ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 1 month, 1 week ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 4 months, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months, 3 weeks ago
သီတင်းကျွတ် ဆုမွန်ကောင်း *⭐️***
၂၀၂၄ သီတင်းကျွတ်အခါသာမယလေးမှာ ကျွန်တော့်ရဲ့ ချစ်ရပါသောစာဖတ်သူလေးများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ တစ်လုံးတစ်ဝပြည့်စုံကြပါစေ။
ဘေး၊ ကပ်ဆိုးအန္တရာယ်များမှလည်း ကင်းဝေးပြီး ကြံတိုင်းအောင်၍ ဆောင်တိုင်းလည်း မြောက်ပါစေ။ ⭐️
ကိုယ့်ရဲ့ရည်မှန်းချက်ကိုလည်း ဇွဲမလျော့စွာ မရောက်မချင်းအားတင်း လျှောက်လှမ်းနိုင်ပါစေ။ ⭐️
ဘဝမှာလည်း နောင်တကင်းသော လူသားများဖြစ်ကြပါစေလို့ ကျွန်တော် Haruki (အက္ခရာ) မှ ချစ်ခင်မြတ်နိုးစွာဖြင့် ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။ ??
? - @Relationship_coach_by_Haruki
ကနေဒါနိုင်ငံမှ ထူးခြားသောရေကန်ကြီး
အမည်နဲ့လိုက်ဖက်စွာပဲ ထူးခြားနေတဲ့ဒီကန်ကြီးဟာ ဆန်းပြားတဲ့အကွက်များနဲ့ သိပ္ပံစိတ်ကူးယဉ်ဆန်ဆန်ရေကန်ကြီးတစ်ခုဆိုလည်းမမှားပါဘူးခင်ဗျာ။
ဒီထူးခြားနေသောရေကန်ကြီးဟာလှပနေရုံမျှမက ထူးခြားတဲ့ရာဇဝင်များနဲ့လည်းပြည့်နေပါသေးတယ်။
သတ္တုဓာတ်မျိုးစုံကြွယ်ဝတဲ့ရေကန်ကြီးတစ်ခုဖြစ်တဲ့ Spotted Lake မှာ မဂ္ဂနီဆီယမ်ဆာလဖိတ်၊ ကယ်ဆီယမ်နဲ့ ဆိုဒီယမ်ဆာလဖိတ်တို့လည်း ပါဝင်နေကြောင်းသိရပါတယ်။
ထိုမျှမကဘဲ ?
အခြားသောဓာတ် ၈ မျိုးပါဝင်ပြီးငွေနဲ့ တိုက်တေနီယမ်အနည်းငယ်လည်းပါဝင်ပါတယ်။
မြေအောက်စမ်းချောင်းများ၊ ဆီးနှင်းအရည်ပျော်မှုများမှ ရေအရင်းမြစ်ရရှိတဲ့ဒီရေကန်ကြီးဟာ ရာသီဥတုပူပြင်းလာချိန်မှာတော့ ရေငွေ့ပျံမှုများလာပြီး ထူးခြားတဲ့စက်ဝိုင်းပုံအကွက်တွေ ဖြစ်ပေါ်လာပါတယ်။
အဲ့ကနေဖြစ်ပေါ်လာတဲ့ စက်ဝိုင်းကွက်တစ်ကွက်ခြင်းစီရဲ့အရောင်ကိုကြည့်ပြီး စုဝေးနေတဲ့ဓာတ်များကို ခန့်မှန်းနိုင်ကြောင်း ပညာရှင်တို့ဆိုကြပါတယ်။
အရောင်နဲ့ ဓာတ်ကိုဘယ်လိုခွဲခြားလဲ ⁉️****
အစိမ်းရောင်အဝိုင်းအကွက်တွေဟာ မဂ္ဂနီဆီယမ်ဆာလဖိတ်နဲ့ ကယ်ဆီယမ်ကာဗွန်နိတ်များကြောင့်ဖြစ်ပေါ်လာပြီး အပြာရောင်အဝိုင်းအကွက်များဟာတော့ မဂ္ဂနီဆီယမ်ဆာလဖိတ်များကြောင့်ဖြစ်ပေါ်လာကြောင်း လေ့လာသူပညာရှင်တို့ရဲ့ ပြောကြားချက်များအရသိရပါတယ်။
ထူးခြားနေတဲ့ SpottedLake ကြီးဟာ ၁၉၁၀ ခုနှစ်များအတွင်း ပထမကမ္ဘာစစ်အတွင်းမှာလည်း စစ်ပွဲအတွက်ခဲယမ်းထုတ်လုပ်ရာမှာ များစွာအသုံးပြုနိုင်ခဲ့ကြောင်းသိရပါတယ်။
ထိုမျှမက ရေကန်အတွင်းမှရေများကို Spa လုပ်ငန်းများအတွက်လည်း ဆေးဖက်ဝင်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုကြမှုများလည်းရှိပါတယ်။
ယဉ်ကျေးမှုဆိုင်ရာအရေးပါရုံမျှမက ☀️
ဘူမိဗေဒဆိုင်ရာသိပ္ပံနည်းကျလေ့လာမှုများအတွက် အရေးပါတဲ့ Spotted Lake ဟာ ယနေ့အချိန်မှာတော့ ဂေဟစနစ်အရထိခိုက်လွယ်တဲ့နေရာတစ်ခုဖြစ်လာရပါပြီ။
ဒါ့ကြောင့်ပဲ ရေကန်ကြီးကို ခြံစည်းရိုးများခတ်ကာ ကာကွယ်မှုများပြုလုပ်ထားကြောင်း သိရပါတယ်ခင်ဗျာ။
နှစ်သန်းပေါင်း ၄ဝဝ ခန့်ကတည်းကရှိခဲ့သော သက်တံ့ရောင်ရေမုဆိုးများ
အသားစားသတ္တဝါများဖြစ်ကြတဲ့ ဒီမန်တီပုဇွန်များဟာ အမဲလိုက်ကောင်းတဲ့ ရေမုဆိုးကောင်းတွေဆိုလည်းမမှားပါဘူးခင်ဗျာ။
Mantis ပုဇွန်တွေရဲ့ခန္ဓာကိုယ်ဟာ အခြားပုဇွန်များနဲ့မတူဘဲ ထူးခြားသန်မာတဲ့အတက်အလက်တွေကိုပိုင်ဆိုင်ထားပြီး ဂဏာန်းအခွံများကိုပင်ခြေဖျက်နိုင်ကာ ယောက်သွားများ၊ ဂုံးကောင်များ၊ ခရုများကိုပင်တိုက်ခိုက်နိုင်ကြပါတယ်။
ရှေးခေတ်အာရှလူမျိုးများကမူ သူတို့ရဲ့ထူးခြားတဲ့တိုက်ရည်ခိုက်ရည်တို့ကြောင့် ပုဇွန်သားသတ်သမားများလို့တောင် ခေါ်ဝေါ်ကြကြောင်း သိရပါတယ်။
Manti တွေကိုသတိမမူပဲကိုင်တွယ်မိရင်တော့ ပြင်းထန်တဲ့နာကျင်မှုကိုခံစားရစေကာ သူတို့ရဲ့အတက်အလက်များဟာ အချိန်အနည်းငယ်အတွင်းမှာပဲ သာမာန်ဖန်ခွက်တစ်လုံးကို ကွဲအက်အောင်စွမ်းဆောင်နိုင်ကြပါတယ်။
မျိုးကွဲပေါင်း၅၂၀ ကျော်ရှိကာ အညိုဖျော့မှ တောက်ပသောအရောင်များအထိကွဲပြားပြီး သူတို့ဘဝရဲ့အချိန်အများစုကို မြေတွင်းများနဲ့ ကျောက်ဆောင်ကြားမှာခိုလှုံနေထိုင်ကြပါတယ်။
အချို့ကြီးမားသောမျိုးစိတ်များမှာတော့‼️
သူတို့နေထိုင်ရာနေရာအတွက် မာကျောသောသန္တာကျောက်များကိုတောင် တွင်းပေါက်များဖောက်လေ့ရှိကြပါတယ်။
လှပတဲ့သက်တံ့ရောင် Mantis များဟာ အချင်းချင်း အမြင်အာရုံဖြင့်သာမက အနံဖြင့်ပါဆက်သွယ်နိုင်ကြပြီး အချို့မျိုးစိတ်များမှာတော့ မိတ်ဖက်များနဲ့အတူ နှစ် ၂၀နီးပါးအတူတကွနေထိုင်ကြကြောင်းလည်း သိရပါတယ်ခင်ဗျာ။
ကမ္ဘာ့တိုက်ကြီးများအကြောင်း
( စာဖတ်သူလေးတစ်ယောက်ရဲ့တောင်းဆိုမှု )
၁။ အာရှတိုက် (အကြီးဆုံး) ၁၇၂၁၂ဝဝဝ စ/မိုင်။
၂။ အာဖရိကတိုက် စ/မိုင် (၁၁) သန်းကျော်။
၃။ မြောက်အမေရိကတိုက် စ/မိုင် (၉) သန်းကျော်။
၄။ တောင်အမေရိကတိုက် စ/မိုင် (၈) သန်းကျော်။
၅။ ဥရောပတိုက် စ/မိုင် (၃) သန်း (၈) သိန်းကျော်။
၆။ ဩစတြေးလျတိုက်(အငယ်ဆုံးတိုက်) စ/မိုင် (၃) သန်း
(၁)သိန်းကျော်။
၇။ အန္တာတိကတိုက်။
? - ကမ္ဘာ့သမုဒ္ဒရာကြီးများ
၁။ ပစိဖိတ်သမုဒ္ဒရာ(အကြီးဆုံး)။
၂။ အတ္တလန္တိတ်သမုဒ္ဒရာ။
၃။ အိန္ဒိယသမုဒ္ဒရာ။
၄။ အာတိတ်သမုဒ္ဒရာ။
☀️ - နေစင်္ကြာဝဠာအတွင်းရှိဂြိုလ်ကြီးများ
၁။ ဗုဒ္ဓဟူးဂြိုလ် (Mercury)။
၂။ သောကြာဂြိုလ် (Venus)။
၃။ ကမ္ဘာဂြိုလ် (Earth)။
၄။ ကြာသပ်တေးဂြိုလ် (Jupiter)။
၅။ အင်္ဂါဂြိုလ် (Mars)။
၆။ စနေဂြိုလ် (Satuny)။
၇။ ယူရေးနတ်စ် ဂြိုလ် (Uranus)။
၈။ နပ်ပကျွန်းဂြိုလ် (Neptuns)။
? - အခြားဗဟုသုတ
ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ပိုင်းခြားထားသောမျဉ်း>(ဂရင်းနစ်မျဉ်း)
ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းကို ပိုင်းခြားထားသောမျဉ်း>(အီကွေတာမျဉ်း)
ကမ္ဘာ့စံတော်ချိန်(၂)မျိုး
၁။ ဒေသစံတော်ချိန်။
၂။ ဂရင်းနစ်စံတော်ချိန်။
ကမ္ဘာ့သက်တမ်း > (၄၅၅၀)နှစ်သန်းပေါင်း။
ကမ္ဘာ့၏ အလေးချိန် > တန် သန်းပေါင်း-(၆၀၀)။
ကမ္ဘာ့အကြီးဆုံး ရေတံခွန် {နိုင်ရာဂါရာ}>(ကနေဒါ)။
ကမ္ဘာ့အကျယ်ဆုံး ရေတံခွန်
(ခွန်)-(အင်ဒိုချိုင်းနား ကျွန်း စွယ်)။
ကမ္ဘာ့အမြင့်ဆုံး ရေတံခွန်
(အိန်ဂျယ်)>(ဗင်နီဇွဲလား)။
ကမ္ဘာ့အကြီးဆုံး ရေခဲမြစ်
(ဘီယက်မိုး) >(ကနေဒါ)။
ကမ္ဘာ့အကြီးဆုံး ကျွန်းစု
(အင်ဒိုနီးရှားကျွန်းစု)> {အင်ဒိုနီး ရှား}။
ကမ္ဘာ့လူဦးရေ- သန်း(၇၀၀၀)ကျော်)
ကမ္ဘာ့ပေါ်ရှိ နိုင်ငံပေါင်း-(၁၉၇) နိုင်ငံ။
ကမ္ဘာ့ကုန်မြေ အကျယ်အဝန်း
စတုရန်းမိုင်ပေါင်း>(၅၇၅ဝ၆ဝဝဝ)။
ကမ္ဘာ့ရေပြင်အကျယ်အဝန်း
စတုရန်းမိုင်ပေါင်း> (၁၃၉၄၃၄ဝဝဝ)။
Credit:NMT-(RTD)
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 1 month, 1 week ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 4 months, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months, 3 weeks ago