုးမကန်းမီ အမြင်မှန် ရစေချင်မိသည်။ မိဘရင်ခွင် ပြန်လယ်ခိုလှုံစေချင်မိသည်။အချိန်မီချုပ်ရင် အစုတ်သက်သာနိုင်ပါမည်။ PDFနဲ့ ဆပ်စပ်လို့
ဒီရက်ပိုင်းမှာ PDF တွေရဲ့ ကာမကိစ္စအဓမ္မရယူတဲ့ကိစ္စတွေ အဆက်မပြတ်ကြားနေရသည်။
ပြည်ထဲရေးဝန်ကြီးလို့ ကိုယ့်ဘာသာအရှက်မရှိရာထူးယူထားတဲ့ လွင်ကိုလတ် ကိုယ်တိုင်က နှာဘူး ဖြစ်နေတော့မခက်ဘူးလား။

မြန်မာပြည်နိုင်ငံရေးနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေ အများကြီးရှိကြောင်း နိုင်ငံရေးသမားတစ်ယောက်၏ စကားကို ဘိုးဘိုးကြီးအမှတ်ရမိသည်။စိုင်းထီးဆိုင်၏ သီချင်းစာသားတစ်ခုကိုလည်း သတိရလိုက်မိသည်။"ဒီအရွယ်မှာမှ ကိုယ်ဘာကောင်လဲမသိရင် ကိုယ်ထင်တာထက် ကိုယ်ဟာပိုအပေါ့"။

မိဘပြည်သူအပေါင်း နိုင်ငံရေးလုပ်စားသူများရန်မှ ကင်းဝေးကြပါစေ။

# နေပြည်တော်ဘိုးဘိုးကြီး

hace 4 meses, 4 semanas

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အာဆီယံဘဏ်များအသင်း အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

hace 4 meses, 4 semanas

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရာပြည်နယ် အကြီးအကဲနှင့်အဖွဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်၊ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်နေမှုအား ကြည့်ရှု၊ ဗိုလ်ချုပ်ဈေးအတွင်း ခင်းကျင်းပြသ ရောင်းချနေမှုများ ကြည့်ရှု၊ မြို့တော်ခန်းမ၊ ဝန်ကြီးများရုံး၊ ကန်တော်ကြီးနှင့် ကရဝိတ် တို့ကို လှည့်လည်ကြည့်ရှုလ့လာ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်ပြီး ဆရာတော်အား ဖူးမြော်ကြည်ညို၊ ပုသိမ်မြို့မှတစ်ဆင့် ချောင်းသာကမ်းခြေသို့ သွားရောက်

hace 4 meses, 4 semanas

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံပိုင်စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများနှင့်တွေ့ဆုံဆွေးနွေး

hace 4 meses, 4 semanas

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

hace 4 meses, 4 semanas

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ၂ဝ၂၄ ခုနှစ် မာရဝိဇယကျောင်းတော် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်

hace 4 meses, 4 semanas

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ထုတ်လွှင့်မှုအစီအစဉ်

hace 5 meses

ယင်းမာပင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အကြမ်း ဖက်များက လာရောက်ပစ်ခတ်တိုက်ခိုက်

၂၀၂၄၊ နို၀င်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့၊ (က)ရပ်ကွက်ရှိ အလောင်းတော်ကဿပအမျိုးသားဥယျာဉ် ဝန်ထမ်း အိမ်ရာ၌ လုံခြုံရေးပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က လုံခြုံရေးဆောင်ရွက်နေစဉ် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူ ၃၀ ဦးခန့်သည် ဝန်ထမ်းအိမ်ရာ၏တောင်ဘက် မီတာ ၂၀၀ ခန့်အကွာ ယင်းမာပင် မြို့၊ (က)ရပ်ကွက်အပြင်ဘက် လယ်ကွင်းများအနီးမှ လက်နက်ငယ်(စိစစ်ဆဲ)များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ် ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 6 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 7 months, 3 weeks ago