ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
🔴 ကမာရွတ်မြို့နယ်
ယနေ့ည ၁၀နာရီခန့်တွင် ကမာရွတ်မြို့နယ်၊ ရွှေမာလာရိပ်မွန် ဝန်းအနီး၌ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲသားများမှ ဧည့်စစ်ဝင်ရောက်လျှက်ရှိကြောင်း သိရှိရသည်။ – Kamayut Information Scout Channel - KISC
22 Aug 2024
#rangoonscoutnetwork
⚫️ ကမာရွတ်မြို့နယ်
ယနေ့ည ၈:၃၀ ဝန်းကျင်ခန့်တွင် လှည်းတန်းစင်တာရှေ့၌ အကြမ်းဖက် စစ်သားများမှ လမ်းသွားလမ်းလာ လူငယ် တစ်ဦးအား ကားပေါ် ဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။
11 Aug 2024
#rangoonscoutnetwork
🔴 ကမာရွတ်မြို့နယ်
ယနေ့ည ၉:၄၁ ခန့်တွင် ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်၊ ရတနာလမ်းအတွင်း၌ အကြမ်းဖက် တပ်သားများ စစ်ကားတစ်စီးဖြင့် ရောက်ရှိနေပြီး လမ်းအတွင်း အစစ်အဆေးဝင်နေကြောင်း သတင်းရရှိသည်။
05 Aug 2024
#rangoonscoutnetwork
? ကမာရွတ်မြို့နယ်
ယနေ့ည ၉:၂၀ ခန့်တွင် ကမာရွတ်မြို့နယ်၊ ၁ ရပ်ကွက် အောင်မြေသာစည်လမ်း၊ မိုးမေတ္တာဆေးရုံဝင်ပေါက် ညာဘက်ခြမ်းရှိ တိုက်တန်းလျားပေါ်သို့ စစ် DC ၂စီးဖြင့် အကြမ်းဖက် တပ်သားများမှ စာရွက်များကိုင်၍ တက်သွားကြောင်း သတင်းရရှိသည်။
24 Jun 2024
#rangoonscoutnetwork
? ကမာရွတ်မြို့နယ်
ယနေ့ည ၉:၃၀ ခန့်တွင် ကမာရွတ်မြို့နယ်၊ ၁ရပ်ကွက်၊ ဇေယျာသီရိလမ်းထိပ် မျက်စောင်းထိုးတိုက်၌ အကြမ်းဖက် စစ်သား၊ ရဲ နှင့် လဝကဝန်ထမ်းများ ရှောင်တခင် ဧည့်စစ်ဝင်ခဲ့ကြောင်း သိရှိရသည်။ – Kamayut Information Scout Channel
23 Jun 2024
#rangoonscoutnetwork
စခDc ၁စီး၊ လှည်းတန်းလမ်း၊ တာလီရွေဆိုင်ရှေ့ရပ်ကာ စခ၊ ရခများ လမ်းသွားလမ်းလာအချို့ကို ဖုန်းစစ်နေ - 9pm
ရခ မီးတန်း ၁စီး (203/ 9K-7322)၊ စခ SC ၁စီး (စခ ၆-၇၊ ထွေအုပ်တို့ပါ) ဗဟိုလမ်းနှင့် အောင်ချမ်းသာ ၄လမ်းထောင့် TT Diamond အနီး ကားရပ်ထား၊ အနားရှိ တိုက်ပေါ် ဧည့်စာရင်းတက်စစ်နေ - 9:25pm
သတင်းပေးပို့ရန် - @KamayutShadow
စစ်ကောင်စီပြုလုပ်သည့် ကမာရွတ်မြို့နယ် သင်္ကြန်မဏ္ဍပ်တွင် ရေကစားမည့်သူမရှိပဲ ခြောက်ကပ်နေ
??????? ???????????
{ ဧပြီလ ၁၆ ရက်၊ ၂၀၂၃ }
၂၀၂၄ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပရန် စစ်ကောင်စီမှ ရန်ကုန်တိုင်းအတွင်း ပြည်သူ့ရင်ပြင်အပါအဝင် မြို့နယ်အသီးသီးတွင် ကိုယ်စီမဏ္ဍပ်ဆောင်ရွက်ရမည်ဟု ညွှန်ကြားထားပြီး ယင်းနောက်ဆက်တွဲ ကမာရွတ်မြို့နယ်သင်္ကြန်မဏ္ဍပ်တည်ဆောက်ထားသော်လည်း သင်္ကြန်ကာလတွင်း ရေကစာရမည့်သူမရှိပဲ ခြောက်ကပ်နေကြောင်း စုံစမ်းသိရှိရသည်။
၈ရပ်ကွက်၊ ကျွန်းတောလမ်း၊ Music Worldမျက်စောင်းထိုးတွင် မဏ္ဍပ်ထိုးထားပြီး အနီးတွင် မြို့နယ်လျှပ်စစ်ရုံးရှိ စစ်တပ်ဘန်ကာ ၁ခုရှိပြီး မဏ္ဍပ်အနောက်ရှိ ခြံဝန်းတွင် အမိုးများထိုးထားကာ သင်္ကြန်ကာလအတွင်း ကျွန်းတောလမ်းတကြောကို လမ်းပိတ်၍ အရပ်ဝတ်လုံခြုံရေးများ ချထားကြောင်း၊ အဆိုပါမဏ္ဍပ်ကို ပစ်မှတ်ထားတိုက်ခိုက်ခံရမည်စိုး၍ ကမာရွတ်မြို့နယ်သင်္ကြန်မဏ္ဍပ်ဟုပင် ပေါ်ပေါ်ထင်ထင် အမည်မတပ်ထားကြောင်း သိရသည်။ ထို့ပြင် သင်္ကြန်အကြိုနေ့ကတည်းက မဏ္ဍပ်တွင် လာရောက်လည်ပတ်၊ ရေကစားမည့်သူမရှိ၍ တစ်ယောက်တစ်သောင်းပေး၍
ရေကစားရန် စည်းရုံး ပြောဆိုမှုများလည်း ရှိသော် လည်း သင်္ကြန်အတက်နေ့အထိ ခြောက်ကပ်နေကြောင်းနှင့် အဆိုပါ မဏ္ဍပ်အနီး ကမာရွတ်မြို့နယ်ကြက်ခြေနီအသင်းအပါအဝင် ပရဟိတအသင်းကားများဖြင့် စောင့်ကြပ်ချထားပြီး စစ်ကောင်စီ၏ ဌာနဆိုင်ရာများနှင့် အရပ်ဝတ်အချို့မှလည်း လာရောက်မှုရှိကြောင်း စုံစမ်း သိရသည်။ ထို့ပြင် ဧပြီလ ၁၃ရက်နေ့တွင်လည်း အဆိုပါမဏ္ဍပ်အနီး ခိုက်ရန်ဖြစ်ပွါး၍ ဦးခေါင်းထိခိုက်သူနှင့် လက်ထိခိုက်သူတို့ကို ကမာရွတ်ကြက်ခြေနီမှ အရေးပေါ်ဌာန လွှဲပြောင်းခဲ့ရသေးသည်။
အကြမ်းဖက်စစ်ကောင်စီမှ မဟာသင်္ကြန်ပွဲတော်ကို စည်ကားစေရန် အတင်းအကျပ် ဖိအားပေး လုပ်ဆောင်နေသော်လည်း ကမာရွတ်မြို့နယ်တွင်းရှိ ပြည်သူများသည် မိသားစု၊ ချစ်ခင်ရသူများဖြင့်သာ အကျဉ်းရုံး မြန်မာနှစ်ကူးအချိန်ကာလကို ဆင်နွှဲနေကြသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago