ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 5 Tage, 14 Stunden her
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 Monate her
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 Monate, 1 Woche her
https://arakanbaynews.com/?p=19060
မောင်တောတွင် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး စနိုက်ဘာကျည် ထိမှန် ဒဏ်ရာရ၊ မောင်တောတိုက်ပွဲ ဆက်လက်ပြင်းထန်နေ
အမ်းမြို့နယ် တပ်တောင်တွင် မိုင်းနင်းမိ၍ ဆယ်ကျော်သက်အရွယ်ကလေး ၁ ဦး ခြေတစ်ဖက် ပြတ်ထွက်
AB News - အောက်တိုဘာ ၂၉ ၊ ၂၀၂၄
ရက္ခိုင်ပြည် ၊ အမ်းမြို့နယ် ၊ တပ်တောင်မြို့တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ထောင်ထားခဲ့သည့် မိုင်းကို တက်နင်းမိ၍ ဆယ်ကျော်သက်အရွယ်ကလေး ၁ ဦး ဘယ်ဘက်ခြေတစ်ဖက် ပြတ်ထွက်သွားကြောင်း သတင်းရသည်။
ခြေထောက်တစ်ဖက် ပြတ်ထွက်သွားသူမှာ အမ်းမြို့နယ် ၊ တပ်တောင်မြို့ ၊ အမှတ် ၂ ရပ်ကွက်မှ အဖ ဦးတင်မောင်ထွန်း၏သား အသက် ၁၂ နှစ်အရွယ် မောင်ရဲထွန်းဖြစ်သည်။
၎င်းသည် ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ၊ နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်တွင် သူ၏သူငယ်ချင်းဖြစ်သူ စိုးမင်းဦးနှင့်အတူ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ စခန်းချခဲ့သည့် တောင်သို့ ငါးမျှားကိုင်းတံ ခုတ်ရန်သွားရာတွင် မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက AB News သို့ပြောသည်။
"နံနက်ပိုင်း ၁၀ နာရီလောက်မှာ သူတို့သူငယ်ချင်း နှစ်ယောက်က ငါးမျှားကိုင်းတံလုပ်ဖို့ဆိုပြီး တောင်တက်ပြီး ဝါးသွားခုတ်တာ။ အဲဒီမှာ မိုင်းကို နင်းမိပြီးတော့ ခြေတဖက်ပြတ်သွားတာပဲ။ အဲဒီတောင်မှာက အရင်က စစ်တပ် (စစ်ကောင်စီ) က စခန်းချနေခဲ့တယ်။ ဒီအနားက လူတွေကတော့ သိပ်မသွားကြပါဘူး။ ကလေးတွေဆိုတော့ ဘယ်သိမလဲ" ဟုဆိုသည်။
အမ်းမြို့နယ်ဖက်တွင် ဆေးဝါးများ ပြတ်လပ်နေသည့်အတွက် ခြေတဖက်ပြတ်သွားသည့် ကလေးငယ်အား ဆေးကုသရန်ပင် အခက်အခဲ ဖြစ်နေရသည်ဟုလည်း သိရသည်။
တပ်တော်မြို့မှာ အမ်းမြို့နဲ့ ၂၅ မိုင်ခန့် ကွားဝေးကာ လက်ရှိတွင် အာရက္ခတပ်တော်၏ ထိမ်းချုပ်မှု အောက်တွင် ရှိသည့် မြို့ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီအဖွဲ့က မကြာခဏ လာရောက် လေကြောင်း တိုက်ခိုက်မှုရှိနေသည့် မြို့ ဖြစ်သည်။
ရက္ခိုင်တွင် စစ်ကောင်စီတပ်စွဲခဲ့သည့် တောင်ကုန်းများ၊ စေတီများ၊ နေအိမ်များ၊ တောတောင်များ၊ လမ်း၊ တံတားများ၊ အရိပ်ရသည့်အပင်အောက်များနှင့် သီးနှံပေါသည့်စိုက်ခင်းခြံများ၌ မိုင်းများကို မကြာခဏတွေ့ရပြီး ဒေသခံ တောင်သူ လယ်သမားများမှာ မိုင်းကြွင်း မိုင်းကျန်များ၏ သားကောင်များ ဖြစ်နေသည်ကိုလည်း တွေ့ရသည်။
စစ်တွေမြို့နယ် ညိုရောင်ချောင်းရွာရှိ ဆိုင်ကလုန်းခိုလှုံသည့် အဆောက်အဦးအား အကြမ်းဖက် စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ အဆောက်အဦးပျက်စီး
AB News-အောက်တိုဘာ ၂၇၊ ၂၀၂၄
စစ်တွေမြို့နယ် ညိုရောင်ချောင်းကျေးရွာရှိ ဆိုင်းကလုန်းခိုလှုံသည့်အဆောက်အဦး (Cyclone Shelter Building) အား ယမန်နေ့ ည ၈ နာရီ ၃၅ မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အဆောက်အဦးတချို့ ပျက်စီးသွားသည်ကို တွေ့ရသည်။
စစ်တွေမြို့နယ်တွင် ၂ ဖက် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်နေ့ ည ၈ နာရီခွဲ ဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီက ညိုရောင်ချောင်း ကျေးရွာရှိ ဆိုင်းကလုန်းရှဲတာ အဆောက်အဦးအား လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက AB News သို့ပြောသည်။
“နှစ်ဖက် တိုက်ပွဲ ဖြစ်သံမကြားပါဘူး။ စစ်ကောင်စီက ဒီအတိုင်း ဝုန်းခနင်း ဂျက်လေယာဥ်နဲ့ လာပြီး ပစ်သွားတာပါ။ ဘယ်နေရာကျသွားမှန်း ကျနော်တို့လည်း ချက်ချင်း မသိလိုက်ဘူး။ နောက်မှ သိရတာက ဆိုင်ကလုန်းရှဲတာကို ပစ်သွားတာ။ အဆောက်အဦး အားလုံးနီးပါး ပျက်စီးသွားပါတယ်။ ဗုံးတွင်းဆိုလည်း ရေတွင်းလောက်ကို ကြီးတယ်” ဟု ပြောသည်။
ထို့အပြင် တချိန်တည်းတွင် စစ်တွေမြို့နယ် ခမရ (၃၄၄) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာဖက်နှင့် စပါးထားကျေးရွာများဖက်သို့ အဆက်မပြတ် ပတ်ခတ်ခဲ့ကြောင်း နောက်ထပ် ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။
“မနေ့က ကောင်းကင်က လေယာဥ်နဲ့ပစ်တယ်။ မြေပြင်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အပျက်အစီး အတိအကျကိုတော့ မသိပါဘူး။ ရွာသား တချို့ ဒဏ်ရာရတယ်လို့တော့ ကြားပါတယ်။ ကွမ်းတောင်ဖက်သို့ ၃ လုံးလောက်ကျတယ်။ စပါးထားဖက်သို့ ၅ လုံး ၆ လုံးကျ ကျမယ်။ တိုက်ပွဲ ဖြစ်တာတော့ မရှိပါဘူး။” ဟု ပြောသည်။
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဒေသခံရွာသားများ ထိခိုက်မှု၊ ရပ်ရွာပျက်စီးမှုများအား AB News က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။
စစ်တွေမြို့နယ်တွင် ယခုလအတွင်း အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား ၂ ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်များဖက်သို့ စစ်နေဗီများဖြင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကြည်းတပ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများအပြင် လေကြောင်းဖြင့်ပါ မကြာခဏ လာရောက် ပစ်ခတ်လေ့ ရှိသည်ကို တွေ့ရသည်။
အကြမ်းဖက်မူဆလင် လက်နက်ကိုင်အဖွဲ့များ ရက္ခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ ပြည်သူများ၏ လုံခြုံရေးကို ခြိမ်းခြောက်နေ
AB News-အောက်တိုဘာ ၂၄၊ ၂၀၂၄
ရက္ခိုင်-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံနယ်စပ်ဒေသတလျှောက်တွင် နေထိုင်ကြသည့် ပြည်သူများ၏ လုံခြုံရေးအား အကြမ်းဖက် မူဆလင် လက်နက်ကိုင်အဖွဲ့များက ခြိမ်းခြောက်မှု ရှိနေကြောင်း အာရက္ခတပ်တော်က သတိပေးထုတ်ပြန်လိုက်သည်။
ဘင်္ဂလားဒေ့နိုင်ငံနှင့် နယ်စပ်ဒေသဖြစ်သည့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် စစ်ကောင်စီ၏ နခခ (၅) တပ်ရင်းတစ်ခုသာ နောက်ဆုံးအကျန်အဖြစ် ရှိနေသေးသော်လည်း ထိုမြို့နယ်များ၌ တောတောင်ထူထပ်ပြီး AA လက်လှမ်းမမီနိုင်သေးသည့် နေရာအချို့တွင် အကြမ်းဖက် မူဆလင် လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ARSA၊ RSO၊ ARA နှင့် စစ်ကောင်စီက သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်လက်နက်ကိုင်များ အခိုင်အမာစခန်းချ နေထိုင်လျက်ရှိကြောင်း AA ကပြောသည်။
“မောင်တောမြို့တွင် ဖက်ဆစ်အကြမ်း ဖက်စစ်ကောင်စီ၏ နခခ (၅) စခန်းတစ်ခုသာ ကျန်ရှိနေပြီ ဖြစ်သော်လည်း မောင်တော နှင့် ဘူးသီးတောင်မြို့များ၌ အာရက္ခတပ်တော်မှ လောလောဆယ် လက်လှမ်းမမှီသေးသော နေရာအချို့နှင့် တောထူထပ်သောတောင်တန်းများထဲတွင် ARSA၊ RSO၊ ARA အစွန်းရောက်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် တပ်စခန်းများကို အခိုင်အမာတည်ဆောက်ပြီး ခိုအောင်းလျက်ရှိကြသည်။” ဟု ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ ညထုတ်ပြန်သည့် သတင်းတွင် ဖော်ပြပါရှိသည်။
၎င်းအကြမ်းဖက် မူဆလင်လက်နက်ကိုင်အဖွဲ့များသည် ဘူးသီးတောင်၊ မောင်တော ဒေသနေ ပြည်သူများအာ ပြန်ပေးဆွဲခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများကို မကြာခဏပြုလုပ်လေ့ရှိသောကြောင့် ပြည်သူများမှာလည်း လုံခြုံရေးအတွက် စိုးရိမ်နေကြရသည်ကို AB News က တွေ့ရှိရသည်။
“ထို့အပြင် ၎င်းနေရာများကို ဗဟိုပြုထားပြီး ARSA၊ RSO၊ ARA အစွန်းရောက် အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ အရပ်သားပြည်သူလူထုများအား လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း၊ အကြမ်းဖက် သတ်ဖြတ်သွားခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းတို့ကို ဆက်တိုက် ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။” ဟု အာရက္ခတပ်တော်၏ သတင်းထုတ်ပြန်ချက်တွင်လည်း ပါရှိသည်။
အထူးသဖြင့် အကြမ်းဖက် မူဆလင် လက်နက်ကိုင်မူဆလင်အဖွဲ့များ၏ အကြမ်းဖက်မှုများသည် ဘင်္ဂလားဒေ့ရှ်-အာရက္ခ (ရက္ခိုင်) နယ်စပ် နှစ်ဖက်တွင် နေထိုင်ကြသည့် အရပ်သားပြည်သူများ၏ လုံခြုံရေးများကို ခြိမ်းခြောက်နေရုံသာမက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကိုပါ စိန်ခေါ်လျက်ရှိကြောင်း AA ကဆိုသည်။
“ဤအစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်အန္တရာယ်မှာ အာရက္ခဒေသ အတွင်း၌သာမက ဘင်္ဂလားဒေ့ရှ်-အာရက္ခ နယ်စပ် နှစ်ဖက်တွင်နေထိုင်ကြသော အရပ်သားပြည်သူ လူထုများအတွက်ပါ များစွာစိုးရိမ်စရာ ကောင်းလှပါသည်။ ဤဖြစ်ရပ်များမှာ စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်လာခဲ့ပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံရေးတို့ကို စိန်ခေါ်လျက်ရှိသည်။” ဟုဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းသမား ၁၆ ဦးမှာ ဘင်္ဂလားပင်လယ်အော်တွင် ငါးဖမ်းနေစဥ် အမည်မသိ ဘင်္ဂလီ လက်နက်ကိုင် (၆၀) ဦးခန့်ပါ အဖွဲ့တစ်ခု၏ ဓားပြတိုက်ခြင်းကို ခံခဲ့ရပြီး ၎င်း ငါးဖမ်းသမားများအား အာရက္ခတပ်တော်က ကယ်တင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်အပ်ခဲ့ကြောင်း အောက်တိုဘာလ ၁၄ ရက်နေ့တွင် AA က သတင်းထုတ်ပြန်ခဲ့သည်။
၎င်းနည်းတူ ရက္ခိုင်ပြည် မောင်တောမြို့နယ် နယ်စပ်ဒေသတွင်လည်း ခရီးသွား ပြည်သူများ မကြာခဏ ခြုံခိုတိုက်ခိုက်ခံရခြင်း၊ ဓားပြတိုက်ခံရခြင်းနှင့် ဖမ်းဆီး သတ်ဖြတ်ခံရခြင်းများရှိနေသည်။
ဓာတ်ပုံ-ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက် မူဆလင် လက်နက်ကိုင်အဖွဲ့၏ အခိုင်အမာချထားသည့် စခန်းတစ်ခုအား အာရက္ခတပ်တော် (AA) တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရစဥ် (AA Info Desk)
ပေါက်တောမြို့နယ် ၊ မနော်သိီရိကျေးရွာအနီး ကုလားတန်မြစ်ကမ်းတွင် အမည်မသိအလောင်း ၁ လောင်းတွေ့ရှိ
AB News - အောက်တိုဘာ ၂၂ ၊ ၂၀၂၄
ရက္ခိုင်ပြည် ၊ ပေါက်တောမြို့နယ် ၊ မနော်သီရိကျေးရွာ သုဿန်အနီး ကုလားတန် မြစ်ကမ်းနားတွင်အမည်မသိအလောင်း ၁ လောင်း တွေ့ရှိခဲ့ကြောင်းသိရသည်။
ထိုရုပ်အလောင်းအား ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက် ၊ ည ၆ နာရီအချိန်ခန့်တွင် မနော်သီရိကျေးရွာသား ၁ ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၎င်းသည် ကုလားတန်မြစ်ကမ်းနား၌ ချထားသည့် ငါးရံပိုက်အား သွားရောက်ဖော်ယူရာတွင် အလောင်းကိုတွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။
"ကျနော်က မြစ်နားမှာ ငါးရံပိုက်ချထားတာ ။ အဲ့ဒါကိုသွားဖော်တာ ။ညနေ ၆ နာရီလောက်ရှိမယ်ထင်တယ် ။ အဲဒီမှာ ဒီအလောင်းကိုတွေ့တာ" ဟုဆိုသည်။
ရုပ်အလောင်းမှာ မည်သူ မည်ဝါ ဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။ ရုပ်အလောင်းတွင် ဒဏ်ရာများမတွေ့ရှိရသည့်အတွက် ရေနစ်မြှုပ်သေဆုံးသွားခြင်း ဖြစ်နိုင်ကြောင်း ရွာသားများက ခန့်မှန်းကြကြောင်းလည်း သိရသည်။
ထိုရုပ်အလောင်းကို လုပ်ထုံးလုပ်နည်းအတိုင်း သဂြိုလ်ပြီး ၊ သေဆုံးသူ၏ နေရပ်လိပ်စာအတိအကျကို အာရက္ခတပ်တော် ရဲတပ်ဖွဲ့မှ လိုက်လံရှာဖွယ်နေကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင်လည်း ပေါက်တောမြို့နယ် ၊ ဂြစ်ချောင်းကျေးရွာမှ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး မြောင်တွင် ရေချိုးရန်သွားစဥ် ရေနစ် သေဆုံးသွားခဲ့သည်။
ရက္ခိုင်ကုန်သည်များ၏ လောင်စာဆီ ၁၉ ပီပါအား CYLA အဖွဲ့ကထပ်မံဖမ်းဆီးပြီး Diltlang ရဲစခန်းတွင် ထိန်းသိမ်းထား
AB News-ဇူလိုင် ၁၇၊ ၂၀၂၄
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ရက္ခိုင်နှင့် ပလက်ဝသို့ ကုန်တင်သွင်းသည့် လမ်းကြောင်းကို CYLA က ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်နေ့က ရက္ခိုင်ကုန်သည်များ ကား ၂ စီးဖြင့် တင်လာသည့် လောင်စာဆီ ၁၉ ပီပါအား ထပ်မံဖမ်းဆီးခဲ့ပြီး Diltlang ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း The Lawngtlai Post သတင်းတွင် ဖော်ပြထားသည်။
ရက္ခိုင်ကုန်သည်များ၏ လောင်စာဆီကားအား ဖမ်းဆီးရာတွင် Diltlang ရဲများလည်း ပါဝင်ကြောင်း ယင်းသတင်းစာတွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲသို့ အခြေခံ စားသောက်ကုန်ပစ္စည်းများ တင်သွင်းနေသည့်လမ်းကြောင်းကို CYLA အဖွဲ့က မီဇိုရမ်မြို့ဘက်ခြမ်းကနေ ဇွန်လ ၂၄ ရက်နေ့တွင် စတင် ပိတ်လိုက်ခြင်းဖြစ်သည်။
CYLAသည် ထိုသို့ အခြေခံလူသုံးကုန်ပစ္စည်းတင်သွင်းသည့် လမ်းကြောင်းကို ပိတ်လိုက်ခြင်းနှင့် ကုန်ပစ္စည်းများအား ဖျက်ဆီးခြင်းများမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို ချိုးဖောက်ရာရောက်သည်။
တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်ရန်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရန် အစွမ်းကုန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း YLA Diltlang ရုံးခွဲက ပြောကြားကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
ထို့အပြင် လောင်တလိုင် (Lawngtlaia) အတွင်းရှိ ရက္ခိုင်မှ စစ်ဘေးရှောင်များကို ပြန်ပို့ရန် စီစဥ်နေကြောင်း ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
CYLA အဖွဲ့သည် ရက္ခိုင်က ကုန်သည်များ၏ လောင်စာဆီ ပီပါ ၁၀၀ ကျော်တို့အား ဖျက်ဆီးပစ်ပြီး ကုန်သည်များထံမှ ငွေညှစ်ခြင်းများပါ ပြုလုပ်လျက်ရှိသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 5 Tage, 14 Stunden her
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 Monate her
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 Monate, 1 Woche her