ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 2 weeks, 3 days ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 months, 3 weeks ago
ဘေးနှစ်သွယ်အမြွှာဆင့်ချိန် - ဥတုကပ်နှင့် ပဋိပက္ခ
စစ်ရေးပဋိပက္ခတွေက ပြင်းထန်နေသလို ဥတုကပ်ဘေးတွေဟာလည်း အရှိန်ပြင်းပြင်း၊ အကြိမ်စိပ်စိပ်နဲ့ နှစ်စဉ်လိုလို ဖြစ်လာနေပါပြီ။ နိုင်ငံရေးပဋိပက္ခကြောင့် ဥတုကပ်ဘေးကို ခုခံနိုင်စွမ်း ယုတ်လျော့လာပါတယ်။ ပတ်ဝန်းကျင်အရည်အသွေးလည်း ကျဆင်းလာပါတယ်။ အခုအချိန်မှာ ဥတုဘေးကိစ္စတွေက အရေးမကြီးသေးဘူး၊ လောလောပူနေစရာမလိုဘူးလို့ ရှုမြင်ပြီး လျစ်လျူရှုထားတာတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့လည်း ဥတုကပ်ဘေးဆိုက်လာတဲ့အခါ ဘက်လိုက်မှာ မဟုတ်သလို အညှာအတာလည်း ကင်းပါလိမ့်မယ်။ လက်ရှိမှာ မြန်မာလူထုတွေဟာ ‘သဘာဝမုန်တိုင်း’ ကိုရော ‘နိုင်ငံရေးမုန်တိုင်း’ ကိုပါ ရင်ဆိုင်နေရတာပါ။ ဘယ်မုန်တိုင်းကိုမှ နောက်ပို့ထားလို့ရတဲ့အနေအထား ရှိမနေပါဘူး။
➤ ဝက်ဘ်ဆိုက်တွင်လည်း ကြည့်ရှုနိုင်ပါသည်။
[link] https://ispmyanmar.com/community/
Dual Burdens on Women
_____________________
The survey report reflects the added socioeconomic burdens and challenges faced by Myanmar women across the country. The study covers a six-month observed period between March and August 2024 in 110 townships, one-third of the total townships.
‘အမျိုးသမီးများအပေါ် သက်ရောက်နေသော မမျှတသည့် ဝန်ထုပ်ဝန်ပိုးများ’ ခေါင်းစဉ်နဲ့ ၂၀၂၄ နိုဝင်ဘာလမှာ ဖြန့်ချိခဲ့တဲ့ သုတေသနတွေ့ရှိချက် အစီရင်ခံစာရဲ့ English Edition ကို Download ရယူ ဖတ်ရှုနိုင်ပါပြီ။
➤ Download ရယူပါရန်
https://ispmyanmar.com/.../20241224_Semi-Annual-Report...
➤ မြန်မာဘာသာဖြင့် Download ရယူပါရန်
https://ispmyanmar.com/.../20241129_Semi-Annual-Report...
➤ISP-Myanmar ရဲ့ သုတေသန တွေ့ရှိချက်တွေကို ကပြင်ရပ်ဝန်းမှာ ဦးဦးဖျားဖျား ရယူဖတ်ရှုနိုင်ပါပြီ။
ကပြင်ရပ်ဝန်း အဖွဲ့ဝင်ရန် https://ispmyanmar.com/community/
၂၀၂၄ ခုနှစ်ရဲ့ အဆိုးရွားဆုံးဒဏ်ချက်တွေကို အမျိုးသမီးထုမှာ တွေ့ရတယ်
30 Minutes with the ISP (အမှတ်-၆)
______________________
ဒီဇင်ဘာ ၂၁ ရက် (စနေနေ့)၊ ၂၀၂၄ ခုနှစ်
မြန်မာစံတော်ချိန် မွန်းလွဲ ၃:၀၀-၃:၃၀ နာရီ
ISP-Myanmar ရဲ့ Research Network Program က Zoom ကတဆင့် အွန်လိုင်းစနစ်နဲ့ မိနစ် ၃၀ ကြာ တင်ပြမှာဖြစ်ပြီး တက်ရောက်မယ်ဆိုရင် အောက်က link မှာ ကြိုတင် စာရင်းပေးထားလို့ ရပါတယ်။
https://us06web.zoom.us/.../WN_fbhS06uxQVin4BHGzVIwwA...
■ အယူအဆမှတ်စု
အမျိုးသမီးတွေရဲ့ဘဝဟာ ဘာတွေထူးပြီး ခက်ခဲနေလဲ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန်ကာလမှာ ဘယ်လိုဘယ်ပုံ ပိုကျပ်တည်းနေကြရပါသလဲ။
စစ်အာဏာသိမ်းတာ အခုဆို လေးနှစ်ပြည့်ပါတော့မယ်။ ဒီလေးနှစ်အတွင်းမှာ မြန်မာပြည်သူ ပြည်သားတွေရဲ့ ဘဝဟာ နေ့မြင်ညပျောက်တဲ့ဘဝတွေ၊ လူမစုံတော့တဲ့ ထမင်းဝိုင်းတွေ၊ ပညာတတ်တွေ ပညာရဲရင့်ပွဲလယ်မတင့်တော့တဲ့အဖြစ်တွေ စတဲ့ မကြားစဖူး မယုံနိုင်စရာတွေကို တနေ့ထက်တနေ့ ပိုလို့ ကြားနေ၊ မြင်နေရပါတယ်။ အထူးသဖြင့် ဒီနှစ် ၂၀၂၄ မှာ စစ်မှုထမ်းဥပဒေကြောင့် သားသမီးတွေကို နယ်ဝေးနဲ့ နိုင်ငံရပ်ခြားပို့ပြီး မသေသေးရင်တော့ ပြန်တွေ့နိုင်ပါသေးတယ်ဆိုတဲ့စိတ်နဲ့ပဲ မျက်ရည်လည်ရွဲ မျှော်နေကြရပါတယ်။
စီးပွားရေးကကျပ်၊ နိုင်ငံရေးကခက်တဲ့အပြင် သဘာဝကပ်ဘေးကပါ ထပ်ဆင့်နေပါတယ်။ ဒီလို အဘက်ဘက်က ထိုးနှက်ချက်တွေကို ဆင်းရဲချမ်းသာ၊ လူကြီးလူငယ်၊ မြို့ပြကျေးလက်မရွေး တနည်းတဖုံ ခံစားနေရသူချည်းပါပဲ။ ဒါပေမဲ့ ဒီလိုရင်ဆိုင်ရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ဘုံချကြည့်ရင် အမျိုးသမီးတွေရဲ့ကျောမှာ အများဆုံးသွားတွေ့ရပါတယ်။ အတွင်းကျကျဆန်းစစ်ကြည့်ရင် အပေါ်ယံအံကြိတ်ထားတဲ့၊ ပါးကွက်ကျား၊ မိတ်ကပ်တွေနဲ့ ဟန်လုပ်ပြုံးနေတဲ့ မျက်နှာဖုံးတွေအောက်မှာ အမျိုးသမီးတွေရဲ့ဘဝဟာ တလွှာပြီးတလွှာ၊ တချက်ပြီးတချက် အမွှန်းခံထားရတာပါ။ ‘နောက်နှစ်ကုန်ရင် အောင်လံထူပြီ’ဆိုတဲ့ အနှစ်အသားမပါ၊ လက်တွေ့အကူအညီမလာတဲ့ လေလှိုင်းပေါ်က‘မိုတီ’စကားတွေကလည်း စိတ်ဓာတ်မတက်ကြွစေနိုင်တော့ပါဘူး။ ပရိယာယ်တွေနဲ့ ကြိုးရှည်ရှည်လှန်ထားသလို ရက်စက်ရာကျလွန်းတယ်လို့ ဆိုချင်ပါတယ်။ မြေပြင်က အမျိုးသမီးတွေရဲ့ လက်တွေ့ဘဝကို မြင်နိုင်ဖို့ ISP-Myanmar ရဲ့ အခုစကားဝိုင်းက လှစ်ဟပြချင်တာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကလည်း မြန်မာအမျိုးသမီးတွေ နိစ္စဓူ၀ရင်ဆိုင်နေရကြရတဲ့ အခက်အခဲတွေအကြောင်းကို ISP- Myanmar ရဲ့ သုတေသနကွန်ရက် (Research Network) အစီအစဉ်က လေ့လာမှုတွေ လုပ်ခဲ့ပါသေးတယ်။ နိုင်ငံအနှံ့မှာရှိကြတဲ့ အမျိုးသမီး ၅၀၀ ကျော်ရဲ့ သဘောထားတွေကို ရယူခဲ့သလို သူတို့ရဲ့ အသံတွေကိုလည်း နားထောင်ခဲ့ပါတယ်။ ဒီအထဲက ၇၄ ရာခိုင်နှုန်းဟာ ဘ၀ရှေ့ရေးအတွက် စိုးရိမ်မှုတွေရှိနေပါတယ်။ ၈၈ ရာခိုင်နှုန်းကျော်ဟာ အလုပ်ရဖို့ခက်နေကြတဲ့အပြင် ဝင်ငွေထွက်ငွေ မမျှတတာကိုလည်း ကြုံနေရပါတယ်။ သုံးဆမကတက်လာတဲ့ ကုန်စျေးနှုန်းဒဏ်ကို ခံနေရသူက ၈၃ ရာခိုင်နှုန်း ရှိပါတယ်။ ပြည်တွင်းမှာပဲ ရတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ စဉ်းစားနေသူတွေက ၇၀ ရာခိုင်နှုန်းနီးပါးပါ။ အခုအခြေအနေတွေနဲ့ပတ်သက်လို့ ဆက်လက်လေ့လာစရာတွေ ရှိနေသေးပေမဲ့ ဒီကိန်းဂဏန်းနဲ့ အဖြေတွေဟာ လက်ရှိဖြစ်ပျက်နေတာတွေနဲ့ နီးစပ်မှုရှိပါတယ်။
လူထုတွေ၊ အမျိုးသမီးတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ပိုမတွက်မိဖို့လိုသလို တသမတ်တည်း တွက်ထားလို့လည်း မရစကောင်းပါ။ အချိန်နဲ့အမျှ တစတစ တိုက်စားခံနေရပါတယ်။ ပိုင်ဆိုင်မှုတွေကို ထုခွဲရောင်းချစားသောက်ရင်း အိတ်ကပ်တွေ တဖြည်းဖြည်း ပါးလာနေပါတယ်။ နစ်နာခံစားနေရတဲ့ လူထုတွေအတွက် စနစ်တကျထောက်ပံ့ပေးနိုင်တဲ့ ယန္တရားစနစ် (အင်စတီကျူးရှင်း) တွေကလည်း သေသေချာချာ ရှိမနေပါဘူး။ လူထုကပဲ လူထုကို အပြန် အလှန် အကူအညီပေးမယ့် အထောက်အပံ့တွေကလည်း ကောက်ရိုးမျှင်ပဲ ဖြစ်နေပါတယ်။ ဒီအခြေအနေမှာ ဒီမိုကရေစီစနစ် တနည်း ရွေးကောက်ပွဲအရ ခေါင်းဆောင်သူတွေပဲ ဖြစ်ဖြစ်၊ အာဏာသိမ်းပြီး ဖြစ်ဖြစ်၊ အာဏာထိန်းတယ် ဖြစ်ဖြစ်၊ လက်ရှိ အာဏာချုပ်ကိုင်ရယူထားသူတွေ၊ နိုင်ငံတော်အကျိုးကိုရည်သန်တဲ့ တော်လှန်ရေးလှုပ်ရှားသူတွေဟာ လူထုကောင်းကျိုးကို ဖော်ဆောင်နိုင်ရပါမယ်။ လူထုတွေရဲ့ သာယာဝပြောမှုကို ကြည့်ရပါမယ်။ လူထုတွေ ဒုက္ခမဖြစ်စေဘဲ ကောင်းကျိုးချမ်းသာ ခံစားစေရပါမယ်။ မူဝါဒဆုံးဖြတ်ချက်ချမှတ်ရာ နေရာတိုင်းမှာရှိနေသူ ခေါင်းဆောင်တိုင်းက အလေးထားရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒဏ်ရာ ဒဏ်ချက် အများအပြားနဲ့ ပြိုလုတည်းတည်း လူ့အဖွဲ့အစည်းမှာ အရေးတကြီး လိုအပ်နေတဲ့ လူမှုအသိုက်အဝန်းရဲ့ စိတ်ဓာတ်ပိုင်းပံ့ပိုးပေးမှု (Psycho-social supports) ကို ဘယ်လို ဖြည့်ဆည်းနိုင်ကြမလဲ စဉ်းစားဖို့လိုအပ်နေပါပြီ။
ISP-Myanmar ရဲ့ သုတေသနကွန်ရက်က လေ့လာနေတဲ့ လူမှုစီးပွားလေ့လာတွေ့ရှိချက်တွေ အပြင် ပြည်တွင်းနေ အမျိုးသမီးထုဆီက သိလာရတဲ့ လက်ငင်းအခြေအနေတွေကို အခု တပတ် ‘ISP နှင့်အတူ မိနစ် ၃၀’အစီအစဉ်မှာ ဆွေးနွေးကြပါမယ်။
ISP-Myanmar ရဲ့ မိနစ် ၃၀ တင်ပြမှုကို ကြည့်ရှုဖို့ ဖိတ်ခေါ်ပါရစေ။
➤ ကပြင်ရပ်ဝန်းအဖွဲ့ဝင် ဖြစ်ရန်
အမျိုးသမီးများအပေါ် သက်ရောက်နေသော မမျှတသည့် ဝန်ထုပ်ဝန်ပိုးများ (အပိုင်း-၂)
__________________________
မြန်မာ့လူမှုစီးပွားအခြေအနေတွေကို ဆန်းစစ်နိုင်ဖို့ နိုင်ငံ့သုံးပုံတပုံဖြစ်တဲ့ မြို့နယ် ၁၁၀ မှာ ISP- Myanmar ရဲ့ သုတေသနကွန်ရက်က လေ့လာနေပါတယ်။ ဒီလေ့လာမှုတွေရဲ့ တစိတ်တပိုင်းဖြစ်တဲ့ စစ် တမ်းတရပ်ကိုလည်း နိုဝင်ဘာလတုန်းက ဖြန့်ချိခဲ့ပြီးပါပြီ။ ၂၀၂၄ ခုနှစ် မတ်လကနေ ဩဂုတ်လ အတွင်း ရရှိတဲ့အချက်အလက်တွေကို အခြေခံထားတဲ့ အဲဒီစစ်တမ်းတွေ့ရှိချက်တွေကို အပိုင်းလိုက်ခွဲပြီး ဖော်ပြနေတာမှာ ဒီတပတ် အပိုင်း-၂ မှာတော့ ကျန်းမာရေးကဏ္ဍကို တင်ပြပါမယ်။
▂
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။
➤ ဝက်ဘ်ဆိုက်တွင်လည်း ဖတ်ရှုနိုင်ပါသည်။
[link] https://ispmyanmar.com/community/
➤ အပြည့်အစုံ Download ယူရန်
https://ispmyanmar.com/community/isp-publications/
အခုဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ကပြင်ရပ်ဝန်း စာမျက်နှာမှာ ပြန်ဖတ်နိုင်ပါတယ်။
➤ ကပြင်ရပ်ဝန်းအဖွဲ့ဝင် ဖြစ်ရန်
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 2 weeks, 3 days ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 months, 3 weeks ago