ရှု့ထောင့်သတင်းစုံ ဂျာနယ်

Description
Information Channel
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

1 Monat, 3 Wochen her

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ရှိ ရွှေလီ (ကြယ်ဂေါင်) နှင့် မူဆယ် (နန်းတော်) ဂိတ်များ၌ လုံခြုံရေးအရစိစစ်၍ နှစ်နိုင်ငံနယ်စပ်ပြည်သူများ ဖြတ်သန်းသွားလာမှုအဆင်ပြေစေရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

နိုဝင်ဘာ ၂၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ယူနန်ပြည်နယ် မန်စီမြို့မှ မြန်မာနိုင်ငံနယ်စပ် ရွှေလီမြို့သို့ သွားရောက်၍ ရွှေလီမြို့ ကြယ်ဂေါင်လူဝင်မှုစစ်ဆေးရေးဂိတ် လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုလေ့လာသည်။

ထိုသို့ ကြည့်ရှုစဉ် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ယူနန်ပြည်နယ် လူဝင်မှုစစ်ဆေးရေးဌာနမှူး၊ ရွှေလီလူဝင်မှုစစ်ဆေးရေးဌာနမှူး Mr.Jiang Bing က ကိုးကန့်ဒေသ၌ လက်နက်ကိုင်အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက်ပိုင်း EAO များ ထိန်းသိမ်းထားသည့် နယ်စပ်ဒေသများရှိ နယ်စပ်စစ်ဆေးရေးဂိတ်များအား လက်ရှိအခြေအနေတွင် ဝင်/ထွက်မှုများ ရပ်ဆိုင်းကာ ပိတ်သိမ်းထားရှိမှု၊ အစိုးရအချင်းချင်း အပြန်အလှန်ပူးပေါင်းညှိနှိုင်းပြီးမှသာ ပိတ်သိမ်းထားသည့် နယ်စပ်ဂိတ်များကို လိုအပ်သလို ခွင့်ပြုဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသားလူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲရေးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ဒေသထိန်းသိမ်းရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Li Tao က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ဆောင်ရွက်မှုများအပေါ် အားပေးထောက်ခံ၍ တည်ငြိမ်အေးချမ်းရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှု၊ နှစ်နိုင်ငံနယ်စပ်ရှိ EAO များ ထိန်းချုပ်နယ်မြေများမှ နယ်စပ်ဝင်/ ထွက်ဂိတ်များ ပိတ်သိမ်းထားရှိမှုနှင့် တည်ငြိမ်အေးချမ်းပါက နှစ်နိုင်ငံပြည်သူများအတွက် ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးက မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှု၊ ပိုးလမ်းမစီမံကိန်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းများ အောင်မြင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် လက်တွဲပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းပြီး နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ကာ အပြန်အလှန်ကုန်စည်ကူးသန်းဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားနိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ကို မူဆယ် (နန်းတော်ဂိတ်) အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်တချို့ ပိတ်ထားမှုနှင့် နှစ်နိုင်ငံပြည်သူများ နန်းတော်စစ်ဆေးရေးဂိတ်မှ အပြန်အလှန် ကူးလူးဆက်သွယ်သွားလာနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တရားဝင်ဖွင့်လှစ်ထားသည့် နယ်စပ်ဂိတ်များမှ တရားမဝင် ဝင်/ထွက်မှု မရှိစေရေးနှင့် လုံခြုံ ရေးကို အထူးအလေးဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတွင်းသို့ ဝင်ခွင့်မပြုသူများ ဝင်ရောက်မလာစေရေးနှင့် နိုင်ငံပြင်ပသို့ ထွက်ခွာခွင့်မရှိသူများ ထွက်ခွာခွင့်မပြုရေး စနစ်တကျ စိစစ်ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများထံ မလိုလားအပ်သည့် ကုန်ပစ္စည်းများ မရောက်ရှိစေရေးအတွက် နယ်စပ်ဂိတ်များပိတ်ထားသကဲ့သို့ နှစ်နိုင်ငံပြည်သူများအတွက် မဖြစ်မနေဖွင့်လှစ်သည့် နယ်စပ် ဂိတ်များတွင်လည်း စနစ်တကျ အသေးစိတ်စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဘက်မှလည်း နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားဆောင်ရွက်နေသကဲ့သို့ တရုတ် - မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ အတူအကွပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းမှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများထံ ထောက်ပံ့ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ်ပြည်သူများ ဝင်ထွက်သွားလာမှုနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ စိစစ်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ 

1 Monat, 3 Wochen her

#အမျိုးသားစာပေတစ်သက်တာဆုရရှိ
SH သတင်းဌာနမှ
လွန်ခဲ့သောနှစ်ပေါင်း၂၇နှစ်၊
1997ခုနှစ်အချိန်ကတည်းက
ထုတ်ဝေခဲ့သော
ရှုထောင့်သတင်းစုံဂျာနယ်တွင်
တာဝန်ခံအယ်ဒီတာအဖြစ်လည်းကောင်း၊
ဒုတိယအယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊
အကြံပေးနာယကအဖြစ်လည်းကောင်း၊စဥ်ဆက်မပြတ်ဆောင်ရွက်ပေးခဲ့သူ
အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး
မောင်ငြိမ်းသူ( ကြို့ပင်ကောက်)သည်
နိုင်ငံတော်မှချီးမြှင့်သော
စာပေဆုများတွင်အမြင့်ဆုံးဆုဖြစ်သော
အမျိုးသားစာပေ တစ်သက်တာဆု
ရရှိသည့်အတွက် နိုင်ငံတော်မှချီးမြှင့်သော
ငွေကျပ်သိန်းတစ်ရာ လည်းရရှိမည်ဖြစ်ကြောင်း
သိရှိရသည့်အတွက် လေးစားစွာ
ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း
ဦးသက်နိုင်ဦး(CEO-SH)

1 Monat, 3 Wochen her

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များ လုပ်ငန်းညှိနှိုင်း အစည်း အမှတ်စဉ်(၁၁/၂၀၂၄) ကို ယမန်နေ့နံနက်ပိုင်းက တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာ ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့သော တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁၀/၂၀၂၄) အစည်း အဝေး ဆုံးဖြတ်ချက်များဆောင် ရွက်ပြီးစီးမှုကို တာဝန်ရှိသူတစ်ဦး က ဖတ်ကြားတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အတွင်း ရေးမှူး ဦးခင်မောင်ဆန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် ဝန်ကြီးဌာနများ၏ လမ်းညွှန်ချက် များ၊ ညွှန်ကြားချက်များကို ဖတ်ကြားရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသ ကြီး ဌာနဆိုင်ရာများမှ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ကိစ္စရပ်များနှင့် စီမံကိန်း လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်မှုအခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က စားရေရိက္ခာဖူလုံစွာ စိုက်ပျိုး ရေး၊ သီးထပ်စိုက်ပျိုးရေး၊ မိုးစပါးများ အချိန်မီ ရိတ်သိမ်းနိုင်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ ပြောကြားခဲ့ကြောင်း သိရသည်။

4 Monate, 3 Wochen her

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား (အမျိုးသား) အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနှင့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဩဂုတ် ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၏ ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား (အမျိုးသား) အလွတ်တန်းဘောလုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနများ/ တက္ကသိုလ်များ/ ကောလိပ်များမှ ပြိုင်ပွဲဝင်ဘောလုံး အသင်းများ၊ အသင်းအုပ်ချုပ်သူ နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာ စကားပြောကြားပြီး ပြိုင်ပွဲဝင်ဘောလုံးအသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် လေးချက်ရွတ်ဆိုကြကာ ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အသင်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးပြီး အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ ဆရာမများ၊ ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့ကို ဂုဏ်ပြုပန်းစည်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ပြိုင်ပွဲကို ဩဂုတ် ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပ သွားမည်ဖြစ်ပြီး ဦးစီးဌာနများ/ တက္ကသိုလ်များ/ ကောလိပ်များမှ ပြိုင်ပွဲဝင်အသင်း ခြောက်သင်းဝင်ရောက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ဝန်ပြန်ကျေးရွာသို့သွားရောက်၍ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့်ဖွင့်လှစ်သည့် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ယခုဘဏ္ဍာနှစ်၌ မိသားစုဝင်ငွေတိုးရေးစီမံကိန်းကို ကျေးရွာပေါင်း ၂၉ ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အချိန်ထိ ကျေးရွာ ၁၃ ရွာ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဤစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားအောင် အိုးမကွာ အိမ်မကွာဖြင့် ဆောင်ရွက်လိုသူများ၊ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်းမရှိသည့် လူငယ်လူရွယ်များ၊ လုပ်ငန်းထူထောင်လိုသော်လည်း ငွေကြေးအရင်းအနှီးနှင့် နည်းပညာလိုအပ်သူများကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ သင်ကြားပေးပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်မည်ဖြစ်၍ နိုင်ငံတော်အတွက် MSMEs ကုန်ထုတ် လုပ်ငန်းများ အားကောင်းလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး (စီမံကိန်း) က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယခုဖွင့်လှစ်သောသင်တန်းတွင် သင်တန်းသား ၁၀ ဦးကို သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာများကို ဩဂုတ် ၂၃ ရက်မှ ၂၉ ရက်အထိ စာတွေ့ လက်တွေ့ သင်ကြားပေးသွား မည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား ငါးဦးကို သတ်မှတ်ချက်များနှင့်အညီရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲ ခွင့်ပေးသွားမည်ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီး မြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ အမှုဆောင်အရာရှိချုပ် မစ္စတာအလက်စ်ဇန်းဒါး ဆာဂီးဗစ်ရှ် ရှတီရော့ဗ်နှင့် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်တွေ့ဆုံပြီး ရုရှားဖက်ဒရေး ရှင်းနိုင်ငံရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အဖွဲ့နှင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်း၍ သဘာဝမြေဩဇာစက်ရုံများ တည်ဆောက်နိုင်ရေး MoC ရေးထိုးရန်ဆောင်ရွက်ထားရှိမှု၊ ရုရှားနိုင်ငံမှ နေကြာမျိုးစေ့များ ပံ့ပိုးပေးမည့်အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

7 Monate, 2 Wochen her

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအား International Award for Promotion of Buddhism ဘွဲ့တံဆိပ် ဆက်ကပ်အပ်နှင်းသည့် အခမ်းအနားသို့ တက်ရောက်

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago