ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
နိုင်ငံတော်အစိုးရက ဘာသာပေါင်းစုံအဖွဲ့အား ပြည်ထောင်စုနယ်မြေအတွင်း
မြေနေရာများချထားပေးခဲ့မှုနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်
ရက်စွဲ ။ ။ ၂၀၂၄ခုနှစ်၊ ဧပြီလ (၂၂)ရက်
၁၃၈၆ ခု၊ တန်ခူးလဆန်း (၁၄)ရက်၊ ၂၂-၄-၂၀၂၄ တနင်္လာနေ့ နေ့လည် (၂)နာရီအချိန်တွင် နေပြည်တော် အမျိုးဘာသာ သာသနာ ချစ်မြတ်နိုးကြသော ရဟန်းသံဃာတော်များနှင့် အမျိုးသားရေး ညီအစ်ကို မောင်နှမများမှ အစည်းအဝေးကျင်းပပြီး အားလုံးသဘောတူ ဆုံးဖြတ်လိုက်ကြသည်မှာ -
နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယာယီထိန်းသိမ်းပြီး အုပ်ချုပ်နေရသော တပ်မတော်ဦး ဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနှစ်ဦး လက်ဆောင်ဟုခေါင်းစဉ်တပ်ကာ ဘာသာပေါင်းစုံအဖွဲ့မှ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ် ဘာသာဝင်များအား မြေနေရာများ ချထားပေးခဲ့သည့် အပေါ် ဘက်ပေါင်းစုံမှ သုံးသပ်ဆွေးနွေးခဲ့ကြသည်။
အစိုးရအဆက်ဆက် ထိုသို့ပေးခဲ့သော အစဉ်အလာဟူ၍ မရှိခဲ့ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာများကို ကူညီပံ့ပိုးခြင်းသည် ဥပဒေက ခွင့်ပြုထားသည် မှန်သော်လည်း ပြည်သူများ လက်ခံနိုင်ခြင်း ရှိ/ မရှိ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ဗုဒ္ဓဘာသာသည် နိုင်ငံသားအများစုကိုးကွယ်ရာ ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသော ဘာသာအဖြစ် သတ်မှတ်ထားပြီး တိုင်းပြည်တွင် ဖြစ်ပေါ်ခဲ့သော ဘာသာရေးပဋိက္ခများ ဖြစ်ပေါ်ခဲ့သည့် သင်ခန်းစာများကို ပြန်လည်ဆန်းစစ်မည်ဆိုလျှင်လည်း ဗုဒ္ဓဘာသာဝင်များက ရန်ပြုစော် ကားခြင်းကြောင့် ပေါ်ပေါက်ခဲ့သည် ဟူ၍ မရှိပါ။ အခြားဘာသာဝင်များက ဗုဒ္ဓဘာသာအပေါ် ပျက်ရယ်ပြု စော်ကားခြင်း၊ ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်ခြင်းများကြောင့် ပေါ်ပေါက်ခဲ့သည့် ပဋိပက္ခများ ဖြစ်ပါ သည်။ အထူးအားဖြင့် အစ္စလာမ်ဘာသာဝင်များသည် မလျှော်ကန်သော နည်းလမ်းများဖြင့် ဗုဒ္ဓဘာသာဝင် အမျိုး သမီးများကို အအဓမ္မခြိမ်းခြောက် သိမ်းသွင်းသည့် ပြဿနာများလည်း အထင်အရှား ရှိခဲ့ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဘာသာပေါင်းစုံအဖွဲ့အား ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော လုပ်ပိုင် ခွင့်အရ ကူညီပံ့ပိုးရာတွင် ငွေကြေးနှင့် အခြားသော သင့်လျော်သည့် ကူညီထောက်ပံ့မှုများဖြင့် ကူညီ ထောက်ပံ့နိုင်ပါသည်။
ဘာသာပေါင်းစုံအဖွဲ့မှ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ် ဘာသာရေးအဖွဲ့များအား မြေနေရာများချထား ပေးမှုအပေါ် လုံးဝ(လုံးဝ) လက်ခံနိုင်ခြင်း မရှိပါသဖြင့် နိုင်ငံတော်တာဝန်ရှိသူများထံ ထိုသို့ ချထားပေး ခဲ့ခြင်းနှင့် ပတ်သက်၍ ပြန်လည်ရုပ်သိမ်းပေးပါရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း အစည်းအဝေးဆုံး ဖြတ်ချက်ကို အများပြည်သူ သိစေရန် ထုတ်ပြန်ကြေညာလိုက်သည်။
ရဟန်းသံဃာတော်များနှင့် အမျိုးသားရေး ညီအစ်ကိုမောင်နှမများ (နေပြည်တော်)
**ဒုချုပ်စိုးဝင်းဖမ်းခံထားရသလား?
ဒုချုပ်စိုးဝင်းကျန်းမာရေးပြန်ကောင်းလာပေမယ့် အစည်းအဝေးမတက်သလို နေပြည်တော်မှာပါရှိမနေပါဘူး။စိတ်ချရတဲ့သတင်းတစ်ခုအရတော့ ဒုချုပ် အကျယ်ချုပ်ချခံထားရတယ်ဆိုတဲ့သတင်းပဲ။
ဒုချုပ်စိုးဝင်းဟာ စစ်ရေးဦးဆောင်နိုင်စွမ်းရှိတဲ့ ထိပ်သီးခေါင်းဆောင်တစ်ယောက်ဖြစ်တာကို တပ်မတော်ထောက်ခံသူတိုင်း၊တပ်မတော်သားတိုင်းသိတယ်။နှစ် ၇၅ ကျော်သမိုင်းကောင်းခဲ့တဲ့ အောင်ပွဲရတပ်မတော်မျက်နှာပျက်နေရတာဘာကြောင့်လဲ ဆိုတာအားလုံးသိတယ်။
ကိုယ့်ပေါင်ကိုယ်လှန်မထောင်းချင်လို့မပြောခဲ့ပေမယ့် ခုကတော့တရားလွန်နေပြီဆိုတာပါပဲ။ဒုချုပ်မရှိတော့ရင် ပြဿနာကပိုကြီးလာနိုင်တယ်။ဒုချုပ်ရဲ့ဗျူဟာ နဲ့တင် မြဝတီအောင်ပွဲကိုရခဲ့တာ လက်တလောဖြစ်ရပ်ဖြစ်တယ်။ဒုချုပ်အနေနဲ့ တပ်မတော်နဲ့တိုင်းပြည်အတွက် မလှမ်းသင့်တဲ့ခြေလှမ်းကိုလှမ်းခဲ့ရတာပဲ။
ရခိုင်ပြည်တစ်ပြည်လုံးနီးပါးလက်လွှတ်ရတော့မလားမသိတဲ့အခြေအနေမှာ တတ်ယောင်ကား အရင်ခေတ်ကဝါဒဖြန့်မှုဗျူဟာလောက်နဲ့ ဓာတ်ခဲကိုနိုင်မှာမဟုတ်ဘူး။ဒုချုပ်ကို တပ်မတော်ကရော တိုင်းပြည်ကရော အရေးပေါ်လိုအပ်နေချိန်မှာ နေရာတစ်ခုအတွက် အပြစ်ပေးမယ်ဆိုရင် သမိုင်းအမည်းစက်ထင်သွားမယ်။ဝိုင်းလှော်ပေး၊ဖုံးပေးနေတဲ့ကောင်တွေလည်းအတူတူပဲ။
ဒုချုပ်သတင်းကို ပြည်သူနဲ့တပ်မတော်သားတွေသိအောင် အမြန်ဆုံးအပွင့်လင်းဆုံးချပြပါ။ဒုချုပ်ကျန်းမာရေးကောင်းနေတာအားလုံးသိပြီးနေပြီ။ခုချိန်စိုးရိမ်ရတာ နောက်ကြောကထိုးမယ့်ဓားပဲ။
သံမဏိ**
**စစ်မှုထမ်းဥပဒေအောက်ကမတရားခံနေရတဲ့လူငယ်တွေ
ကာချုပ်ကြီးရဲ့ အမျှော်အမြင်ကြီးမှုနဲ့ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက်မှာ အကြမ်းဖက်မှုကို မလိုလားတဲ့ နိုင်ငံတဝှန်းက လူငယ်တွေဟာ အပြေးအလွှားစစ်မှုထမ်းဖို့ဝင်လာလျှက်ရှိပါတယ်။
စစ်မှုထမ်းဖို့လိုအပ်ချက်ရှိနေတဲ့ လူငယ်တွေဟာဆိုရင်လည်း အခွန်အခတွေတိုးပေးနိုင်ဖို့ နိုင်ရာဝန်ထမ်းနိုင်အောင် ပြည်ပက်ို အလုအယက်ထွက်ခွာနေကြပါတယ်။
ဒီလိုတစ်နိုင်ငံလုံးတက်ညီလက်ညီလုပ်နေပေမယ့် အကန့်အသတ်နဲ့သာခေါ်ယူရတာကြောင့် မဲပေါက်ပေမယ့်စစ်မှုထမ်းခွငိ့မရတဲ့လူငယ်တွေဟာ မခံမရပ်နိုင်ဖြစ်နေကြပါတယ်။ဒါတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ MAN က ဒေသတွငိးကွငိးဆင်းပြီး စစ်မှုထမ်းဥပဒေအခြေအနေနဲ့ လူငယ်တွေရဲ့ရင်တွင်းစကားသံတွေကိုနားထောင်ခဲ့ပါတယ်။
ဒဂုံတက္ကသိုလ်မှာကျောင်းတက်နေတဲ့ကျောင်းသားတစ်ဦးက
''မတရားဘူးဗျာ...ကျွန်တော်တို့က ကျောင်းတက်နေတယ်ဆိုပြီး စစ်မှုထမ်းခွင့်မပေးဘူး...ကျောင်းတက်တယ်ဆိုတည်းက ကျောင်းမတက်နဲ့လို့ပြောနေတဲ့အကြမ်းဖက်တွေကို ဂရုမစိုက်လို့တက်တာလေဗျာ..ခုလိုအခွင့်အရေးရတော့ ဝင်ပြီးလက်စွမ်းပြချင်တယ်...ဒီလိုမျိုးခွဲခြားခံရတာက ကျွန်တော်တို့ကခေတ်ပျက်ထဲမှာ ဂုဏ်ထူးဆောင်တွေလိုဖြစ်နေတယ်...ရှက်စရာကောင်းပါတယ်'' လို့ပြောခဲ့ပြီး အကြံပြုချက်အနေနဲ့ကတော့ ''ကျွန်တော်တို့ Major မှာ လူတစ်ထောင်လောက်ရှိတယ် အဲ့ထဲမှာ 700 လောက်ကစစ်မှုထမ်းချင်နေတာ..ဒါပေမယ့်မိဘတွေဘာညာကရှိသေးတယ်...ဒါကြောင့် ဒီလိုငဲ့နေရတာတွေမဖြစ်ရအောင်...တက္ကသိုလ်တက်နေတဲ့ကျောင်းသား/သူတ်ုင်းကို မဝင်မနေရ UTC ဥပဒေပြဌာန်းပြီး စစ်မှုထမ်းခွင့်ပြုသင့်ပါတယ်၊ဒါမှလည်း ကျွန်တော်တို့အတွက်အခွင့်အရေးရမှာပါ။တိုင်းပြည်အတွက်ရှားပါးဂုဏ်ထူးဆောင်ခွင့်မှာ ကျွန်တော်တို့ကိုချန်မထားပါနဲ့'' လို့
ပြောခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးက လူငယ်တစ်ဦးကလည်း
''ကျွန်တော်ကမဲပေါက်တယ်။ဒါပေမယ့် ကျွန်တော့်အိမ်က အုပ်ကြီးကိုငွေပေးလိုက်တာနဲ့လူစားထိုးသွားတယ်။ဒါမဖြစ်သင့်ဘူးလေဗျာ။ကျွန်တော်က ဆယ်တန်းပြီးထဲက DSA တက်ချင်တာ အိမ်ကခွင့်မပြုလို့ မတက်ရဘူး။ခုဘွဲ့ရပြီး နိုင်ငံခြားကပြန်လာတော့လည်း အလုပ်တွေပဲလုပ်နေဖြစ်တယ်။ဒီစစ်မှုထမ်းဥပဒေပြဌာန်းလိုက်တော့ တိုင်းပြည်ဂုဏ်ဆောင်တဲ့ စစ်သားကြီးဖြစ်ရပြီလို့ ပျော်နေတာ။မဲပေါက်တုန်းက သူငယ်ချင်းတွေကိုတောင် ပတ်ကြွားခဲ့သေးတယ်။အခုကျတော့ဗျာ အောက်ခြေက ခိုးစား၊ဖွက်စား၊လာဘ်စားတဲ့ အုပ်ကြီးတွေ၊ရပ်ကျေးတွေကြောင့် ကျွန်တော်တို့ကအလကားနစ်နာရပြီဗျာ။မိဘတွေကတော့စိတ်ပူမှာပဲလေ။ဒါကိုအပြစ်ပြောလို့မရဘူး။ဥပဒေအတိုင်းအလုပ်မလုပ်ပဲ လက်သင့်ရာစားတော်ခေါ်တဲ့ အုပ်ကြီးတွေကမရှိသင့်တော်ဘူးဗျာ။ဒါနဲ့ပတ်သက်လို့ အထက်အရာရှိတွေအနေနဲ့ စီစစ်ပေးသင့်ပါတယ်''လို့
ဖြေကြားခဲ့ပါတယ်။
အမည်မဖော်လိုသူညီငယ်တစ်ယောက်ကတော့
''ကျွန်တော့်အဖေကရာအိမ်မှူး
ပါ။ကျွန်တော်ကျစစ်မှုထမ်းဖို့ မဲနှိုက်တဲ့အထဲစာရင်းမပါဘူးတဲ့ ဖြစ်သင့်လားဗျာ။ကျွန်တော့်အဖေတောင် အကြမ်းဖက်မှုကိုမလိုလားလို့ ရှေ့ထွက်ပြီး ရာထူးယူထားတာမဟုတ်ဘူးလား? ခုလိုခွဲခြားခံလိုက်ရတာမဖြစ်သင့်ဘူးလေ။ကျွန်တော်လဲ ဒီနိုင်ငံကလူငယ်ပဲ သမိုင်းပေးတာဝန်ကိုထမ်းရမှာပေါ့။ခုလို အောက်ခြေမှာ တရားမမျှတတာတွေမဖြစ်ပဲတန်းတူအခွင့်အရေးပေးဖို့တောင်းဆိုပါတယ်။မိဘဆိုတော့ကျွန်တော်တော့သိပ်မဝေဘန်ချင်ဘူး။''
လို့ပြောခဲ့ပါတယ်။
မန္တလေးတ်ိုင်းဒေသကြီးကအမျိုးသမီးတစ်ဦးကလည်း
''စစ်မှုထမ်းဥပဒေ ကတကယ်ကောင်းတဲ့အခွင့်အရေး၊လိုအပ်တဲ့ဥပဒေပါ။ဒါပေမယ့်ပေါ့ရှင် အမျိုးသမီးတွေအတွက်ထည့်စဥ်းစားပေးသင့်တယ်။အစိုးရအဖွဲ့ထဲမှာတောင်အမျိုးသမီးတချို့ပါတယ်လေ။ဒီခေတ်က Gender Equality ကိုအသားပေးရမယ့်ခေတ်လေ။အမျိုးသမီးတွေကို နှိမ်ချပြီး မခေါ်ဘူးတို့ အနည်းငယ်ပဲခေါ်မယ်တို့ဆိုရင် ဒါကျွန်မတို့အမျိုးသမီးတွေကို သက်သက်နိမ့်ချရာရောက်နေမယ်။ခုပထမအသုတ်မှာလည်း ကျွန်မတို့မပါခဲ့ရဘူး။နောက်လည်းကျန်နေရ ချန်ခဲ့ခံရရင်တော့ အဆင်မပြေဘူး။ခေါင်းဆောင်တွေရဲ့စေတနာကိုနားလည်ပေမယ့် မြေပြင်ကလူငယ်တွေရဲ့ခံစားချက်ကိုလည်းသေချာနားထောင်ပေးစေချင်ပါတယ်လို့''
ရင်ဖွင့်ပြောကြားခဲ့ပါတယ်။
ပြည့်သူ့စစ်မှုထမ်းပထမအပတ်စဥ်အောက်က ရဲဘော်တွေ အတာဦးမှာပျော်ရွှင်နေကြတာကို ဘယ်လိုမြင်လဲလို့မေးမြန်းခဲ့ရမှာတော့
''သူတို့ကတော့ပျော်လို့ရတာပေါ့ဗျာ ဦးဦးဖျားဖျားပထမအပတ်စဥ်မှာ ဂုဏ်ဆောင်ခွင့်ရတော့မှာ၊နိုင်ငံက ဒုက္ခရောက်နေချိန်မှာကယ်တင်ခွင့်ရမယ့်သူရဲကောင်းစာရင်းဝင်တော့မှာကိုး၊ကျွန်တော်တို့ မပါရတဲ့သူတွေကတော့ ဆက်စောင့်ပေါ့။နောက်အသုတ်တွေတော့ သေချာစီစစ်ပြီး ပိုများများခေါ်ပေးစေချင်ပါတယ်။ကျွန်တော်တို့ကတော့ ကိုယ့်တာဝန်ကိုယ်ယူဖို့အသင့်ပဲ''လို့
ဖြေကြားထားပါတယ်။
ဒါတွေဟာ မြေပြင်ကလာတဲ့လူငယ်တွေရဲ့တကယ့်အသံ တကယ့်အမှန်တွေဖြစ်ပါတယ်။ဒါကြောင့်တာဝန်ရှိသူတွေအနေနဲ့ လူငယ်တွေရဲ့ဆန္ဒကိုမျက်ကွယ်မပြုပဲ ဂရုတစိုက်နဲ့ စီမံပေးစေလိုပါကြောင်းထပ်ဆင့်ပြောကြားလိုက်ရပါတယ်။
ဧပြီလ ၁၇
MAN**
**တကယ့်လက်တွေမှာအဲ့လောက် အဖြစ်မရှိနေဘူး..ခုချိန်ထိ လက်ဟောင်းတပ်မတော်ထောက်ခံသူတွေဟာ လိမ်ညာဖြီးဖြန်းပြီး ပြည်သူကိုလိမ်ကောင်းတုန်း၊တပ်မတော်ကိုလိမ်ကောင်တုန်း အထက်ကိုဖာတဲ့သတင်းပို့ အောက်ကို ညာဖြီးနေတော့ တပ်မတော်ကြီးငါးပါးမှောက်နေရောပေါ့။
ကိုကျော်စိုးဦးတို့ ကိုကျော်မျိုးမင်းတို့တစ်ဝက်လောက် သစ္စာရှိရင်ကို တပ်မတော်ကခေါင်းထောင်ပြီ။**
တပ်မတော်ခေါင်းဆောင်ကို လူလဲဖိုတကယ်ကြံစည်ခဲ့သလား
အားလုံးသိကြတဲ့အတိုင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်လှိင် ( ငြိမ်း ) နေပြည်တော်မှာပဲ ဖမ်းဆီးခံထားရပါတယ်။ အကြောင်းကတော့ လာဘ်စားမှုနဲ့ဖမ်းတာပါ ထူးခြားတာက ၂၀၁၄ ခုနှစ်က ကိစ္စကို ဆယ်နှစ်အကြာမှ နောက်ကြောင်းပြန် အမှုဖွင့်ဖမ်းဆီးစစ်ဆေးတာ ဖြစ်ပါတယ်။
တပ်ချုပ် ကို ဖြုတ်ချရန် ရင်ဖွင့်ကြံစည်ခဲ့သည့် လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိင်ကို ဝန်ကြီးဖြစ်စဉ်က လယ်မြေသိမ်းမှုများဖြင့် နောက်ကြောင်းပြန် အမှုဖွင့်လိုက်ပြီး နေအိမ်နှင့်ပိုင်ဆိုင်မှုများကိုပါ ချိတ်ပိတ်လိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုဟု မီဒီယာများက ဖော်ပြကြပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် တိုင်းပြည်ပြိုကွဲမှာ ကြောက်တဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေဟာ
တပ်ချုပ်မင်းအောင်လှိင်က်ိ နှစ်သက်ခြင်းမရှိတော့ပါဘူး ဒါအထူးပြောစရာမလိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ တပ်ချုပ်နေရာကို အစားထိုးဖိုတကယ်ပဲ ကြံစည်ခဲ့သလားအဖြေပေါ်ပေါက်တော့မှာဖြစ်ပါတယ်။ သာဓက အနေနဲ့ ပြောရရင် ၂၀၀၄ ထောက်လှမ်းရေးဖျက်သိမ်းပြီး လူဖမ်းပွဲ ကျင်းပချိန်က ဗိုလ်ချုပ်ကြီးခင်ညွန့်ကို လာဘ်စားမှုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
သတင်းထွက်နေတာတခုကတော့ တိုင်ပင်ဆွေးနွေးသူစာရင်းမှာ ဘူးလက်လှဆွေ အုပ်စုပါတယ်လို အတည်ပြုမရတဲ့ သတင်းထွက်ပေါ်နေတာပါပဲ။ စာရေးသူအနေနဲ့ တပ်မတော်နဲ့ တိုင်းပြည်ကသာ
ပထမ မို အခုထက်အရည်အချင်းရှိပြတ်သားတဲ့ ခေါင်းဆောင်ကို လိုချင်တာတော့အမှန်ပါပဲ။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago