Myanmar Focus Online Platform

Description
ပြည်တွင်းပြည်ပသတင်းများ နှင့် နည်းပညာဗဟုသုတများဖျော်ဖြေရေးအစီစဥ်များကိုလွှင့်တင်ပေးပါမည်။
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 6 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 days, 5 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 4 weeks ago

1 month, 4 weeks ago

မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်း၌ စစ်တွေမြို့သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်း၌ စစ်တွေမြို့ နှင့် ဘူးသီးတောင် မြို့များသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများအား မတ်လ ၂၁ ရက် ညနေပိုင်းအချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်၊ စက်မှု(၅)လမ်း၊ အိမ်အမှတ် (၃၀၁)သို့ ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ပေးသည့် တရားခံ ထွန်းသိန်းအောင်နှင့် ၎င်း၏ ဇနီးဖြစ်သူ စုမြတ်ဝေတို့ ၂ ဦးအား ဖမ်းဆီး ရမိခဲ့ပါသည်။

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၎င်းနေ့ ညပိုင်းအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်းရှိ အမှတ်(၂)တံတား၌ ဆိုက်ကပ်ထားသော ရန်ကုန်-စစ်တွေ ပြေးဆွဲသည့် “အမ်ဗွီ’စိန်ပြည့်မင်း” ကုန်တင် သင်္ဘောပေါ်ရှိ ကတ္တူဖာများအတွင်း၌ WY စာတန်းပါ(ပန်းရောင်) စိတ်ကြွရူးသွပ်ဆေးပြား ၁ သန်းပြား၊ ကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံခန့်အား သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါသည်။

ဖမ်းဆီးရမိတရားခံ စုမြတ်ဝေ၏ ထွက်ဆိုချက်အရ မတ်လ ၁၄ ရက်တွင် စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်နေ အစ်မဝမ်းကွဲ၏ ခင်ပွန်းဖြစ်သူ တရားခံပြေး သန့်ဇင်ဦးမှ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့ မှ စစ်တွေမြို့ သို့ ပို့ဆောင်ပေးပါက ငွေကျပ်သိန်း ၂၀၀ ပေးမည်ဟု ပြောကြားသောကြောင့် ခင်ပွန်းဖြစ်သူ ထွန်းသိန်းအောင်နှင့် တိုင်ပင်ကာ သဘောတူလက်ခံခဲ့ကြောင်း သိရသည်။

မတ်လ ၂၀ ရက်တွင် တရားခံပြေး သန့်ဇင်ဦး၏ သား တရားခံပြေး ကျော်ပိုင်သူ လာရောက်ပို့ဆောင်ပေးသည့် မူးယစ်ဆေးဝါးများအား “ဂေါ်ဇီလာ” ဆပ်ပြာတောင့်များနှင့်အတူ ရောနှောထုပ်ပိုးပြီး ကတ္တူဖာများအတွင်း ထည့်ကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ပို့ဆောင်ရန် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်းရှိ အမှတ်(၂) တံတား၌ ဆိုက်ကပ်ထားသော ရန်ကုန်-စစ်တွေပြေးဆွဲသည့် “အမ်ဗွီ-စိန်ပြည့်မင်း” ကုန်တင်သင်္ဘောပေါ်သို့ တင်ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို စစ်တွေမြို့နေ AA သောင်းကျန်းသူအဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး သန့်ဇင်ဦးမှ ဘူးသီးတောင် မြို့နေ AA သောင်းကျန်းသူအဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး မေယုထွန်း နှင့် ချိတ်ဆက်၍ ပို့ဆောင်နေတာဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။

သို့ဖြစ်၍ တရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားခံပြေး သန့်ဇင်ဦး နှင့် ကျော်ပိုင်သူ အပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒါ့အပြင် မူးယစ်ဆေးဝါးသယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပြီး သတင်းပေးသူနှင့် ပူးပေါင်းပါဝင် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီး မြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

#myanmarfocus

1 month, 4 weeks ago
Myanmar Focus Online Platform
1 month, 4 weeks ago
Myanmar Focus Online Platform
2 months ago
Myanmar Focus Online Platform
2 months ago
ကလေးမြို့ရှိ ဆည်မြောင်းရုံးနှင့် သစ်တောရုံး မီးလောင်ပြာကျမှု လုံခြုံရေးတပ်ဖွဲဝင်များ၏ လက်ချက်ဟု …

ကလေးမြို့ရှိ ဆည်မြောင်းရုံးနှင့် သစ်တောရုံး မီးလောင်ပြာကျမှု လုံခြုံရေးတပ်ဖွဲဝင်များ၏ လက်ချက်ဟု သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ
#myanmarfocus

2 months ago
Myanmar Focus Online Platform
2 months ago
Myanmar Focus Online Platform
2 months ago
Myanmar Focus Online Platform
2 months ago
Myanmar Focus Online Platform
2 months ago
ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား ကျောက်ရထားဖြတ်သန်း စဉ် …

ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား ကျောက်ရထားဖြတ်သန်း စဉ် မိုင်းပေါက်ကွဲ၊ ရထားလမ်းချော်ကျမှုဖြစ်ပွား၊ ရထားခရီးစဉ်များကြန့်ကြာမှုဖြစ်
#myanmarfocus

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 6 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 days, 5 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 4 weeks ago