ကဗျာအိမ်

Description
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc👉 @khanthtookyaw2001

Last updated 3 Wochen, 6 Tage her

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 Monat, 1 Woche her

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006

Last updated 2 Monate her

3 months, 4 weeks ago

မျှော်နေမယ် အထင်နဲ့ ပျံခဲ့တာ
စောင့်နေမယ် အထင်နဲ့ ဆိုင်းညှို့ခဲ့တာ

လိပ်စာတွေ ဘယ်လောက်မှားမှား
အလွမ်းဟာ ဘယ်တော့မှ မမှား

မရွာဘဲ ပြန်သွားတဲ့ မိုးမှာလည်း
ပင်လယ်အသည်းနဲ့ပါကွယ်

- ကိုး

4 months ago

မာလာဆောင်အိမ်မက်/၁၀

ဒီနေ့ မင်းရပ်၀န်းမှာ တိမ်ကင်းစင်ရဲ့လား ဧလွန် မပြုံးပဲရယ်ပြတဲ့အခါ မခေါ်ပဲရောက်လာတဲ့အခါ စိတ်ရဲ့ပြတင်းပေါက်တွေထဲ လေညှင်းရယ်သံ ခပ်သဲ့သဲ့ငါကြားခဲ့ပါပြီ ။

စက္ကူကြယ်လေးတွေကို စက္ကူပန်းရုံထဲ၀ှက်ထားတယ် ဧ၀မသိလိုက်တဲ့ အာဒံရဲ့ပေးဆပ်ချင်းတွေဟာ နံရိုးတစ်ချောင်းထက်တော့ပိုခဲ့ပါတယ် ဧလွန်ရေ ။

အပိုင်သိမ်းထားမိတဲ့ မနက်ဖြန်တွေထဲ အပိုင်ရရှိမဲ့ ချစ်ခြင်းမေတ္တာတွေအတွက် အတ္တတွေ မြူတမှုန်မျှ မဖိတ်စင်လေအောင် ခုတ်ထွင်ရှင်းလင်းခဲ့ပါ့မယ် ။

ပြီးဆုံးကြောင်း စာတန်းထိုးတဲ့အခါ ဒီဇာတ်သိမ်းဟာ ပျော်ရွှင်စရာပဲ ဖြစ်ပါစေ ဧလွန်ရေ ။

အတိတ်တွေထဲက စိတ်တံခါးကိုသော့ခတ် မင်းရှိရာအရပ်ကို ခုတ်မောင်းလာခဲ့ပြီ ဘယ်ဘူတာမှာဆိုက်ဆိုက် မင်းကိုယ်ငွေ့နဲ့ မြို့လေးမှာပဲ သောင်တင်ပါရစေ ။

ပျော်ခဲ့ကျဖူးတယ် ရယ်ခဲ့ကျဖူးတယ် ငိုခဲ့ကျဖူးတယ် ကြေကွဲခဲ့ကျဖူးတယ် ဒီလောက်ဆို ကိုယ်တို့ဆုံးတွေ့ရတာ အဓိပ္ပာယ်ရှိပြီ မဟုတ်လား ။

ဧလွန်ရေ ညအသစ်တွေထဲ ကြယ်အသစ်တွေ ကောင်းကင်မှာ ချိတ်ဆွဲထားတယ် ဗီးနစ်ရဲ့ အ၀ါရောင် အပိုင်းစတွေကိုတော့ ကိုယ့်မျက်နှာကြပ်ပေါ်  အပိုင်သိမ်းထားလိုက်တော့မယ် ။

မိုးဦးလေပြေ လွမ်းငွေ့သက်တော့ အချစ်ရင်ခွင်ကိုတရွာထင် တိမ်ခိုးတိမ်စိုင်တွေထဲ ပ်ို့သလိုက်တဲ့ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေ မင်းအိမ်အနီးနား ကွက်ကြားမိုးတွေ ရွာနေသေးလား ။

ဘယ်လမ်းကိုရွေးရွေး ဘယ်ကမ်းကိုပဲကပ်ကပ်
လှည့်လိုက်တဲ့ ခြေလှမ်းတွေ မင်းရှိရာ ဘုံကို ဦးတည်တယ် ။

လမ်းခွဲသူတွေနဲ့ လမ်းလွဲသူတွေ အဲ့သလို ကြေကွဲဖွယ်ရာ မြင်ကွင်းတွေထဲ မေတ္တာနဲ့ကမ်းတဲ့လက်ကို မပုပ်ချချင်နဲ့ ဧလွန်ရေ ။

စက္ကူပန်းရုံလေးထဲ လိပ်ပြာလေး အနား၀ဲတာဟာ လေရူးကျယ်စီပြီး ရနံ့သင်းနေလို့မှ မဟုတ်ပဲ တယုတယ နမ်းရှိုက်ဖို့လည်းဖြစ်နိုင်သလို စိတ်လိုလက်ရ ခိုနားချင်တာလည်း ဖြစ်နိုင်တာပဲ ။

အနွေးဓာတ်ခပ်မျှင်းမျှင်းနဲ့ အရှင်ဓာတ်ကို ဂဟေဆက်ထားရတယ် သေလွန်ပြီးသွားရင် ဖြစ်လေရာဘုံမှာပဲ မင်းအပါး ပန်းဆက်သမားအဖြစ် ပြန်၀င်စားချင်တယ် ။

ဧလွန်ရေ ဒီကမ္ဘာမှာ အရောင်စုံသက်တံ့တွေထက် ရောင်စုံလွတ်လပ်ရေးတွေဟာ မှိုထက်ပေါတယ် အချစ်ရေ လာရာလမ်းအတိုင်းသာ လှည့်ပြန်ရအောင် ။

-ရွက်လှေ

4 months ago

ကောက်ရိုးတစ်မျှင်စာ မေတ္တာဟာ သံဿရာအဆက်ဆက်ချုပ်ငြိမ်းဖို့ လုံလောက်ပါတယ် အချစ်ရေ ။

ရသမျှကုသိုလ် တစ်၀က်ဆီခွဲယူပြီး
ကျသမျှ ငရဲ ကိုယ့်နာမည်သာ တံဆိပ်ကပ်ပါ ။

-ရွက်လှေ

4 months ago

လူတစ်ခြား အိမ်မက်တစ်ခြားညတွေမှာ
ပျော်စရာ ရယ်စရာတွေနဲ့ င်ိုစရာ ကြေကွဲစရာတွေ ။

အတွေးဆိုတာမျိုးက ကန့်သတ်ချက်ကို ကျော်လွန်သွားရင်  စိတ်ရောကိုယ်ပါဖျားနာ ရတယ်အကို သိထားတဲ့ ပျော်စရာတွေရဲ့အခြားတစ်ဖက်မှာ ငိုစရာတွေနဲ့ ကျွန်မမှာ နေသားကျပေးနေရတယ် ။

အကိုရယ် သိပ့်ချစ်တယ်
ကမ္ဘာဦးအစကိုလည်း မမှီခဲ့ဘူး
အာဒံ ဧ၀နဲ့  ဧဒင်ဥယာဥ်ကြီးကိုလည်း မမှီခဲ့ဘူး
ကားမက်စ်ကိုလည်း မမှီခဲ့ဘူး
ဗုဒ္ဓကိုလည်း ကျွန်မမှာ မမှီခဲ့ဘူးအကို ။

ကျွန်မ တည်ရှိရာဘုံဟာ အကို့ရင်ခွင်ကျဥ်းကျဥ်းလေးထဲ ဒါမှမဟုတ် ခိုလုံချင်စရာ လက်ဖဝါးည်ိုလေးတွေပဲ ။

အလွမ်းတွေ မီးထတောက်တဲ့နေ့တွေဆို စိတ်က်ို ကဗျာတွေထဲ ထည့်မြုပ်ထားရတယ် အကိုပြောသမျှ အကို့အကြောင်းတွေ ကျွန်မသိသမျှ အကို့အကြောင်းတွေ ။

အကိုရယ် မိန်းမသားအချစ်မို့ စိမ်းမကားရက်ပါနဲ့ သိမ်းထားလို့မှ အနာတရမဖြစ်ရင် ကျွန်မချစ်ခြင်းတွေ အပြစ်ကင်းစင်ပါတယ် ။

ဒီရက်ထဲ စက္ကူကြယ်လေးတွေခေါက်ဖြစ်တယ်
တို့ကမ္ဘာမှာ ကြယ်တွေဟာ အရင်လောက် မစုံလင်ကျတော့ဘူး မဟုတ်လား ။

ဖြစ်နိုင်မယ်ဆို ကိုယ်ပိုင်ကမ္ဘာသေးသေးတစ်ခု
အပိုင်ရချင်တယ် တိမ်တွေ အဝါရောင်ကြယ်ပန်းတွေနဲ့ စက္ကူပန်းရုံလေးတွေ ။

စစ်တွေလည်း ပယ်ပါတယ် မေတ္တာတွေ ချိုပါ့မယ် အကို့ကိုတော့ ကျွန်မရဲ့ ရင်ခွင်ထဲ  ဝှက်ထားမယ် ။

-နှင်းသရသွင်

4 months, 1 week ago

ထွက်သွားချင်လို့
ထွက်သွားရက်သူကို
ပြန်လာပါလို့..
မတောင်းဆိုရက်ပါဘူး

-နွေ(ခွန်းငယ်)

4 months, 1 week ago

လမိုက်ညတွေထဲ
negativeအတွေးတွေ
လောင်မြိုက်နေတာကို
ငါခံစားနေရတယ်
မည်သူ့ကိုမှ ကူဖို့ကယ်ဖို့
အကူအညီတောင်းလို့မရတဲ့ဘဝ၊
ဒီလိုသာဆက်သွားနေမယ်ဆိုရင်
ရှေ့လျှောက်ဘဝကို
ဘယ်လိုကောင်းအောင်
တည်ဆောက်ရမလဲ ငါတွေးရင်း
အတွေးတွေက လောင်မြိုက်ရင်း
ဒီညဟာလည်း
လမိုက်ညတွေထဲက တစ်ည...။

- မောင်လူပိုအေး

4 months, 1 week ago

မျှော်ကာငေးလို့ တမ်းတလည်း ချစ်ခြင်းမေတ္တာဟာ ငါ့ဆီမရောက်တော့ဘူး


ချစ်ခြင်းမေတ္တာနဲ့ပက်သက်ရင် ငါဟာရွေးချယ်စရာမကောင်းတဲ့လူပါ ပျော်ရာကိုရှာလည်း မျှော်စရာတွေတာပို တိုးလာတယ် ဝေဖို့ကြွေပေးရတဲ့ သစ်ရွက်ခြောက်ဘ၀ပါ ဘယ်သူနင်းနင်း ကြေမွလွယ်ပါတယ်။


တွဲလက်တွေမြဲဖို့ ဘယ်ဘုရားက်ို ဦးခိုက်ရမလည်း ဗေဒင်ယတြာတွေ ငါ့အတွက်တော့ မစွမ်းနိုင်ဘူး နှစ်ယောက်အတူရှိနေရင်း တစ်ယောက်ကိုတစ်ယောက် ကျောပေးခဲ့ကျ ​၀ှက်ထားတဲ့ ဖိနပ်လေးရဲ့ လှောင်ပြုံးတွေဟာ ငါ့အတွက်တော့ ရူးမိုက်စရာ။


မဝေးရဲဘူးလို့ တိုးတိုးလေးပြောမယ် မင်းမရှိလည်း ဖြစ်တယ်လို့ အော်ဟစ်မယ်တစ်ယောက်တည်းရှိတဲ့ အခန်းတွေမှာ တစ်ယောက်ယောက်ကို လိုက်ရှာမိသလို ဒီလူ့မေတ္တာဟာ စိတ္တဇဆန်တယ်။


မပွင့်ရဲဘူး မဝေခင် ကြွေကျမဲ့ဒဏ်ကို ကြောက်လှတယ် ပင်လယ်ကိုငေးတိုင်း အလွမ်းဟာ တောင်တန်းဒေသပေါ် ကျရောက်တယ် စိတ်နဲ့မှန်းရင်း စိတ်နဲ့ဖက်ထားတယ်။


ရုပ်နဲ့နာမ်တည်မြဲဖို့ ကျင့်ကြံတဲ့တရားဓမ္မတိုင်း မင်းအမည်နာမ ကိုခပ်ဖွဖွရွတ်တယ် မေတ္တာသုတ်အစား မေတ္တာရှိကြောင်းဖွင့်ဟတယ် ဒီနေ့လည်း မင်းကို ခပ်စိတ်စိတ် သိပ်လွမ်းရပါတယ်။

-ရွက်လှေ

4 months, 2 weeks ago

ချစ်ခြင်းမေတ္တာကလွဲရင်
ဘာမှပိုင်ဆိုင်မူ့မရှိတဲ့ကောင်ရယ်ပါ
မင်းထိုင်ဆိုထိုင် ထဆိုထပါ့မယ်
မလိုအပ်လို့စွန့်ပြစ်ရင်လည်း
မင်းမပါတဲ့လမ်းမှာ ခရီးဆက်ဖို့
မင်းဖိနပ်လေးအောက်က
ကိုယ့်မာနလေးတော့ပြန်ကောက်ပါရစေ ။

နောင်ရိုး

4 months, 2 weeks ago

မီးဟာအနီးပတ်ဝန်းကျင်ကိုပဲမဟုတ်ဘူး မွှေးတဲ့သူတွေပါပူလောင်ရပါတယ်
မငြိမ်းသက်နိုင်သေးသရွေ့တော့ပူလောင်နေရအုံးမှာပဲ

ရှိရှိသမျှကောင်းမှုအကြောင်းပြုပြီးဆုတောင်းပါတယ်
စစ်မီးအမြန်ငြိမ်းပါစေ
စစ်ကြီးအမြန်ပြီးပါစေ
ငြိမ်းချမ်းရေးခရီးအမြန်နီးပါစေ
ကျီးလန့်စာ စားနေရတဲ့ဒုက္ခအမြန်ဝေးပါစေ
‌ယမ်းနံ့ကင်းတဲ့လေကိုအမြန်ဆုံးရှူရှိုက်နိုင်ပါစေ။

# မြူနှင်းခက်

4 months, 2 weeks ago

" ငါလိုးမနိုင်ငံ "

အမေကမွေးပြီးပတ်ဝန်းကျင်ကိုကြောက်ရတဲ့လောက
ငွေထုတ်မှအအေးဆိုင်လိုက်ခိုင်းတဲ့ဘော်ဒါတစ်စု
စောက်ပိုလုပ်မှအချစ်လို့ထင်တဲ့သူစိမ်း
ရွှေရှိမှလူထင်တဲ့အမျိုး......

ဘဝကြီးကစောက်တလွဲ
သောကအများဆုံးလူတွေထိပ်ဆုံးရောက်နေတယ်
အအေးချမ်းဆုံးလူတွေကသာသနာဘောင်မှာ
ဘောပင်ကိုင်ပြီးစာကျက်ရမယ့်ငါတို့က
စောက်သည်းကွဲနေတယ်....

ဘွဲ့တစ်ခုရဖို့ဖတ်စာအုပ်ကစာတွေပြန်ကူးရတယ်
Englishဆရာမက Englishစကားမပြောတတ်ဘူး
အဆင့်၁ရဖို့အလွတ်ကျက်ခဲ့ရတဲ့စာတွေ
မမှတ်မိတော့တဲ့စနစ်မှာ
ငါအဆင့်၁ရလို့ငါပျော်ခဲ့ဖူးတယ်

ပညာရည်ချွန်ဆုကစာအုပ်၁ဒါဇင်တဲ့
ပညာတတ်တွေမွေးထုတ်ပေးမယ့်စနစ်ကဒါလား
နှစ်ပေါင်းအတော်ကြာ
ငါတို့အရည်အချင်းကောင်းတွေကို
စာအုပ်တစ်ဒါဇင် ဘောပင်နှစ်ချောင်းလောက်နဲ့လဲခဲ့ရတာ
စာမေးပွဲကျလို့မိဘခေါ်ပြောတဲ့စကားက
ကျူရှင်ထားပါတဲ့
စောက်ရေးမပါတဲ့စနစ်ထဲမှာ
လူဖြစ်လဲရူံးခဲ့ရဖူးတယ်

ဘွဲ့ရတော့လဲဝါသနာကိုဘေးချပြီး
ပန်းချီဆရာဖြစ်ချင်တဲ့ငါက
ရှေ့နေလုပ်ရတယ်
ထမင်းမငတ်တာမှန်ပေမယ့်
ဒီအလုပ်မှာငါမပျော်ဘူး
ကိုယ်ပိုင်ဘဝလို့ပြောပြီးသောကတွေကနေရာယူတယ်

ဘဝကသေပစ်ဖို့ကောင်းတယ်
အတုအပကိုအစစ်လိုတန်ဖိုးထားရတဲ့ဘဝမှာ
အေးအေးဆေးဆေးပဲသေပစ်
စောက်ဖြစ်မရှိတဲ့လောကကြီးကို
လက်ခလယ်သာထောင်ပြချင်တယ်
လူမုန်းမှာစိုးလို့ထုတ်မပြောတာ
တစ်လောကလုံးကိုစောက်မြင်ကတ်နေတာကြာပြီ။

- ပိုင်နေလင်းခန့်

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc👉 @khanthtookyaw2001

Last updated 3 Wochen, 6 Tage her

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 Monat, 1 Woche her

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006

Last updated 2 Monate her