🕊️ PEACE MYANMAR 🕊️

Description
We recommend to visit

The official telegram channel of Kanak News. Stay tuned to get 24*7 news updates only from Kanak News

Last updated 5 months ago

Last updated 1 month, 2 weeks ago

1 month, 2 weeks ago

Zaw Bhone Hein
( 7 - 12 - 2024 )

1 month, 2 weeks ago
ကမ္ဘာ့ရွှေဈေးနှုန်း (Spot Gold) ဟာ တစ်အောင်စကို ၂,၆၃၃ …

ကမ္ဘာ့ရွှေဈေးနှုန်း (Spot Gold) ဟာ တစ်အောင်စကို ၂,၆၃၃ ဒေါ်လာဈေးတန်း ရှိနေချိန်

ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကော်မတီက အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၅,၃၃၀,၀၀၀ ကျပ် သတ်မှတ်ထုတ်ပြန်ပါတယ်။

သတင်း - BETV Business

1 month, 2 weeks ago

၃။ ခံတွင်းနံ့ သင်းပျံ့စေခြင်း

ရှောက်ရွက်မှာပါဝင်တဲ့ antioxidants တွေက ခံတွင်းအနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားများကို ချေမှုန်းပေးနိုင်တာကြောင့် ခံတွင်းအနံ့ဆိုးခြင်းကို ကူညီဖယ်ရှားပေးနိုင်ပါတယ်။

၄။ ရောင်ရမ်းခြင်းများကို သက်သာစေခြင်း

ခန္ဓာကိုယ်မှာရှိတဲ့ ရောဂါအများစုက ရောင်ရမ်းခြင်းကြောင့် ဖြစ်ပေါ်လာတာပါ။ ရှောက်ရွက်စားပေးခြင်းဖြင့် ရောင်ရမ်းခြင်းတွေကို သဘာဝအတိုင်း လျော့ချပေးနိုင်ပြီး ခန္ဓာကိုယ်ကိုလည်း ပြန်လည်သက်သာစေပါတယ်။

၅။ ရောဂါမျိုးစုံကို ကာကွယ်ပေးနိုင်ခြင်း

အသည်းနဲ့ ကျောက်ကပ်ကို သန့်စင်ပေးဖို့အတွက်လည်း ရှောက်ရွက်ကို စားပေးသင့်ပါတယ်။

အဲ့လို စားပေးတာကြောင့် ဂေါက်ရောဂါ၊ အဆစ်ရောင်ရောဂါ၊ ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းစတဲ့ ရောဂါဝေဒနာများ ဖြစ်ပွားနှုန်းကိုလည်း လျော့ချပေးနိုင်ပါတယ်။

၆။ ဆံပင်အရှည်မြန်စေခြင်း

ရှောက်ရွက်မှာ ဆံသားအရှည်မြန်စေနိုင်တဲ့
အစွမ်းသတ္တိတွေလည်း ပါဝင်ပါတယ်။

ရှောက်ရွက်ကို ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေးတွေမှာ အသုံးပြုကြသလို ကောင်းကျိုးပိုရအောင်လည်း စားပေးသင့်ပါတယ်။

၇။ အခန်းအနံ့ မွှေးစေခြင်း

ရှောက်ရွက်က သဘာဝအတိုင်း အခန်းအနံ့ကို သင်းပျံ့စေနိုင်ပါတယ်။ ရှောက်ရွက်ကို ပါးပါးလှီးပြီး ရေမှာ 2 နာရီလောက် စိမ်ထားပါ။ အဲ့အရည်ကို စပရေးဘူးထဲ ပြောင်းထည့်ပြီး မိမိနှစ်သက်နေရာကို ဖြန်းပြီး အသုံးပြုပေးရုံပါပဲ။

ဒီသဘာဝ air freshener က စိတ်ဖိစီးမှုလျော့ပါးစေနိုင်ပြီး အဓိကအာရုံကြောစနစ်ကို တည်ငြိမ်စေပါတယ်။

ရှောက်ရွက်ကို အသုံးပြုရာမှာ အစိမ်းလိုက်စားပေးဖို့ ကို ပိုမိုအကြံပြုချင်ပါတယ်။ ဓားနဲ့ အရွက်ရဲ့ အလယ်ရိုးကို ဖယ်ပြီး အရွက်နှစ်ခုကို ထပ်ကာ လိပ်ပေးပါ။ ပြီးနောက် တတ်နိုင်သလောက် ပါးပါးလှီးပြီး ဟင်းလျာ၊ အသုပ်နဲ့ အခြားအစာအစာတွေနဲ့အတူ ထည့်သွင်း စားသောက်ပေးသင့်ပါတယ်။

4 months, 2 weeks ago

.
MNDAA ရဲ့လာရာ နဲ့ လားရာ
===================

ကိုးကန့်လို့ ခေါ်တဲ့ MNDAA ဟာ မူကတည်းက တရုတ် မြန်မာ နယ်စပ်က ကိုယ်ပိုင်ယဥ်ကျေးမှုမရှိပဲ တရုတ်ယဥ်ကျေးမှုနဲ့ ကြီးပြင်းလာတဲ့ လူမျိုးစုဖြစ်ပါတယ် ။ မူလတုန်းက ရွာကိုးရွာပဲ ရှိလို့ ရှမ်းလို ကောင်ကန့် လို့ ခေါ်ခဲ့ရာမှ ကိုးကန့် ဖြစ်လာရပါတယ် ။

တရုတ်စကားပြော ကိုးကန့်တွေဟာ သိန္ဒီစော်ဘွားရဲ့ ပိုင်နက်နယ်မြေအတွင်း ရှိနေပြီး သိန္ဓီစော်ဘွားထံ အခွန်ထမ်းဆောင်ရတဲ့ မျိုးနွယ်စု ဖြစ်ပါတယ် ။

အခွင့်အရေး ရလာတိုင်း ပုန်ကန်လေ့ရှိတဲ့ သူပုန်မျိုးနွယ်စုဖြစ်ပါတယ် ။ MNDAA ကို ဖုန်ကြားရှင်က စတင်ထူထောင်ခဲ့ပါတယ် ။ နောက်တော့ 2009 မှာ ဖုန်ကြားရှင်ကို ကိုးကန့်ကနေ မောင်းထုတ်လို့ KIA နယ်မြေထဲမှာ အခြေချခဲ့ရပါတယ် ။

မြန်မာအစိုးရ အဆက်ဆက် နဲ့ တပ်မတော်ရဲ့ မူဝါဒ အမှားများကတော့ အဲဒီ MNDAA ကို အမြစ်မဖြတ်ပဲ ပြန်လည်ကြီးထွားလာအောင် မွေးမြူထားခဲ့ကြတာပါပဲ ။

အလွန်လွဲမှားတဲ့ သူပုန်မွေးမြူရေးကို ၂၀၂၁ အာဏာထိမ်းပြီးသည်ထိ ဆောင်ရွက်ခဲ့ကြပါတယ် ။ မိမိတပ်စခန်းများ အတိုက်ခံရသော်လည်း အစွယ်မရှိတဲ့ ကျားအိုပမာ တပ်မတော်က ရန်သူ့ဌာနချုပ်များကို မတိုက်ခိုက်ပါဘူး ဆိုတဲ့ မူဝါဒချမှတ်ခဲ့တာ အံ့အားသင့်စရာပါပဲ ။

ဒီတော့ သူပုန်အပေါင်း သူတော်ကောင်းတို့ကလည်း နယ်စပ်ဒေသရှိ တပ်စခန်းငယ်များအား သာလွန်အင်အားများ စုဖွဲ့ပြီး အကြိမ်ကြိမ် လာတိုက်ကြပါတယ် ။ ကူရာမဲ့ တပ်စခန်းငယ်ရှိ ရဲဘော်များ ကျဆုံးခဲ့ကြရတာ မနည်းလှပါဘူး ။

ဟုတ်ကဲ့ ။ မြန်မာ့တပ်မတော်ကြီးကတော့ စိတ်ပါတဲ့အချိန် မိမိစခန်းငယ်တွေ ပြန်တိုက်ယူလိုက် ၊ တနှစ်တခါ စစ်ကားလေး ရိုက်ပြလိုက်နဲ့ သာယာနေတာပါပဲ ။ ရန်သူကို လက်စားချေဖို့ နဲနဲလေးမှ စိတ်ကူးမရှိခဲ့ကြပါဘူး ။

ရန်သူတွေလည်း ပိုမိုရဲတင်းလာပြီး NCA ကို ချီးကုန်းစက္ကူလောက်တောင် တန်ဖိုးမထားတော့ပဲ လူသစ်စု နယ်မြေချဲ့ နဲ့ လက်နက်ခဲယမ်းစု စစ်ပြင်နေကြပါတယ် ။

တပ်မတော်ရဲ့ ပေါ့ဆမှုများကတော့ အံ့အားသင့်လောက်ပါတယ် ။ ၁၀၂၇ ပထမလှိုင်းမှာ လောက်ကိုင်လို စစ်ဌာနချုပ်ကြီး ပါသွားတာတောင် ဂေါက်ရိုက်မပျက်ကြပါဘူး ။ ဘာဆို ဘာတခုမှ မပြင်ဆင်ကြပါဘူး ရှက်လည်း မရှက် ၊ လက်စားချေ လိုစိတ်လည်း မရှိကြသေးပါဘူး ။

ဒီလောက် ကျက်သရေတုန်းနေမှတော့ ရန်သူက ရှေ့တိုးပြီပေါ့လေ ။ ဒီလိုနဲ့ ၁၀၂၇ ဒုတိယလှိုင်းစစ်ပွဲမှာ လားရှိုးနဲ့ ရှမ်းမြောက်တခွင် ကုန်သလောက် အသိမ်းခံလိုက်ရမှ တပ်မတော်လည်း ခွေးလိုးခံရတဲ့ ကျားလို စစ်ကို စစ်နဲ့ တူအောင်တိုက်မှ ရတော့မယ်လို့ သိသွားဟန်တူပါတယ် ။

MNDAA ဟာ လူမျိုးမတူသလို ယဥ်ကျေးမှုမတူတဲ့အတွက် သူတို့ သိမ်းပိုက်ခံရတဲ့ နယ်မြေတွေကို ရက်စက်စွာ အုပ်ချုပ်နေပါတယ် ။ ဘာသာရေး စော်ကားမှု ၊ လူမှုရေးစော်ကားမှုတွှကို အကြိမ်ကြိမ် ပြုလုပ်ပြီး ဗမာလူမျိုးစုကြီးကို ပုဆိုးလှန်ပြနေပါတယ် ။

ဒီလောက် သစ္စာမဲ့ ယုတ်မာ ရက်စက်တဲ့ MNDAA ကို မြန်မာ့တပ်မတော်က အကြမ်းဖက်အဖြစ် ကြေညာပြီး ချေမှုံးဖို့ ပြင်ဆင်နေပါပြီ ။ မကြာခင်ကာလအတွင်း ဗမာ့တပ်မတော်ရဲ့ မူလလက်ဟောင်း စွမ်းရည်သတ္တိ နဲ့ ရက်စက်တဲ့ တိုက်ကွက်တွေကို မြင်တွေ့ရပါတော့မယ် ။

ဒါကတော့ MNDAA ရဲ့ မူလ လာရာလမ်းကြောင်း နဲ့ သူ့ရဲ့လားရာတို့ အခြေအနေဖြစ်ပါတယ် ။ ဗမာတို့ရဲ့ မွေးရာပါ ရဲစွမ်းသတ္တိ နဲ့ လုပ်ရည်ကိုင်ရည်ကို ပြကြရဖို့ အချိန်ကြလာပါပြီ ။ တပ်မတော်သားများ အမျိုး ဘာသာ သာသနာ ရဲ့ ဂုဏ်ကို ဆောင်ယူနိုင်ပြီး ရန်သူကို ညက်ညက်ကျေအောင် ချေမှုံးကြပါလို့ တောင်းဆိုချင်ပါတယ် ။

ကိုရွှေမျိုးဝင်း

4 months, 3 weeks ago

[ယခုဩဂုတ်လအတွင်း ဒေါ်လာ ၁၄၂ သန်းအထိ ထုတ်ရောင်းချပေးထားသော်လည်း ဒေါ်လာဈေး တစ်ဒေါ်လာ ကျပ် ၅၈၅၀ အထိသာ ကျဆင်းသေးသဖြင့် ဒေါ်လာဈေးနှုန်း ထပ်မံကျဆင်းစေရေး တစ်ဒေါ်လာ ၃၄၆၀ ဖြင့် ဒေါ်လာ ၃၅ သန်းကျော်အား ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ဩဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာရင်းများအရ သိရသည်။

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကြေညာခဲ့ပြီးနောက် တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဝန်းကျင်ဖြင့် ဩဂုတ်လ ၁၅ ရက်တွင် ဒေါ်လာ ၉ ဒသမ ၄၈၉ သန်း၊ ဩဂုတ်လ ၁၉ ရက်တွင် ဒေါ်လာ ၈၉ ဒသမ ၉၇၅ သန်းနှင့် ဒေါ်လာ ၃၁ သန်း စုစုပေါင်းဒေါ်လာသန်း ၁၃၁ ခန့် ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။

ယခုဒေါ်လာ ၃၅ သန်းကျော်အပါအဝင် ဩဂုတ်လ ၁ ရက်မှ ၂၆ ရက်အထိ တစ်လအတွင်း ဒေါ်လာ ၁၇၇ သန်း၊ တရုတ်ယွမ် ၁၉ သန်းနှင့် ထိုင်းဘတ် ၇၉ သန်း ရောင်းချပေးခဲ့ပြီးဖြစ်သော်လည်း နိုင်ငံခြား‌ငွေ ရောင်းပေးချိန် အနည်းငယ်သာ ဒေါ်လာဈေးကျဆင်းပြီး မရောင်းသည့်အချိန်များတွင် အဆမတန်ဈေးဆွဲတင်ခြင်းခံခဲ့ရ၍ ယခုဩဂုတ်လအတွင်း တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့မှုများပင်ရှိခဲ့သည်။

ဇူလိုင်လဆန်းမှစတင်ပြီး တစ်ဒေါ်လာ ကျပ် ၄၆၀၀ သို့ မြင့်တက်ခဲ့သဖြင့် ဇူလိုင်လအတွင်း ဗဟိုဘဏ်မှ ဒေါ်လာသန်း ၂၀ ကျော်နှင့် တရုတ်ယွမ် ၅ သန်း ထုတ်ရောင်းပေးခဲ့သော်လည်း ဇူလိုင်လကုန်တွင် တစ်ဒေါ်လာ ကျပ် ၅၀၀၀ ကျော်သို့ စတင်မြင့်တက်ခဲ့သည်။

ယခုဩဂုတ်လတွင် ဒေါ်လာသန်း ၁၄၂ သန်း ရောင်းချပေးခဲ့သော်လည်း ဒေါ်လာဈေးနှုန်းသည် ဇူလိုင်လဆန်းပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ကျပ် ၄၅၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာခြင်း မရှိသည်ကို တွေ့ရှိရသည်။ ယမန်နေ့တွင် ဒေါ်လာ ၃၅ သန်းကျော် ထပ်မံထုတ်ရောင်းပေးခဲ့၍ တစ်ဒေါ်လာ ကျပ် ၅၆၀၀ သို့ ပြန်ကျဆင်းလာခဲ့သည်။

ယင်းကဲ့သို့ ကျဆင်းလာခြင်းမရှိသည်မှာ လက်ရှိအချိန်တွင် ဒေါ်လာရောင်းချသူများသည် တစ်ဒေါ်လာ ကျပ် ၆၀၀၀ အောက်ကျဆင်းပါက ပေါက်ဈေးဖြင့် ဒေါ်လာထုတ်ရောင်းမှု မရှိတော့ခြင်းကြောင့် ဒေါ်လာမဖြစ်မနေလိုအပ်နေသူများအနေဖြင့် ပေါက်ဈေးထက် ဈေးနှုန်းမြှင့်ပေးဝယ်ရသည့် အခြေအနေများရှိကြောင်း ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ရက်အလိုက် အမြင့်ဆုံး တစ်ဒေါ်လာ ဈေးနှုန်းများမှာ ဩဂုတ် ၁၄ ရက်တွင် ကျပ် ၆၆၀၀၊ ဩဂုတ် ၁၅ ရက်တွင် ကျပ် ၆၅၀၀၊ ဩဂုတ် ၁၆ ရက်တွင် ကျပ် ၆၀၀၀၊ ဩဂုတ် ၁၇ ရက်တွင် ကျပ် ၆၃၀၀၊ ဩဂုတ် ၁၈ ရက်တွင် ကျပ် ၆၃၀၀၊ ဩဂုတ် ၁၉ ရက်တွင် ကျပ် ၆၃၅၀၊ ဩဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် ကျပ် ၆၃၅၀ မှ ညနေပိုင်းတွင် ကျပ် ၆၁၀၀၊ ဩဂုတ် ၂၁ ရက်တွင် ကျပ် ၅၉၀၀၊ ဩဂုတ်လ ၂၂ ရက်တွင် ကျပ် ၆၂၀၀၊ ဩဂုတ် ၂၃ ရက်တွင် ကျပ် ၆၀၀၀၊ ဩဂုတ် ၂၄ ရက်တွင် ကျပ် ၅၈၅၀၊ ဩဂုတ် ၂၅ ရက်တွင် ကျပ် ၅၈၅၀၊ ဩဂုတ် ၂၆ ရက်တွင် ကျပ် ၅၈၅၀၊ ဩဂုတ် ၂၇ ရက် (ယနေ့)တွင် ကျပ် ၅၆၀၀ ဖြစ်ပေါ်ခဲ့သည်။](https://www.mtnewstoday.com/?p=72752)

We recommend to visit

The official telegram channel of Kanak News. Stay tuned to get 24*7 news updates only from Kanak News

Last updated 5 months ago

Last updated 1 month, 2 weeks ago