Unlock a World of Free Content: Books, Music, Videos & More Await!

Myanmar Update News 🇲🇲

Description
Myanmar Update News
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 5 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 day, 3 hours ago

2 weeks, 5 days ago

ဖားကန့်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရ

ဖားကန့် - ဧပြီ ၂၄၊ ၂၀၂၄ ။

ဖားကန့်မြို့ ၊ မော်ဝမ်းကျေးရွာတွင် ယနေ့ ညနေ ၄ နာရီခန့်က အရန်မီးသတ်အဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရသောကြောင့် သေဆုံးခဲ့ကြောင်းသိရသည်။

မော်ဝမ်းကျေးရွာ လမ်းဆုံအနီးတွင် အမည်မသိသေနတ်သမားနှစ်ဦးက သုံးချက်ပစ်ခတ်ခဲ့သဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု အသက် ၂၈ နှစ်ခန့်အရွယ် မော်ဝမ်းဒေသခံတစ်ဦးက ပြောသည်။

"ဆိုင်ကယ်နဲ့ ဖမ်းလာခဲ့တာ ထွက်ပြေးလို့ပစ်လိုက်တာလို့ တွေ့တဲ့သူကပြောတယ်။ ပထမတစ်ချက် မှန်ကတည်းကနေ လူကလှဲကျသွားပြီ နောက်နှစ်ချက်ထပ်ပစ်တော့ လူက မလှုပ်တော့ဘူး။ ပစ်တဲ့သူတွေကလည်းပစ်ပြီး ဆိုင်ကယ်နဲ့ပဲပြန်ထွက်သွားတာ" ဟုပြောသည်။

သေဆုံးသူမှာ အသက် ၃၀ ခန့်အရွယ်ရှိပြီး အများကကိုပလောင်ဟုခေါ်သူဖြစ်ကာ နောက်စေ့၊ နံရိုးနှင့် ဝမ်းဗိုက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့သည်ဟု ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောသည်။

"ဘာကိစ္စကြောင့် သတ်ခံရတာလဲတော့ မသိဘူး။ ဘယ်အဖွဲ့အစည်းက သတ်သွားတယ်ဆိုတာကိုလည်း မသိရဘူး။ သတ်ခံရတဲ့သူကတော့ ပစ်ခံရတဲ့နေရာမှာတင် ပွဲချင်းပြီးဆုံးသွားတယ်" ဟုပြောသည်။

ဖားကန့်မြို့ တွင် မကြာခဏ လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရမှု၊ သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိမှုနှင့် ဖမ်းဆီးခံရပြီးနောက် ရုပ်အလောင်းတွေ့ရှိမှုများ ဖြစ်ပေါ်လျက်ရှိပြီး အားလုံးဆိုသလို ကျူးလွန်သူမည်သူဆိုသည်ကို ဖော်ထုတ်နိုင်ခြင်းမရှိပါ။

သတင်း - Pe Ti
https://t.me/updatenews2023/64326

Telegram

Myanmar Update News 🇲🇲

မနေ့ညနေပိုင်းတင်တဲ့ ဖားကန်က အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခံရမှုသတင်း

ဖားကန့်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရ
2 weeks, 5 days ago
မနေ့ညနေပိုင်းတင်တဲ့ ဖားကန့်က အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခံရမှုသတင်း

မနေ့ညနေပိုင်းတင်တဲ့ ဖားကန့်က အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခံရမှုသတင်း

2 weeks, 5 days ago

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဂယောင်ဂီဒိုပြည်နယ်ရှိ မီးသတ်ပစ္စည်းများထားရှိသည့် ဗဟိုဌာနဖွင့်ပွဲနှင့် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများသို့ မီးသတ်ဝတ်စုံများ လှူဒါန်းသည့်ပွဲသို့ တက်ရောက်

(၂၄-၄-၂၀၂၄ ရက်၊ ဆိုးလ်)

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၄-၄-၂၀၂၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကိုရီးယားနိုင်ငံ၊ ဂယောင်ဂီဒိုပြည်နယ်ရှိ မီးသတ်ပစ္စည်းများထားရှိသည့် ဗဟိုဌာန (Gyeonggi-do Firefighting Equipment Logistics Center) ဖွင့်ပွဲနှင့် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများသို့ မီးသတ်ဝတ်စုံများလှူဒါန်းသည့်ပွဲသို့ တက်ရောက်၍ ဂုဏ်ပြုကျေးဇူးတင် မိန့်ခွန်းပြောကြားခဲ့ပါသည်။

ယင်းနောက် ဂယောင်ဂီဒိုပြည်နယ်လွှတ်တော်၊ လုံခြုံရေးနှင့် ပြည်သူ့စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ Mr. AhnKyeil က မြန်မာနိုင်ငံသို့ လှူဒါန်းပစ္စည်းများ လွှဲပြောင်းပေးခဲ့ရာသံအမတ်ကြီးမှ လက်ခံရယူခဲ့ပါသည်။

ယင်းဗဟိုဌာနသည် ကိုရီးယားနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်သည့် မီးငြိမ်းသတ်ရာတွင် အရေးပေါ်လိုအပ်သောပစ္စည်းများကို စနစ်တကျသိုလှောင်ထားသည့် ဗဟိုဌာနဖြစ်ပြီး မြန်မာ နိုင်ငံသို့ မီးသတ်အင်္ကျီ (၃၆၈) စုံ၊ မီးသတ်ဦးထုပ် (၆၄) လုံး၊ မီးသတ်လက်အိတ် (၇၈) စုံနှင့် မီးသတ်ဖိနပ် (၇၆) စုံတို့ကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနသို့ ကိုရီးယားနိုင်ငံရှိ FLCM Foundation မှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည် ဖြစ်ပါသည်။

အဆိုပါ ဗဟိုဌာနဖွင့်ပွဲနှင့် မီးသတ်ဝတ်စုံများလှူဒါန်းသည့်ပွဲသို့ ဂယောင်ဂီဒိုပြည်နယ် လွှတ်တော်လုံခြုံရေးနှင့် ပြည်သူ့စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ Mr. AhnKyeil၊ ကော်မတီအတွင်း ရေးမှူး Mr. YooGyunghyun၊ ဘူချွန်းမြို့ မီးသတ်ဌာနအကြီးအကဲ Mr. Ji Jun Ho နှင့် FLCM Foundation ဥက္ကဋ္ဌ Mr. Kim Sung Chor နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
25.Apr.2024;Thu

3 weeks, 5 days ago

နေထက် ၃၃ဆ ပိုမိုကြီးမားသော တွင်းနက်ကြီးတစ်ခု ကမ္ဘာနှင့် နီးကပ်စွာရှိနေကြောင်း တွေ့ရှိ

နေမိသားစုအလယ်ဗဟိုရှိ နေမင်းကြီးထက် ၃၃ ဆမျှ ပိုမိုကြီးမားသော တွင်းနက်(Black Hole)ကြီးတစ်ခုသည် ကမ္ဘာနှင့် နီးကပ်သောနေရာတွင် ပုန်းအောင်းတည်ရှိနေခြင်းကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ကြသည်။

လက်ရှိအချိန်အထိ နေထက် ၁၀ ဆကျော်မျှသာ ကြီးမားသော တွင်းနက်များကို ရှာဖွေတွေ့ရှိခဲ့ကြရာ ယခုနောက်ဆုံး ရှာဖွေတွေ့ရှိသော တွင်းနက်ကြီးသည် လူတို့ရှာဖွေတွေ့ရှိသမျှအနက် အကြီးမားဆုံးတွင်းနက်ကြီးဖြစ်ကာ၊ ဥရောပအာကာသအေဂျင်စီမှ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ တွင်းနက်ကြီးကို Gaia BH3 ဟုအမည်ပေးထားပြီး ၎င်းသည် Aquila ကြယ်စုအနီးတွင် တည်ရှိနေခြင်းဖြစ်သည်။

ယင်းတွင်းနက်ကြီးသည် လက်ရှိအချိန်တွင် ကမ္ဘာမှ အလင်းနှစ် ၂၀၀၀ ခန့်အဝေးတွင် တည်ရှိနေသော်လည်း၊ နက္ခတ္တဗေဒပညာအရမူ ယင်းသည် အလွန်နီးကပ်သော အကွာအဝေးဖြစ်ကြောင်း ဥရောပတောင်ပိုင်းနက္ခတ်တာရာသုတေသီများအဖွဲ့ကဆိုသည်။

တွင်းနက်(Black Hole)ဆိုသည်မှာ နေကဲ့သို့ ကြီးမားသော ကြယ်တစ်ခု ပျက်စီးယိုယွင်းသွားလျှင်ဖြစ်ပေါ်လာတတ်သည့် အရာဖြစ်ပြီး၊ ဆွဲငင်အား အဆမတန်ပြင်းထန်ကာ သာမန်ဒြပ်ပစ္စည်းများကိုသာမက အလင်းရောင်ကိုပင်လျှင် ဆွဲငင်စုတ်ယူသွားနိုင်သဖြင့် တွင်းနက် ဟု အမည်တပ်ခေါ်ဝေါ်လာကြခြင်းဖြစ်သည်။

ယခုအခါ အဆိုပါ တွင်းနက်ကြီးကို မျက်ခြေမပြတ်စောင့်ကြည့်လေ့လာနေကြကြောင်း သိရသည်။

3 weeks, 5 days ago

၂၀၁၉ ခုနှစ်တွင် ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကုမ္ပဏီ (၉၆) ခု ကျန်ရှိနေ

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကုမ္ပဏီ (၉၆) ခုကျန်ရှိနေသေးကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

၂၀၁၂ ခုနှစ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ၂၀၁၅ ခုနှစ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေ အခန်း(၁၁)၊ ပုဒ်မ ၃၈-ခ တွင် မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရဟု ပြဌာန်းထားသည်။

ယင်းဥပဒေပြဌာန်းချက်အရ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန်ရငွေ အားလုံးကို ပို့ကုန်များ သင်္ဘောတင်သည့်နေ့မှ (၆)လအတွင်း နိုင်ငံတော်အတွင်းရှိ ၎င်းတို့၏ ဘဏ်ငွေ စာရင်းအသီးသီးသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် တာဝန်ရှိကြောင်း ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်အတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့ခဲ့ပြီး ယနေ့အထိ ပို့ကုန်ရငွေ အားလုံးကို လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုလည်းကောင်း မိမိတို့၏ သက်ဆိုင်ရာ ဘဏ်စာရင်းတွင် ပြန်လည်ထည့်သွင်းရန် ပျက်ကွက်သော ပို့ကုန်တင်ပို့သည့် ကုမ္ပဏီ(၉၆)ခုရှိသည်ကို စိစစ်တွေ့ ရှိရကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနက အသိပေးထားခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီများအနေဖြင့် ယခုကြေညာသည့် ရက်မှ ရက်ပေါင်း(၉၀)အတွင်း ပို့ကုန် ရငွေအားလုံးကို မိမိတို့ဘဏ်စာရင်းအသီးသီးတွင် နိုင်ငံခြားငွေဖြင့် ထည့်သွင်းကြရန် နှိုးဆော်ထားပြီး ယင်းကာလအတွင်း ထည့်သွင်းရန် ပျက်ကွက်သည့် ကုမ္ပဏီများကို စီးပွားရေးနှင်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပါ ပြဌာန်းချက်များအရလည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website တို့တွင် ထုတ်ပြန်ကြေညာထားသည်။
18.Apr.2024;Thu

3 weeks, 5 days ago

ကိုရီးယားနိုင်ငံမှ K-pop အနုပညာရှင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော် ကြည်ညို

၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၊ နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင် ဆင်နွှဲခဲ့ကြသည့် ကိုရီးယားနိုင်ငံမှ K-pop အနုပညာရှင်များသည် ယနေ့ ဧပြီလ ၁၇ရက် (မြန်မာနှစ်ဆန်း တစ်ရက်နေ့) မနက်ပိုင်းက နေပြည်တော်ရှိ ဥပတ္တသန္တိစေတီတော်မြတ်ကြီးအား ဦးစွာ သွားရောက် ဖူးမြှော်ပြီး ဆင်ဖြူတော်ဆောင်သို့ ဆက်လက်သွားရောက် လေ့လာခဲ့ကြကြောင်း သိရသည်။

ထို့နောက် နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ် ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြရာ မော်ကွန်းတိုက်၌ မာရဝိဇယ ဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ ကျောက်စာရုံ စေတီတော် များ တည်ထားဆောင်ရွက်ခဲ့မှု၊ သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေများနှင့် မာရဝိဇရယ ဗုဒ္ဓရုပ်ပွား တော် မြတ်ကြီး အောင်မြင်စွာတည် ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယို မှတ်တမ်းကို ပြသခဲ့သည်။

ဆက်လက်ပြီး ကိုရီးယားနိုင်ငံမှ K-pop အနုပညာရှင်များသည် မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဘုရားရင် ပြင်တော် ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များ အတွင်း၌ လေ့လာကြည့်ရှုကြပြီး ဗုဒ္ဓဥယျာဉ်တော် အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်းတိုက်၊ ဗိသုကာလက်ရာ များဖြင့် ခမ်းနားထည်ဝါစွာ တည်ထား ပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီ တော်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိက အဆောက်အအုံများကို ဆက်လက်ဖူးမြော် လေ့လာ ကြည်ညိုခဲ့ကြပြီး ရန်ကုန်မြို့သို့ ဆက်လက် ထွက်ခွာခဲ့ကြသည်။

အဆိုပါ ကိုရီးယား K-pop အနုပညာရှင်များအနက် နောက်ဆုံးထပ်မံ ရောက်ရှိလာသော K-Pop အနုပညာရှင်အဖွဲ့သည် ယနေ့ည(၉)နာရီခန့်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) တွင် အဆိုအကများနှင့် တွဲဖက်၍ တိုက်ရိုက်(Live )ရိုက်ကူးထုတ်လုပ်ပြီး ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း သိရှိရသည်။

#myanmarfocus

1 month ago

မြဝတီ ၂၇၅ နဲ့ပတ်သက်ပြီး အမျိုးမျိုးသော သတင်းတွေတင်ကြတယ်....
ချန်နယ်တွေကလည်း ရသလောက်သတင်းတွေကို အတတ်နိုင်ဆုံးကြိုးစားပြီး တင်ပေးနေကြတာမျိုးပါပဲ....
အတတ်နိုင်ဆုံးကြိုးစားပြီး သတင်းတွေတင်ကြတဲ့အခါ ၁၀၀%မမှန်တောင် အတိကျဆုံးနဲ့အမှန်ကန်ဆုံးကို တင်ကြတာမျိုးပါ....
စစ်သတင်းဖြစ်နေတော့ သတင်းရေးကြရတဲ့အခါ စောင့်စည်းထိမ်းသိန်းသင့်တာတွေပိုရှိပါတယ်....
စစ်သတင်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနေတာမျိုးတွေလည်းရှိပါတယ်....
၂၇၅ သတင်းတွေ အမျိုးမျိုးဖြစ်နေလို့ လာပြောကြသူများကို တစ်ခုပြောချင်တာက အပေါ်ကပြောသလိုပဲ အချိန်နဲ့အမျှပြောင်းလဲနေတာကို တင်ပေးနေတာမျိုးပါပဲ....
ဒီနေ့တင်တဲ့ မြဝတီ ၂၇၅ သတင်းတွေက သတင်းဌာနတစ်ချို့ရဲ့ ရေးသားချက်များကို မိမိတတ်သိသလောက် ဘာသာပြန်ထားခြင်းသာဖြစ်ပါတယ်....
ဘာသာပြန်သတင်းတွေလည်း အမြဲတင်ပါတယ်၊တင်လျှင်လည်း ပုံကိုScreen shot ဖြင့် တင်ပေးနေကြပါ....
ကျွန်တော် ဘယ်သူ့ကိုမှအပြစ်မတင်၊‌ေကာင်းခြင်း/ဆိုးခြင်း မပြောပဲ သတင်းကို သတင်းလိုတင်ပေးနေတာ....
ဒါကို နားလည်ကြမယ်ထင်ပါတယ်....
တရားသောစစ်အောင်မြင်ပါစေ....
အမိမြန်မာပြည် အေးချမ်းပါစေ....
11.Apr.2024;Thu

1 month ago
၂၇၅ ကဆုတ်ခွာတဲ့ SAC ၁၀၀ကျော်နှင့် ၄၄က အရာရှိ …

၂၇၅ ကဆုတ်ခွာတဲ့ SAC ၁၀၀ကျော်နှင့် ၄၄က အရာရှိ တပ်သားများသည် ယခုအခါ KNA/BGF အဖွဲ့ရဲ့အကာအကွယ်အောက်မှာရှိနေကြပြီး ယနေ့ 11.Apr.2024;Thu ညနေ (၅:၀၀)ခန့်မှာတော့ ခြံစည်းရိုးအနီးတွင် ကတုတ်ကျင်းများတူးဖော်ထားပြီလို့ဆိုပါတယ်.....
အမှတ်(၂)တံတားဘက်ကို သကသများလာပါက တိုက်ခိုက်ရန်အတွက်လို့ သတင်းများကဆိုပါတယ်.....
11.Apr.2024;Thu

1 month ago

ရန်ကုန်မှာ ကလေးတစ်ဦး စက်လှေကားညှပ်

၁၁ မတ်၊၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၁၂)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနဲ့ပြည်လမ်းထောင့်၊ City Mall ရှော့ပင်းစင်တာမှာ ဒီနေ့ညနေ၃နာရီဝန်းကျင်အချိန်ခန့်က ကလေး(၁)ဦး စက်လှေခါးညှပ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

"စက်လှေကားစီးရင် မပေါ့ကြပါနဲ့။ကယ်ဆယ်ရေးလုပ်နေတာ မကြည့်ရက်လို့ ပြီးတဲ့ထိမကြည့်ခဲ့ရဘူး"လို့မျက်မြင်တစ်ဦးကပြောပါတယ်။

ကလေးငယ်ကို မီးသတ်သမားတွေက ကယ်တင့်ခဲ့ပြီး အဆင်သင့်စောင့်နေတဲ့ အရေးပေါ်လူနာတင်ယာဥ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ အနီးနားရှိသူတွေက အသိပေးပြောကြားထားပါတယ်။

"ကလေးတော်တော်ခံရပါတယ်။သတိမလစ်တာ၊အသက်အန္တရာယ်မဖြစ်တာတော်တော်ကံကောင်းတယ်။ကလေးရဲ့ ခြေထောက်ကို ဆွဲထုတ်ပြီး အရေးပေါ်ကားနဲ့ ဆေးရုံခေါ်သွားပါပြီ"လို့အနီးအနားမှာရှိနေသူတစ်ဦးကပြောပါတယ်။

စက်လှေကားညှပ်ရာနေရာကို ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနဲ့ ပရဟိတအသင်းအချို့ထွက် ထွက်ခွာကူညီခဲ့ကြတယ်လို့ ကနဦး သိရပါတယ်။

#myanmamoethauk

1 month ago
Myanmar Update News 🇲🇲
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 5 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 day, 3 hours ago