myDoctor

Description
Bridging Myanmar to Healthier Society

Website - https://mydoctor.com.mm/
Youtube - www.youtube.com/channel/UC3VMnv-y9D4PdEn29HE_Dtg/featured
Instagram - www.instagram.com/mydoctor_myanmar/
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

1 year ago

မျက်စိနာခြင်း

မျက်စိနာခြင်းဆိုတာ Conjunctiva လိုခေါ်တဲ့ မျက်စိရဲ့ အပေါ်ဆုံးအလွှာ ရောင်ရမ်းခြင်းဖြစ်ပါတယ်။ မျက်စိနာရောဂါပိုး (ဘက်တီးရီးယား သိုမဟုတ် ဗိုင်းရက်စ်) တစ်ခုခုကြောင့် ဖြစ်ပြီး အဖြစ်အများဆုံးရောဂါတစ်ခုဖြစ်ပါတယ်။

ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တဲ့ မျက်စိနာရောဂါဟာ ၃ရက်ကနေ ၅ရက်အထိကြာတတ်ပြီး မျက်လုံးနီရဲရောင်ရမ်းခြင်း၊ မျက်ရည်ပူတွေ ပုံမှန်ထက်ပိုကျခြင်း၊ မျက်လုံးထဲမှာ ခိုးလိုးခုလုခံစားရခြင်း၊ အလင်းရောင် မကြည့်နိုင်ခြင်း၊ မျက်ကြောများ နာကျင်ခြင်း စတာတွေကို ခံစားရပါတယ်။ ဘာအကြောင်းနဲ့ဖြစ်ဖြစ် မျက်စိနာတာဖြစ်စေ သေချာသိရအောင် ဆေးခန်းပြသင့်ပြီး ဆရာဝန်ညွှန်ကြားတဲ့ သောက်ဆေး၊ မျက်စဉ်းဆေး စတာတွေကို အတိအကျလိုက်နာသင့်ပါတယ်။ ရိုးရိုးမျက်စိနာဆိုရင်လည်း စောစောစီးစီး သက်သာတာရှိနိုင်ပြီး ရိုးရိုးမဟုတ်တဲ့ မျက်စိထိခိုက်မှုတစ်ခုခုဆိုရင်လည်း စောစောစီးစီး သိထားဖိုလိုအပ်ပါတယ်။ မျက်စိနာနေတာ ၅ရက်ကျော်သွားရင်တော့ မျက်စိနာတာထက် ပိုစိုးရိမ်စရာ ဖြစ်နေနိုင်တာကြောင့် ဆရာဝန်နဲ့ မဖြစ်မနေပြသင့်ပါတယ်။

မျက်စိနာနေချိန်အတွင်း ဆောင်ရန်ရှောင်ရန်များ - - -

၁) မျက်ကပ်မှန်တပ်ဆင်ခြင်း၊ ရေကူးခြင်း၊ ခေါင်းလျှော်ခြင်း၊ စာကြာကြာ ဖတ်ခြင်း၊ တီဗီ၊ ကွန်ပျူတာကြည့်ခြင်း၊ အရက်သောက်ခြင်း၊ ကွမ်းစား၊ ဆေးလိပ်သောက်ခြင်းများ ရှောင်ကြဉ်ပါ။

၂) မျက်စဉ်းခတ်ခြင်းဟာ ရောင်ရမ်းယားယံမှုကို သက်သာစေပြီး မျက်ရည်တွေကို ခမ်းစေကာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အတွက် မျက်စဉ်းကို မဖြစ်မနေခတ်ပေးရပါမယ်။

၃) ကွမ်းရွက်၊ ဒန့်ဒလွန်ရွက်တိုရဲ့ အရည်ကိုညှစ်ထုတ်ပြီး မျက်လုံးထဲထည့်တာတွေ၊ ဆားရည်ခတ်တာတွေ လုံးဝမလုပ်သင့်ပါဘူး။ အရွက်တွေမှာ ဘက်တီးရီးယားတွေ၊ ဖုန်တွေ ကပ်နေနိုင်တဲ့အတွက် နုနယ်ရောင်ရမ်းနေတဲ့ မျက်သားတွေ ပိုမိုထိခိုက်သွားနိုင်ပါတယ်။

၄) တတ်နိုင်သမျှ မျက်စိကိုအနားပေးပါ။ အပြင်ထွက်ရင် နေကာမျက်မှန်တပ်ပါ။ မျက်လုံးအရမ်းပူနေရင် ကွမ်းရွက်ကို မျက်ခွံပေါ်ကပ်ခြင်း၊ ရေခဲဝတ်သန့်သန့်ကို မျက်ခွံပေါ်ကပ်ခြင်းတို ပြုလုပ်နိုင်ပါတယ်။

မျက်စိနာရောဂါမဖြစ်စေဖို ဆောင်ရန်ရှောင်ရန်များ - - -

၁) မျက်လုံးနဲ့ မျက်ခမ်းကို လက်နဲ့အလွယ်တကူ မကိုင်ပါနဲ့။ ကိုင်ဖိုလိုအပ်ပါက လက်ကို သေချာဆေးပြီးမှ ထိကိုင်ပေးပါ။

၂) မျက်နှာသုတ်ပဝါဟာ သန့်ရှင်းနေဖိုအထူးလိုအပ်ပြီး တစ်ဦးကိုတစ်ထည်စီ သီးသန့်သုံးသင့်ပါတယ်။ မျက်စိနာသူရှိရင်တော့ ထိုသူရဲ့မျက်နှာသုတ်ပဝါကို ဘယ်သူမှ မထိ၊ မကိုင်ပါနဲ့။ ဒါ့အပြင် မျက်စိနာသူရဲ့ မျက်နှာသုတ်ပဝါကို ရေနွေးပွက်ပွက်ဆူထဲမှာ ကြာကြာပြုတ်ပြီး နေ့စဉ် လျှော်ဖွပ်ပေးသင့်ပါတယ်။

၃) အစားအသောက်ဇီဇာကြောင်သူတွေ၊ ကိုယ်ခံအား ကျနေသူတွေ၊ မျက်ကပ်မှန် တပ်ဆင်သူတွေ၊ ဓာတ်ငွေ့၊ ဖုန်မှုန့် စတာတွေနဲ့ နေ့စဉ်အလုပ်လုပ်နေရသူတွေဟာ လက်နဲ့မျက်စိ သန့်ရှင်းရေးကို အထူးပိုမို သတိထားသင့်ပါတယ်။

#myDoctor
#Telemedicine

1 year ago

အမြဲတစေ Earphone သုံးခြင်းက ကျန်းမာရေးထိခိုက်စေလား ?

နည်းပညာက လူတွေရဲ့ဘဝတွေကို နည်းအမျိုးမျိုးနဲ့ လွယ်ကူအဆင်ပြေစေပါတယ်။ ဒါပေမဲ့ အလွန်အကျွံအသုံးပြုမိမယ်ဆိုရင်တော့ ကျန်းမာရေးဆိုင်ရာပြဿနာတွေ တိုးပွားလာစေနိုင်ပါတယ်။ လူတွေကို စိုးရိမ်မကင်းဖြစ်လာစေတဲ့ နည်းပညာရဲ့တစ်စိတ်တစ်ပိုင်းကတော့ နားကြပ်အသုံးပြုတာပါပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲအရ အရွယ်ရောက်ပြီးသားလူငယ် ၁.၁ ဘီလျံနီးပါးက ကျယ်လောင်တဲ့ဆူညံသံတွေနဲ့ ထိတွေ့မှုကြောင့် အကြားအာရုံဆုံးရှုးနိုင်ခြေများတယ်လို သိရပါတယ်။

နားကြပ်အသုံးပြုတာက နားကို ဘယ်လို ထိခိုက်စေနိုင်လဲ ?

အသံက အတွင်းနားထဲကို ရောက်ဖို အကြားအာရုံကနေတဆင့် နားစည်ကနေ ဖြတ်သွားပါတယ်။ အဲ့ဒီနောက် တုန်ခါမှုက အရည်နဲ့ပြည့်နေတဲ့၊ သေးငယ်တဲ့ အမွေးအမျှင်တွေပါတဲ့ cochlea (နားအတွင်းရဲ့ အခေါင်းပေါက်) ဆီ ပျံ့နှံသွားပါတယ်။ တုန်ခါမှုက cochela ဆီရောက်တဲ့အခါ အရည်က တုန်ခါပြီး အမွေးအမျှင်ကို လှုပ်ရှားသွားစေပါတယ်။ ဆူညံသံ ပိုကျယ်လေ တုန်ခါမှုက ပို အားကောင်းလေလေ၊ အမွေးအမျှင်တွေကို ရွေ့လေလေပါပဲ။ ကျယ်လောင်တဲ့ တေးဂီတအသံတွေကို ကြာရှည်စွာ ဆက်တိုက်ထိတွေ့တာက အမွေးအမျှင်ဆဲလ်တွေကို အသံတုန်ခါမှုနဲ့ပတ်သက်တဲ့ အာရုံခံနိုင်စွမ်း ဆုံးရှုံးစေပါတယ်။

ရံဖန်ရံခါဆိုရင်တော့ မသိသာပေမယ့် အမြဲနားကြပ်တပ်ပြီးတော့ သုံးနေတာ အကျင့်ပါပြီး ကြာလာရင် ကျန်းမာရေးကို ဆိုးရွားတဲ့သက်ရောက်မှုတွေ ပေးနိုင်တယ်ဆိုတာတော့ ကောင်းကောင်း သတိထားသင့်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ နားကြပ်အမြဲတပ်လေ့ရှိတဲ့သူတွေ ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုး(၇)ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁) အကြားအာရုံ ဆုံးရှုံးခြင်း (သိုမဟုတ်) အကြားအာရုံပိုင်း နောက်ဆက်တွဲပြဿနာများ

Headphones (သိုမဟုတ်) နားကြပ်ကို သုံးတဲ့အခါ နားထဲကို အသံက တိုက်ရိုက် အနီးကပ် ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။ 90 decibels ထက်ကျော်တဲ့ အသံအတိုင်းအတာက အကြားအာရုံမှာ နောက်ဆက်တွဲ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပြီးတော့ နားမကြားတော့တဲ့ အထိ ဖြစ်စေနိုင်ပါတယ်။

၂) နားပိုးဝင်ခြင်း

ကိုယ့်နားကြပ်ကိုပဲ သုံးလေ့ရှိသူလား ? ဒါမှမဟုတ် တခြားသူဆီက ငှားသုံးတတ်သူလား ? သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေဆီက တခါတရံတော့ ငှားသုံးမိမှာပါပဲ။ ဒါပေမယ့် ဒီလိုတစ်ကြိမ်တစ်ခါတည်းကနေပဲ လွယ်လွယ်နဲ့ နားပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ နားထဲက ဘက်တီးရီးယားတွေက နားကြပ်တွေကနေ တဆင့် တစ်ယောက်နဲ့တစ်ယောက် ကူးစက်ဖို လွယ်ပါတယ်။

၃) လေလမ်းကြောင်း ပိတ်စေခြင်း

ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ အသံစနစ်ကောင်းမွန်ကြောင်း ကြော်ငြာကြမှာပါပဲ။ ဒါပေမယ့် အသံဘယ်လောက်ကောင်းကောင်း ကျန်းမာရေးရှုထောင့်မှာတော့ ကိုယ့်ရဲ့အသုံးပြုမှုကို မူတည်ပြီးတော့ ထိခိုက်မှု အနည်းနဲ့အများ ရှိလာစေနိုင်ပါတယ်။ နားထဲကို နားကြပ်ထိုးထည့် ထားရင်ပဲ လေလမ်းကြောင်းကို ပိတ်ဆိုစေနိုင်ပါတယ်။ လေအဝင်အထွက်မရှိရင် သိချင်းသံ ပိုနားထောင်ကောင်းတယ်ဆိုပေမယ့် နားပိုးဝင်ခြင်းတွေ ဖြစ်လာနိုင်ခြေ များပါတယ်။

၄) အကြားအာရုံ ခေတ္တပျောက်ဆုံးခြင်း

တစ်နေ့လုံး အသံအကျယ်ကြီးနဲ့ နားကြပ်အသုံးများတဲ့သူတွေဟာ အကြားအာရုံ ခေတ္တပျောက်ဆုံးတတ်ပါတယ်။ ဒီလို numb ears ဖြစ်ပြီးရင် ခဏနေတာနဲ့ ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီအခြေအနေက အန္တရာယ်များတဲ့အပြင် တကယ်နားမကြားတော့တဲ့အထိလည်း ဖြစ်စေနိုင်ပါတယ်။

၅) နားကိုက်ခြင်း

နားကြပ်သုံးတဲ့သူတွေမှာ နားကိုက်တဲ့ပြဿနာ ခဏခဏကြားရပါတယ်။ နားထဲမှာ တဝီဝီနဲ့ အသံတွေကြားနေရတာ ဒါမှမဟုတ် ဟိုးအတွင်းက စူးကနဲ နာကျင်ကိုက်ခဲတာတွေပါ ခံစားရတတ်ကြပါတယ်။

၆) ဦးနှောက်ကိုဆိုးကျိုးသက်ရောက်စေခြင်း

နားကြပ်တွေ၊ headphone တွေဆီကထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိင်းတွေက ဦးနှောက်ကို ပြင်းထန်တဲ့ အန္တရာယ်တွေ ဖြစ်လာစေနိုင်ပါတယ်။ Bluetooth ၊ headphone နဲ့ နားကြပ်ကို နေ့စဉ်သုံးသူတွေဟာ ဦးနှောက်နဲ့ ပတ်သက်တဲ့ရောဂါတွေ ပိုအဖြစ်များတာတွေ့ရပါတယ်။ နားအတွင်းပိုင်းဟာ ဦးနှောက်နဲ့တိုက်ရိုက်ချိတ်ဆက်နေတာဖြစ်ပြီး နည်းနည်းလောက် ပိုးဝင်ရင်တောင် ဦးနှောက်ကို တိုက်ရိုက် ထိခိုက်စေနိုင်ပါတယ်။

#myDoctor
#Telemedicine

1 year ago

အိပ်ရေးပျက်ခြင်းရဲ့ ဆိုးကျိုးများ

အိပ်ရေးပျက်တာများရင်တော့ ပင်ပန်းနွမ်းနယ်ပြီး အလုပ်ကောင်းကောင်းမလုပ်နိုင်ဘဲ ခွန်အားပြည့်ဝ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ အိပ်စက်ခြင်းဖြစ်စဉ်အရ မျက်လုံးအမြန်မလှုပ်တဲ့အဆင့် (Non Rapid Eye Movement -NREM) နဲ့ မျက်လုံးအမြန်လှုပ်တဲ့အဆင့် (Rapid Eye Movement – REM) တစ်လှည့်စီ ဖြစ်တဲ့ကြားမှာ အိပ်လိုက်နိုးလိုက် ဖြစ်တတ်တာကို ပုံမှန်အားဖြင့် သတိမထားမိကြပါဘူး။ ဒါပေမယ့် ဆူညံတဲ့ပတ်ဝန်းကျင်မှာ အိပ်ရသူတွေ၊ စိုးရိမ်စိတ်ရှိသူတွေ၊ စိတ်ဓာတ်ကျနေသူတွေမှာတော့ ဒီအဆင့်တွေကို သတိထားမိပြီး ပြန်နိုးပြန်နိုးနဲ့ အိပ်ရေးပျက်နိုင်ပါတယ်။

အိပ်ရေးပျက်သူတွေအနေနဲ့ အချိန်ကြာလာတဲ့အခါ အောက်မှာဖော်ပြထားတဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။

၁) ခန္ဓာကိုယ်အပေါ် သက်ရောက်မှုများ

တစ်ညလောက် အိပ်မပျော်ဘဲ အိပ်ရာပေါ် လူးလိမ့်နေရင်း အချိန်ကုန်သွားပြီဆိုရင် နောက်တစ်နေ့မနက်ကျ ဘယ်လိုခံစားရတော့မယ်ဆိုတာ သိကြပြီးသားဖြစ်မှာပါ။ ပင်ပန်းနွမ်းနယ်ပြီးတော့ စိတ်မကြည်မလင်ဖြစ်ပြီး စိတ်မပါလက်မပါ ခံစားနေရတာတွေ အားလုံးပါပဲ။ လိုအပ်တဲ့ ညအိပ်စက်အနားယူချိန် 7-9 နာရီမပြည့်ခဲ့ရင်တော့ အားအင်ကုန်ခမ်းပြီး စိတ်မကြည်မလင်ဖြစ်တာထက်ပိုတဲ့ ဆိုးကျိုးတွေကို ခံစားရမှာပဲ ဖြစ်ပါတယ်။

၂) ဗဟိုအာရုံကြောစနစ်

အိပ်ပျော်နေချိန်မှာ ဦးနှောက်က အချက်အလက်အသစ်တွေကို အစီအစဉ်တကျ မှတ်သားနိုင်အောင် ဆက်သွယ်မှုများကို ဖွဲစည်းပေးပါတယ်။ အိပ်ရေးပျက်ခြင်းက ရေရှည်နဲ့ ခဏတာမှတ်ဉာဏ် (၂) ခုလုံးအပေါ် ဆိုးကျိုးသက်ရောက်စေပါတယ်။

၃) ကိုယ်ခံစွမ်းအားစနစ်

အိပ်ပျော်နေစဉ်မှာ ကိုယ်ခံအားစနစ်က antibodies နှင့် cytokines တိုလို ပိုးဝင်ခြင်းမှ ကာကွယ်တိုက်ခိုက်ပေးတဲ့ ပစ္စည်းများကို ထုတ်လုပ်ပေးပါတယ်။ ၎င်းတိုကိုသုံးပြီး ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တိုလို ပြင်ပက ဝင်ရောက်ကျူးကျော်လာတဲ့အရာတွေကို တိုက်ထုတ်ပေးပါတယ်။ တစ်ချို cytokines တွေက အိပ်ပျော်စေဖို ကူညီပေးပြီး ဖျားနာမှုတွေမှ ကာကွယ်ဖို ပိုမိုထိရောက်စေပါတယ်။

အိပ်ရေးပျက်ခြင်းက ကိုယ်ခံအားစနစ်ရဲ့ အင်အားတွေ တည်ဆောက်ခြင်းကို တားဆီးပစ်ပါတယ်။ အိပ်ချိန်အလုံအလောက်မရတဲ့အခါ ခန္ဓာကိုယ်က ဝင်ရောက်ကျူးကျော်လာတဲ့ရောဂါတွေကို မတိုက်ထုတ်နိုင်တော့တဲ့အပြင် နာမကျန်းဖြစ်တဲ့အခါမှာလည်း ပြန်လည်ထူထောင်ဖို အချိန်ပိုယူရပါတယ်။
အိပ်ရေးအနည်းငယ်ပဲပျက်ခြင်းကတောင် ကိုယ်ခံအားစနစ်တွေကို ချိုယွင်းစေကြောင်း သိရှိရပါတယ်။

၄) ဆီးချိုရောဂါဖြစ်နိုင်ခြေများခြင်း

အိပ်ရေးမဝခြင်းက သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့ insulin ဟော်မုန်း ထုတ်လွှင့်မှုအပေါ် သက်ရောက်မှုတွေရှိပါတယ်။ အိပ်ချိန် အလုံအလောက်မရတဲ့သူတွေမှာ သွေးတွင်းသကြားဓာတ်တွေ ပိုမြင့်တက်နေပြီး ဆီးချိုရောဂါ type 2 ဖြစ်နိုင်ချေလည်း ပိုများပါတယ်။

၅) နှလုံးရောဂါဖြစ်နိုင်ခြေများခြင်း

အိပ်ရေးပျက်ခြင်းက သွေးပေါင်ချိန်မြင့်တက်စေခြင်း၊ ရောင်ရမ်းခြင်းနှင့် ဆက်စပ်နေတဲ့ ဓာတုပစ္စည်းများပါဝင်မှု မြင့်မားစေခြင်းများကို ဖြစ်စေလို နှလုံးရောဂါဖြစ်ပွါးနိုင်ခြေပိုများစေနိုင်ပါတယ်။

#myDoctor
#Telemedicine

1 year ago

မကြာခဏ သတိမေ့တတ်ရင် ဘာလုပ်ရမလဲ ?

သတိမေ့တယ်ဆိုတာ လူတော်တော်များများ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အရာတစ်ခုဆို မမှားပါဘူး။ ဒါပေမယ့် မေ့တယ်ဆိုတာကိုလည်း ပေါ့ပေါ့ဆဆ မနေသင့်ပဲ ဂရုစိုက်သင့်ပါတယ်။ တစ်ခါတစ်လေဆို ဘာမှမဖြစ်ပေမယ့် မေ့တာ အကြိမ်အရေအတွက် အရမ်းများလာခဲ့ရင်တော့ အလုပ်ကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒီ့ထက်ဆိုးရွာလာတဲ့ အခြေအနေဆိုရင်တော့ လူမှုဘဝတိုးတက်မှုကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ဘာကြောင့် ဒီလိုမျိုးတွေ ခဏခဏမေ့ရတာလဲဆိုတော့ -

- စိတ်ဖိစီးမှုများတာ
- အလုပ်တာဝန်များလွန်းတာ
- စိတ်ပူပန်မှုများတာ
- အိပ်ရေးမဝတာ နဲ့
- အစားအသောက် ချိုတဲ့တာတွေကြောင့် ဖြစ်နိုင်ပါတယ်။

မေ့တတ်တာကို ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကုသရမလဲ ?

- ဘယ်လိုနည်းနဲ့ မှတ်မိနိုင်မလဲဆိုတာကို ကိုယ့်ကိုကိုယ် သတိထားကြည့်ပါ
- Memory Game ဆော့ပေးပါ
- မှတ်မိစေဖိုအတွက် အကျင့်လုပ်ပြီး ကိုယ့်ကိုကိုယ် သတိရှိပါ
- အသစ်အသစ်သော ပညာရပ်များကို လေ့လာသင်ယူပါ
- စာဖတ်ပါ
- အကြောင်းအရာတစ်ခုကိုမှတ်ထားပြီး သတိရလာအောင် မကြာခဏ တွေးပေးပါ
- အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပါ
- ဦးနှောက်မှတ်ဉာဏ်အားကို အားဖြစ်စေမယ့် အစားအသောက်များကို စားသုံးပေးပါ

မှတ်ဉာဏ်အားကောင်းဖို ဘယ်လိုအစားအစာတွေ စားပေးရမလဲ ?

- Vitamin A,E ပါတဲ့ အစားအသောက်များ
- ငါးကြီးဆီ
- အသီးအရွက်များ
- ဆော်လမွန်ငါး
- အခွံမာ (အစေ့) များ ကို မကြာခဏ စားပေးသင့်ပါတယ်။

ဒါ့အပြင် စိတ်ဖိစီးမှုမများအောင်နေပါ၊ အိပ်ရေးဝဝအိပ်ပါ၊ ရေများများသောက်ပါ၊ အလွယ်ကူဆုံးဖြစ်တဲ့ လမ်းလျှောက်တဲ့လေ့ကျင့်ခန်း ပြုလုပ်ပါ၊ ကျန်းမာရေးကို ဂရုစိုက်ပါ၊ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါ။ ထိုအချက်တွေကို လုပ်ဆောင်ခြင်းဖြင့်လည်း မကြာခဏ မေ့တတ်တဲ့အကျင့်ကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်။

#myDoctor
#Telemedicine

1 year ago

ဆောင်းတွင်းမှာ အသားပတ်ခြင်း

ဆောင်းတွင်းရောက်လာတဲ့အခါ လူတော်တော်များများက အသားပတ်ခြင်းကို ခံစားကြရပါတယ်။ တကယ်တော့ အသားပတ်ခြင်းဆိုတာ ဆောင်းတွင်းမှာတင်မဟုတ်ပဲ စိုထိုင်းဆနည်းပြီး လေအရမ်းတိုက်တဲ့အချိန်တွေ၊ ရာသီဥတုအရမ်းပူပြီး လေတိုက်တဲ့အချိန်တွေမှာလည်း အဖြစ်များတတ်ပါတယ်။

အသားပတ်တယ်ဆိုတာ အရေပြားမှာရှိတဲ့ အစိုဓာတ်တွေခမ်းခြောက်ပြီး အရေပြားတွေ ခြောက်သွေ့ကာ အရေခွံကွာတာ၊ အရေပြားကွဲအပ်တာမျိုးတွေ ဖြစ်လာတာမျိုးပါ။

အသားပတ်ခြင်းက ပြင်ပလေနဲ့ထိတွေ့မှုများတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ မျက်နှာ၊ ခြေ၊ လက် နေရာတွေမှာ ပိုအဖြစ်များပါတယ်။ အထူးသဖြင့် ဆောင်းရာသီ အရမ်းအေးတဲ့ဒေသတွေမှာ အဖြစ်များပါတယ်။ အသားခြောက်တဲ့အဆင့်ထက်ကျော်ပြီး အသားပတ်လာပြီဆိုရင်တော့ Moisturizer တွေ Lotion တွေ လိမ်းရုံနဲ့တင် မရတော့ပါဘူး။ ဒါကြောင့် အသားပတ်တာ ပျောက်ကင်းစေမယ့် အလွယ်ကူဆုံးနည်းလမ်းများကို မျှဝေပေးလိုက်ပါတယ်။

၁) အုန်းဆီ - အုန်းဆီကို အပူပေးပြီး နွေးလာပြီဆိုရင် အသားပတ်တဲ့နေရာကို ဖိလိမ်းပေးပါ။ အသားပတ်တာကို သိသိသာသာ ပျောက်ကင်းစေပါတယ်။

၂) ပျားရည် - ဒီနည်းလမ်းကတော့ မျက်နှာမှာအသားပတ်ရင် Oil တွေနဲ့မတည့်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ပျားရည်ကိုယူပြီး အသားပတ်တဲ့နေရာကို လိမ်းပေးပါ။ မိနစ်၃၀ ထားပြီးမှ ရေနဲ့ပြန်သန့်စင်ပါ။ ပြီးရင် မျက်နှာကို Moisturizer ပြန်လိမ်းထားပေးပါ။

၃) သံလွင်ဆီ - သံလွင်ဆီကို အသားပတ်တဲ့နေရာမှာ ပွတ်ပြီးလိမ်းပေးရင် အသားပတ်တာ၊ အသားခြောက်တာကို သိသိသာ ပျောက်ကင်းစေနိုင်ပါတယ်။

၄) သစ်သီးဝလံများစားပါ - ဆောင်းရာသီမှာ အရည်ရွှမ်းတဲ့ သစ်သီးဝလံများ စားသုံးခြင်းဟာလည်း ခန္ဓာကိုယ်ကို ရေဓာတ်ရရှိစေပြီးတော့ အသားပတ်ခြင်းကို ကာကွယ်ပေးပါတယ်။

၅) ရေများများသောက်ပါ - ရေကို တစ်နေ့အနည်းဆုံး ၃လီတာလောက် သောက်ပေးသင့်ပါတယ်။ ရေသောက်ခြင်းက ကိုယ်ခံအားကိုကောင်းမွန်စေပြီးတော့ အသားပတ်ခြင်းကင်းဝေးပြီး အသားအရေခြောက်သွေ့ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

#myDoctor
#Telemedicine

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago