ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 19 hours ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 months, 1 week ago
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၈/၂၀၂၄) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ကြိုဆို
ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၈/၂၀၂၄) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအားကြိုဆိုပွဲကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၈/၂၀၂၄) အား ဒီဇင်ဘာ ၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါသင်တန်းသို့တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား လိုအပ်သည့်စုဖွဲ့ပြင်ဆင်မှုများ၊ လိုအပ်သည့်အုပ်ချုပ်မှုကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
#myanmarfocus
နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်နှင့် စားရေရိက္ခာဖူလုံပိုလျှံအောင် ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်နေဟု ဗိုလ်ချုပ်မှူးကြိး မင်းအောင်လှိုင်ပြော
နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်နှင့် နိုင်ငံအတွင်းစားရေရိက္ခာဖူလုံပိုလျှံအောင် ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်နေသည်ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် နှစ် (၁၀၀)ပြည့် ရာပြည့်ခန်းမဖွင့်ပွဲနှင့် ရာပြည့်သဘင်အခမ်းအနားတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်ကို ယူပြီးချိန်တွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေးနှင့် ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက် ရေးဟူသည့် စီးပွားရေးဦးတည်ချက်များကို ထည့်သွင်းချမှတ်ပြီး နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံအတွင်းစားရေရိက္ခာဖူလုံပိုလျှံအောင် ဘက်ပေါင်းစုံက ကြိုးပမ်း ဆောင်ရွက်နေကြောင်း ပြောသည်။
နိုင်ငံတော်တွင်ရှိသည့် သီးနှံစိုက်ဧက စုစုပေါင်း (၃၃)သန်းမှ အရေးကြီးသီးနှံများကို ဦးစားပေးပြီး ပြည်တွင်းစားရေရိက္ခာ ဖူလုံမှုရှိစေရေး၊ ပြည်ပကိုတိုးချဲ့ တင်ပို့ရောင်း ချနိုင်ရေးနှင့် သွင်းကုန် အစားထိုး ပမာဏတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပန်းတိုင် အထွက်နှုန်းပြည့်မီရေး ကြိုးစား လုပ်ဆောင်လျက်ရှိကြောင်း၊ ပန်းတိုင်းရည်မှန်းချက် သည် အကြိမ်ကြိမ်သုတေသနပြုပြီးမှ ဖော်ထုတ် ထားခြင်းဖြစ်သဖြင့် ဒေသအလိုက် ပန်းတိုင်ပြည့်မှီရေး စနစ်တကျ သုံးသပ် ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ အလားတူ သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုသည်လည်း နိုင်ငံ၏ကုန်ထုတ်စွမ်းအား တိုးတက်ပြီး GDP ပမာဏတိုးတက်လာစေမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ကြသည့်နေရာတွင် စိုက်ပျိုးရေးပညာရှင်များ၏ အခန်းကဏ္ဍသည် အရေးကြီးသကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆက်စပ် နေသည့် အခြားဆက်စပ်ကဏ္ဍများကပညာရှင်များဖြင့် ချိတ်ဆက် လုပ်ဆောင်မှုသည်လည်း အရေးကြီး ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
#myanmarfocus
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ငွေကျပ် သန်းပေါင်းတစ်သောင်း တစ်ထောင်ကျော် သုံးစွဲ ဆောင်ရွက်ပေးလျက်ရှိ
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ တောင်တန်းမြေပြန့်မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဟိုပုံးမြို့နယ် ပုံးအယ်လမ်းခွဲမှ နမ့်ပေါ်ချော- ဟိုနား- နောင်မိုင်းပွန်- နားလော- လီမော လမ်းခွဲအထိ ၁၅ မိုင် အနက် ၅ မိုင် မြေသားလမ်း ဖောက်လုပ်ခြင်းနှင့် ငါးပေ Box Culvert ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ် ၃၂၉ ဒသမ ၄၇၆ သန်းဖြင့် ဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ လုပ်ငန်းများ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၆၉ မိုင် ၄ ဖာလုံ၊ အာမခံ လမ်း ၁၃ မိုင် ၄ ဖာလုံ၊ ကျောက် လမ်း ၂၁ မိုင် ၃ ဖာလုံ၊ ကတ္တရာလမ်း ၂ မိုင် ၄ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာ ၈ မိုင် ၆ ဖာလုံ၊ ကွန်ကရစ်လမ်း ၃ မိုင် ၂ ဖာလုံ၊ ကွန်ကရစ်တံတား ငါးစင်း၊ Box Culvert ၁၂၄ စင်း၊ ကျောက်တောင်မိုင်းခွဲခြင်းလုပ်ငန်းနှစ်ခု၊ အဝီစိတွင်း တူးဖော်ခြင်းလုပ်ငန်း တစ်တွင်း၊ သာသနာရေးလုပ်ငန်းခြောက်ခု၊ စိုက်ပျိုးရေရရှိရေး လုပ်ငန်းငါးခု၊ ဆိုလာ ၉၄ စုံနှင့် ဦးစီးဌာနလုပ်ငန်း ခြောက်ခုတို့ကို စုစုပေါင်းခွင့်ပြုရန်ပုံငွေကျပ် ၁၁၁၃၉ ဒသမ ၉၃ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
#myanmarfocus
၂၀၂၅ ဥရောပ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲအတွက် အပြီးသတ် အုပ်စု မဲခွဲခြင်းအခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ မှာကျင်းပပြုလုပ်ခဲ့ပြီး နာမည်ကြီးအသင်းတွေဖြစ်ကြတဲ့ စပိန် ၊ ဂျာမနီ နဲ့ ပြင်သစ် အသင်းတွေ အတူကျရောက်နေသလို လက်ရှိချန်ပီယံ အင်္ဂလန် အသင်းကတော့ အုပ်စု ဘီ မှာ ကျရောက်နေတာဖြစ်ပါတယ်။ ၂၀၂၅ ဥရောပ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲကို ဂျူလှိုင်လ ၂ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ အသင်းပေါင်း ၁၂ သင်း နဲ့ ယှဉ်ပြိုင်ကစားသွားပြမှာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို တင်ဆက်ပေးဦးမှာပါ။
#myanmarfocus
AFC Women's Futsal Asian Cup 2025 ခြေစစ်ပွဲ အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ပဏာမ ကစားသမား (၁၉) ဦးစာရင်း ထုတ်ပြန်
မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းနည်းပြချုပ် Mr. Bunlert Charoenwong သည် 2025 AFC Women's Futsal Asian Cup qualification အတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်ရန် ပဏာမ ကစားသမား ၁၉ ဦး စာရင်းကို ထုတ်ပြန်ခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းသည် လာမည့် ၂၀၂၅ ၊ ဇန်နဝါရီ ၁၅ မှ ၁၉ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် 2025 AFC Women's Futsal Asian Cup qualification ကို ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ရာ ပြိုင်ပွဲအကြို ပြင်ဆင်မှုအနေဖြင့် ဒီဇင်ဘာ ၁၅ ရက် မှ စတင်၍ စခန်းသွင်း လေ့ကျင့်မှုများ၊ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းတွင် အုပ်ချုပ်/နည်းပြ ၁၁ ဦး၊ ပဏာမ ကစားသမား ၁၉ ဦးပါဝင်ပြီး ဒီဇင်ဘာ ၁၅ မှ ဇန်နဝါရီ ၂၀ ရက်အထိ သုဝဏ္ဏ ကွင်းအတွင်းရှိ လက်ရွေးစင် ကစားသမားများ အဆောင်တွင် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းသည် ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲ အုပ်စု( D) တွင် ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ မကာအို အသင်းများနှင့် အတူ ကျရောက်နေပြီး ဇန်နဝါရီ ၁၅ ရက်တွင်ဗီယက်နမ်၊ ဇန်နဝါရီ ၁၇ရက်တွင် တရုတ်တိုင်ပေ၊ ဇန်နဝါရီ ၁၉ ရက်တွင် မကာအိုအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ခြေစစ်ပွဲများကို အိမ်ရှင်နိုင်ငံများအဖြစ် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဥဇဘက်ကစ္စတန်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ၁၉ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ၅သင်း ၃ အုပ်စုနှင့် ၄သင်း ၁အုပ်စုခွဲကာ ကျင်းပသွားမည်ဖြစ်သည်။
ခြေစစ်ပွဲ အုပ်စု၄ခုမှ ထိပ်ဆုံးရပ်တည်မှု ၂ သင်းစီ(၈သင်း)နှင့် အုပ်စု၄ခုမှ အကောင်းဆုံး အုပ်စု တတိယရအသင်း စုစုပေါင်း ၉သင်း ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
၂၀၂၅ အာရှဖလား အမျိုးသမီး ဖူဆယ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တရုတ်၊ ၂၀၁၈ ပြိုင်ပွဲ ချန်ပီယံ အီရန်နှင့် ဒုတိယရ ဂျပန်တို့မှာ တိုက်ရိုက်ဝင်ခွင့်ရခဲ့ပြီး ခြေစစ်ပွဲအောင် ကိုးသင်း၊ စုစုပေါင်း အသင်း ၁၂ သင်းဖြင့် မေ ၇ မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
#myanmarfocus
တောင်ကိုရီးယားစုံစမ်းစစ်ဆေးရေးဌာနများသည် ယွန်ဆော့ယော အား စုံစမ်းစစ်ဆေးမှုကို လက်ခံရန် ထပ်မံတောင်းဆို
တောင်ကိုရီးယားရဲတပ်ဖွဲ့၊ အဆင့်မြင့်အစိုးရဝန်ထမ်းပြစ်မှုကျူးလွန်မှုစုံစမ်းစစ်ဆေးရေး ရုံးနှင့် ကာကွယ်ရေးဝန်ကြီးဌာန ပူးတွဲစုံစမ်းစစ်ဆေးရေးဌာနတို့သည် “ပြည်တွင်းဆူပူမှု”၊ အာဏာအလွဲသုံးစားမှုဆိုင်ရာ သံသယရှိမှုဖြင့် ယွန်ဆော့ယော အား ဒီဇင်ဘာ လ ၁၈ ရက်နေ့တွင် စုံစမ်းစစ်ဆေးမှုကို လက်ခံရန် တောင်းဆိုခဲ့ကြကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် China Media Group က သတင်းဖော်ပြထားသည်။
ယင်းမတိုင်မီက တောင်ကိုရီးယားရှေ့နေရုံးက ယွန်ဆော့ယော အား ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စုံစမ်းစစ်ဆေးမှုကို လက်ခံရန် တောင်းဆိုခဲ့သော်လည်း ယွန်ဆော့ယော သည် ရှေ့နေများ ခန့်အပ်ခြင်း မပြီးသေးခြင်းဖြင့် ငြင်းပယ်ခဲ့သည်။
တောင်ကိုရီးယားလွှတ်တော် မျက်နှာစုံညီအစည်းအဝေးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က မဲပေးခြင်းဖြင့် ယွန်ဆော့ယော အပေါ် စွပ်စဲမှုကို အတည်ပြုခဲ့ပြီး ယွန်ဆော့ယော ၏ သမ္မတရာထူး ချက်ချင်းရပ်တန့်ခဲ့သည်။
လက်ရှိတွင် ယွန်ဆော့ယော အပေါ် စွပ်စဲမှုမှာ တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံး၏ စီရင်ဆုံးဖြတ်မှုကို စောင့်နေသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့က ယွန်ဆော့ယော သည် ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် ဘယ်တော့မှ လက်လွှတ်မည် မဟုတ်ကြောင်း၊ ဆုံးခန်းတိုင်အောင် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
#crimyanmar
#myanmarfocus
အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုများကို အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှု ယန္တရား (National Complaints Mechanism - NCM)ဖြင့် ဆက်လက်ဖြေရှင်းဆောင်ရွက်လျက်ရှိ၊ တိုင်ကြားသူနှင့် အဓမ္မခိုင်းစေခံရသူများမှ လုံခြုံစိတ်ချစွာ ဆက်သွယ်တိုင်ကြားနိုင်
ကျောက်ကြီးမြို့နယ်ရှိကျေးရွာများကို တပ်မတော်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ၈ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို တပ်မတော်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ၈ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုရားကျောင်းနှင့်နေအိမ်များပျက်စီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများမှ သတင်းမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ ၎င်းဒေသများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူလူထုနှင့်ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်နေစဉ် အကြမ်းဖက်သောင်းကျန်းသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဒရုန်းများဖြင့် လာရောက်တိုက်ခိုက်ရာမှ ဗုံးသီးများသည် အရပ်သားပြည်သူများနေထိုင်ရာ လူနေအိမ်များအပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူအချို့ ထိခိုက်သေဆုံးခဲ့ရကြောင်း၊ ယခုအခါ ပြည်သူလူထုအနေဖြင့် အကြမ်းဖက်သမားများ၏ လူမဆန်သည့်လုပ်ရပ်များအား ရွံရှာမုန်းတီးနေပြီး အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများ၏ တစ်ဖက်သက်စွပ်စွဲရေးသားချက်များနှင့် အကြမ်းဖက်သမားများ၏လုပ်ရပ်များအား ဖုံးကွယ်ပေးရန်အတွက် သတင်းမှားများဖြင့် ဝါဒဖြန့်မှိုင်းတိုက်နေသည်ကို သိမြင်လာပြီဖြစ်ကြောင်း ဒေသခံပြည်သူများ၏ ဆက်သွယ်ပြောကြားလာချက်အရ သိရှိရသည်။
စမုံဆည်ကျိုး၍ ရွာပေါင်း ၂၀ ကျော် အပျက်အစီးများပြီး လူသောင်းနှင့်ချီ အကူအညီလိုအပ်နေကြောင်း မဟုတ်မမှန်သတင်းများရေးသားဖြန့်ဝေလျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် စမုံဆည်ကျိုးကျ၍ ဆည်အောက်ဘက်ရှိ ကျေးရွာပေါင်း ၂၀ ကျော်ရေဘေးသင့်ခဲ့ရပြီး ရေပြန်ကျချိန်တွင် အပျက်အစီးများသည့်အတွက် အကူအညီလိုအပ်နေသည်ဟု သတင်းအတု၊ သတင်းအမှားများ ရေးသားထုတ်ဝေလျက်ရှိကြောင်း သိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဆည်မြောင်းဦးစီးဌာနအနေဖြင့် ယင်းကဲ့သို့ ဆည်ရေကျိုးဖောက်ခြင်းမရှိကြောင်း၊ ဆည်ရေများပြည့်လျှံ၍ ဖောက်ချရမည့်အခြေအနေဖြစ်ပေါ်ပါက သက်ဆိုင်ရာသို့တင်ပြပြီး အသိပေးကြေညာချက်ထုတ်ပြန်ကာ ဒေသခံပြည်သူများကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပြီးမှသာ ပြုလုပ်ရကြောင်း၊ ထို့အပြင် ရေဘေးသင့်ပြည်သူများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များက ရေဘေးသင့်နေရာများသို့ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းကို ၎င်းမြို့နယ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရပြီး တရားမဝင်ပြည်ဖျက်မီဒီယာများက မီဒီယာကျင့်ဝတ်များအား ချိုးဖောက်၍ ပြည်သူလူထုစိုးရိမ်ထိတ်လန့်မှုဖြစ်စေရန် လုပ်ကြံရေးသားထားသည့် သတင်းအမှားကို ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရသည်။
မတရား နှိပ်စက်ခံရခြင်း၊ ဥပဒေပါ အကျိုးခံစားခွင့်များ၊ ရပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရန် တရားဝင်နည်းလမ်းမှသာ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြရန် တိုက်တွန်း
မြန်မာအလုပ်သမားများ သည် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ အိမ်အကူလုပ်ငန်းနှင့် အခြားအထွေထွေ လုပ်သားများအဖြစ် လုပ်ကိုင်ရန် တရားမဝင်သွားရောက်လုပ်ကိုင်လျက်ရှိကြပြီး ဝန်ဆောင်ခများ အဆမတန်ပေးရခြင်း၊ လုပ်အားခများခေါင်းပုံဖြတ်ခြင်း၊ အဓမ္မခိုင်းစေခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုကျင့်စေခြင်း၊ ရိုက်နှက်နှိပ်စက်ခံရခြင်း၊ အခန်းပိတ်ခံရခြင်း၊ အစားအစာများမကျွေးခြင်း၊ အလုပ်အကိုင်မရကြသဖြင့် နေထိုင်စားသောက်ရန် အခက်အခဲဖြစ်ပေါ်ခြင်း၊ အချို့ပွဲစား၊ အေးဂျင့်များသည် အရှေ့အလယ်ပိုင်းနိုင်ငံများအတွင်း တစ်နိုင်ငံမှ တစ်နိုင်ငံသို့ နိုင်ငံဖြတ်ကျော်စေလွှတ်၍ အဓမ္မခိုင်းစေခြင်း၊ စေလွှတ်သည့် ပွဲစားများမှ တာဝန်ယူ တာဝန်ခံမှုမရှိခြင်း၊ မြန်မာနိုင်ငံသို့ပြန်လိုသည့်အချိန်များတွင်လည်း တာဝန်ယူဆောင်ရွက်ပေးမည့်သူမရှိသည့်အတွက် အခက်အခဲ အတားအဆီးများ ဖြစ်ခြင်း၊ လုပ်ငန်း အဆင်မပြေသဖြင့် မိခင်နိုင်ငံသို့ ပြန်လိုပါက ပွဲစား၊ အေးဂျင့်များမှ လေယာဉ် လက်မှတ်ခအပါအဝင် လျော်ကြေးအဆမတန်တောင်းခံခြင်း၊ အလုပ်ရှင် သို့မဟုတ် ပွဲစား၊ အေးဂျင့်များ နိုင်ငံကူးလက်မှတ်များ၊ အခြားအထောက်အထားများ သိမ်းဆည်းထား၍ သက်ဆိုင်ရာနိုင်ငံတွင် သွားလာရန်ခက်ခဲခြင်းနှင့် မိခင်နိုင်ငံသို့ အလွယ်တကူဖြစ်နိုင်ခြင်း၊ တရားမဝင် အလုပ်အကိုင်ရှားသည့်အတွက် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါ အကျိုးခံစားခွင့်များ၊ ရပိုင်ခွင့်များ ဆုံးရှုံးခြင်း စသည့်အခက် အခဲ ပြဿနာများ ကြုံတွေ့ရလျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရ၍နစ်နာသူများမှ တိုင်ကြားမှုများ ပြုလုပ်ရာတွင် ဌာနမှ တရားစွဲဆို အရေးယူဆောင်ရွက်နိုင်ရေး စစ်ဆေးဆောင်ရွက်ရာ၌ ၎င်းတို့အား ပို့ဆောင်ခဲ့သည့် ပွဲစားများ၊ အေးဂျင့်များမှာ ပြည်ပ အလုပ်အကိုင်အကျိုဆောင်း လိုင်စင်ရရှိသူများ၊ တရားဝင် နယ်ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ထားခြင်း မရှိသူများဖြစ်၍ တိုင်ကြားစာပါ လိပ်စာများတွင် နေထိုင်မှုမရှိဘဲ တိမ်းရှောင်နေခြင်း၊ တိုင်ကြားသူများမှာလည်း ထားများ နေရပ်လိပ်စာအမှန်နှင့် မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းကဲ့သို့သော အရေးကြီးစာရွက်စာတမ်းများကို မသိရှိရခြင်း၊ ငွေပေးငွေယူစာချုပ်စာတမ်းများ ချုပ်ဆိုထားမှု မရှိခြင်းများကြောင့် စစ်ဆေးအရေးယူရန် ခက်ခဲလျက်ရှိကြောင်း တွေ့ရှိရပါသည်။
အရှေ့အလယ်နိုင်ငံများတွင် ဒုက္ခရောက်သူများနှင့် ပတ်သက်၍ အခက်အခဲမျိုးစုံကို တွေ့ နေရသူများအား မိခင်နိုင်ငံသို့ ပြန်လာနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ကူညီဆောင်ရွက်ပေး လျက်ရှိသည်။
ဝန်ကြီးဌာနများအနေဖြင့် တရားဝင် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးထားသော ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများအစီအစဉ်ဖြင့် ကာတာနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ အိုမန်နိုင်ငံ၊ ဂျော်ဒန်နိုင်ငံ၊ စသည့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အလုပ်သမားများ စေလွှတ်လျက်ရှိပြီး အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ ပြဿနာတစ်စုံတရာ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ အေဂျင်စီအား အမှုပြတ်သည်အထိ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် သွားရောက်ဖြေရှင်းစေခဲ့ပြီး ဝန်ကြီးဌာနမှလည်း အချိန်နှင့်တစ်ပြေးညီ ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးခြင်း၊ အခက်အခဲများ ကြုံတွေ့နေခြင်းများသည် တရားမဝင် သွားရောက်လုပ်ကိုင်ခြင်း၏ အကျိုးဆက်များ ဖြစ်သောကြောင့် ထိုကဲ့သို့ မဖြစ်ပွားစေရန် တရားဝင်ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားဝင်သွားရောက်လုပ်ကိုင်ကြပါရန် ဝန်ကြီးဌာနမှလည်း အသိပညာပေးမှုများ၊ ဆောင်ရွက်လျက်ရှိပြီး သွားရောက်လုပ်ကိုင်လိုသူများအနေဖြင့် တရားဝင်သွားရောက်သည့် နည်းလမ်းများဖြင့်သာ လိုက်နာဆောင်ရွက်ကြရန် အသိပေးတိုက်တွန်းထားပါသည်။
#myanmarfocus
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 19 hours ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 months, 1 week ago