ƊƸƁΘⱤ𐤠Ƕ ʝꓴƝΘ

Description
လိုချင်ရင် ပေးဆပ်ရမှာ ရင်းရမှာတွေတော့ ရှိပါလိမ့်မယ်

အနာဂတ်မြန်မာနိုင်ငံတော်ကြီး ပိုအေးချမ်းနိုင်ဖို့ အတူတူကြိုးစားကလစ်ကြပါစို့
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

3 weeks, 6 days ago

မီးက ၄ နာရီခြားပြန်ပျက်နေတယ် 😀

1 month ago

အားလုံးပဲ အစစအရာရာ ဂရုစိုက်ကြပါခင်ဗျာ ❤️

1 month ago

Christmas Song ဆောင်းအလှပန်းချီ

1 month ago

ပေါ်တာဆွဲတာကို ညနောက်ကျမှ တင်မဟုတ်ပဲ နေ့လည်နေ့ခင်း ကြီးပါ ပေါ်တင် တချို့မြို့တွေမှာ အစမ်းလုပ်ကြည့်တယ် သူတို့လက်ထဲကပြည်သူတွေက ဘာမှမတုန့်ပြန်နိုင်တော့တဲ့အခါ ဒါက်ိုပဲ တရားဝင်ပုံစံ သတ်မှတ်ပြီး လမ်းပေါ်တက် မြင်သမျှ အမျိုးသားတွေအကုန်ဆွဲတင်ခေါ်သွားတာ နယ်မြို့တွေမှာ ဖြစ်နေတာကြာပါပြီ တံတားဦးကနေ စလုပ်တာကနေ အခု အဲ့နားတဝိုက်ကမြို့တွေအကုန်လုပ်ကြရင်း
လုပ်လို့ရတာသိသွားတဲ့အခါ
အခု ရန်ကုန်မှာပါ တရားဝင်တယ်ကွ ဆွဲကွဆိုပြီး တိုင်းအဆင့်ကနေ မြို့နယ်အဆင့်အထိ ညွှန်ကြားတယ်လို့ သိရပါတယ်

အမျိုးသားတိုင်း လမ်းပေါ်ထွက်တာနဲ့ သေဒဏ် ကျနေသလိုပါပဲ

ရှောင်ဖို့ဆိုတာလည်း မလွယ်လှတော့ပါဘူး နေ့စဉ်စားဝတ်နေရေးနဲ့ အပြင်ထွက်အလုပ်လုပ်နေကြရတာ တချို့နယ်မြို့တွေမှာဆို လုပ်ငန်းခွင်ထဲအထိ ဝင်ဆွဲတဲ့အထိ မိုက်ရိုင်းနေကြတာပါပဲ

စစ်ခွေးတွေက. သူတို့ဟာသူတို့ စစ်ခွေးဆန်ဆန် နေချင်လို့ ပေကပ်နေပြီး ပထွေးကိုကာကွယ်ရင်း သေးကြတာ သေးကြပါစေ စစ်ခွေးမို့ ပထွေးအတွက်စစ်တိုက်တာမဆန်းပေမယ့် သာမာန်ပြည်သူတွေကို ပလိန်းကြီးဝင်ဆွဲပြီး သူတို့အတွက် စစ်တိုက်ခိုင်းတာတော့ အလွန် မိုက်ရိုင်းစုတ်ပဲ့အောက်တန်းကျတာဖြစ်သလို

သူတို့ရဲ့ထိမ်းချုပ်နိုင်တဲ့နယ်တွေမှာ အဲ့လိုလုပ်နေတာဆိုတော့ ဘာမှလဲလုပ်လို့မရဘူးဖြစ်နေပါတယ်

ဘယ်လိုမှရှောင်မရလို့ ပါသွားကြတဲ့သူတွေလဲ ရှေ့တန်းအထိ လွှတ်ခံရပြီး သေကုန်ကြတာ မနည်းမနောပါပဲ

ကိုယ့်အလှည့်ရောက်တဲ့အထိ ငြိမ်စောင့်နေမယ့်အစား ကိုယ့်အလှည့်မရောက်ခင် မြန်မြန်ပြီးအောင်
လူတိုင်းလူတိုင်း
နေ့စဉ်မပြတ် တော်လှန်ရေးကို စိတ်ထဲထည့်ပြီး ကိုယ်လုပ်ပေးနိုင်တာမှန်သမျှ လုပ်ပေးပြီး ပိုမြန်အောင် ကူညီပေးကြဖို့ အချိန်ရောက်လာပါပြီ

ဒါကို စစ်မှုထမ်းဆိုတာကြီးစကတည်းက ကျွန်တော်တစိုက်မတ်မတ်ပြောလာတာပါခင်ဗျာ

တော်လှန်ရေးကို မသိသလို မေ့မေ့လျော့လျော့နေနရင်
ကိုယ်ကိုယ်တိုင်သော်လည်းကောင်း
ကိုယ့်ညီ ကိုယ့်အကို ကိုယ့်တူ ကိုယ့်သား ကိုယ့်မြေး တွေ အဆွဲခံရပြီး ရင်ကွဲရပါလိမ့်မယ်
နောက်ပိုင်းပိုလိုလာရင် အမျိုးသမီးငယ်တွေလဲ စိတ်မချရတော့ပါဘူး

ဒီအခြေအနေအထိ မရောက်ပဲ အကုန်မြန်မြန်လွတ်မြောက်ဖို့ အကုန်တူတူရုန်းကြဖို့လိုပါတယ်

အေးမင်းတို့က ရုန်းကြလို့သာပြောနေတာ ငါတို့က ဘာရုန်းရမှာလဲဟ. ဘာလုပ်ရမှာလဲ ဘာလုပ်လို့မပြောပဲ ရုန်းကြရုန်းကြပဲပြောနေတယ် လို့ မေးစရာရှိပါတယ်

ကိုယ်တိုင်စစ်မတိုက်နိုင်ရင် လုပ်လို့ရတာ တခုပဲရှိတာပါ
စစ်တိုက်နေတဲ့သူတွေကိုပြည့်စုံအောင် ထောက်ပို့ပါ
ဟာ ဟိုပေဒီပေးတွေ ထောက်ပို့တာနဲ့ အပိတ်ခံရ အဖမ်းခံရတယ်လေ လို့ ပြောစရာရှိတာပေါ့

မထောက်ပို့ပဲနေတော့ရော အခုလွတ်သလားမေးရမယ်
အေးဆေးနေနေတဲ့သူ​တွေရော အခု အေးဆေးနေသေးလို့လားပြန်တွေးကြည့်ကြပါ

နည်းလမ်းပေါင်းစုံစဉ်းစားပြီး ဝိုင်းကူကြဖို့ လိုပါလိမ့်မယ်ခင်ဗျာ အနည်းဆုံးဘာမှမလုပ်ရင်တောင် အလုံခြုံဆုံးစိတ်အချရဆုံးဖြစ်တဲ့ တော်လှန်ရေးချန်နယ်တွေကို ကလစ်ပါ ယူကျူ့ကြည့်ပါ
လူအင်အား ထောင်ဂဏန်းနဲ့တောင် ထိထိရောက်ရောက်ကူနိုင်နေတာ သောင်းဂဏန်း သိန်းဂဏန်း ပြန်ပြီး ပါဝင်လာရင် ပိုပြီးထိရောက်မှာပါခင်ဗျာ

အခု ရေရှည်မှာ အားလုံးပါဝင်တာမဟုတ်သေးပဲ တစိုက်မတ်မတ်ပါဝင်နေတဲ့ လူဦးရေနဲ့တင်ကို တော်လှန်ရေးခရီးဟာ ဒီအထိရောက်လာနေပြီဖြစ်ပါတယ် ရန်ကုန် မန်းလေး လိုမြို့ကြီးက လူတွေရဲ့ တော်လှန်ရေးမှာ ဘာဝင်ကူရမလဲ ကူမယ်ဟေ့ဆိုတဲ့ အားတွေ ပြန်ပြီး ပါဝင်လာရင် အများကြီးပိုမြန်သွားမှာပါ

အခုက စနစ်ပြောင်း ခေတ်ပြောင်းတွေ နောက်မှာထားဦး
ကိုယ့်အသက်ကိုယ်ကယ်ဖို့ ကိုယ့်မိသားစုထဲက ယောင်္ကျားလေးတွေအသက်ကိုကယ်ဖို့ ကိုယ်တိုင်ပါဝင်ရမယ့် တော်လှန်ရေးဖြစ်သွားပါပြီ

စာလေးသေချာဖတ်ကြည့်ပြီး သေချာတွေးကြည့်စေချင်ပါတယ်ခင်ဗျာ

1 month ago

"တို့နှစ်ယောက်ရဲ့နိုင်ငံတော်"

နံနက်ခင်းရဲ့ရောင်ခြည်အောက်မှာ
နွေးထွေးတဲ့ ချစ်ခြင်းတရား‌တွေအကြောင်းပြောချင်တယ်။

နိုင်ငံတော်ကြီးယိုင်နဲ့နဲ့ဖြစ်နေတဲ့အချိန်
ကိုယ်တို့စိတ်တွေ မပြိုလဲဖို့လိုတယ်။

မဟောင်းနွမ်းသွားမဲ့ ကိုယ့်ရဲ့ဂရုစိုက်မှုတွေကိုလည်း
မင််းရဲ့ရင်ထဲမှာ အမြဲအမှတ်ရနေပေးပါ။

တို့နှစ်ယောက်ရဲ့နိုင်ငံတော်မှာ
လွမ်းမောစရာကောင်းတဲ့ အမှတ်တရတွေအပြည့်နဲ့
ချစ်ခြင်းတရားတွေ စီးဆင်းနေပါစေ....

မင်းချစ်တဲ့တိုင်းပြည်ကို ကာကွယ်တဲ့အခါ
ကိုယ်ကတော့ ကိုယ်ချစ်တဲ့မင်းကို ကာကွယ်မယ်...

ကိုယ်တို့နှစ်ယောက်ရဲ့နိုင်ငံတော်မှာ
တရားတွေနဲ့ရှေ့မဆက်ချင်ဘူး
အတ္တမပါတဲ့ချစ်ခြင်းမေတ္တာမျိုးနဲ့ပဲ ရှေ့ဆက်ကြရအောင်

တချို့အလိမ်တွေက အမှန်တွေထက်
သိပ်လှတာလည်း မင်းသတိထားမိမှာပါ။

နောက်ပြီး
ကိုယ်‌တို့ပေးဆပ်မှုတွေ လူသိရှင်ကြားလိုက်ပြီး
ကြော်ငြာရအောင်လည်း Celebrity တွေမှ မဟုတ်တာ။

ကိုယ်တို့ဘဝတွေ အဖိုးမတန်ရင်နေပါ၊
တန်ဖိုးရှိတဲ့သူတွေဖြစ်အောင်လို့တော့
ကြိုးစားရှင်သန်ကြရအောင်ပါ။

“မုန်တိုင်းပြီးရင် လေပြေလေညင်း
လေးတွေ ရောက်လာစမြဲ” မို့

တစ်သက်မမေ့နိုင်မဲ့အချစ်တွေ ထွေးပိုက်ရင်း
မင်းရဲ့ပြည်တော်သစ်မှာ နွေးထွေးသော ချစ်ခြင်းတွေနဲ့ ဆီးကြိုနေပါ။

ကိုယ်အရောက်လှမ်းခဲ့ပါ့မယ်။

-Juno

1 month ago
1 month, 1 week ago

နိုင်ငံတော်ကို ဖေးမချင်သူများခင်ဗျား
ကျန်းမာရေးကို ဂရုစိုက်ကြပါ။

- ရင်သွေး -

1 month, 1 week ago

Catch my eye, take my hand
This bond is tighter than we ever planned
Give me courage, so I can land
We know that divided we'll fall
So together we stand
Climb with me, share my dreams
Tomorrow's brighter than it's ever been
Fear no danger, make big plans
We know that divided we'll fall
So together we stand
Laugh and cry with me
Fly that high with me
See the sunset and the sunrise
The world looks so good through our eyes
Like the moon and stars at night
Rest your head, tell me your thoughts
Everything I have and called mine is all yours
Sail that ocean, find that sand
We know that divided we'll fall
So together we stand
Reach with me, see the sky
I'll always be here for the rest of your life
Side by side, hand in hand
We speak a language no one else can understand
Hear those cheers, strike up the band
We know that divided we'll fall
So together we stand
We know that divided we'll fall
So together we stand

1 month, 1 week ago
1 month, 2 weeks ago
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago