??? ?????? (Review Channel)

Description
We recommend to visit

Community chat: https://t.me/hamster_kombat_chat_2

Website: https://hamster.network

Twitter: x.com/hamster_kombat

YouTube: https://www.youtube.com/@HamsterKombat_Official

Bot: https://t.me/hamster_kombat_bot

Last updated 10 months, 2 weeks ago

Your easy, fun crypto trading app for buying and trading any crypto on the market.
📱 App: @Blum
🤖 Trading Bot: @BlumCryptoTradingBot
🆘 Help: @BlumSupport
💬 Chat: @BlumCrypto_Chat

Last updated 1 year, 4 months ago

Turn your endless taps into a financial tool.
Join @tapswap_bot


Collaboration - @taping_Guru

Last updated 11 months ago

1 Jahr, 4 Monate her

Indian 2 (2024)

"အိန္ဒိယခေါင်းဖြူ"

အခုတစ်ခါမှာတော့ အိန္ဒိယရုပ်ရှင်လောကမှာ နာမည်အကျော်ကြားဆုံးရုပ်ရှင်တွေထဲက
တစ်ကား အပါအဝင်ဖြစ်တဲ့ classic ရုပ်ရှင် Indian (1996) ရဲ့ sequel ထွက်ရှိလာလို့
မနှေး/အမြန် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်

ရှေးခေတ်နာမည်ကြီးမင်းသား ကာမယ်လ်ဟာဆန် ပြန်လည်ပါဝင်လာပြီး
Jigarthanda(2014), Chithha(2023) တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့
ဆစ်ဒါးသ်လည်း အားဖြည့်ထားပါတယ် ဒီကားက စူပါဟီးရိုးအထာပြောရရင် ဘတ်မင်း Returns ပုံစံပါ

ဇာတ်လမ်းအကျဥ်းကတော့ ချစ်တရာနဲ့ သူ့ဘော်ဒါတစ်သိုက်က နယ်ပယ်မျိုးစုံက
အဂတိလိုက်စားမှုကို သရော်ဝေဖန်ရေး ဟာသဇာတ်လမ်းတိုတွေ Youtube မှာတင်ရင်း
ပရိသတ်အားပေးမှု တစ်ခဲနက်ရထားကြပါတယ်

ဒီလိုနဲ့ လာဘ်ပေးလာဘ်ယူမှုကြောင့် သားကောင်ဖြစ်ခဲ့ရတဲ့ ကောင်မလေးအတွက်
ဆန္ဒထုတ်ဖော်ရင်း သူတို့ အဖမ်းခံလိုက်ရပါသေးတယ် အာမခံနဲ့ ပြန်လွတ်လာတော့
သူတို့တွေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတယ်

အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ သူတို့ချည်းမလုံလောက်ဘဲ တစ်ချိန်က
"အင်ဒီးယန်း အမည်ရှိ အဘိုးကြီးကို ပြန်ခေါ်ဖို့ကြိုးစားကြရာမှာ

ဘယ်လိုတွေဆက်ဖြစ်ဦးမှာလဲ လူငယ်တစ်သိုက်နဲ့ အဘိုးကြီးပူးပေါင်းပြီး
တကယ်ပဲ အကျင့်ပျက်မှုတွေကို တိုက်ဖျက်နိုင်သွားမှာလား ဆိုတာကတော့ ...

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

#Credit

1 Jahr, 4 Monate her

It Could Happen To You (1994)

IMDb-6.4 ~ Rt-71%ဒီရုပ်ရှင်ကားကတော့ 1984 ခုနှစ်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့
442
ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကျောရိုးယူထားတဲ့ ကားလေးပဲဖြစ်ပါတယ်။မင်းသားကြီး Nicolas Cage နဲ့ မင်းသမီး Bridget Fonda တို့ပါဝင်သရုပ်ဆောင်ထားပြီး old but gold
ရုပ်ရှင်ကားကောင်းလေးတစ်ကားလို့ပြောရမှာပါ။ ဇာတ်လမ်းအကျဉ်း‌ကတော့ ရဲအရာရှိ ချာလီ လန်း (Nicolas Cage) ဟာမျူရီရယ် လန်း (Rosie Perez) ကိုလက်ထပ်ပြီးအိမ်ထောင်ဦးစီးကောင်းတစ်ယောက်အနေနဲ့ရောတာပွန်ကျေပွန်တဲ့ ‌ရဲအရာရှိတစ်ယောက်အနေနဲ့ပါနယူးယော့ခ်မြို့ ကွင်းစ်မှာနေထိုင်နေပါတယ်။ မိန်းမဖြစ်သူ မျူရီရယ် ကတော့ သာမာန်ဘဝကိုတင်မကျေနပ်နိုင်ပဲ ပိုကောင်းတဲ့နေရာမှာနေချင်သူတစ်ယောက်ပါ။ဒါကြောင့်လည်း ချာလီဘာပဲလုပ်လုပ်အမြဲမကျေနပ်နိုင်ဘဲ လင်မယားနှစ်ယောက်ကြားအမြဲတကျက်ကျက်ဖြစ်နေရပါတယ်။ အီဗွန်း ဘီရာဆီ (Bridget Fonda) ကတော့သာမာန်စာပွဲထိုးမလေးဖြစ်ပြီး ‌ယောင်္ကျားဖြစ်သူအက်ဒီက သူ့ဘဏ်ကတ်ထဲက ပိုက်ဆံတွေကိုအကုန်ထုတ်သုံးလိုက်လို့ အကြွေးများစွာတင်ပြီးဒေဝါလီခံထားရသူပါ။ တစ်နေ့မှာ အိပ်မက်တစ်ခုကြောင့် မျူရီရယ်က ချာလီကိုထီလက်မှတ်ဝယ်ခိုင်းခဲ့ပြီးအပြန်မှာ ချာလီတစ်ယောက်အီဗွန်းအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်မှာကော်ဖီဝင်သောက်ခဲ့ပါတယ်။အီဗွန်းရဲ့ အခြေအနေကိုရိပ်စားမိသွားတာကြောင့်တာဝန်သိရဲတစ်ယောက်အနေနဲ့ ဘောက်ဆူးပေးဖို့လုပ်ရင်းကနေပိုက်ဆံအပိုမပါတော့လို့ ထီပေါက်ခဲ့ရင် ပေါက်တဲ့ငွေကိုတစ်ဝက်ခွဲပေးမယ်ဆိုတဲ့ ကတိပေးပြီး ပြန်လာခဲ့လိုက်ပါတော့တယ်။နောက်ရက်မှာတော့ ချာလီဝယ်လာခဲ့တဲ့ ထီစာရွက်ကနေဒေါ်လာ (၄)သန်းတန် ထီဆုကြီးပေါက်သွားခဲ့ပြီးသူပေးခဲ့တဲ့ ကတိကိုတည်ဖို့ လုပ်တဲ့အခါမှာချာလီ၊ မျူရီရယ်နဲ့ အီဗွန်းတို့ရဲ့ ဘဝတွေဘယ်လိုပြောင်းလဲသွားကြမလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

#Credit

1 Jahr, 4 Monate her

Onoda: 10000 Nights in the Jungle (2021)

IMDb - 7.2/10
Genre - Adventure, Drama

၂၀၁၄ဇန်နဝါရီမှာ The Gurdianသတင်းစာမှာ ” ဆယ်စုနှစ်သုံးခုကြာအညံ့မခံခဲ့သော ဂျပန်စစ်သား ဟိရိုး အိုနိုဒ သေဆုံးခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ပါခဲ့ပါတယ်။ဒီရုပ်ရှင်ဟာ အိုနိုဒအကြောင်းကို ပြင်သစ်ဒါရိုက်တာ Arthur Harariက ရိုက်ထားတဲ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပါ။အနောက်ဥရောပမှာ အစပြုခဲ့တဲ့ ဒုတိယကမ္ဘာစစ်ဟာ ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၇ မှာ ဂျပန်က ပုလဲဆိပ်ကမ်းကို စစ်မကြေညာဘဲ ဗုံးကြဲရာကစလို့အရှေ့တိုင်းကိုကူးစက်ခဲ့ပါတယ်။ ပစိဖိတ်သမုဒ္ဒရာတစ်ခုလုံးလည်း ဂျပန်နဲ့ အင်္ဂလိပ်တို့ရဲ့ စစ်တလင်းဖြစ်ခဲ့ပါတယ်။ စစ်ရေးအတွက်ကြိုပြင်ထားခဲ့တဲ့ ဂျပန်တွေဟာ အသာစီးရပြီး ပစိဖိတ်သမုဒ္ဒရာထဲကကျွန်းတွေကို သိမ်းနိုင်ခဲ့ပါတယ်။ ၁၉၄၂နှစ်ဝက်လောက်မှာ ဖိလစ်ပိုင်ကျွန်းစုတွေကို ဂျပန်က သိမ်းထားနိုင်ခဲ့ပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးခါနီး ဂျပန်အရေးစနိမ့်လာတဲ့ ၁၉၄၅နှစ်ဦးလောက်မှာ လက်ဖတင်နင်အိုနိုဒဟာ
ဖိလစ်ပိုင်က ကျွန်းတွေကို အမေရိကန်လက်ထဲမကျအောင် ကာကွယ်ဖို့ ရောက်လာခဲ့တယ်။ မလာခင်မှာ သူစစ်ရေးလျှို့ဝှက်သင်တန်းတစ်ခုတက်ခဲ့ပြီး
အဲဒီသင်တန်းက အိုနိုဒတို့ကို အတတ်နိုင်ဆုံးရှင်ကျန်နေနိုင်အောင်နေပြီး ဆက်တိုက်နေဖို့ကို အဓိကထားသင်ပေးခဲ့တယ်။ ဖိလစ်ပိုင်ကို ရောက်ရောက်ချင်းကတည်းက အကြီးအကျယ်အရေးနိမ့်ပေမဲ့ အိုနိုဒတို့ဟာ ဖိလစ်ပိုင်တောထဲမှာနေရင်း ပင်မတပ် အင်အားပြန်စုစည်းနိုင်ပြီး လာတိုက်မယ့်အချိန်ကို စောင့်နေခဲ့ကြတယ်။ “အိုနိုဒ”တို့လို့ ဆိုပေမဲ့တကယ်တမ်း လေးယောက်ပဲကျန်တာပါ။
မသေစာ စားရင်း အားမလျှော့ဘဲ စောင့်နေကြသူတွေပါပဲ။သို့ပေမဲ့ အဲဒီနှစ်ဩဂုတ်လအစမှာ နာဂစခိနဲ့ ဟိရိုရှိမတို့ အနုမြူဗုံးကြဲခံရပြီးနောက် တိုကျိုကနေ ဖိလစ်ပိုင်က ဂျပန်တပ်တွေကို အညံ့ခံလိုက်ဖို့ အမိန့်ပေးပြီးခဲ့ပါပြီ။ ဒါကို အိုနိုဒါတို့က မသိခဲ့ပါဘူး။ တောထဲမှာပဲ ဆက်ကြံ့ကြံ့ခံနေနေခဲ့ကြတယ်။ ဒီရုပ်ရှင်ဟာ ၁၉၄၅မှာ ဂျပန်စစ်ရှုံးခဲ့ပေမဲ့ စစ်ရှုံးတာကိုမသိဘဲ စစ်ဖြစ်နေသေးတယ်ထင်ပြီး ဖိလစ်ပိုင်ကတောထဲမှာ ၁၉၇၄အထိ ၂၉နှစ်လုံး ဂျပန်ပြန်အသာစီးရမယ့်အချိန်ကိုစောင့်ရင်း ကုန်လွန်ခဲ့တဲ့ လက်ဖတင်နင်အိုနိုဒ ဖိလစ်ပိုင်ကို စစသွားကတည်းကနေနောက်၂၉နှစ်အကြာ ဂျပန်ကို သူပြနလာတဲ့အထိ သူဖြတ်သန်းခဲ့ရတဲ့ဘ၀အကြောင်းရိုက်ပြထားပါ။အိုနိုဒဟာ သူ့အမိမြေကို ချစ်တဲ့စိတ်နဲ့ မျှော်လင့်ရင်း
ရက်ပေါင်းတစ်သောင်းလုံး ဖိလစ်ပိုင်တောထဲမှာနေရင်း အသက်ဆက်ခဲ့ပါတယ်။၁၉၇၄မှာမှ အညံ့ခံခဲ့ပြီး ၂၀၁၄ဇန်န၀ါရီမှာသေဆုံးခဲ့ပါတယ်။ လက်ဖတင်နင် ဟိရိုးအိုနိုဒ အညံ့ခံလိုက်တဲ့အချိန်မှာမှပဲ ဂျပန်စစ်ရှုံးပြီး စစ်ကြီးပြီးသွားခဲ့သလို ခံစားခဲ့ရတယ်လို့ တစ်ချို့ကဆိုကြပါတယ်။ Onoda: 10,000 Nights in the Jungle ကို ကိန်းရုပ်ရှင်ပွဲတော်မှာ စပြခဲ့ပြီး
ယူကေက ရုပ်ရှင်ရုံတွေမှာတော့ ဒီနှစ်ဧပြီလမှရုံတင်မှာပါ။ ခရမ်းချဉ်သီး တစ်ရာအပြည့်ရထားပြီး တငွေ့ငွေ့နဲ့တဖြည်းဖြည်းချင်း အရသာရှိစေမယ့် ရုပ်ရှင်မျိုုးလို့ ဝေဖန်ရေးသမားအချို့ကဆိုပါတယ်။

#Credit

1 Jahr, 6 Monate her

The People vs. Larry Flynt (1996)

တစ်လောကလုံးနဲ့တစ်ယောက်ဖြစ်နေရင် ခွင့်လွှတ်လိုက်ကြပါ။ “လိင်ကိစ္စမှာတောင် တားမြစ်ချက်တွေရှိနေရင် ကျုပ်တို့မှာ ပြဿနာတွေများနေတာ အံ့သြစရာမရှိဘူး။ ကျုပ်တို့လူမျိုးတွေ စိတ်ဆတ် ၊ အကြမ်း-ဖ(က်)တတ်ပြီး လူမျိုး-(တုံး) သ-(တ်)ဖြတ်တတ်ကြတာ အံ့သြစရာမရှိဘူး” ဒီစကားတွေကိုဆိုခဲ့တဲ့ လယ်ရီဖလန့်ဟာ ငယ်ငယ်ကတည်းက အရက်ပုန်းရောင်းပြီး အသည်းအသန် ငွေရှာချင်ခဲ့တဲ့ကလေးတစ်ယောက်ပါ။ အရွယ်ရောက်လာချိန်မှာတော့ ဖော်ချွတ်မယ်တွေနဲ့ ကလပ်တစ်ခုဖွင့်ထားတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပေမဲ့လည်း မအောင်မြင်ဘဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ကြံရည်ဖန်ရည်ကောင်းတဲ့ လယ်ရီဟာ သူ့ကလပ်ရဲ့လုပ်ငန်းတွေအဆင်ပြေစေဖို့ ၊ လူများများရောက်လာဖို့အတွက် ဖော်ချွတ်မယ်တွေရဲ့ကိုယ်လုံးတီးပုံတွေနဲ့ စာစောင်တွေထုတ်ပြီး ကြော်ငြာခဲ့ပါတယ်။ တစ်ရက်မှာတော့ လူတစ်ယောက်ဟာ လယ်ရီနဲ့တော်တဆတွေ့ခဲ့ပြီး ဒီမဂ္ဂဇင်းကို ဘယ်လိုထပ်ဝယ်လို့ရမလဲလို့ မေးခဲ့ရာကနေ လယ်ရီဟာ အပြာမဂ္ဂဇင်းထုတ်ဖို့ အကြံဉာဏ်ရသွားခဲ့ပါတယ်။ စစချင်းမှာ မဂ္ဂဇင်းဟာ ဝက်ဝက်ကွဲ ရှုံးခဲ့တယ်။ နောက်တော့ အောင်မြင်တယ်။ အဲဒီနှစ်ကာလများရဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ လူကြီးလူကောင်းများရဲ့ ကန့်ကွက်ထုတ်ဖော်မှု၊ ဝေဖန်တိုက်ခိုက်မှု ၊ တရားစွဲဆိုမှုတွေကြောင့်နဲ့ လယ်ရီဟာ တရားရုံးလည်း ရောက်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ လယ်ရီ ဖလန့်ရဲ့ ဘဝထဲက ဆယ်စုနှစ် ၃ ခုအတွင်းကြုံတွေ့ခဲ့ရတဲ့ ဆူကြုံအနိမ့်အမြင့်တွေ ၊ မဖိတ်ခေါ်ဘဲရောက်လာခဲ့တဲ့ အရှုပ်အထွေးတွေ ၊ ကိုယ်တိုင်သွားရှာလာခဲ့တဲ့ပြဿနာတွေ အားလုံးကို ခံစားချက်ရသမျိုးစုံနဲ့ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ လယ်ရီဟာ သူမှန်တယ်ထင်တာကို တဇွတ်ထိုးလုပ်ရင်းနဲ့ လူတွေရဲ့ လိင်စိတ်ကူးယဥ်မှုဆိုင်ရာလွတ်လပ်ခွင့်အတွက် တိုက်ခိုက်ပေးနေခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီခေတ်အခါက လယ်ရီဖလန့်ဟာ ဘုန်းတော်ကြီး ဂျယ်ရီဖာဝဲလ်ကို သရော်စာရေးခဲ့ပြီး ဗဟိုတရားရုံးအထိ တရားရင်ဆိုင်ခဲ့တဲ့ အဖြစ်အပျက်ကြောင့်သာ ယခုလက်ရှိကာလရဲ့ အပြာဝက်ဆိုဒ်တွေမှာ အပြာမင်းသားတွေ ဆန်တာကလော့ဒ်ဝတ်စုံကြီးနဲ့ တူနယ်တန့်နယ်နေတာမျိုးကို လွတ်လပ်စွာ ကြည့်ရှုခွင့်ရနိုင်နေတာပါ။ ဒီနိုင်ငံမှာသာ အထင်ကရနတ်မင်းတစ်ပါးရဲ့ ဝတ်စုံဝတ်ပြီး အပြာကားရိုက်မိရင် ရိုက်တဲ့ကောင်ဟာလည်း မစ္စတာ လယ်ရီဖလန့်လိုပဲ ၇ ညအိပ် ၈ ရက် ချားကီးမိပြီး ဂျေးအောင်းမှာပါ။ ဒီတော့ ညစ်ညမ်းဓာတ်ပုံ၊ ဗွီဒီယိုများ လွတ်လပ်စွာကြည့်ရှုခွင့် ရရှိရေး စွမ်းစွမ်းတမံ စွမ်းဆောင်ပေးခဲ့တဲ့ မစ္စတာ လယ်ရီ ဖလန့်ရဲ့ ဘဝအကြောင်းကို စေ့စေ့ငုံငုံ ရိုက်ပြထားတဲ့ ဇာတ်ကားလေးကို ကြည့်ရှုပေးကြပါဦး

#Credit

1 Jahr, 6 Monate her

Querelle (1982)

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို rating 6.6/10

အထိရရှိထားတဲ့( Querelle )ဆိုတဲ့ ဇာတ်ကားလေး တစ်ကားနဲ့

မိတ်ဆက်ပေးချင်ပါတယ်..

ဒီဇာတ်ကားကို ဒါရိုက်တာ Rainer Werner Fassbinder က

ရိုက်ကူးပုံဖော်ထားပြီး မင်းသား Brad Davis , Franco

Nero နဲ့မင်းသမီး Jeanne Moreau တို့က ပါဝင် သရုပ်ဆောင်

ထားပါတယ် ဒီဇာတ်ကားက နိုင်ငံတကာအကောင်းဆုံး

ရုပ်ရှင်ဆု(Jupiter Award) , အကောင်းဆုံး ဇာတ်ဝင်တေးဆု

(Razzie Award ) စတဲ့ဆုတွေကိုလည်း သိမ်းပိုက်ရရှိ

ထားပါတယ်....

ဇာတ်လမ်းအကျဉ်းကတော့ LGBT တစ်ယောက်ဖြစ်တဲ့

ရေတပ်အရာရှိ လက်ဖ်တင်နင် ဆဲလ်ဘွန်က ဘရက်စ်မြို့ကို

ဆိပ်ကမ်းကပ်ပါတယ် အဲ့ဒီအချိန်မှာ ရေတပ်သားလေးတစ်ယောက်ဖြစ်တဲ့

ကော်ရယ်တစ်ယောက် ဘရက်စ်မြို့ရဲ နာမည်ကြီးဖယ်ရီယာ

ပြည့်တန်ဆာစံအိမ်ရဲ့ သူဌေးမဖြစ်တဲ့ လီဆန်ဆိုတဲ့ အမျိုးသမီးနဲ့

အိမ်ထောင်ကျနေတဲ့ အစ်ကိုဖြစ်သူ ရော့ဘတ်ကို တွေ့လိုက်ပါတယ်

ဒါပေမဲ့ထူးဆန်းတာက လီဆန်ဆိုတဲ့အမျိုးသမီးရဲ့ယောကျ်ားဖြစ်သူ

နိုနိုး ဆိုတဲ့ အားကောင်းမောင်းသန်ဗလကြီးကလည်း အဲ့ဒီစံအိမ်ကြီးမှာပဲ

နေပါတယ် နောက်ပြီးသူက ယောကျ်ားချင်း လိင်ဆက်ဆံရတာကို

အထူးကြိုက်နှစ်သက်သူ တစ်ဦး ဖြစ်ပါတယ် အဲ့ဒါအပြင် အဲ့ဒီဖယ်ရီယာ

စံအိမ်မှာ နာမည်ကြီး အလောင်းအစား တစ်ခုရှိပါတယ် အဲ့ဒါကတော့

လီဆန်ရဲ့အရင်ယောကျာ်းဖြစ်သူ နိုနိုးနဲ့ အန်စာတုံးဂိမ်း ကစားရမှာ

ဖြစ်ပါတယ် အနိုင်ရရှိတဲ့သူကတော့ အဲ့ဒီစံအိမ်မှာရှိတဲ့ မိန်းကလေးတွေ

ထဲကကြိုက်တဲ့သူကို ခေါင်းခေါက်ရွေးပိုင်ခွင့်ရှိပြီး အကယ်၍ရှုံးနိမ့်

သွားမယ်ဆိုရင်တော့ သူတစ်တီတူးတာကို ခံရမှာဖြစ်ပါတယ်

ရော့ဘတ်ရဲ့ညီဖြစ်သူ ကော်ရယ်ကလည်း ဒီကစားနည်းကို ကစား

လိုက်ပါတယ် သူကရော အနိုင်ရရှိအောင် ကစားနိုင်ပါ့မလား

ဘာကြောင့်ဒီကစားနည်းကို ကစားဖို့ရွေးချယ်လိုက်တာလဲ

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကော်ရယ်တို့သင်္ဘောပေါ်က သင်္ဘောသား

တစ်ယောက်နဲ့ သီရိုဆီလင်း ဆိုတဲ့သူရယ် အဲ့ဒီနှစ်ယောက်က

အသတ်ခံလိုက်ရပါတယ် ရဲတွေကလည်း သေဆုံးသူရဲ့ဘေးမှာ

တွေ့ရတဲ့မီးခြစ် တစ်လုံးကလွဲရင် အခြားဘာမှစုံစမ်းလို့မရဖြစ်နေပါတယ်

လူသတ်တရားခံကရောဘယ်သူဖြစ်မလဲ...

အဲ့ဒီ မီးခြစ် ရဲ့ပိုင်ရှင်ကရော ဘယ်သူဖြစ်မလဲ နောက်ဆုံးမှာ

တကယ့်တရားခံအစစ်ကိုဖမ်းမိသွားပါ့မလားဆိုတာကို

ပရိတ်သတ်ကြီးကိုယ်တိုင် ကြည့်ရှုခံစားလိုက်ပါဦး

ဒီဇာတ်ကားက Drama အမျိုးအစားဖြစ်ပြီး ၁၈ +ဆန်ဆန်ဇာတ်ဝင်ခန်း

တွေနဲ့ စကားအသုံးအနှုန်းတွေကြောင့် အသက်အရွယ်မပြည့်သေးတဲ့

ကလေးသူငယ်တွေ အနေနဲ့ ကြည့်ရှုဖို့မသင့်တော်ဘူးဆိုတာကိုတော့

ကြိုတင်အသိပေးလိုက်ပါရစေ....

#Credit

1 Jahr, 7 Monate her

Mai (2024)

IMDB: 6.9/10

၂၀၂၄ မတ်လ ၂၂ ရက်ကထွက်ရှိထားတဲ့ Mai ဆိုတဲ့ ဗီယက်နမ်ရုပ်ရှင်ဟာ Romance ၊ Drama အမျိုးအစားဖြစ်ပြီးဗီယက်နမ်ရုပ်ရှင်ထုတ်လုပ်ရေး၊ ရုပ်ရှင်ရိုက်ကူးရေးနဲ့တည်းဖြတ်ရေးအပိုင်းတွေမှာ အရည်အသွေးထိပ်တန်းအဆင့်
ရှိတဲ့ရုပ်ရှင်ဖြစ်ပါတယ်။Mai အဖြစ်သရုပ်ဆောင်တဲ့မင်းသမီးရဲ့ချောမောလှပမှုနဲ့တင်ကြည့်ရတာတန်တဲ့အပြင် ဇာတ်ကောင်အားလုံးကလည်းသရုပ်ဆောင်ပိုင်နိုင်စွာနဲ့ ဇာတ်လမ်းကိုသရုပ်ဖော်သွားတာမြင်တွေ့ရပါတယ်။ဘဝမှာအရွယ်နဲ့မလိုက်အောင် ဒုက္ခတွေအများကြီးကြုံတွေ့ခဲ့ရတဲ့ဗီယက်နမ်အမျိုးသမီးငယ်လေးရဲ့ဘဝကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

တိုက်ခန်းတစ်ခုကိုပြောင်းလာတဲ့မိုင်ဆိုတဲ့မိန်းကလေးကိုအိမ်နီးချင်းတွေက အသားလွတ်မကောင်းမြင်နေကြသလိုအလုပ်ထဲမှာလည်း မနာလိုမုန်းတီးခံရတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ အနှိပ်ခန်းတစ်ခုမှာအလုပ်လုပ်တဲ့မိုင်ဟာ သိပ်မကြာခင်မှာ အိမ်နီးချင်းဒွန်းဆိုတဲ့ကောင်လေးနဲ့ချစ်မိသွားပြီး မိုင်နဲ့ဒွန်းဟာ အသက် ၇ နှစ်ကွာဟတဲ့ချစ်သူတွေဖြစ်လာခဲ့ပါတယ်။ အရင်ကပွေရှုပ်ခဲ့တဲ့ဒွန်းဟာ မိုင်မှာရှုပ်ထွေးတဲ့အတိတ်ရှိခဲ့တာတောင် မိုင်နဲ့ပဲလက်ထပ်ချင်တဲ့အထိမိုင်ကိုစွဲလမ်းသွားခဲ့ပါတယ်။ တစ်ရက်မှာတော့ ဒွန်းက မိုင်ကိုမိခင်နဲ့ပေးတွေ့ဖို့ အိမ်ခေါ်သွားချိန်မှာတော့ ဒွန်းရဲ့မိခင်ဟာမိုင်နဲ့ညီအစ်မတွေလိုရင်းနှီးတဲ့ မိုင်ရဲ့ဖောက်သည်တစ်ယောက်ဖြစ်နေခဲ့ပါတယ်။ ချမ်းသာတဲ့မိသားစုမွာ အလိုလိုက်ခံရပြီးကြီးပြင်းလာတဲ့ဒွန်းဟာ မိသားစုကိုဆန့်ကျင်ပြီး မိုင်ကိုလက်တွဲသွားနိုင်မှာလားဆိုတာကတော့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။

#Credit

1 Jahr, 8 Monate her

Karwaan [2018]

IMDb - 7.6/10

သဘာဝမင်းသားကြီး Irrfan Khan ရဲ့ အမှန်အကန်ဟာသဒရာမာ ဇာတ်လမ်းကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

တစ်နေ့ အဗီနပ်စ်အလုပ်ကအပြန်မှာ ဖုန်းတစ်ခုဝင်လာခဲ့တယ်။ သူ့အဖေ ဘုရားဖူးသွားရင်း ယာဉ်မတော်တဆမှုကြောင့် ဆုံးသွားပြီတဲ့။ အလောင်းကို နီးစပ်ရာလေယာဉ်ကွင်းကာဂိုမှာ သွားထုတ်လိုက်ပါဆိုပြီး လှမ်းပြောခဲ့တယ်။

ရှောကတ်ဟာ ပျော်ပျော်နေတတ်ပြီး ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းနေသူတယောက်ပါ။

အဗီနက်(ရှ်)ရဲ့ သူငယ်ချင်း သူ့အဖေသတင်းကို ရှောကတ်ကိုပြောပြပြီး ဗန်ကားလာဌားတဲ့ အဗီနက်(ရှ်)ကို မင်းအဖေက ငါ့အဖေပါပဲဆိုပြီး ကိုယ်တိုင်အလောင်းသယ်ဖို့ နှစ်ယောက်သားသွားခဲ့ကြတယ်။

အဲဒီမှာပြဿနာတစ်ခုတက်တော့တာပဲ။ အလောင်းသွားထုတ်တဲ့အချိန်မှာ အဗီနက်(ရှ်)အဖေရဲ့ အလောင်းမဟုတ်ဘဲ အမျိုးသမီးအလောင်းကြီး တစ်ခုဖြစ်နေတယ်။

အဗီနက်(ရှ်)အဖေရဲ့အလောင်းကမှားပြီး ကိုချီကိုရောက်သွားပြီး ကိုချီကအဖွားကြီးတစ်ယောက် အလောင်းက သူ့ဆီရောက်လာတယ်။

မှားသွားတဲ့အလောင်းအတွက် အလောင်းလဲလှယ်ရေးလုပ်ဖို့ အဗီနက်(ရှ်)နှင့် ရှောကတ်တို့ ခရီးထွက်ခဲ့ကြတဲ့အခါမှာတော့ ဘယ်လို အခက်အခဲတွေ၊ အလွဲလွဲတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာကိုတော့...

#Credit

1 Jahr, 9 Monate her

The Monk And The Gun (2023)

ဒီရုပ်ရှင်အကြောင်းကိုမပြောချင် ကျွန်တော်တို့ သိထားရမှာလေးတွေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအကြောင်းလေးတွေကို သိမှ ဒီရုပ်ရှင်လေးကပေးချင်တဲ့ ရသကိုအပြည့်အဝခံစားနိုင်မှာ ဖြစ်လို့ပါ။ လက်ရှိကျွန်တော်တို့ နေနေကြတဲ့ ကမ္ဘာကြီးဟာ အင်မတန်ပူပြင်းလှတဲ့ သဲကန္တာရကြီးဆိုပါစို့. အဲလိုဆိုရင် ဒီကားထဲမှာပါတဲ့ ဘူတန်နိုင်ငံလေးဟာ အိုအေစစ်လိုမျိုးနိုင်ငံလေးပါပဲ။ ဘူတန်နိုင်ငံဆိုတာ ကုန်းတွင်းပိတ်နိုင်ငံသေးသေးလေးဖြစ်ပြီး တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကြားမှာတည်ရှိပါတယ်။ နိုင်ငံက အရမ်းသေးပြီး နေထိုင်တဲ့လူဦးရေက တစ်နိုင်ငံလုံးပေါင်းမှ တစ်သန်းလောက်တောင် မပြည့်ပါဘူး။ ဒီရုပ်ရှင်ဇာတ်ကြောင်းကို အခြေတည်ထားတဲ့ ၂၀၀၆ ခုနှစ်ဝန်းကျင်အချိန်လောက်မှာ အဲဒီ့နိုင်ငံလေးကို ဘုရင်စနစ်နဲ့ပဲ အုပ်ချုပ်နေခဲ့တာပါ။ ဆိုတော့ ဘုရင်ကြီးရဲ့ ဩဇာဟာ ပြည်သူတိုင်းအပေါ်မှာ သက်ရောက်ပြီး ပြည်သူတိုင်းကလည်း သူတို့ရဲ့ဘုရင်ကြီးကို ချစ်ခင်မြတ်နိုးကြပါတယ်။

နောက်ပြီး ဘူတန်နိုင်ငံဟာ ဗုဒ္ဓဘာသာအဓိက ကိုးကွယ်တဲ့နိုင်ငံဖြစ်ပြီး သူတို့ရဲ့ ဘုရင်ကြီးဟာလည်း မေတ္တာတရားနဲ့ပေါင်းစပ်ပြီး ပြည်သူတွေကို အုပ်ချုပ်တာကြောင့် သူတို့တိုင်းပြည်လေးဟာ လောဘဒေါသမောဟတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ အတော်လေးနည်းပါးပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကိုတိုင်းတာတဲ့ GDP ညွှန်းကိန်းဟာ ဘူတန်နိုင်ငံမှာ အလုပ်မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ GDP ကို ပြည်သူတွေရဲ့ ပျော်ရွှင်မှုနဲ့ တိုင်းတာတာပါတဲ့။

စာတွေအရ 1990 လောက်ကတည်းက သူတို့ဆီမှာ ပလပ်စတစ် မသုံးစွဲရသလို ၊ သစ်ပင်ဝါးပင်တွေကို ခုတ်ယူခြင်းကိုလည်း လုံးဝ တင်းကြပ်စွာ တားဆီးထားပါတယ်။ တောရိုင်းတိရစ္ဆာန်တွေအား ဖမ်းဆီးစားသောက်ခြင်းကိုလည်း လုံးဝတားမြစ်ထားပြီး အသားငါးစားဖို့အတွက် အိန္ဒိယနိုင်ငံဘက်ကနေပဲ တင်သွင်းခွင့် ပြုပါသတဲ့။ နောက် ဖိုဝါဒအားကောင်းဖို့ဆိုတာ ဘူတန်မှာ မဖြစ်နိုင်ပါဘူး။ အိမ်ထောင်မှုတခုရဲ့ အရေးကြီးတဲ့ ကဏ္ဍတွေကို အမျိုးသမီးတွေကပဲ ဦးစီးကြရသလို အမွေခွဲရင်တောင် အမျိုးသမီးများကပဲ ပိုရပါသတဲ့။

ဆိုတော့ အပေါ်က အကြောင်းအရာတွေကို ကျွန်တော်တို့ သိထားမှာသာ ဒီရုပ်ရှင်လေးက ပေးချင်တဲ့ အနှစ်သာရကို ကောင်းကောင်းကြီး ခံစားလို့ရမှာပါ။ ဆိုတော့ ဒီရုပ်ရှင်ကို Oscar ဆု စကာတင်စာရင်းဝင်ခဲ့တဲ့ "Lunana: A Yak in the Classroom" ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဘူတန်လူမျိုး ဒါရိုက်တာ Pawo Choyning Dorji ရဲ့ နောက်ထပ်ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်တဲ့ "The Monk and The Gun" နဲ့ မိတ်ဆက်ပေးပါရစေ.

ဒီရုပ်ရှင်လေးကိုတော့ ဘူတန်နိုင်ငံရဲ့ ဘုရင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့ကာလဖြစ်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ဝန်းကျင်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်. ရုပ်ရှင်လေးလို့ သုံးနှုန်းရတဲ့ အကြောင်းအရင်းကတော့ ဒီရုပ်ရှင်ကိုကြည့်ရင်းနဲ့ ဘူတန်နိုင်ငံရဲ့ သဘာဝအလှတွေအပြင် ဘူတန်လူမျိုးတွေရဲ့ ပွင့်လင်းရိုးသားဖြူစင်မှုတွေကို အထင်းသားတွေ့မြင်နိုင်လို့ပဲဖြစ်ပါတယ်. ဒါ့အပြင် အဲဒီ့ ၂၀၀၆ ခုနှစ်တာကာလမှစပြီး ဘူတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သက်တမ်းအနုဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ဖော်ဆောင်နေတဲ့ ကာလာဖြစ်ပါတယ်.

ဒီရုပ်ရှင်လေးမှာတော့ သူတို့ဘူတန်နိုင်ငံမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲကြီးအတွက် တစ်ခါမှမဲပေးခဲ့ဖူးခြင်းမရှိတဲ့ တောရွာက ပြည်သူတွေကို အစမ်းရွေးကောက်ပွဲလုပ်ပေးတာမျိုးလေးတွေ၊ အဲဒီ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ရွာသားတွေ၊ ဘုန်းကြီးတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကလူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်မလဲဆိုတာကို ဟာသလေးနှောပြီး စိတ်ဝင်စားဖို့ကောင်းအောင် ဒါရိုက်တာက ချပြထားပါတယ်.

အဲဒီအချိန်မှာပဲ နိုင်ငံထဲကဩဇာတိက္ကမရှိတဲ့ ဆရာတော်တပါးက သူ့လက်အောက်က ပဉ္ဇင်းငယ်တပါးကို သေနတ်တလက် ရှာဖွေခိုင်းပါတယ်။ တိုက်ဆိုင်စွာပဲ အမေရိကက ရှားပါးလက်နက်တွေ ရှာဖွေစုဆောင်းသူ အမေရိကန်သား တဦးကလည်း ဘူတန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာတာ ဖြစ်တယ်။ ယင်းနောက်မှာတော့ သူတို့တွေ ဘာလုပ်ကြလဲ ၊ ဘာကြောင့် ဒီသေနတ်ကို လိုချင်ကြရသလဲ ဆိုတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဇာတ်လမ်းနဲ့အတူ စီးမြောပြီး ပြုံးမိရင်း စိတ်ကြည်နူးချမ်းမြေ့စွာနဲ့ ကြည့်ရှု့ကြရမယ့် ရုပ်ရှင် ဖြစ်ပါတယ်။

#Credit

1 Jahr, 10 Monate her

Monos (2019)

“နာမည်ကျော် Gummy Bearလို့ခေါ်တဲ့ ၀က်ဝံရုပ်မုန့်ကလေး
တွေကို 1992မှာ စတီထွင်ခဲ့တယ်။ ဒီမုန့်ကလေးတွေဟာ
အေးဆေး ဝါးလို့ရအောင်နူးညံ့ရတယ် ဒါပေမယ့် သူ့ပုံစံဖြစ်တဲ့၀က်ဝံရုပ်ကလေးမပျက်အောင် မာကျောရမယ်။

အဲ့ဒီလိုမျိုးအရည်အသွေး မပါရှိတဲ့မုန့်တွေ ထုတ်လုပ်မှုမှာ
ပါမပါ စစ်ဆေးဖို့က‌၁၅နှစ်ဝန်းကျင်လောက်ရှိတဲ့
ကလေးတွေရဲ့ အလုပ်ပါပဲ။”

ဒါကရုပ်ရှင်ထဲက တီဗီမှာလာနေတဲ့ သတင်းပါပဲ။
ကလေးသာသာအရွယ်ကလေးတွေဟာ မုန့်မြည်းတဲ့
အလုပ်လောက်ပဲ လုပ်သင့်ပါတယ်။ ဒါပေမယ့်
ဒီသတင်းကိုကြည့်နေတဲ့ ၁၅နှစ်သားကောင်လေးရဲ့
အလုပ်ကတော့ စစ်တိုက်ရတာပါ။ ၂၀မကျော်တဲ့
ကလေးတစ်အုပ်ကို စစ်တိုက်ဖို့ လေ့ကျင့်ပေးထားပြီး
သူတို့အဖွဲ့ကို Monosတွေလို့ခေါ်ပါတယ်။သူတို့
ဘယ်ကလာလဲ ဘယ်လိုသူပုန်ဖြစ်လာလဲ မပြပေမယ့်
သူတို့ရှင်သန်ရတဲ့ဘ၀ကိုတော့ ‌ဆေးမှင်ရည်စုတ်ထိုးသလို
ထင်းနေအောင်ကို ပြသွားတယ်။

#Credit

1 Jahr, 11 Monate her

The Con-Heartist (2020)

အီနာ အဖြစ် - Baifern
တိုဝါ အဖြစ် - Nadech
ဖေဒ် အဖြစ်- Bank Thiti

ဇာတ်လမ်အကျဥ်း...

''အီနာ''ဆိုတဲ့ ကောင်မလေးက ရည်းစားဟောင်း ဖေဒ်ကနေ လိမ်တာကိုခံထားရတဲ့သူဖြစ်ပြီး
You Tube မှာ အကြွေးတင်နေတဲ့ ဘတ် 5 သိန်းပြသနာကို နေ့စဥ်ဘဝကိုရှစ်ချုံ့ပြီးနေထိုင်ရတဲ့ Review တင်ရင် အလှူငွေကောက်တဲ့ Youtuber တစ်ယောက်ဖြစ်တယ်

''တိုဝါ''ဆိုတဲ့ လူလိမ်မင်းသားက အီနာဘဏ်ငွေကို လိမ်ဖို့ကြိုးစားရင်းမိသွားရာမှ သူ့ အသံဖိုင်ကို Post မတင်ပေးဖို့တောင်းဆိုရင်း အပြန်အလှန် အပေးယူလုပ်ကြတယ် . အပေးအယူကတော့ သူ့ရည်းစားဟောင်း ''ဖေဒ်''
ရဲ့ခရီးသွားလုပ်ငန်းဆီကနေ ဘတ် ငွေ 1,000,000 အတိ လိမ်ပေးရင် ရှိနေတဲ့ အသံဖိုင် ရဲလက်မအပ်တော့ဘူး ပြောရင်း လိမ်လည်မှု Mission တွေက level တိုးသလို ''ခွန်နုံနွတ်''ဆိုတဲ့ တရုတ်စာသင်တဲ့ ဆရာမနဲ့ ''ခွန်ကျိုန် ' ဆိုတဲ့ လူတွေထပ်ဖြည့်ရင်း အုပ်စုဖွဲ့ လိမ်လည်မှာဖြစ်ပါတယ်....

အီနာစိတ်ထဲမှာ သူကနှစ်ခါအလိမ်ခံရမှာလား ? သူကရော ဒီလိုလူလိမ်အဖွဲ့နဲ့ သူ့ရည်းစားဟောင်း ကို ပြန်လိမ်ရတာ တန်သလားဆိုတဲ့ စိန်ခေါ်မှုများစွာနဲ့ ရင်တထိတ်ထိတ် ဖြတ်သန်းရတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်...

( ဇာတ်လမ်းအကျဉ်းကို Cathrine Mg မှ ရေးသားပေးထားပါတယ် )

Subtitle By - Cathrine Mg
Encoded By - Myint Thu (BBMT & MMLC )

Ash Channel (Ash )မှ ဘာသာပြန်တင်ဆက်သည်။

#AshChannel

We recommend to visit

Community chat: https://t.me/hamster_kombat_chat_2

Website: https://hamster.network

Twitter: x.com/hamster_kombat

YouTube: https://www.youtube.com/@HamsterKombat_Official

Bot: https://t.me/hamster_kombat_bot

Last updated 10 months, 2 weeks ago

Your easy, fun crypto trading app for buying and trading any crypto on the market.
📱 App: @Blum
🤖 Trading Bot: @BlumCryptoTradingBot
🆘 Help: @BlumSupport
💬 Chat: @BlumCrypto_Chat

Last updated 1 year, 4 months ago

Turn your endless taps into a financial tool.
Join @tapswap_bot


Collaboration - @taping_Guru

Last updated 11 months ago