Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

Myanmar Hard Talk

Description
This is the News Channel
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 days, 3 hours ago

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 23 hours ago

1 month ago
Myanmar Hard Talk
1 month ago
Myanmar Hard Talk
1 month ago
Myanmar Hard Talk
1 month, 1 week ago
**❝တာချီလိတ်မြို့တွင် ငွေကျပ် သိန်း ၅၅၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ …

❝တာချီလိတ်မြို့တွင် ငွေကျပ် သိန်း ၅၅၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝙖𝙧𝙘𝙝 ~ 𝟏𝟖〕
https://t.me/myanmarhardtalk

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မတ်လ ၁၇ ရက်နေ့တွင် ငွေကျပ် သိန်း ၅၅၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည်ဟု CCDAC MYANMAR မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ပို့ဆောင်သူ သီဟစိုး နှင့် စိုင်း၀န်းကျောက် တို့အားစစ်ဆေးရှာဖွေရာမှ ၎င်းတို့သယ်လာသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၄.၉၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၄၁၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အလားတူ စစ်ဆေးဖော်ထုတ်ချက်အရ စိုင်း၀န်းကျောက် ဆိုသူ နေထိုင်သည့် တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၈၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၈ သိန်း)၊ ကက်တမင်း အလေးချိန် ၄၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃.၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

သို့ဖြစ်သဖြင့် သီဟစိုး (၃၃)နှစ် နှင့် စိုင်း၀န်းကျောက် (၃၄)နှစ်တို့ကို တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

1 month, 1 week ago
Myanmar Hard Talk
1 month, 1 week ago
**❝KNU/ PDF က ကျေးရွာအတွင်းကို Drop Bomb …

❝KNU/ PDF က ကျေးရွာအတွင်းကို Drop Bomb ချ တိုက်ခိုက်မှုကြောင့် ၈ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝙖𝙧𝙘𝙝 ~ 𝟏𝟖〕
https://t.me/myanmarhardtalk

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ KNU/ PDF အကြမ်းဖက်အုပ်စုက ကျေးရွာအတွင်းသို့ Drop Bomb ချ တိုက်ခိုက်ခဲ့မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဥ်သည် မတ်လ ၁၇ ရက်၊ ညနေ ၆ နာရီကျော်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ KNU/ PDF အကြမ်းဖက်များမှ ကျောက်ကြီးမြို့နယ်၊ ဆိပ်ကြီးကျေးရွာအတွင်းသို့ Drop Bomb ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ Drop Bomb သည် ဆိပ်ကြီးရွာရှိ ရွှေခရီးဆီဆိုင်ရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းကျေးရွာတွင် နေထိုင်သည့် အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ နေရာမှာပင် သေဆုံးခဲ့ပြီး အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ အသက် ၃၉ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦးတို့မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

1 month, 2 weeks ago
**❝တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့တွင် တစ်နိုင်ငံလုံး၌ ၈၇ ဒဿမ ၉၀ …

❝တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့တွင် တစ်နိုင်ငံလုံး၌ ၈၇ ဒဿမ ၉၀ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝙖𝙧𝙘𝙝 ~ 𝟏𝟐〕
https://t.me/myanmarhardtalk

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စနစ်သစ်၏ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်တွင် စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ မြန်မာစာဘာသာရပ် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၈၇ ဒဿမ ၉၀ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်(၈)မြို့နယ်ရှိ စာစစ်ဌာန ၄၇ ခု၌ စာရင်းရှိ ကျောင်းသား ၃၇၅၀ ဦး၊ ကျောင်းသူ ၄၉၂၆ ဦး၊ စုစုပေါင်း ၈၆၇၆ ဦးအနက် ဖြေဆိုသူ ကျောင်းသား ၃၆၁၅ ဦး၊ ကျောင်းသူ ၄၈၁၃ ဦး၊ စုစုပေါင်း ၈၄၂၈ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်ဟုဆိုသည်။

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာန၊ နိုင်ငံခြားစာစစ်ဌာနတို့၌ ဖြေဆိုသူစာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း (၁၁၄) ခရိုင်၊ မြို့နယ်ပေါင်း (၂၈၅) မြို့နယ်၊ စာစစ်ဌာနပေါင်း (၇၉၄) ဌာနတို့တွင် စာရင်းရှိဦးရေမှာ (၁၄၆၅၂၃) ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ဦးရေမှာ (၁၂၈၈၀၁)ဦး ရှိခဲ့သဖြင့် တစ်နိုင်ငံလုံး၌ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၈၇ ဒဿမ ၉၀ ရာခိုင်နှုန်းရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

1 month, 2 weeks ago
**❝မိမိတို့ရရှိသည့် ဘတ်ဂျက်များကို အကျိုးရှိစွာအသုံးပြုနိုင်ရန် အခက်အခဲများ၊ စိန်ခေါ်မှုများ မည်မျှပင်ရှိစေ …

❝မိမိတို့ရရှိသည့် ဘတ်ဂျက်များကို အကျိုးရှိစွာအသုံးပြုနိုင်ရန် အခက်အခဲများ၊ စိန်ခေါ်မှုများ မည်မျှပင်ရှိစေ ရင်ဆိုင်ကျော်လွှားကြဖို့ နစက ဒုတိယဥက္ကဋ္ဌ တိုက်တွန်း❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝙖𝙧𝙘𝙝 ~ 𝟏𝟐〕
https://t.me/myanmarhardtalk

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၁ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့သည်ဟု သိရသည်။ 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Read More... https://telegra.ph/Myanmar-Hard-Talk-03-12-3

1 month, 2 weeks ago

MHTNewsရဲ့( 11-03-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့
⁃ ကနီ တိုက်ပွဲ့ရဲ့သဘော သဘာဝ၊
⁃ ကချင်ပြည်နယ်တိုက်ပွဲများ အကြောင်း၊
⁃ ကရင်ပြည်နယ်တိုက်ပွဲတွေမှာ ဝေဟင်စစ်ဆင်ရေးပုံစံပြောင်းလာတဲ့ တပ်မတော်လေ၊
⁃ ဆီဆိုင် ဟိုပုံးတိုက်ပွဲတွေမှာ ဒရုန်းတွေကို အဓိကအသုံးပြုလာတဲ့ တပ်မတော်၊
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

1 month, 3 weeks ago

❝ရန်ကုန် - မန္တလေး အထူးရထား တစ်ပတ် ၂ ရက် ပြေးဆွဲမည်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝙖𝙧𝙘𝙝 ~ 𝟕〕
https://t.me/myanmarhardtalk

ရန်ကုန် - မန္တလေး အထူးရထား ခရီးစဉ်ကို မနက်ဖြန် မတ်လ (၈) ရက်နေ့မှစတင်ကာ အပတ်စဉ် သောကြာ နှင့် တနင်္ဂနွေ နေ့တိုင်း တစ်ပတ်လျှင် (၂) ရက် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အဆိုပါ အထူး အဆန် ရထားသည် ရန်ကုန် မှ နံနက် (၁၀) နာရီအချိန်တွင် ထွက်ခွာ၍ မန္တလေးသို့ နံနက် (၃) နာရီ (၁၅) မိနစ်အချိန်တွင် ရောက်ရှိမည်ဖြစ်ပြီး အစုန်ရထားမှာ မန္တလေးမှ ည (၉) နာရီခွဲ အချိန်တွင် ထွက်ခွာ၍ ရန်ကုန်သို့ နေ့လည် (၂) နာရီ (၄၅) မိနစ်အချိန်တွင်ရောက်ရှိမည်ဖြစ်သည်။

ရထားလက်မှတ်ခ နှုန်းထားများကို ရိုးရိုးတန်း(၁၂၀၀၀) ကျပ်၊ အထက်တန်း (၂၄၀၀၀) ကျပ်သတ်မှတ်ထားပြီး လမ်းခရီးဘူတာများ အနေဖြင့် ပဲခူး ၊ တောင်ငူ ၊ ပျဉ်းမနား ၊ နေပြည်တော်၊ သာစည်ဘူတာများတွင် ရပ်တန့်ပေးမည်ဟု ဆိုထားသည်။

ယခင်က နေ့စဉ်ပြေးဆွဲနေသည့် ရန်ကုန်-မန္တလေး အမြန်ရထားနှင့် စာပို့ရထားခရီးစဉ်များကို ဒီဇင်ဘာ (၂၆) ရက်မှစတင်ကာ ရပ်နားထားခဲ့ပြီး လက်ရှိတွင် ရန်ကုန် - မန္တလေးအမှတ် (၅) အဆန်နှင့် မန္တလေး - ရန်ကုန် အမှတ် (၆) အစုန်ရထားတစ်စီးစီသာ ပြောင်းလဲပြေးဆွဲပေးနေကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 days, 3 hours ago

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 23 hours ago