Myanmar Update News ??

Description
Myanmar Update News
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year, 1 month ago
Myanmar Update News ??
1 year, 1 month ago

ငြင်းလို့မရတဲ့ ဗန်းမော်တိုက်ပွဲအတွင်းက KIA/PDF ကျဆုံးမှုများ
?*?*??????????

ဗန်းမော်တက္ကသိုလ်ကို တိုက်နေတဲ့ PDF နဲ့ KIA ပူးပေါင်းအဖွဲ့များ နှစ်သစ်ကူးကာလတိုက်ပွဲများမှာ ထိခိုက်ကျဆုံးများပြားနေပါတယ်..

ထိခိုက်ဒဏ်ရာရသူများကို တိုက်ပွဲနယ်မြေကနေ ဆွဲထုတ်ပြီး ဗန်းမော် ရိုးကြီးရပ်ကွက်၊ ဦးပိန်တံတားနားနဲ့ ဘူဒိုဇာကုန်းအနီးဘုရားကျောင်း၊ မြို့တောင်ဘက် ကချင်ဂျောင်တစ်ဝိုက်မှာခိုအောင်းပြီး ဆေးဝါးကုသပေးလျက်ရှိပါတယ်…

ဖိုးဒေဝရွာနဲ့ ညောင်ပင်သာရွာဘက်မှာ KIA နဲ့ PDF များ စုဖွဲ့နေပြီး တိုက်ပွဲဖြစ်ရင် PDF များကို ရှေ့က တက်ခိုင်းပြီး KIA အဖွဲ့က နောက်ကနေတိုက်လို့ ထိခိုက်သေဆုံးတဲ့ PDF တွေ များပြားနေပါတယ်…

ကျဆုံးတဲ့ KIA တွေကို ခရစ်ယာန်ဘာသာရေးထုံးတမ်းအစဉ်းလာနဲ့အညီ သင်္ဂြိလ်ပေးမဲ့ ဗမာ PDF ကျဆုံး သူတွေကိုတော့ မိုင်းခေါင်ဘက်ကို သယ်ယူပြီး ၁၀ လောင်း တစ်ကျင်းနှုန်းနဲ့ မြှုပ်နှံနေပါတယ်….

သူတို့ရဲ့ ထိခိုက်ကျဆုံးအလောင်းပုံများ မီဒီယာမတင်ဖို့ လိုင်ဇာဌာနချုပ်က ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်…

ဗန်းမော်မြို့ခံအများစုကတော့ ဗန်းမော်ကို လာတိုက်နေတဲ့ KIA တွေ နောက်ပြန်ဆုတ်သွားဖို့အတွက် လိုင်ဇာ၊ မိုင်ဂျာယန်နဲ့ အင်ဘာပါ ဌာနချုပ်တွေကို တပ်မတော်မှ ဗုံးကြဲတိုက်ခိုက်ပေးဖို့ တောင်းဆိုနေကြောင်း သိရှိရပါတယ်။**#MyanmarMilitaryPower

1 year, 1 month ago

တရုတ်ပြည်တွင်းထုတ် C909 လေယာဉ် ပြည်တွင်းထုတ်ဘရိတ်စနစ်ဖြင့် ချုံချင့်၌ စမ်းသပ်ပျံသန်းမှု အောင်မြင်

ချုံချင့်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

China Express လေကြောင်းလိုင်း၏ တရုတ်ပြည်တွင်းထုတ် C909 လေယာဉ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နံနက်ခင်းက ချုံချင့်မြို့ ဝမ့်ကျိုးခရိုင်ရှိ ဝမ့်ကျိုးဝူချောင်လေဆိပ်သို့ တည်ငြိမ်စွာ မြေပြင်သို့ ဆင်းသက်ခဲ့ရာ အဆိုပါလေယာဉ်မော်ဒယ်ကို တရုတ်ပြည်တွင်းထုတ်ဘရိတ်စနစ်ဖြင့် စမ်းသပ်ပျံသန်းမှု အောင်မြင်စွာလုပ်ဆောင်ပြီးစီးခြင်း၏ အမှတ်သင်္ကေတ ဖြစ်ခဲ့သည်။ ယခုအကြိမ် ပျံသန်းစမ်းသပ်ချက်သည် တရုတ်ပြည်တွင်းထုတ်လေယာဉ်များ၏ နည်းပညာအဆင့်အတန်းနှင့် ဈေးကွက်ယှဉ်ပြိုင်မှုစွမ်းအားကို တစ်ဆင့်တိုးမြှင့်တင်ရန် အုတ်မြစ်ချပေးခြင်းဖြစ်သည်။ (Xinhua)

#CHINA #AIRCRAFT #BRAKESYSTEM #တရုတ် #လေယာဉ် #ဘရိတ်စနစ်

1 year, 1 month ago

ရန်ကုန်မြို့ သာကေတမှာ ဒီနေ့မနက်အစောပိုင်းက အိမ်စီးကားတစ်စီး မီးလောင်၊ ယာဥ်မောင်းသူထွက်ပြေး

ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ သာကေတ(၁)၊ အနော်မာရပ်ကွက်၊ မင်းနန္ဒာလမ်း၊ Capital ရှေ့မှာ ကားမီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၃ နာရီ မိနစ် ၄၀ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ အောင်ရဲသူလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ကားမီးလောင်ကျွမ်းနေကြောင်း ရပ်ကွက်နေပြည်သူ‌တွေက မြင်တွေ့ကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ အကြောင်းကြားလာတာလို့ သိရှိရပြီး အဆိုပါ မီးလောင်မှုကို သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

1 year, 1 month ago

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ (၈၇)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ပွဲတော် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဒီဇင်ဘာ ၃၀

သာယာဝတီမြို့၊ မိဘဘိုးဘွားအောအောက်မေ့ဘွယ်ခန်းမ၌ ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက (၈၇)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ ဖားစည်(၉)ချက်တီး၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံတို့အား အလံတိုင်ထိပ်သို့လွှင့်ထူကာ အခမ်းအနားတက် ရောက်လာကြသူများက အလေးပြုကြ သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ကရင်လူမျိုးတို့၏ စာပေ၊ ယဉ်ကျေးမှုနှင့် စစ်မှန်သည့် ရိုးရာအမွေအနှစ်များကို မပျောက်မပျက် ထိန်းသိမ်းကာ ပြည်ထောင်စုစိတ်ဓါတ်ကို အခြေခံပြီး စည်းလုံးညီညွတ်စွာဖြင့် နေထိုင်သွားကြရန်” ကရင်သက္ကရာဇ် (၂၇၆၄) ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၃၈၆)ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အား ကြိုဆိုသောအားဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

1 year, 1 month ago

ဒါမျိုးဆို မကြာဘူး

မြင်းခြံ နဘူးအိုင်လမ်းပေါ်ကို မကြာခဏ ဒါးမြတိုက် ဆက်ကြေးကောက်ယူလျှက် ရှိနေသော PDF အဖွဲ့ရှိပါတယ် ။ ယင်း PDF အဖွဲ့အား ပြည်သူများက မလိုလားသဖြင့် သတင်းပေးလာကြပါတယ် ။

ယနေ့ 30-12-2024 မနက် ၇ နာရီ ခန့်မှာ သတင်းအရ ထိန်ပန်းလမ်းဆုံ၌ မြင်းခြံလုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ပြည်သူ့စစ်တို့ဟာ ကင်းပုန်းဝပ် စောင့်ဆိုင်းခဲ့ကြပါတယ် ။

PDF အဖွဲ့ဟာ ကားလမ်းပေါ်သို့ ဒါးမြတိုက်ရန် ထွက်အလာမှာ စောင့်ကြိုနေသော မိမိတပ်ဖွဲ့မှာ အမိအရ တိုက်ခိုက်ခဲ့ကြပါတယ် ။ PDF မ ၄ ဦး ကျား ၂ ဦး အလောင်း မကောက်နိုင်ပဲ ထွက်ပြေးသွားကြရပါတယ် ။

ဒေသခံများက တာဝန်ကျေပွန်စွာ သတင်းပေးသလို မိမိလုံခြုံရေး တပ်များကလည်း အချိန်နဲ့ တပြေးညီ ဤသို့ တက်ညီလက်ညီ ချေမှုံးနေမယ်ဆိုရင် PDF ဆိုတာ မကြာပါဘူး ။ မလုပ်ကြလို့ မဖြစ်သေးတာပါ ။

ပုပ္ပါးဆက်သွယ်ရေး တပ်စခန်း အတွက် လက်စားချေတယ်လို့ သဘောထားကြပါကုန်......

ကိုရွှေမျိုးဝင်း

1 year, 1 month ago

Dec -23

နေအိမ်တွင်ရှိနေသည့် အလယ်တန်းပြကျောင်းဆရာကို PDF ၁၀ ဦးက လမ်းမပေါ် ဖမ်းဆီးခေါ်ဆောင်ပြီး ပစ်ခတ်သတ်ဖြတ်

၂၃.၁၂. ၂၀၂၄
Written by Nay Moe

နေအိမ်တွင်ရှိနေသည့် အလယ်တန်းပြကျောင်းဆရာကို PDF ၁၀ ဦးက လမ်းမပေါ် ဖမ်းဆီးခေါ်ဆောင်ပြီး ပစ်ခတ်သတ်ဖြတ်မှု ဒီဇင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ချိုင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ချိုင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲမှ လက်ထောက်အလယ်တန်း ပြကျောင်းဆရာဖြစ်သူ ဦးသက်ညိုနိုင်(၃၃)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ၁၀ ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး ရွာလယ်လမ်းမပေါ်သို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသက်ညိုနိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF, EAOs တို့ သတ်ဖြတ်မှု ခံထားရသည်။

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85752

#ကျောင်းဆရာ #ဆရ#PDF #NUG #MT #mtnews

1 year, 1 month ago

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

မြန်မာနိုင်ငံ တရုတ်ဘာသာစကားသင်ကြားရေး တွေ့ဆုံပွဲကို ရန်ကုန်မြို့၌ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်ကျင်းပခဲ့ပြီး  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mr. Li Qianguo၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ကောင်စစ်ရေးရာဌာန ဌာနမှူး Mr. Liu Xin၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာဌာနမှူး Mr. Xiang Jianbo၊ မန္တလေးမြို့ဖူချင့်ကွန်ဖြူးရှပ်စာသင်ကျောင်းမှ ကျောင်းအုပ် Mr. Li Zu qing ၊ မန္တလေးအင်းဝကိုယ်ပိုင်အထက်တန်းကျောင်း မှ ကျောင်းအုပ် Mr. Yang Zhou ၊  ရန်ကုန်မြို့ရှိ တရုတ်စာသင်ကျောင်းများနှင့် နိုင်ငံတကာစာသင်ကျောင်းများမှ ကိုယ်စားလှယ် ၆၀ ခန့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ 

တွေ့ဆုံပွဲအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကြီးမှူး၍ ရန်ကုန်မြို့တရုတ်ယဉ်ကျေးမှုစင်တာမှ စီစဉ်ကျင်းပပြီး မြန်မာနိုင်ငံရှိ တရုတ်ဘာသာစကားသင်ကြားရေး၏ ပကတိအခြေအနေမှန်ကို အခြေခံကာ မြန်မာနိုင်ငံရှိ တရုတ်ဘာသာစကားသင်ကြားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဖလှယ်မှုများ၊ ဒေသခံ တရုတ်ဆရာ ဆရာမများ ပြုစုပျိုးထောင်ပေးခြင်းများ၊ တရုတ်ဘာသာကျွမ်းကျင်မှုစာမေးပွဲ (HSK)၊ နိုင်ငံတကာ တရုတ်ဘာသာစကားသင်ကြာရေးအသိမှတ်ပြု လက်မှတ်များ၊ တရုတ်နိုင်ငံသို့ပညာတော်သင်သွားခြင်းဆိုင်ရာလမ်းညွှန်များ၊ လေ့လာမှုခရီးစဉ်များ၊ အမှတ်တံဆိပ်လှုပ်ရှားမှုအစီအစဉ် စသည့်အကြောင်းအရာများကိုဆွေးနွေးခဲ့ကြသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာသူများသည် သက်ဆိုင်ရာ သင်ကြားရေးနှင့် ပညာရေးဆိုင်ရာ အတွေ့အကြုံများကို အခြေခံ၍ မြန်မာနိုင်ငံရှိ တရုတ်ဘာသာစကားသင်ကြားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် သက်ဆိုင်ရာများကို နက်ရှိုင်းစွာကူးလူးဖလှယ် ဆွေးနွေးခဲ့ကြသည်။

1 year, 1 month ago

AA လို အစိုးရမဟုတ်တဲ့အဖွဲ့နဲ့ နယ်စပ်ပြဿနာ မဆွေးနွေးဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရပြော

ဒီဇင်ဘာ ၂၃

လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်က အကျပ်အတည်းတွေနဲ့ နယ်စပ်ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာအစိုး ရကို တိုက်တွန်းလိုက်ပြီး ရခိုင်တပ်တော် ခေါ် AA လို အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖို့ မဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ် ကြာသပတေးနေ့ (ဒီဇင်ဘာ ၁၉ ရက်နေ့) က ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အလွတ်သ ဘောဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးအရာရှိ တူးဟစ်ဟူစိန်က မြန်မာ့ကိုယ်စားလှယ်ကို ပြောဆိုခဲ့တာဖြစ်တယ်လို့ BSS သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ ဘင်္ဂလီဒုက္ခသည်တွေအရေး မဖြေရှင်းရင် ပြေလည်မှာ မဟုတ်ဘူးဆိုတာ ကိုလည်း တူးဟစ်ဟူစိန်က အလေးထားပြောခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ လာအိုနဲ့ တခြားနိုင်ငံ တွေက ထိပ်တန်း ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါတယ်။

Ref: Conflict in Rakhine: Dhaka cannot engage with non-state actors

1 year, 2 months ago

ပြည်သူပေးပို့သော သတင်း

၁၇ - ၁၂  -၂၀၂၄

ပဲခူးတိုင်း အရှေ့ ခြမ်း
ညောင်လေးပင်ခရိုင်
ကျောက်တံခါးမြို့

၁၆ - ၁၂  -၂၀၂၄  ရက်နေ့  ည တွင်
အကြမ်းဖက် ဒုန်း အဖွဲ့  ၂၀ ယောက်
သမအင်းကုန်းရွာ အုပ်စုထဲသို့
ရောက်ရှိနေပါပြီ

ပဲနွယ်ကုန်း
သူဌေးကုန်း
လမ်းကြောင်းများအား ပိတ်ပြီး
ကျောက်တံခါးမြို့အား ဝင်စီးမည် ဟု သိရပါသည်။

တောင်ခင်အုပ်စု ထဲတွင်  အင်အား ၂၀၀

သမအင်းကုန်းရွာ
ခိုလိုရွာ
ဖျံတလင်းရွာ
တလိုင်းခင်ရွာ
ဖွတ်တရွာ
ချောင်းဝ ရွာ
များထဲတွင် အင်အားများ ဖြန့်ထားပါပြီ ။

(သတင်းမှန်သည်/မှားသည်ဆိုတာထက်
မိမိတို့ဖက်မှသတိမပေါ့ဖို့လိုပါသည်)

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago